ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

    တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၁၄.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(၆.၅၀၀)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၂၀.၅၀၀) ဖြစ်ပါသည်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂3ခုနှစ်၊ ဧပြီလမှ မေလအထိ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၀.၈၁၈)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း (၀.၁၅၀)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၀.၉၆၈) ဆောင် ရွက်နိုင်ခဲ့သဖြင့် (၂)လတာ လျာထားချက်အပေါ်  (၃၂.၂၇)% သာ ဆောင်ရွက်နိုင်ခဲ့ကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါသည်။

    ပို့ကုန်အနေဖြင့် (၃.၆.၂၀၂၃ မှ ၉.၆.၂၀၂၃)ရက်နေ့အထိ နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၀၁၈) တင်ပို့နိုင်ခဲ့ပါကြောင်း၊ (၁၀.၆.၂၀၂၃ မှ ၁၆.၆.၂၀၂၃)ရက်နေ့အထိ နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၀၃၅)၊ စီးကရက် အရေအတွက်အားဖြင့် တန်(၁၁၄.၉၁၂)၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၂၄၆)၊ စုစုပေါင်းတန်ဖိုးအားဖြင့် အမေ ရိကန်ဒေါ်လာသန်း(၀.၂၈၁) တင်ပို့နိုင်ခဲ့ပါကြောင်း၊ ပို့ကုန်အ‌နေဖြင့် ယခင်ပတ်ကထက် အမေရိကန်ဒေါ်လာသန်း (၀.၂၆၃) ပိုမိုတင်ပို့နိုင်ခဲ့ပါပြီး သွင်းကုန်အနေဖြင့် ယခုအပတ်တွင် တင်သွင်းနိုင်ခဲ့ခြင်း မရှိပါကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

ရွှေဘိုခရိုင်အတွင်း စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

     ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ခုနှစ်၊ ဇွန်လ (တတိယပတ်) တွင် စပါး/ဆန် ဈေးနှုန်းများမှာ မြင့်တက်လာပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ (တတိယပတ်) တွင်  ရန်ကုန်သို့ အိတ်ရေ(၁၇၀၀၀)အိတ်၊ မန္တလေးသို့ အိတ်ရေ(၂၁၃၇၀)အိတ်၊ နေပြည် တော်သို့ အိတ်ရေ (၈၀၀၀)အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ(၅၀၀၀)အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ (၅၀၀၀)အိတ်၊ ပခုက္ကူသို့ အိတ်ရေ (၃၀)အိတ်၊ စုစုပေါင်းအိတ်ရေ (၅၆၄၀၀)အိတ်၊ တန်အားဖြင့် (၂၈၂၀) တန် စီးထွက်ခဲ့ပါသည်။ ဇွန်လ(ဒုတိယပတ်)၌ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ(၁၀၈၅၀)အိတ်၊ မန္တလေးသို့ အိတ်ရေ(၂၃၃၇၀)အိတ်၊ နေပြည်တော်သို့ အိတ်ရေ (၇၀၀၀)အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ(၅၀၀၀)အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ (၅၀၀၀)အိတ်၊ ပခုက္ကူသို့ အိတ်ရေ (၃၀)အိတ်၊ စုစုပေါင်းအိတ်ရေ (၅၁၂၅၀)အိတ်၊ တန်အားဖြင့် (၂၅၆၂) တန်စီးထွက်ခဲ့သည့်အတွက် ဇွန်လ (ဒုတိယပတ်)နှင့် နှိုင်းယှဉ်လျှင် ဇွန်လ(တတိယပတ်)အတွင်း အိတ်ရေ (၅၁၅၀)အိတ်၊ တန်အားဖြင့် (၂၅၇) တန် ပို၍ စီးထွက်ခဲ့ပါသည်။  

     ရွှေဘိုမြို့၏ ဇွန်လ(တတိယပတ်)တွင် ဖြစ်ပေါ်နေ သောစပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ် ဆန်း စပါး တင်း(၁၀၀)လျှင် (၂၉၀၀၀၀ဝိ/-)ကျပ်ရှိပြီး ရွှေဘိုပေါ်ဆန်းဆန် ၂၄ပြည်ပါ (၁)အိတ်လျှင် (၉၆၀၀ဝိ/-) ကျပ်၊ ဧရာမင်းစပါးတင်း(၁၀၀)လျှင် (၂၄၀၀၀၀ဝိ/-)ကျပ်၊ ဧရာမင်းဆန် ၂၄ပြည်ပါ (၁)အိတ်လျှင် (၉၆၀၀ဝိ/)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဖြူးမြို့နယ်၊ ဇေယျဝတီမြို့မှ တံမြက်စည်းလုပ်ငန်း

    တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၊ သကြားစက်လမ်းမှ တံမြက်စည်းအချောလုပ်ငန်းသည် ရောင်းအားကောင်းလျက်ရှိပါသည်။ တံမြက်စည်းပြုလုပ်ရာတွင် လိုအပ်သောကုန်ကြမ်းများကို ဖြူးမြို့၊ အနောက်ဘက် ပဲခူးရိုးမတောင်ပေါ်မှ မှာယူပြီး သိုလှောင်ထားရပါသည်။ တံမြက်စည်းပြုလုပ်ရာတွင် ကြိမ်သည် မပါမဖြစ်သောပစ္စည်းဖြစ်ပါသည်။

    တံမြက်စည်းစတင်ပြုလုပ်ရာတွင် တံမြက်စည်းတံမှ အခက်လေးများကိုဖဲ့ပြီး ၇ပင်ကို အရွက်နှင့်စည်းကာ ကြိမ်နှင့်ပတ်ပြီးပါက ခေါင်းပိုင်းရရှိပြီးဖြစ်ပါသည်။ အောက်ခြေပိုင်းကို ကြိမ်နှင့်ပြန်ကွပ်ရပါသည်။ တံမြက်စည်းတစ်ချောင်းလျှင် ကြိမ် ၅ချောင်းခန့်ကုန်ပါသည်။ တံမြက်စည်းအကြမ်းထည်များအား အပေါ်အောက်ကြိမ်ကွပ်ပြီးလျှင် တံမြက်စည်းအချောထည်ရရှိပြီးဖြစ်ပါသည်။

    မိသားစုလုပ်ငန်းဖြစ်သဖြင့် တစ်နေ့လျှင် တံမြက်စည်း ၂၀ချောင်းခန့်ပြီးစီးပါသည်။ တံမြက်စည်းများကို ဒေသတွင်း ဖြူးမြို့နယ်တွင် ရောင်းချလျက်ရှိသကဲ့သို့ ရန်ကုန်၊ တောင်ငူမြို့များမှလည်းမှာယူပါသည်။ တံမြက်စည်းအချော (ရိုးရိုး) တစ်ချောင်းလျှင် ၁၅၀၀ကျပ်၊ တံမြက်စည်းအချော (ရှယ်) တစ်ချောင်းလျှင် ၂၀၀၀ကျပ်ဖြင့်ရောင်းချပါကြောင်း သိရှိရပါသည် ။

   တံမြက်စည်းသည် အိမ်ရှင်မများအတွက် အိမ်သန့်ရှင်းရေးပြုလုပ်ရာတွင် မရှိမဖြစ်အသုံးဝင်သကဲ့သို့ ကျောင်းများ၊ ရုံးများတွင်လည်း သန့်ရှင်းရေးပြုလုပ်ရာတွင် အသုံးဝင်ပါသည်။ ဈေးနှုန်းသင့်တင့်သည့်တံမြက်စည်းများအား မြန်မာနိုင်ငံအနှံ့အပြားတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များမှ ‌ရွှေဘို၊ ရေဦး၊ ကသာနှင့် ကန့်ဘလူခရိုင်တို့တွင် စပါး/ဆန်ဈေး အနည်းငယ်တက်နေပြီး၊ ကျန်ခရိုင်များတွင် ဈေးအေးနေပါကြောင်း သိရပါသည်။

   စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ခုနှစ်၊ ဇွန်လ(စတုတ္တ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)  တင်း ၁၀၀လျှင် ကျပ်(၂၉၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင်(၉၆၀၀၀)ကျပ်၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ကျပ်(၂၄၀၀၀၀၀)၊  ဧရာ မင်း (ဆန်)   ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၉၆၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

     ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၂၉၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ် လျှင်ကျပ် ၉၅၀၀၀၊  ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ၂၄၀၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည် ပါ တစ်အိတ်  ၉၃၀၀၀ ကျပ်များဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

   ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၁၉၀၀၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၇၂၀၀၀၊ ငစိန်(စပါး)တင်း၁၀၀လျှင် ၁၈၀၀၀၀၀၊ ငစိန် (ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ၇၀၀၀၀၊ ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ကျပ် ၂၀၀၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀ လျှင် ကျပ်၁၇၀၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၇၀၀၀၀၊ ဆင်းဧကရီ(၃)(စပါး)  တင်း၁၀၀ လျှင် ကျပ် ၁၆၀၀၀၀၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၇၀၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၁၈၀၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၈၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရ ပါသည်။

    မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၂၄၀၀၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၉၅၀၀၀၊ ပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၂၈၀၀၀၀၀၊  ပေါ်ဆန်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၉၅၀၀၀၊ မနောသုခ(စပါး) တင်း ၁၀၀လျှင် ကျပ် ၁၈၀၀၀၀၀၊ မနောသုခ (ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၇၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

    ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၂၂၀၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၉၂၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၈၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)၂၄ပြည် တစ်အိတ်လျှင် ကျပ် ၉၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

   စစ်ကိုင်းတိုင်းဒေသကြီးမှ ဇွန်လ (တတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသ ကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၁၀၀၀၊ မန္တလေး သို့ အိတ်ရေ ၂၇၃၇၀၊ မကွေး သို့ အိတ်ရေ ၃၀၊ နေပြည်တော်သို့ အိတ်ရေ ၇၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၅၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၆၀၀၀၊ ကချင်သို့ အိတ်ရေ ၁၅၀၀၊ စုစုပေါင်းအိတ်ရေ (၆၈၉၀၀)အိတ်၊ တန်အားဖြင့် (၃၄၄၅) စီးထွက်ခဲ့ပြီး၊ ယခု ဇွန်လ (စတုတ္တ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၂၂၅၀၊ မန္တလေး သို့ အိတ်ရေ ၂၆၀၇၀၊ မကွေး သို့ အိတ်ရေ ၃၀၊ နေပြည်တော်သို့ အိတ်ရေ ၇၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၅၀၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၅၀၀၀၊ ကချင်သို့ အိတ်ရေ ၁၅၀၀၊ စုစုပေါင်းအိတ်ရေ (၅၆၈၅၀)အိတ်၊ တန်အားဖြင့် (၂၈၄၂.၅) စီးထွက် ခဲ့သည့် အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၁၂၀၅၀) တန်အားဖြင့် (၆၀၂.၅) လျော့နည်း စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။                                                                             

DOCA(စစ်ကိုင်း)

 

တောင်ငူမြို့တွင် ကြက်သားဈေးကျနေပြီး ငါးရံ့ဈေးအနည်းငယ်တက်

    တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ သားငါးဆိုင်များတွင် ယခင်အပတ်၌ ကြက်သား (အိမ်မွေးကြက်) အကောင်လိုက်ဈေးတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ ရင်အုပ်သီးသန့်တစ်ပိဿာလျှင် ၂၂၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် အကောင်လိုက်ဈေးတစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ အသားသီးသန့်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး စီပီကြက်အခြမ်းလိုက်ဈေးမှာ တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ အသားသီးသန့်မှာ တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

   ဝက်သား (ရေလွတ်သား) သုံးထပ်သား) မှာ တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ပေါင်သားတစ်ပိဿာလျှင် ၁၇၀၀၀ကျပ်၊ အသားသီးသန့်တစ်ပိဿာလျှင် ၁၉၀၀၀ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

    ငါးကြင်းအကောင်လိုက်ဈေးတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ အသားသီးသန့်တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ငါးကြင်းဖြူအကောင်လိုက်ဈေးတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ အမြီးလွတ်၊ ခေါင်းလွတ်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

   ငါးရံ့မှာ ယခင်အပတ်တွင် အကောင်သေးတစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊ အကောင်လတ်တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်နှင့် အကောင်ကြီးတစ်ပိဿာလျှင် ၁၆၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် အကောင်သေးတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊ အကောင်လတ်တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်နှင့် အကောင်ကြီးတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်တို့ဖြင့် ဈေးနှုန်းအနည်းငယ်တက်လာခဲ့ပါသည်။

   ငါးခူမှာ အကောင်သေးတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ အကောင်လတ်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်နှင့် အကောင်ကြီးတစ်ပိဿာလျှင် ၂၂၀၀၀ကျပ်တို့ဖြင့် ယခင်အပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

    ပုစွန်ဆိတ်မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပြီး ပုစွန်အသေးမှာ တစ်ပိဿာလျှင် ၂၄၀၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၂၆၀၀၀ကျပ်နှင့် အကြီးတစ်ပိဿာလျှင် ၃၂၀၀၀ကျပ်တို့ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

စက်သုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်

    မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိသည့်အပြင် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ ထုတ်ပြန်လျက်ရှိသည့် ရည်ညွှန်းလက်လီဈေးနှုန်းအပေါ်အခြေခံ၍ ရောင်းချခြင်းရှိ/မရှိ၊ အချိန်အတွယ်နှင့် အလေးချိန် မှန်ကန်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် ခရိုင်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ နေ့စဉ်ချိတ်ဆက်၍ အရောင်းဆိုင်များအားလုံး၏ တစ်လီတာရောင်းဈေးနှုန်းများကို နေ့စဉ်တင်ပြလျက်ရှိပါသည်။

     ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ ဇွန်လ၊ တတိယပတ်တွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၀၈၅)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၂၂၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၀၆၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၁၅၀)ကျပ်ဖြစ်ကြောင်း သိရသည်။

    ဇွန်လ၊ ဒုတိယပတ်နှင့် တတိယပတ်အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါ ဒုတိယပတ်တွင် ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၀၆၀)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၂၂၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၁၉၅၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၀၃၅)ကျပ်ဖြင့် ရောင်းချခဲ့သောကြောင့် ဓါတ်ဆီ(95) တစ်လီတာဈေးမှာ ဒုတိယပတ်နှင့် တတိယပတ်ဈေးနှုန်း တူညီသော်လည်း ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၁၁၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၁၁၅)ကျပ် ဒုတိယပတ်ထက် ဈေးနှုန်းများအနည်းငယ် မြင့်တက်ခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော သီးနှံများ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ဇွန်လ၊ စတုတ္ထပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းရာ ပဲတီစိမ်းနှင့် နှမ်းများအရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

ပဲတီစိမ်း

   ပဲတီစိမ်းမှာ ဧပြီလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး ဇွန်လ၊ စတုတ္ထပတ်ထိ ဝင်ရောက်လျက်ရှိကြောင်း၊ ဇွန်လ၊ စတုတ္ထပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ ပဲတီစိမ်းတစ်တင်းလျှင်(၅၆၀၀ဝိ/-)ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၂၅၀၀)တင်း/(၈၂)တန် ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူ၌ ပဲတီစိမ်းတစ်တင်းလျှင်(၄၇၀၀ဝိ/-)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခုနစ်တွင်ယခင်နှစ်ထက် ပဲတီစိမ်း တစ်တင်းလျှင်(၉၀၀ဝိ/-)ဈေးပိုခဲ့ကြောင်း၊ ဇွန်လ၊ တတိယပတ်နှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက တတိယပတ်၌ ပဲတီစိမ်းတစ်တင်းလျှင် (၅၀၀၀ဝိ/-) ပေါက်ဈေးရှိခဲ့သဖြင့် စတုတ္ထပတ် တွင် တတိယပတ်ထက် ပဲတီစိမ်းတစ်တင်းလျှင် (၆၀၀ဝိ/-) ဈေးပိုခဲ့ပြီး တောင်သူ၊ ကုန်သည်လက်ဝယ်တွင် အထွက်တင်း၏(၁၀)ရာခိုင်နှုန်းခန့်သာ လက်ကျန်ရှိနိုင်တော့သဖြင့် လက်ကျန်နည်းပြီး ဈေးအနည်းငယ် မြင့်တက်လာခြင်းဖြစ်ကြောင်းနှင့် ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါ သည်။

နှမ်းနက်

မေလ၊ စတုတ္ထပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ နွေနှမ်းများ စတင်ဝင်ရောက်လာပြီး ဇွန်လ၊ စတုတ္ထပတ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဇွန်လ၊ စတုတ္ထပတ်တွင် အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းမှာ နှမ်းနက်တစ်တင်းလျှင် (၁၁၃၀၀ဝိ/-)ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၂၀၀၀)တင်း/ (၄၉)တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူ၌ နှမ်းနက်တစ်တင်းလျှင်(၇၆၀၀ဝိ/-)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခုနစ်တွင်ယခင်နှစ်ထက် နှမ်းတစ်တင်းလျှင် (၃၇၀၀ဝိ/-) ဈေးပိုခဲ့ကြောင်း၊ ဇွန်လ၊ တတိယပတ်နှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက တတိယပတ်၌ နှမ်းနက်တစ်တင်းလျှင် (၁၁၁၆၀ဝိ/-) ပေါက်ဈေးရှိခဲ့သဖြင့် စတုတ္ထပတ်တွင် တတိယပတ်ထက် နှမ်းနက်တစ်တင်းလျှင် (၁၄၀ဝိ/-) ဈေးပိုခဲ့ပြီး ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

နွေပဲတီစိမ်းများ လှိုင်လှိုင်ပေါ်၍ ဈေးအနည်းငယ်ကျဆင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပြီး ဇွန်လ၊ တတိယပတ်အတွင်း အရောင်းအဝယ် ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းရာ ပဲတီစိမ်းနှင့် နှမ်းများအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

ပဲတီစိမ်း

ပဲတီစိမ်းမှာ ဧပြီလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး ဇွန်လ၊ တတိယပတ်ထိ ဝင်ရောက်လျက်ရှိကြောင်း၊ ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ ရွှေဘိုခရိုင်အတွင်းရှိ နွေသီးနှံစိုက်ပျိုးရန်အတွက် ဆည်ရေရရရှိသည့်မြို့နယ်များအပြင် မူးမြစ်ဝှမ်းဒေသများမှ ပဲတီစိမ်းများ ဝင်ရောက်လျက်ရှိကြောင်း၊  ဇွန်လ၊ တတိယပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ ပဲတီစိမ်း တစ်တင်းလျှင်(၅၀၀၀ဝိ/-)ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၃၅၀၀)တင်း/(၁၁၄)တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူ၌ ပဲတီစိမ်းတစ်တင်းလျှင်(၄၃၀၀ဝိ/-)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခင်နှစ် ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခုနစ်တွင်ယခင်နှစ်ထက် ပဲတီစိမ်း တစ်တင်းလျှင်(၇၀၀ဝိ/-)ဈေးပိုခဲ့ကြောင်း၊ ဇွန်လ၊ ဒုတိယပတ်နှင့် တတိယပတ် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဒုတိယပတ်၌ ပဲတီစိမ်းတစ်တင်းလျှင် (၅၄၃၀ဝိ/-) ပေါက်ဈေးရှိခဲ့သဖြင့် တတိယပတ် တွင်ဒုတိယပတ်အောက် ပဲတီစိမ်းတစ်တင်းလျှင် (၄၃၀ဝိ/-) ဈေးလျော့နည်းခဲ့ပြီး ဈေးနှုန်းလျော့နည်း သော်လည်း ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နှမ်းနက်

မေလ၊ စတုတ္ထပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ နွေနှမ်းများ စတင်ဝင်ရောက်လာပြီး ဇွန်လ၊ တတိယပတ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဇွန်လ၊ တတိယပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ နှမ်းနက်တစ်တင်းလျှင် (၁၁၁၆၀ဝိ/-)ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၂၅၀၀)တင်း/ (၆၁)တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူ၌ နှမ်းနက်တစ်တင်းလျှင်(၆၈၀၀ဝိ/-)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခုနစ်တွင်ယခင်နှစ်ထက် နှမ်းတစ်တင်းလျှင် (၄၃၆၀ဝိ/-) ဈေးပိုခဲ့ကြောင်း၊ ဇွန်လ၊ ဒုတိယပတ်နှင့် တတိယပတ် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဒုတိယပတ်၌ နှမ်းနက်တစ်တင်းလျှင် (၁၁၁၇၀ဝိ/-) ပေါက်ဈေးရှိခဲ့သဖြင့် တတိယပတ်တွင် ဒုတိယပတ်အောက် ပဲတီစိမ်းတစ်တင်းလျှင် (၁၀ဝိ/-) ဈေးလျော့နည်းခဲ့ပြီး ဈေးနှုန်းလျော့နည်းသော်လည်း ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့၊ သီရိရတနာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ အခြေအနေ

     မုံရွာမြို့ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

     ၂၀၂၃ခုနှစ်၊ဇွန်လ တတိယအပတ်တွင် ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၈၀၀၀)ကြား၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၉၀၀၀)ကြား၊ လိမ္မော်(ရိုးရိုး) (၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀) ကြား၊ စတော်ဘယ်ရီ(၁)ပိဿာလျှင် ကျပ်(၇၅၀၀မှ ၈၅၀၀)ကြား၊  ပန်းသစ်တော် (၁)လုံး လျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ ပန်းသီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀ မှ ၁၅၀၀)ကြား၊ ကျွဲကောသီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ တယ်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၀၀၀)ကြား၊ သခွားမွှေး (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(ကြီး) (၁)လုံးလျှင် ကျပ်(၂၀၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(သေး) (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၂၅၀၀)ကြား၊ နာနတ်သီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ နှင်းသီး(၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀)ကြား၊ နဂါးမောက်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင် (၁၂၀၀)ကျပ်၊ ငှက်ပျောသီးမွှေး တစ်ဖီးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ စပျစ်သီး (၁)ပိဿာလျှင် ကျပ်(၈၀၀၀မှ ၁၂၀၀၀)ကြား ဈေးနှုန်းများဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

       မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌  ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအ‌ပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။

     ၂၀၂၃ခုနှစ်၊ဇွန်လ တတိယအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများမှာ ပုဇွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၆၅၀၀၀)မှ ကျပ်(၈၅၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၅၅၀၀၀မှ ၈၀၀၀၀)၊ ငါးပုတ်လုံးခြောက်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၁၈၅၀၀)၊  ငါးပုတ်သင်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၆၀၀၀) ၊ အာပြဲခြောက်(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀မှ ၂၂၀၀၀)၊ ငါးကျည်းခြောက်(၁)ပိဿာလျှင် ကျပ်(၃၅၀၀၀မှ ၄၅၀၀၀)၊ ငါးနီတူးခြောက် (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀ မှ ၁၄၀၀၀)၊ ငါးဖန့်ဝိုင်း(ငါးပိကောင်) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၇၅၀၀) ရှိကြောင်း ချင်းတွင်းရတနာဈေးတွင်ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း