ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

    ၂၀၂၃ ခုနှစ် ဇွန်လ စတုတ္ထအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် (၄၅၀၀)ကျပ်၊ ဧရာမင်း တစ်ပြည် (၄၀၀၀)ကျပ်ဖြင့် ယခင်အပတ် ထက်အနည်းငယ်သာမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ မြစ်သား အမျိုးအစား လက်လီဈေးမှာ(အကြီး)တစ်ပိသာ(၃၀၀၀)ကျပ် ၊ (အလတ်) တစ်ပိသာ(၂၅၀၀)ကျပ် ၊ (အသေး) တစ်ပိသာ (၂၃၀၀)ကျပ် ယခင်အပတ်အတိုင်း တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူ လက်လီ ဈေးမှာ(ဗမာ)အလုံးကြီး တစ်ပိသာ (၁၀၀၀၀)ကျပ် ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ) အလုံး သေး တစ်ပိသာ (၇၀၀၀)ကျပ် ၊ ကြူကုတ် တစ်ပိသာ (၉၀၀၀)ကျပ် ယခင်အပတ်ထက် အနည်းငယ် မြင့်တက်လျက်ရှိပါသည်။ ဂျင်း အညံ့ တစ်ပိသာလျှင်(၅၀၀၀)ကျပ်၊ ရှယ်စ တစ်ပိသာ (၁၀၀၀၀)ကျပ် ဖြစ်နေပြီး ယခင်အပတ်ထက်အနည်းငယ်လျော့ကျလျက်ရှိပါသည်။ ငရုတ်သီးခြောက် တစ်ပိသာ (၂၀၀၀၀)ကျပ် ယခင် အပတ်အတိုင်း တည်ငြိမ်လျှက်ရှိကာ အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။ အာလူး အသေး/အကြီး အမျိုး အစားအလိုက် တစ်ပိသာ(၃၅၀၀/၃၀၀၀)ကျပ် ယခင်အပတ်ထက် အနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

    ငရုတ်သီးစိမ်း တစ်ပိသာ (၃၀၀၀)ကျပ် ယခင်ဇွန်လဆန်းပိုင်းထက် အနည်းငယ်လျော့ကျနေကြောင်း၊ ခရမ်းချဉ်သီး တစ်ပိသာ (၂၀၀၀)ကျပ် ယခင် တတိယအပတ်ထက် အနည်းငယ်မြင့်တက်နေပါသည်။ ခရမ်းသီး  တစ်ပိသာ (၁၀၀၀/၈၀၀) ကျပ် ယခင် အပတ်ထက် အနည်းငယ်လျော့ကျကာ အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။  ပန်းဂေါ်ဖီ တစ်ပွင့်  (၂၃၀၀) ကျပ် ၊ ဂေါ်ဖီထုတ် တစ်ထုတ် လျှင်(၂၀၀၀)ကျပ် ယခင်အထက် (၅၀၀)ကျပ် လျော့ကျလျက်ရှိကြောင်း၊ ခါကြက်ဥ(တရုတ်) တစ်ပိသာ (၅၀၀၀)ကျပ် ၊ ခါကြက်ဥ (ဗမာ) တစ်ပိသာလျှင် (၄၀၀၀)ကျပ် ယခင် အပတ်အတိုင်း တည်ငြိမ်နေကြောင်း၊ သံပုရာသီး တစ်လုံးလျှင် (၁၅၀) ကျပ် မှ (၂၀၀) ကျပ် ၊ ကန်ဇွန်းရွက် တစ်စီးလျှင် (၁၀၀) ကျပ် နှုန်းဖြင့် အရောင်းအဝယ် ဖြစ်နေပြီး  ကုန်ဈေးနှုန်း များ အနည်းငယ် မြင့်တက်လာကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည် ။

       ကြက်ဥ လက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံး (၃၀၀)ကျပ်၊ (အသေး)တစ်လုံး (၂၅၀) ကျပ် ၊ ဘဲဥ တစ်လုံး (၄၀၀)ကျပ်ရှိသည် ။  ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏ အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(cp) (၁၄၀၀၀ )ကျပ် မှ (၁၆၀၀၀) ကျပ် ၊ ကြက်သား(ဗမာ) (၁၈၀၀၀ )ကျပ် မှ (၂၀၀၀၀) ကျပ် ၊ ဝက်သား တစ်ပိသာ (၁၈၀၀၀) ကျပ် မှ (၂၂၀၀၀) ကျပ် ၊ အမဲသား တစ်ပိသာ (၁၁၀၀၀) ကျပ် မှ (၁၄၀၀၀) ကျပ် ယခင်မေလ နောက်ဆုံးအပတ်အတိုင်း ဝက်သား၊ အမဲသား ဈေးများမှာ တည်ငြိမ်လျက်ရှိပြီး၊  ကြက်သား ဈေး အနည်းငယ်မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။ ငါးကြင်းအကောင်လိုက်နှင့် ငါးကြင်းခုတ်သား ဈေးမှာ တစ်ပိသာ (၉၀၀၀) ကျပ် မှ (၁၄၀၀၀) ကျပ်၊ တီလားဗီးယားငါး အသေးတစ်ပိသာ (၄၀၀၀)ကျပ် ၊ အလတ် တစ်ပိသာ (၅၀၀၀) ကျပ်၊ အကြီး တစ်ပိသာ (၆၅၀၀)  ငါးဈေးများမှာ ယခင်အပတ်ထက် အနည်းငယ် ပြန်လည်လျော့ကျလာပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

        စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့် တစ်ပိသာလျှင် (၁၄၀၀၀)ကျပ် မြေပဲဆီဈေးနှုန်းဟာ ယခင်အပတ်များနှင့်အတူ ဈေးတည်ငြိမ်လျှက်ရှိပါသည်။ စားအုံးဆီ တစ်ပိသာလျှင် (၇၂၀၀)ကျပ်၊ ဆယ်ပိသာ တစ်ပုံးလျှင် (၇၁၀၀၀)ကျပ်  ယခင် အပတ်ထက် တစ်ပိသာ(၄၀၀)ကျပ်မြင့်တက်ကာ အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့၏ ဇွန်လ၊ စတုတ္ထပတ်တွင်ဖြစ်ပေါ်လျက်ရှိသော ငါးဈေးနှုန်းများ

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏ မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ငါးမျိုးစုံရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ဇွန်လ၊ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသောငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင်လိုက် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေးတစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ တီလားဗီးယားအကောင်လတ် တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ တီလားဗီးယား အကောင်ကြီး တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ငါးဖယ် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးမုတ်တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးမြင်း တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးဘတ် တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငါးဂျောင်းတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ငါးအုံတုံ တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ငါးအုံတုံခုတ်သား တစ်ပိဿာလျှင်  (၁၆၀၀၀)ကျပ်၊ ငါးမြင်းခုတ်သား တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်းခုတ်သား တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ ငါးဖယ်ခြစ် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ပုစွန်ဆိတ် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်နှင့် ပုစွန်ထုပ် တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          ငါးဈေးနှုန်းများအား ယခင်ဇွန်လ တတိယပတ်နှင့်နှိုင်းယှဉ်ပါက ငါးအုံတုံ တစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ပုစွန်ဆိတ်တစ်ပိဿာလျှင်(၃၀၀၀)ကျပ်ဈေးနှုန်းမြင့်တက်ကာ တီလားဗီးယားအကောင်သေးတစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ တီလားဗီးယားအလတ်တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ တီလားဗီးယားအကောင်ကြီး တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ ငါးဖယ် တစ်ပိဿာလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းကျဆင်းပြီး အခြားငါးဈေးနှုန်းများမှာ ပုံမှန်အတိုင်း အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်းရှိ ငါးဒိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တောင်ငူမြို့တွင် အခြေခံစားကုန်များကို ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများက အခြေခံလူတန်းစားများအား သက်သာသောဈေးနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေး

   ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တောင်ငူမြို့နေပြည်သူများ အခြေခံစားကုန်များကို ဈေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူနိုင်ရေးအတွက် အခြေခံစားကုန်များကို ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများက အခြေခံလူတန်းစားများရှိရာရပ်ကွက်များသို့သွားရောက်၍ တိုက်ရိုက်ရောင်းချပေးလျက်ရှိရာ  ၂၀၂၃ခုနှစ်၊ ဇွန်လ၂၂ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူမြို့၊ ညောင်ပင်ဈေးအနီးရှိ သုခလမ်းတွင် ရောင်းချပေးခဲ့ပါသည်။

   ထိုနေ့တွင် ဆန်တစ်ပြည်လျှင် ၂၅၀၀ကျပ်ဖြင့် လူတစ်ဦးလျှင် နှစ်ပြည်နှုန်း၊ ဆီတစ်ပိဿာလျှင် ၆၆၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ကြက်သားတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ငါးတစ်ပိဿာလျှင် ၅၈၀၀ကျပ်၊ ကြက်ဥ၁၀လုံးလျှင် ၂၅၀၀ကျပ်နှင့် ဘဲဥ၁၀လုံးလျှင် ၂၇၀၀ကျပ်တို့ဖြင့် ရောင်းချပေးလျက်ရှိပါသည်။

  အခြေခံစားသောက်ကုန်များရောင်းချရာနေရာသို့ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်ဦးဆောင်သော ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့်အတူ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးကြောင်းနှင့် နေ့စဉ် ရောင်းချနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

မြို့မစည်ပင်သာယာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

    ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီးဝင်ရောက်လျက်ရှိသည်။

   ၂၀၂၃ခုနှစ်၊ ဇွန်လ၊ စတုတ္ထပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီး (အကြွပ်)ရိုးရိုး (၁)လုံးလျှင် (၇၀၀ မှ ၁၀၀၀)ကျပ်၊ ပန်းသီး(အကြွပ်) ပိုက်စွပ်(၁)လုံးလျှင် (၂၀၀၀ မှ ၂၅၀၀)ကျပ်၊  စပျစ်သီး (အလုံးသေး) (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊စပျစ်သီး (အလုံးကြီး) (၁)ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ပန်းသစ်တော်သီး (၁)လုံးလျှင် (၃၀၀၀ မှ ၃၅၀၀)ကျပ်၊  ဖီးကြမ်း ငှက်ပျောသီး(၁)ဖီးလျှင် (၁၀၀၀)ကျပ်၊ ခွန်စိမ်းရိုးရိုး (၁)ဖီးလျှင် (၁၀၀၀ မှ ၁၂၀၀)ကျပ်၊ မြစ်ကြီး နားမှထွက်ရှိသော ခွန်စိမ်းငှက်ပျောသီး (၁)ဖီးလျှင် (၁၅၀၀ မှ ၂၀၀၀)ကျပ်၊ ဖရဲသီး (၁)လုံးလျှင် (၂၅၀၀ မှ ၃၀၀၀)ကျပ်၊ မင်းကွတ်သီး  (၁)လုံးလျှင် (၂၀၀ မှ ၂၅၀)ကျပ်၊ ပတ္တမြားငမောက်သ ရက်သီး (၁)လုံးလျှင် (၅၀၀)ကျပ်၊ နာနတ်သီး (၁)လုံးလျှင် (၈၀၀)ကျပ်၊ လိမ္မော်သီး (၁)ပိဿာ လျှင် (၁၂၀၀၀)ကျပ် ၊ပိန္နဲသီး (၁)လုံးလျှင် (၃၀၀၀)ကျပ်ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချသောသစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တောင်ငူမြို့၊ ညောင်ပင်လေးဈေးတွင် ဘုံလုံသီး (ခေါ်) ပဲလင်းမြွေသီးများရောင်းချနေ

    တောင်ငူမြို့၊ ညောင်ပင်ဈေးသည် ဒေသတွင်းကျေးရွာများမှ လာရောက်ရောင်းချသော ဟင်းသီးဟင်းရွက်များပေါများလှသောကြောင့် ဟင်းသီးဟင်းရွက်ပေါများသောဈေးအဖြစ် နာမည်ကျော်ကြားလှပါသည်။ ကုန်စိမ်းဈေးဟုလည်းခေါ်ပါသည်။ တောင်ငူမြို့အနီးတဝိုက်ရှိ မြို့များသည် ယင်းဈေးမှတစ်ဆင့် ဟင်းသီးဟင်းရွက်များအား ပြန်လည်ဝယ်ယူရောင်းချကြပါသည်။

     ညောင်ပင်ဈေးသို့ နံနက်စောစောသွားရောက်၍ဝယ်ယူပါက ကျေးရွာဒေသများမှ လာရောက်ရောင်းချသော ဟင်းသီးဟင်းရွက်များမှာ ဈေးနှုန်းချိုသာလှပါသည်။ ညောင်ပင်ဈေးတွင် ယခုရာသီအချိန်၌ ဘုံလုံသီး (ခေါ်) ပဲလင်းမြွေသီးများကို ပေါများစွာရောင်းချနေပါသည်။ ဘုံလုံသီး (ခေါ်) ပဲလင်းမြွေသီးသည် သခွား၊ ဘူး၊ ဖရုံ အနွယ်ဝင်အပင်တစ်မျိုးဖြစ်ကြောင်း လေ့လာသိရှိရပါ သည်။ ၎င်းအသီးများအား များသောအားဖြင့် မြန်မာလူမျိူးအများစုသည်  ကြိုက်နှစ်သက်ရာ အစာသွပ်၍ နှစ်ခြိုက်စွာချက်စားကြပါသည််။

    ဘုံလုံသီးတွင် ဗီတာမင်ဓာတ်ပေါများစွာပါရှိသောကြောင့်လည်း ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါသည်။ ညောင်ပင်ဈေးတွင် ဘုံလုံသီးအကြီး/အသေးအပေါ်မူတည်၍ ဈေးနှုန်းများကွာခြားပါသည်။ ဘုံလုံသီးအသေး ၅တောင့်၊ ၆တောင့်ခန့်ပါသော အစည်းတစ်စည်းလျှင် ၃၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ဝက်လက်မြို့နယ်၏ ဇွန်လ၊ တတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၏ ၂၀၂၃ခုနှစ်၊ဇွန်လ(တတိယပတ်)တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် (၂၉၀၀၀၀ဝိ/-) ကျပ်ရှိပြီး၊ ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁)အိတ်လျှင်(၉၅၀၀ဝိ/-)ကျပ်၊  ဧရာမင်းစပါးဈေးနှုန်းမှာ တင်း(၁၀၀)လျှင် (၂၄၀၀၀၀ဝိ/-)ကျပ် ရှိပြီး ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁)အိတ်လျှင် (၉၈၀၀ဝိ/-) ကျပ် ရှိကြောင်း၊ ဇွန်လ(ဒုတိယပတ်)၌ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် (၂၉၀၀၀၀ဝိ/-) ကျပ်ရှိပြီး၊ ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁) အိတ်လျှင်(၉၅၀၀ဝိ/-)ကျပ်၊  ဧရာမင်းစပါးဈေးနှုန်းမှာ တင်း(၁၀၀) လျှင် (၂၃၅၀၀၀ဝိ/-) )ကျပ် ရှိပြီး ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁)အိတ်လျှင် (၉၇၀၀ဝိ/-) ကျပ် ရှိခဲ့သဖြင့်  ဇွန်လ(ဒုတိယပတ်)နှင့် ဇွန်လ(တတိယပတ်) စပါး/ဆန်ဈေးနှုန်း နှိုင်းယှဉ်လျှင် ဇွန်လ(တတိယပတ်)၌ ရွှေဘိုပေါ်ဆန်းစပါးနှင့် ဆန်ဈေးနှုန်းမှာ ဈေးနှုန်းအတက်အကျမရှိဘဲ တည်ငြိမ်လျက်ရှိပြီး  ဧရာမင်းစပါးဈေးနှုန်းမှာ (၅၀၀၀ဝိ/-)ကျပ်နှင့် ဆန်‌ဈေးနှုန်းမှာ (၂၄)ပြည် (၁)အိတ်လျှင် (၁၀၀ဝိ/-) ကျပ်မြင့်တက်လျက်ရှိကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်နှင့် ချိတ်ဆက် မေးမြန်းမှုအရ သတင်းရ ရှိပါသည်။

DOCA(စစ်ကိုင်း)

တောင်ငူမြို့တွင် နွေစပါးဈေးနှုန်းအနည်းငယ်တက်

  တောင်ငူမြို့တွင် ယခုဇွန်လ၊ ဒုတိယအပတ်အတွင်း ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၁၀၀၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ၁၀၃၀၀၀ကျပ်၊ ဒေသပေါ်ဆန်းတစ်အိတ်လျှင် ၉၈၀၀၀ကျပ်၊ ဧည့်မထ(နွေ)တစ်အိတ်လျှင် ၆၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဧည့်မထ(မိုး)မှာ ယခင်အပတ်တွင် တစ်အိတ်လျှင် ၇၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် ၇၄၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျလာခဲ့ပါသည်။

    မိုးစပါးမှာ တင်း၁၀၀လျှင် ၂၂၀၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး နွေစပါးမှာ ယခင်အပတ်တွင် တင်း၁၀၀လျှင် ၁၇၀၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တင်း၁၀၀လျှင် ၁၇၅၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်ပါသည်။

   ဆန်ကွဲကြီးတစ်အိတ်လျှင် ၄၅၀၀၀ကျပ်၊ ဆန်ကွဲသေးတစ်အိတ်လျှင် ၄၂၀၀၀ကျပ်နှင့် ဖွဲနုတစ်အိတ်လျှင် ၂၇၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     မတ်ပဲ(၃၀ပိဿာအိတ်)တစ်အိတ်လျှင် ၁၁၅၅၀၀ကျပ်၊ ပဲလွန်းဖြူ(၃၀ပိဿာအိတ်) တစ်အိတ်လျှင် ၆၅၀၀၀ကျပ်မှ ၇၀၀၀၀ကျပ်အထိရှိပါသည်။ ပဲတီစိမ်းမှာ ယခုအပတ်အတွင်း အရောင်းအဝယ်မရှိကြောင်း တောင်ငူမြို့ရှိ ဆန်၊ စပါး၊ ပဲပွဲရုံများမှသိရပါသည်။

DOCA(ပဲခူး)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ‌ရွှေဘိုပေါ်ဆန်း (သစ်)(တစ်အိတ်)လျှင် ၉၅၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(သစ်)(တစ်အိတ်)လျှင် ၉၆၀၀၀ ကျပ်၊ ဧည့်မထ ဆန်(သစ်)(တစ်အိတ်)လျှင် ၇၂၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၃၄၅၀-၁၃၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၁၂၀၀၀ ကျပ်၊ နေကြဆီ(တစ်ပိဿာ)လျှင်၁၂၀၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၆၆၅၀-၆၇၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀-၈၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၈၀၀၀ မှ ၁၉၀၀၀ ကျပ်၊ ကြက်သွန်နီ(အသစ်) (တစ်ပိဿာ) ၂၁၀၀ မှ ၂၂၀၀ ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) (တစ်ပိဿာ) ၅၈၀၀ မှ ၆၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) ၇၈၀၀ မှ ၈၀၀၀ ကျပ်၊ အာလူး(တစ်ပိဿာ) ၂၀၀၀ မှ၂၂၀၀ ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၃၈၀၀-၄၀၀၀ ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၅၈၀၀-၆၀၀၀ ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၁၄၀၀ကျပ်၊ ဂေါ်ဖီထုတ်(တစ်ထုတ်)၁၅၀၀ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)(တစ်စီး) ၇၀၀ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် ၁၀၀၀၀-၁၂၀၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၈၀၀၀-၂၀၀၀၀ ကျပ်၊ အမဲသား (တစ်ပိဿာ) လျှင်၁၆၀၀၀-၁၇၀၀၀ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင်၂၄၀၀၀-၂၆၀၀၀ကျပ်၊ ငါးမြစ်ချင်း(တစ်ပိဿာ) လျှင် ၇၅၀၀-၈၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၆၀ ကျပ်၊ ဘဲဥ (၁)လုံးလျှင် ၄၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ မှ ၂၀၀၀ ကျပ်အတွင်း၊ ဖရဲသီး(၂၁၁) (၁)လုံးလျှင် ၃၅၀၀ ကျပ်၊ သခွားမွှေး(၁)လုံးလျှင် ၁၅၀၀မှ ၂၀၀၀ ကျပ်အတွင်း အသီသီး ဈေးရှိကြောင်း သိရသည်။

    ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက အခြေခံစားကုန်ဈေးနှုန်းများဖြစ်သော ကြက်သွန်နီဈေးနှုန်းများ ဈေးအနည်ငယ်အေးနေပြီး ကြက်သွန်ဖြူဈေးနှုန်းများ အနည်းငယ်ဈေးတက်နေပါကြောင်း၊  စားအုန်းဆီဈေးနှုန်းများ ရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်း ရတနာဈေးရှိ လက်လီလက်ကား ရောင်းဝယ်ဖောက်ကား  ရောင်းချနေသောကုန်သည်များထံမှ သိရှိ ရသည်။

DOCA(စစ်ကိုင်း)

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်း ပြောင်းလဲမှု အခြေအနေ

         မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရ သိရသည်။

မတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ၂၀၂၂ခုနှစ် ဇွန်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၁၀၀၀ ဖြစ်ခဲ့ပြီး ၂၀၂၃ခုနှစ် ဇွန်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၃၃၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် သုံးသောင်းခွဲခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၃၇၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၁၀၂၃၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် ခြောက်သောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၅ မှ ၂၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် တစ်သောင်း ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၅ မှ ၃၅ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ (စတုတ္တ)ပတ်တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၅၁၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၉၀၀၀၀၊ 929  တစ်တင်းလျှင် ကျပ် ၄၇၈၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၇၀၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၄၆၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၅၆၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်လေးသောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ မှ ၅၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၈၃၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းခွဲခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်

ထောပတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၃၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၉၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ငါးသောင်းကျော် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ (စတုတ္တ)ပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၆၆၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (စတုတ္တ)ပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၁၉၈၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် သုံးထောင်ကျော် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၂၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ (စတုတ္တ)ပတ်တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၄၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (စတုတ္တ)ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၈၇၀၀၊ ယခင်နှစ် ဇွန်လ၊ (စတုတ္တ)ပတ်တွင် မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၄၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (စတုတ္တ)ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၆၈၀၀၊ တစ်ပိဿာလျှင် ကျပ် နှစ်ထောင်ငါးရာမှ လေးထောင်လေးရာအထိ ပိုမို ခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

နှမ်းမျိုးစုံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ (စတုတ္တ)ပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၇၃၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (စတုတ္တ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၁၀၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၆၂၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (စတုတ္တ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၁၉၀၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၅၇၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇွန်လ၊ (စတုတ္တ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၉၉၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်လေးသောင်းခန့်မှ ငါးသောင်းခွဲကျော်အထိ ပိုမိုခဲ့ပါ သည်။ တစ်ရက် လျှင် အိတ်ရေ ၃၀ မှ ၄၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းများ စာရင်းအရ သိရပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုခရိုင်တွင် နွေစပါးများ စတင်ရိတ်သိမ်း

    ရွှေဘိုခရိုင်အနေဖြင့် ဆည်ရေရရှိသည့်အပေါ်မူတည်၍ နှစ်စဉ်နွေစပါးနှင့် နွေသီးနှံများစိုက်ပျိုးလျက်ရှိရာ ၂၀၂၂-၂၀၂၃ခုနှစ်တွင် နွေစပါး(၈၁၀၄၈)ဧကစိုက်ပျိုးပြီး ရွှေဘိုမြို့နယ်တွင်(၅၂၅၄၅)ဧက၊ ဝက်လက်မြို့ နယ်တွင်(၇၇၅၁)ဧက၊ ခင်ဦးမြို့နယ်တွင်(၂၀၇၅၂)ဧကစိုက်ပျိုးကြောင်း၊ နွေစပါးစိုက်ပျိုးရန်အတွက် ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနမှ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ဆည်ရေများ စတင်ပေးဝေခဲ့ရာ ဖေဖော်ဝါရီလကုန်နှင့် မတ်လဆန်းများတွင် ပျိုးထောင်ခြင်းများဆောင်ရွက်ကြပြီး မတ်လလယ်ခန့်မှ စတင်၍ နွေစပါးများစတင်စိုက်ပျိုးခဲ့ကြောင်း၊ ဇွန်လလယ်ခန့်မှစ၍ နွေစပါးများစတင်ရိတ်သိမ်းကြပြီး တစ်ဧကအထွက်နှုန်းမှာ တင်း(၉၀)ကျော်ခန့်ဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။

     ရွှေဘိုဈေးကွက်သို့ နွေစပါးများမှာ ၂၀၂၃ခုနှစ်၊ ဇွန်လ(တတိယပတ်)တွင် စတင်ဝင်ရောက်လာပြီး ဈေးကွက် အတွင်းအရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများမှာ  (747)စပါးတင်း(၁၀၀)လျှင် (၁၆)သိန်း၊ တစ်တင်းခွဲဝင် ဆန်တစ်အိတ်လျှင်(၆၂၀၀ဝိ/-)၊  (72)စပါးတင်း(၁၀၀)လျှင် (၁၆)သိန်းနှင့် တစ်တင်းခွဲဝင်ဆန်အိတ် တစ်အိတ်လျှင် (၆၃၀၀ဝိ/-)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်နှစ်ကာလတူတွင် အရောင်းအဝယ်ဖြစ်ခြင်းမရှိသေးဘဲ ဇွန်လကုန်မှသာ စတင်အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုအပတ်တွင် ဆန်စပါးအရောင်းအဝယ်အနည်းငယ်အေးကြောင်း၊  တောင်သူများအနေဖြင့် သွင်းအားစုဈေးနှုန်းနှင့် လုပ်သားခများဈေးနှုန်းကြီးမြင့်၍ တစ်ဧကကုန်ကျစရိတ်များပြားသော်လည်း တစ်ဧကအထွက်နှုန်းကောင်းပြီး ရောင်းချရသည့် ဈေးနှုန်းမှာလည်းကောင်းသဖြင့် အတန်အသင့်အကျိုးအမြတ်ရရှိကြောင်း ဆန်စပါး ရောင်းဝယ်သည့် ဆန်စက်လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း