ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

       စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူနှင့် ရွှေဘိုခရိုင်များအနေဖြင့် ကလေးခရိုင်တွင် ဈေးအနည်းငယ်တတ်နေပြီး၊ ကလေးခရိုင်တစ်ခုသာ ဈေးအေးနေ ပြီး၊ ကျန်ခရိုင်အားလုံး ဈေးအနည်းငယ် ကျဆင်းနေပါကြောင်း သိရပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မေလ(ဒုတိယ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်း များမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)  တင်း ၁၀၀လျှင် ကျပ်(၂၇၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင်(၈၆၀၀၀)ကျပ်၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ကျပ်(၁၉၀၀၀၀၀)၊  ဧရာ မင်း (ဆန်)   ၂၄ ပြည်ပါ တစ် အိတ် ကျပ် ၈၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

      ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၂၇၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ် လျှင်ကျပ် ၈၆၀၀၀၊  ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ၁၉၀၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည် ပါ တစ်အိတ်  ၈၀၀၀၀ ကျပ်များဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

     ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၁၉၀၀၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၇၀၀၀၀၊ ငစိန်(စပါး)တင်း၁၀၀လျှင် ၁၈၀၀၀၀၀၊ ငစိန် (ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ၆၈၀၀၀၊ ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ကျပ် ၂၀၀၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၇၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရ ပါသည်။

        ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀ လျှင် ကျပ်၁၆၅၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၆၅၀၀၀၊ ဆင်းဧကရီ(၃)(စပါး)  တင်း၁၀၀ လျှင် ကျပ် ၁၅၀၀၀၀၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၆၃၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၁၇၅၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၇၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရ ပါသည်။

        မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၂၁၀၀၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၅၀၀၀၊ ပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၂၇၀၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၅၀၀၀၊ မနောသုခ(စပါး) တင်း ၁၀၀လျှင် ကျပ် ၁၆၀၀၀၀၀၊ မနောသုခ (ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၆၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရ ပါသည်။

       ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၉၀၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၀၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၇၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)၂၄ပြည် တစ်အိတ်လျှင် ကျပ် ၈၆၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

        စစ်ကိုင်းတိုင်းဒေသကြီးမှ မေလ(ပထမ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသ ကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၃၀၀၀၊ မန္တလေးသို့ အိတ်ရေ ၅၃၄၀၀၊ မကွေး သို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀၊ ကချင်သို့ အိတ်ရေ ၁၅၀၀၊ စုစုပေါင်းအိတ်ရေ (၁၂၈၅၀၀)အိတ်၊ တန်အားဖြင့် (၆၄၂၅)   စီးထွက်ခဲ့ပြီး၊ ယခု မေလ (ဒုတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန် စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၁၀၀၀၊ မန္တလေး သို့ အိတ်ရေ ၅၄၄၀၀၊ မကွေး သို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၈၅၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၈၅၀၀၊ ကချင်သို့ အိတ်ရေ ၃၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၂၆၀၀၀)အိတ်၊ တန်အားဖြင့် (၆၃၀၀) စီးထွက်ခဲ့သည့် အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၂၅၀၀) တန်အားဖြင့် (၁၂၅) လျော့နည်း စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။     

DOCA(စစ်ကိုင်း)

                                                         

ရာသီစာမန်ကျည်းရွက်နု ခူးယူရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ရာသီစာပေါ်ဦးပေါ်ဖျား မန်ကျည်းရွက်နုများ ကန်သာယာဈေးသို့ လာရောက်ရောင်းချနေပြီဖြစ်ရာ တစ်ပိဿာ ၇၀၀၀-၈၀၀၀ ကျပ်ဖြင့် ရောင်းချနေရခြင်းကြောင့် မန်ကျည်းရွက်နု ခူးယူရောင်းချနေသူများ လတ်တလော စီးပွားရေးတွက်ခြေကိုက်နေကြကြောင်း မန်ကျည်းရွက်ခူးယူရောင်းချနေသူများထံက သိရသည်။
       ရာသီစာမန်ကျည်းရွက်နုများ ခူးယူရောင်းချခြင်းဖြင့် မန်ကျည်းရွက်နု ပေါ်ဦးပေါ်ဖြားအချိန်တွင် ဈေးနှုန်းကောင်းဖြင့်ရောင်းချနေရပြီး ဖောက်သည်သွင်းဈေး တစ်ပိဿာ ၇၀၀၀ ကျပ်ဖြင့် ရောင်းချနေရပြီး၊ တစ်ရက်လျှင် မန်ကျည်းရွက် သုံးပိဿာမှငါးပိဿာအထိ ခူးဆွတ်ရောင်းချနေရကြောင်း သိရသည်။ ရာသီစာမန်ကျည်းရွက်နုများကို အိမ်ရှင်မတိုင်းဝယ်ယူတတ်ကြပြီး မန်ကျည်းရွက်နုကို ကုလားပဲချက်၊ ကြက်သွန်၊ မြေပဲလှော်တို့ဖြင့် သုပ်စားခြင်း၊ မန်ကျည်းရွက်နုနှင့် အုတ်သျှစ်ရွက်ရောကာချက်စားခြင်း၊ မန်ကျည်းရွက်နုနှင့်ငါးနီတူ၊ ငါးကြီးခြောက်၊ ငါ့ရံ့လုံး၊ ဒန့်သလွန်သီးတို့ဖြင့်ရောချက်စားကြကြောင်း၊ ပူပြင်းပြီးလူတိုင်းနီးပါး အစားအသောက်ပျက်ချိန် ရာသီစာမန်ကျည်းရွက်နုဖြင့် ဟင်းအမယ်စုံ ချက်စားခြင်းက ခံတွင်းမြိန်စေကြောင်းလည်း သိရသည်။
    ရာသီစာမန်ကျည်းရွက်နုများ ခူးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိနေပြီး အရောင်းအဝယ်ဖြစ်နေကြောင်း  မန်ကျည်းရွက်နုခူးယူရောင်းချနေသူများထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ဘားအံမြို့နယ်၊ ထုံးအိုင်စံပြကျေးရွာတွင် သက်သာသောဈေးနှုန်ဖြင့် စားအုန်းဆီများဖြန့်ဖြူး ရောင်းချမှုအား ဈေးကားစိစစ်ကြပ်မတ်ရေးအဖွဲ့က ကွင်းဆင်းကြီးကြပ်ဆောင်ရွက်

     နိုင်ငံတော်၏ရည်ညွှန်ဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးသည့်စားအုန်းဆီများကို ကရင်ပြည်နယ်စားသုံးဆီကုန်သည်ကြီးများနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းက (၁၂-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဘားအံမြို့နယ်၊ ထုံအိုင်စံပြကျေးရွာတွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ကရင်ပြည်နယ်၊ ဈေးကားစိစစ်ကြပ်မတ်ရေးအဖွဲ့က ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်၊၊

  စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ပေးလျက်ရှိသော စားအုန်းဆီတစ်ပိဿာရည်ညွှန်းဈေးအပေါ်အခြေခံ၍ သယ်ယူပို့ဆောင်ခအပါ ကုန်ကျစရိတ်တွင်  အမြတ်၂ရာခိုင်နှုန်းတွက်ချက်၍ ရောင်းချပေးခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ၁ပိဿာနှုန်းဖြင့်ရောင်းချပေးကြောင်းနှင့် ကရင်ပြည်နယ်အတွင်း စားသုံးသူပြည်သူများသို့ စားသုံးဆီများအား ရုံးဖွင့်ရက်အတွင်း တစ်ရက်လျှင် ဈေးကား ၂စီးဖြင့် စုစုပေါင်းဆီပိဿာချိန် ၁၁၀၀ခန့်ရောင်းချပေးလျက်ရှိကြောင်း သိရပါသည်၊၊

  ကရင်ပြည်နယ်အတွင်း အခြေခံလူတန်းစားပြည်သူများအနေဖြင့် စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိစေရေး၊ လက်ဝယ်စနစ်တကျ ရောက်ရှိစေရေး၊ ပစ္စည်းမှန်ဈေးနှုန်းမှန်နှင့်  အလေးချိန်မှန်ကန်စွာရရှိစေရေးအတွက် ကရင်ပြည်နယ်ဈေးကားစိစစ်ကြီးကြပ်ရေးအဖွဲ့ကို စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးအပါ ဝန်ထမ်း၃ဦး၊ သက်ဆိုင်ရာအသင်းမှ ကိုယ်စားလှယ်၁ဦးနှင့် စုစုပေါင်း ၄ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကရင်)

 

 

 

ဈေးကွက်အတွင်း ဖူးစားပြောင်းများဈေးနှုန်းတည်ငြိမ်လျက်ရှိ

     ကယားပြည်နယ်သည် ပြောင်းကိုအဓိကစိုက်ပျိုးပြီး အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်း(၂)မျိုးစလုံးစိုက်ပျိုးကြပါသည်။ ဖူးစားပြောင်းတွင် ရှမ်းပြောင်းဖူးနှင့် သကြားပြောင်းဖူးဟူ၍ရှိရာ အစေ့ထုတ်ပြောင်းကို မိုးရာသီနှင့် ဆောင်းရာသီတွင်စိုက်ပျိုးကြပြီး ဖူးစားပြောင်းများကို (၁၂) ရာသီစိုက်ပျိုးကြပြီး (၃)လကြာလျှင်ဈေးကွက်သို့ရောင်းချနိုင်၍ ငွေပေါ်လွယ်သောသီးနှံဖြစ်ပါသည်။

     ရှမ်းပြောင်းဖူးနှင့် သကြားပြောင်းဖူးကို လွိုင်ကော်မြို့ရှိ မှုံပြာကျေးရွာ၊ လင်ဖုံလေးကျေးရွာ၊ လောပိတမြို့ရှိ မိုက်ကန်းကျေးရွာ၊ လောပိတရှမ်းရွာများနှင့် နန်းမယ်ခုံမြို့ရှိ ကျေးရွာများတွင် စိုက်ပျိုးထွက်ရှိလျက်ရှိပြီး ယခု ၂၀၂၃ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် ဈေးကွက်အတွင်း ရှမ်းပြောင်းဖူးတစ်ဖူးလျှင် (၂၀၀) (၃၀၀) ကျပ်၊ သကြားပြောင်းဖူးတစ်ဖူးလျှင် (၅၀၀၊ ၆၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိ၍ ယခင်ဧပြီလ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်လျှင် အတက်အကျမရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက်ရှိရာ ပြောင်းဖူးစိုက်ပျိုးရောင်းချသူများမှာ ဈေးကောင်းရ၍ အရောင်းအဝယ်သွက်လျက်ရှိကြောင်း နောင်ယားဈေးရှိ ပြောင်းဖူးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၁၆/၂၀၂၃ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

   တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၆.၅.၂၀၂၃ )

      ၁၆.၅.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

လားရှိုးမြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းအခြေအနေ

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ပေါ်ဆန်းမွှေး တစ်အိတ်(၁၁၈၀၀၀)ကျပ်၊ ဧည့်မထ တစ်အိတ် (၆၅၀၀၀)ကျပ်၊ ငစိန် တစ်အိတ်(၆၀၀၀၀) ကျပ်ရှိပြီး၊ စားသုံးဆီဈေးနှုန်းမှာ ပဲဆီ(သန့်) တစ်ပိဿာ(၁၄၀၀၀)ကျပ်၊ ပဲဆီ(ရိုးရိုး) တစ်ပိဿာ(၁၀၀၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာ(၁၇၀၀၀)ကျပ်၊ စားအုန်းဆီ တစ်ပိဿာ (၇၅၀၀) ကျပ်ဖြစ်ပြီး၊ ခရမ်းချဉ်သီး တစ်ပိဿာ(၂၅၀၀)ကျပ်၊ကြက်သွန်နီ တစ်ပိဿာ(၂၅၀၀)ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ (၄၅၀၀)ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာ(၅၅၀၀)ကျပ်၊ အာလူး တစ်ပိဿာ(၂၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်းနှင့် (၁၂.၅.၂၀၂၃) ရက်နေ့အထိ ဈေးနှုန်းအခြေအနေမှာ အတက်အကျရှိနေကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

ဈေးကွက်အတွင်း အရောင်းသွက်နေသောစိန်တလုံးသရက်သီး

    ယခုအချိန်ခါတွင် စိန်တလုံးသရက်သီးမှည့်များ စတင်ပေါ်နေပြီဖြစ်ရာ ကယားပြည်နယ်၊ သစ်သီးဝလံဈေးကွက်အတွင်း ဝင်ရောက်လာသောစိန်တလုံးသရက်သီးကို လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးတွင်လည်ကောင်း၊ နောင်ယားဈေးနှင့် မိုင်းလုံးဈေးတို့တွင်လည်ကောင်း များစွာရောင်းချလျက်ရှိပါသည်။

     စိန်တလုံးသရက်သီးသည် မန္တလေးမြို့နှင့် နေပြည်တော်တို့မှ ဝင်ရောက်လျက်ရှိရာ ယခု ၂၀၂၃ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် ဈေးကွက်အတွင်း၌ ဖြစ်ပေါ်နေသော စိန်တလုံးသရက်သီးဈေးနှုန်းမှာ သရက်သီးအလုံး အသေး/အကြီးအမျိုးအစားပေါ်မှုတည်၍ (၅၀၀)ကျပ်မှစတင်ပြီး (၁၀၀၀)ကျပ်အထိရောင်းချလျက်ရှိပြီး ဈေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း နောင်ယားဈေးအတွင်းရှိ စိန်တလုံးသရက်သီးရောင်းသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း