ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခု မေလ တတိယပတ်အတွင်း ‌ရွှေဘိုပေါ်ဆန်း (သစ်)(တစ်အိတ်)လျှင် ၉၀၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(သစ်)(တစ်အိတ်)လျှင် ၈၀၀၀၀ ကျပ်၊ ဧည့်မထဆန်(သစ်)(တစ်အိတ်)လျှင် ၇၀၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၂၄၅၀-၁၂၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၁၁၀၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင်၁၂၀၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ)လျှင် ၆၂၅၀-၆၃၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၆၀၀-၇၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၈၀၀၀ မှ ၁၉၀၀၀ ကျပ်၊ ကြက်သွန်နီ(အသစ်) (တစ်ပိဿာ) ၂၀၀၀ မှ ၂၂၀၀ ကျပ်၊ ကြက်သွန် ဖြူ(ရှမ်းစ) (တစ်ပိဿာ) ၄၈၀၀ မှ ၅၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) (တစ်ပိဿာ) ၅၃၀၀ မှ ၅၅၀၀ ကျပ်၊ အာလူး(တစ်ပိဿာ) ၂၀၀၀ မှ ၂၂၀၀ ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၃၅၀၀-၃၆၀၀ ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၅၈၀၀-၆၀၀၀ ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၁၅၀၀ကျပ်၊ ဂေါ်ဖီထုပ် (တစ်ထုပ်)၁၈၀၀ကျပ်၊ ပဲသီး (ပဲထောင့်ရှည်)(တစ်စီး) ၅၀၀ ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် ၁၀၀၀၀ -၁၂၀၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၈၀၀၀-၂၀၀၀၀ ကျပ်၊ အမဲသား(တစ်ပိဿာ)လျှင် ၁၆၀၀၀-၁၇၀၀၀ကျပ်၊ ဆိတ်သား (တစ်ပိဿာ)လျှင် ၂၄၀၀၀-၂၆၀၀၀ ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၇၅၀၀-၈၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၅၀ ကျပ်၊ ဘဲဥ (၁)လုံး လျှင် ၃၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၀၀၀ မှ ၁၅၀၀ ကျပ်အတွင်း၊ ဖရဲသီး(၂၁၁) (၁)လုံး လျှင် ၃၅၀၀ ကျပ်၊ သခွားမွှေး(၁)လုံးလျှင် ၁၅၀၀မှ ၂၀၀၀ ကျပ်အတွင်း အသီသီး ဈေးရှိကြောင်း သိရသည်။

ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ပေါ်ဆန်းဆန် ဈေးအနည်းငယ် တက်နေပြီး၊ ကြက်သွန်နီ ဈေးနှုန်းများ အနည်းငယ်မြင့်တက်နေပါသည်။ စားအုန်းဆီဈေးနှုန်းများ ရည် ညွှန်းဈေးပေါ် မူတည်၍ ဈေးနှုန်းအပြောင်းအလဲ ရှိပါကြောင်း ချင်းတွင်း ရတနာဈေးရှိ လက်လီ လက်ကား ရောင်းဝယ် ဖောက်ကား  ရောင်းချနေသော ကုန်သည်များထံမှ သိရှိရသည်။ 

DOCA(စစ်ကိုင်း)

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်း ပြောင်းလဲမှု အခြေအနေ

မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရ သိရသည်။

မတ်ပဲ

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၄၇၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၁၆၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် နှစ်သောင်းခွဲကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၅ မှ ၂၀ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၂၁၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၈၈၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် သုံးသောင်းခွဲကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၅ မှ ၂၀ ခန့် အရောင်း အဝယ်ဖြစ် ကြောင်း သိရသည်။

ပဲတီစိမ်း

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၈၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် တစ်သောင်းခွဲကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၅ မှ ၃၅ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ တတိယပတ်တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၄၆၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၃၆၀၀၊ 929  တစ်တင်းလျှင် ကျပ် ၄၃၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၂၀၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၄၂၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၃၀ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၂၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၆၆၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းခွဲခန့် ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်

ထောပတ်ပဲ

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၃၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ငါးသောင်းခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ တတိယပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၇၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ တတိယပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၂၀၃၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် သုံးထောင်ကျော် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၅ မှ ၂၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ တတိယပတ်တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၃၆၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ တတိယပတ်တွင် တစ်ပိဿာလျှင် ကျပ် ၇၅၅၀၊ ယခင်နှစ် မေလ၊ တတိယပတ်တွင် မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၃၈၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ တတိယပတ်တွင် တစ်ပိဿာလျှင် ကျပ် ၆၉၀၀၊ တစ်ပိဿာလျှင် ကျပ် သုံးထောင်ကျော် မှ လေးထောင်ခန့်အထိ ပိုမိုခဲ့ သည်။ တစ်ရက်လျှင် အိတ်ရေ ၂၅ မှ ၃၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

နှမ်းမျိုးစုံသီးနှံ

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ တတိယပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၆၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ တတိယပတ်တွင် တစ်တင်းလျှင် ကျပ် ၉၇၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၆၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ တတိယပတ်တွင် တစ်တင်းလျှင် ကျပ် ၁၀၅၀၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၅၂၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ တတိယပတ်တွင် တစ်တင်းလျှင် ကျပ် ၈၇၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းကျော်မှ လေးသောင်းခွဲခန့်အထိ ပိုမိုခဲ့သည်။ တစ်ရက် လျှင် အိတ်ရေ ၂၅ မှ ၃၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းများ စာရင်းအရ သိရသည်။

DOCA(စစ်ကိုင်း)

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂3-၂၀၂4 ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာ ထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(14.000)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(6.500)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာကျပ်(20.500)သန်းဖြစ်ပါသည်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂3ခုနှစ်၊ ဧပြီလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(0.405)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း (0.120)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ(0.525) ဆောင်ရွက်နိုင်ခဲ့သဖြင့် (၁)နှစ်စာ လျာထားချက် အပေါ်  (2.56)% ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း တမူးနယ် စပ်ကုန်သွယ်ရေး စခန်း၏ စာရင်းများ အရ သိရပါသည်။

ပို့ကုန်အနေဖြင့် (29.၄.2023 မှ 5.5.2023)ရက်နေ့အထိ စီးကရက် အရေအတွက် အားဖြင့် (109.216)တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (0.234)၊ နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.032)၊ စုစုပေါင်း တန်ဖိုးအားဖြင့် အမေရိ ကန်ဒေါ်လာသန်း(0.266) တင်ပို့နိုင်ခဲ့ပါကြောင်း၊ (6.5.2023 မှ 12.5.2023)ရက်နေ့အထိ စီးကရက် အရေအတွက် အားဖြင့် (24.000) တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (0.051)၊ နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.012)၊ စုစုပေါင်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(0.063) တင်ပို့နိုင်ခဲ့ပါကြောင်း၊ သွင်းကုန်အနေဖြင့် (29.၄.2023 မှ 5.5.2023)ရက်နေ့ ဆံပင် အရေအတွက် အားဖြင့် (3.660) တန်ဖိုးအားဖြင့် (၀.014) တင်သွင်းနိုင်ခဲ့သည့်အတွက် စုစုပေါင်း အမေရိကန် ဒေါ်လာသန်း (0.014) တင်သွင်းနိုင်ခဲ့ပါကြောင်း၊ (6.5.2023 မှ 12.5.2023)ရက်နေ့ သွင်းကုန်များ တင်သွင်းနိုင်ခဲ့ခြင်းမရှိပါကြောင်း၊ ပို့ကုန်အ‌နေဖြင့် ယခင်ပတ်ကထက် အမေရိကန် ဒေါ်လာသန်း (0.203) လျော့နည်းတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်အနေဖြင့် ယခင်ပတ်တွင် တင်သွင်းနိုင်ခဲ့ခြင်း မရှိပါ ကြောင်း  တမူးနယ်စပ် ကုန်သွယ်ရေးစခန်းမှ လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီး/ပြည်နယ်များသို့ ယခင်နှစ်၊ ယခုနှစ်ဆန်စီးထွက်မှု အခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ရွှေဘို၊ ကလေး၊ ကသာနှင့် ကန့်ဘလူ ခရိုင်များအနေဖြင့် (၁.၄.၂၀၂၁)ရက်နေ့မှ (၃၁.၃.၂၀၂၂)ရက်နေ့အထိ မန္တလေးတိုင်း‌ဒေသကြီးသို့ (၁၆၇၂၇၀၀)အိတ်၊ ရန်ကုန်တိုင်းဒေသကြီးသို့ (၁၂၇၆၃၀၀)အိတ်၊ မ‌ကွေးတိုင်းဒေသကြီးသို့ (၂၄၂၀၀) အိတ်၊ ရှမ်း(တောင်)သို့ (၂၁၃၀၅၀)အိတ်၊ ရှမ်း(မြောက်)သို့ (၂၀၉၅၅၀)အိတ်၊ နေပြည်တော်သို့ (၃၃၀၁၀၀)အိတ်၊ စုစုပေါင်း (၃၇၂၅၉၀၀)အိတ် တန်အားဖြင့် (၁၈၆၂၉၅)စီးထွက်ခဲ့ပြီး၊ (၁.၄.၂၀၂၂) ရက်နေ့မှ (၃၁.၃.၂၀၂၃)ရက်နေ့အထိ မန္တလေးတိုင်း‌ဒေသကြီးသို့ (၃၀၀၃၅၄၀)အိတ်၊ ရန်ကုန်တိုင်းဒေသ ကြီးသို့ (၁၉၈၁၉၀၀)အိတ်၊ မ‌ကွေးတိုင်းဒေသကြီးသို့ (၄၈၉၀၀)အိတ်၊ ရှမ်း(တောင်)သို့ (၄၄၄၅၀၀)အိတ်၊ ရှမ်း(မြောက်)သို့ (၄၄၅၃၀၀)အိတ်၊ နေပြည်တော်သို့ (၅၅၁၀၀၀)အိတ်၊ ကချင်ပြည်နယ်သို့ (၁၂၄၂၀၀) အိတ်၊ ချင်းပြည်နယ်သို့ (၁၆၇၀၀)အိတ်၊ စုစုပေါင်း (၆၆၁၆၀၄၀)အိတ် တန်အားဖြင့် (၃၃၀၈၀၂) စီးထွက်ခဲ့သည့်အတွက် ယခု ၂၀၂၃ ခုနှစ်တွင် အိတ်ရေ(၂၈၉၀၁၄၀)၊ တန်အားဖြင့် (၁၄၄၅၀၇) ပိုမိုစီးထွက်ခဲ့ပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူနှင့် ရွှေဘို ခရိုင်များအနေဖြင့် ‌ရွှေဘို၊ ရေဦးနှင့် မုံရွာခရိုင်တို့တွင် ‌ပေါ်ဆန်းဈေးနှုန်း အနည်းငယ်တက်နေပြီး၊ ကျန် ခရိုင်များတွင် ဈေးအေးနေပါကြောင်း သိရပါသည်။ 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ ခုနှစ်၊ မေလ(တတိယ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်း များမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)  တင်း ၁၀၀လျှင် ကျပ်(၂၈၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင်(၉၀၀၀၀)ကျပ်၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ကျပ်(၁၉၀၀၀၀၀)၊  ဧရာ မင်း (ဆန်)   ၂၄ ပြည်ပါ တစ် အိတ် ကျပ် ၈၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

ရေဦးခရိုင်ဦ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၂၈၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ် လျှင်ကျပ် ၉၀၀၀၀၊  ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ၁၉၀၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည် ပါ တစ်အိတ်  ၈၀၀၀၀ ကျပ်များဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ကျပ်၁၉၀၀၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၇၀၀၀၀၊ ငစိန်(စပါး)တင်း၁၀၀လျှင် ကျပ်၁၈၀၀၀၀၀၊ ငစိန် (ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၆၈၀၀၀၊ ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ကျပ် ၂၀၀၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၇၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရ ပါသည်။

 ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀ လျှင် ကျပ်၁၆၅၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၆၅၀၀၀၊ ဆင်းဧကရီ(၃)(စပါး)  တင်း၁၀၀ လျှင် ကျပ် ၁၅၀၀၀၀၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၆၃၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၁၇၅၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၇၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရ ပါသည်။

မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၂၁၀၀၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၅၀၀၀၊ ပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၂၈၀၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၉၀၀၀၀၊ မနောသုခ(စပါး) တင်း ၁၀၀လျှင် ကျပ် ၁၈၀၀၀၀၀၊ မနောသုခ (ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၇၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရ ပါသည်။ 

ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၉၀၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၀၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၇၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)၂၄ပြည် တစ်အိတ်လျှင် ကျပ် ၈၆၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။ 

စစ်ကိုင်းတိုင်းဒေသကြီးမှ မေလ (ဒုတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသ ကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၁၀၀၀၊ မန္တလေး သို့ အိတ်ရေ ၅၄၄၀၀၊ မကွေး သို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၈၅၀၀၊ ရှမ်း(မြောက်) သို့အိတ်ရေ ၈၅၀၀၊ ကချင်သို့ အိတ်ရေ ၃၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၂၆၀၀၀)အိတ်၊ တန်အားဖြင့် (၆၃၀၀) စီးထွက်ခဲ့ပြီး၊ ယခု မေလ (တတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန် စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀၊ မန္တလေး သို့ အိတ်ရေ ၅၀၉၀၀၊ မကွေး သို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၉၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၈၀၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၈၀၀၀၊ ကချင်သို့ အိတ်ရေ ၂၅၀၀၊ စုစုပေါင်းအိတ်ရေ (၁၁၁၀၀၀)အိတ်၊ တန်အားဖြင့် (၅၅၅၀) စီးထွက်ခဲ့သည့် အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၁၅၀၀၀) တန်အားဖြင့် (၇၅၀) လျော့နည်း စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ ပဲ၊ နှမ်း ကုန်စည်ဒိုင်တွင် မေလ ဒုတိယပတ်အတွင်း  ပဲတီစိမ်းများ အရောင်းအဝယ်ဖြစ်လျက်ရှိ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းကာ ဖွဲ့ည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ မေလ ဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းခဲ့ရာ ပဲတီစိမ်း တစ်မျိုးတည်းသာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

ပဲတီစိမ်းမှာ ဧပြီလတတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မေလ ဒုတိယပတ်ထိ ဝင်ရောက်လျက်ရှိကြောင်း၊ မေလ၊ ဒုတိယပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများမှာ ပဲတီစိမ်းတစ်တင်းလျှင် (၆၄၃၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၁၈၀၀၀)တင်း/ (၅၈၈)တန် ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူတွင် အရောင်းအဝယ်ဖြစ်ခြင်းမရှိဘဲ မေလ တတိယပတ်မှသာ စတင်၍ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲတီစိမ်းတစ်တင်းလျင် (၆၆၆၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် တစ်တင်းလျင်(၂၃၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ပြီး ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်)

အညာဒေသ ထန်းသီးအရောင်းအဝယ်သွက်

         အညာဒေသ မုံရွာမြို့နယ်တွင် ထန်းသီးများမှာ မြို့နယ်အတွင်းရှိကျေးရွာများမှ ဝင်ရောက်ကြောင်း၊ တစ်နေ့လျှင် ထန်းသီး (၅၀၀) လုံးနီးပါးရောင်းရကြောင်း၊ ထန်းသီးတစ်လုံးလျှင် (၂၀၀) ကျပ် မှ (၂၅၀) ကျပ်အထိ ဈေးနှုန်းများရှိကြောင်း ရာသီပေါ်အသီးဖြစ်သောကြောင့် ထန်းသီးများ အရောင်းအဝယ်သွက်ကြောင်း ထန်းသီးရောင်းချသူများထံမှ သိရှိရပါသည်။ 

ထန်းသီးနုနုလေးစားရတာက ဂျယ်လီလေးစားရသလိုပါကြောင်း။ ဆိုးဆေးတွေ၊ပြုပင်ထားတဲ့ အချိုဓါတ်တွေကင်းစင်တဲ့ သဘာဝရဲ့ ဂျယ်လီလေးဖြစ်ပါကြောင်း။ နွေရာသီမှာ ထန်းသီးနုနုချိုချို လေးကို ပင်ပွားလေးနဲ့ရောလို့ နို့စိမ်းလေး၊ ရေခဲလေးနဲ့ရာစပ်လိုက်ရင် ထန်းသီးဖျော်ရည်ချို အေးမွှေး လေးက ရင်အေးစေသလို စိတ်ကျေနပ်မှုလည်းရစေကြောင်း၊ ထန်းသီး မနုမရင့်လေးတွေကိုလည်း ကျောက်ကျောထိုးစားလို့ရပါကြောင်း၊ ထန်းသီးဆိုတာက အမှန်တော့ အသီးရဲ့အဆံလေးဖြစ်ပါ ကြောင်း၊ အညိုရောင်ထန်းသီးထဲမှာပါတဲ့ အဆံလေးတွေဖြစ်ပါကြောင်း၊ ထန်းသီးတစ်လုံးမှာ ၃ ခုဒါမှမဟုတ် ၄ ခုထိပါတတ်ပါကြောင်း၊ အသီးရဲ့ လုံးပတ်က ၄ လက်မကနေ ၇ လက်မလောက် ရှိတတ်ပါကြောင်း၊ ထန်းသီးဆံလေးရဲ့ အခွံက အဝါရောင်လိုလိုလေးသန်းနေတတ်ပြီး အတွင်းက အဆံက အဖြူရောင်လေးဖြစ်ပါကြောင်း၊ နုရင်တော့ ခပ်ကြည်ကြည်လေးဖြစ်နေပါ ကြောင်း၊  အရမ်း နူးညံ့ကာ အရည်လည်းရွှမ်းပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

              ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ ခုနှစ်၊ မေလ ‌ဒုတိယပတ်တွင် စပါး/ဆန် ဈေးနှုန်းများ တည်ငြိမ်လျက်ရှိနေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန် စီးထွက်မှုမှာ မေလ ပထမပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၃၈၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၄၆၄၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၈၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၈၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀၊ စုစုပေါင်း အိတ်ရေ ၁၁၂၀၀၀၊ တန်အားဖြင့် ၅၆၀၀တန် စီးထွက်ခဲ့ပါသည်။ယခုမေလ ဒုတိယပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀၊မန္တလေးသို့ အိတ်ရေ ၄၄၉၀၀၊ နေပြည်တော်သို့ အိတ်ရေ၉၀၀၀ ၊ရှမ်း(တောင်)သို့ အိတ်ရေ၈၀၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၈၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၆၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၀၂၅၀၀၊ တန်အားဖြင့် ၅၁၂၅တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျင် ယခုအပတ်အတွင်း အိတ်ရေ ၉၅၀၀၊ တန်အားဖြင့် ၄၇၅တန် လျော့၍ စီးထွက်ခဲ့ပါသည်။

ရွှေဘိုမြို့၏ မေလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျင် ကျပ် ၂၈၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၉၀၀၀၀ ၊ ဧရာမင်း စပါး  တင်း၁၀၀လျင် ကျပ် ၁၉၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၈၀၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။ 

DOCA(စစ်ကိုင်း)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၈.၅.၂၀၂၃ )

     ၁၈.၅.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မုံရွာမြို့နယ်တွင် စိန်တစ်လုံးသရက်များစတင်ထွက်ရှိ

   မုံရွာမြို့နယ်၏ သရက်စိုက်ပျိုးဒေသများဖြစ်သော မုံရွေး၊ ကြေးမုံ၊  ကြီးအုပ်၊ ခတ္တကန်၊ ဆည်ကြီးတော၊ သစ်ညိုပင်ရွာများတွင် ဧပြီလနောက်ဆုံးအပတ်မှစ၍ စိန်တလုံးသရက်သီးများ စတင်ထွက်ရှိပြီး မုံရွာမြို့၊ ကန်သာယာဈေး၊ သီရိရတနာဈေးနှင့် မြသလ္လာဈေး အစရှိသောဈေးများသို့ ဝင်ရောက်မှုရှိနေကြောင်း သိရပါသည်။

    စိန်တစ်လုံးသရက်သီးဈေးနှုန်းများအနေဖြင့် အလုံးအကြီး/အသေးပေါ်မူတည်ပြီး တစ်လုံးလျှင် (၈၀၀)ကျပ်မှ (၁၂၀၀)ကျပ်ထိရောင်းချမှုရှိကြောင်း သိရပါသည်။ ၂၀၂၃ခုနှစ်၊ မေလတွင် သရက်သီး တစ်လုံးလျှင် (၇၀၀-၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။ စိန်တစ်လုံးသရက်သီး အမှည့်မှာ အသားနူးညံ့ကာ အနှစ်ထူပြီး အမျှင်ကင်း၍ အနံ့အရသာချိုမွှေးသည့်အတွက် စားသုံးသူ အကြိုက်များကာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း