ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူခရိုင်၊ ဖြူးမြို့တွင် အခြေခံစားသောက်ကုန်အချို့ ဈေးနှုန်းအတက်အကျရှိ

တောင်ငူခရိုင်၊  ဖြူးမြို့တွင် ရွှေဘိုပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၀၀၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပြီး ဧည့်မထမှာ ယခင်အပတ်က တစ်အိတ်လျှင် ၆၀၀၀၀ ကျပ်ရှိရာမှ ယခုမေလ (စတုတ္ထအပတ်)တွင် တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်ဖြင့် ဈေးအနည်းငယ်မြင့်တက်ပါသည်။

မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၆၈၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၃၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်ကျဆင်းပါသည်။

ကြက်သွန်နီမှာ တစ်ပိဿာလျှင် ယခင်အပတ်က အသေး ၂၅၀၀ ကျပ်၊ အလတ် ၂၇၀၀ ကျပ်နှင့် အသေး ၃၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် အသေး ၂၃၀၀ ကျပ်၊ အလတ် ၂၄၀၀ ကျပ်နှင့် အကြီး ၂၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။

ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် ယခင်အပတ်က အသေး ၄၀၀၀ ကျပ်၊ အလတ် ၅၀၀၀ ကျပ်နှင့် အသေး ၆၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် အသေး ၅၅၀၀ ကျပ်၊ အလတ် ၆၀၀၀ ကျပ်နှင့် အကြီး ၆၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ပါသည်။

ငရုတ်သီးခြောက် အရှည်မှာ တစ်ပိဿာလျှင် ယခင်အပတ်က ၁၄၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် ၁၃၅၀၀ ကျပ်၊ အာလူးမှာ တစ်ပိဿာလျှင် ယခင်အပတ်က ၂၀၀၀ ကျပ်ရှိရာမှာ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။

ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၅၂၀၀ ကျပ်၊ ကုလားပဲလုံးမှာ တစ်ပိဿာလျှင် ၄၄၀၀ ကျပ်၊ မြေပဲဆံ(အဖြူ)မှာ တစ်ပိဿာလျှင် ၇၄၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး မြေပဲဆံ(အနီ) မှာ တစ်ပိဿာလျှင် ယခင်အပတ်က ၇၈၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် ၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်မြင့်တက်ကြောင်း သိရပါသည်။

DOCA (ပဲခူး)

တောင်ငူမြို့တွင် အသားငါးအချို့ ဈေးအနည်းငယ်အတက်အကျရှိ

တောင်ငူမြို့ ညောင်ပင်ဈေးတွင် ကြက်သား(အိမ်မွေးကြက်)တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ် ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။ မွေးမြူးရေးကြက် (စီပီကြက်)မှာ ယခင်အပတ်က အသားသီးသန့် တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်ရှိရာရာ ယခုမေလ (စတုတ္ထအပတ်)တွင် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ပြီး အခြမ်းလိုက်ဈေးမှာ ယခင်အပတ်က အတိုင်း တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

ဝက်သား(ရေလွတ်သား)မှာ သုံးထပ်သား တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်၊ ပေါင်သား တစ် ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ အသားသီးသန့် တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်ဖြင့် ယခင်အပတ်က အတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

ငါးကြင်းမှာ ယခင်အပတ်က အကောင်လိုက်ဈေးမှာ တစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ အသားသီးသန့် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ အသားသီးသန့်တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်း မြင့်တက်ပါသည်။

ငါးကြင်းဖြူ အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်၊ အမြီးလွတ်ခေါင်းလွတ်တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ ငါးရံ့တစ်ပိဿာလျှင် အသေး ၁၅၀၀၀ ကျပ်၊ အလတ် ၁၈၀၀၀ ကျပ်နှင့် အကြီး ၂၀၀၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်း တည်ငြိမ်နေပါသည်။

ငါးခူမှာ ယခင်အပတ်က တစ်ပိဿာလျှင် အသေး ၂၀၀၀၀ ကျပ်၊ အလတ် ၂၂၀၀၀ ကျပ် နှင့် အကြီး ၂၄၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၁၈၀၀၀ ကျပ်၊ အလတ် ၂၀၀၀၀ ကျပ်နှင့် အကြီး ၂၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။

ပုဇွန်ဆိတ်မှာ တစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ ပုဇွန်အသေး တစ်ပိဿာလျှင် ၂၄၀၀၀ ကျပ်၊ ပုဇွန်အလတ် ၂၆၀၀၀ ကျပ်နှင့် ပုဇွန်အကြီး တစ်ပိဿာလျှင် ၂၈၀၀၀ ကျပ်ဖြင့် ယခင်အပတ်က အတိုင်း ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရပါသည်။

DOCA (ပဲခူး)

တောင်ငူမြို့နယ်အတွင်း နွေစပါးများစတင်ရိတ်သိမ်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း နွေစပါး ၁၇၈၉၁ ဧက ရှိရာ အထွက်ကောင်းစပါးမျိုးများဖြစ်သော ထိုင်းနှံကောက်၊ နယူးဧရာ-၁၂၊ ဆင်းသုခ၊ ရက် ၉၀ မျိုးများကို စိုက်ပျိုးကြပါသည်။

 ဇန်နဝါရီလတွင် စိုက်ပျိုးထားသည့် နွေစပါးများသည် ယခုအခါ စတင်ရိတ်သိမ်းနေပြီ ဖြစ်ပါသည်။ တောင်ငူမြို့နယ်၊ ကြံတောကျေးရွာမှ တောင်သူဦးနိုင်ဦးသည်  ထိုင်းနှံကောက်စပါးများကို စိုက်ပျိုးထားရာ ၁၀.၅.၂၀၂၃ ရက်နေ့တွင် စတင်ရိတ်သိမ်းခဲ့ပြီး အထွက်နှုန်းမှာ တင်း ၁၀၀ ခန့်ရှိကြောင်း သိရပါသည်။

တောင်ငူမြို့နယ်တွင် ယခုနှစ် နွေစပါးအထွက်နှုန်းမှာ တစ်ဧက တင်း ၈၀ မှ ၉၅ တင်း အထိရှိနိုင်သည်ဟု သက်ဆိုင်ရာဌာနက ခန့်မှန်းထားပါသည်။ နွေစပါးပေါ်ခါစ ယခုအချိန် စပါးဈေးမှာ လယ်ကွင်းဈေး တင်း၁၀၀ လျှင် ၁၅၅၀၀၀၀ ကျပ်၊ မြို့ပေါ်ဆန်စက်အရောက်ဈေးမှာ တင်း ၁၀၀ လျှင် ၁၆၀၀၀၀၀ ကျပ်ရှိကြောင်း သိရပါသည်။

 DOCA (ပဲခူး)

တောင်ငူမြို့တွင် စက်သုံးဆီဈေးနှုန်းပြန်တက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ယခင်အပတ်က 92 RON တစ်လီတာလျှင် ၁၉၂၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၀၁၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၈၇၀ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၁၉၅၀ ကျပ် ရှိခဲ့ပါသည်။

ယခုမေလ (စတုတ္ထအပတ်) တွင် 92 RON တစ်လီတာလျှင် ၁၉၅၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၀၄၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၉၀၀ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၁၉၈၀ ကျပ် ရှိခဲ့ပါသည်။

သို့ဖြစ်ပါ၍ 92 RON မှာ ယခင်အပတ်ထက် တစ်လီတာလျှင် ၃၀ ကျပ်၊ 95 RON မှာ ယခင်အပတ်ကထက် တစ်လီတာလျှင် ၃၀ ကျပ်၊ ဒီဇယ်မှာ ယခင်အပတ်ကထက် တစ်လီတာ လျှင် ၃၀ ကျပ်နှင့် ပရီမီယံဒီဇယ်မှာ တစ်လီတာလျှင် ၃၀ ကျပ် ဈေးမြှင့်တက်လာကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ဟင်းသီးဟင်းရွက်အချို့ ဈေးနှုန်းမြင့်တက်

တောင်ငူမြို့ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ယခင်အပတ်က ငရုတ်သီးစိမ်း (မိုးထောင်သီး) တစ်ပိဿာလျှင်၄၀၀၀ ကျပ်မှ ၄၅၀၀ ကျပ်အထိရှိရာမှ ယခုမေလ (စတုတ္ထအပတ်)တွင် တစ်ပိသာလျှင် ၉၀၀၀ ကျပ်၊ ကုလားအော်သီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၇၈၀၀ ကျပ်မှ ၈၀၀၀ ကျပ်အထိ ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်ပါသည်။

ခရမ်းသီး(အဖြူ)မှာ  ယခင်အပတ်က တစ်ပိဿာလျှင် ၅၅၀ ကျပ်မှ ၆၀၀ ကျပ်အထိရှိပြီး ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀ ကျပ်၊ ခရမ်းသီး(အညို)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်ပါသည်။ဒေသသခွားသီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၀၀၀ ကျပ်အထိရှိရာမှ ယခု အပတ်တွင် တစ်ပိဿာလျှင် ၈၀၀ ကျပ်၊ ရှမ်းပြည်သခွားသီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၂၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀ ကျပ်၊ ဂေါ်ဘီမှာ ယခင်အပတ်က တစ် ပိဿာလျှင် ၁၈၀၀ ကျပ်အထိ ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀ ကျပ်သို့ ဈေးနှုန်းအနည်းငယ် ကျဆင်းခဲ့ပါသည်။

ခရမ်းချဉ်သီးမှာ တစ်ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၁၅၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါ သည်။ ပြောင်းဖူးအကြီးမှာ ယခင်အပတ်က တစ်ဖူးလျှင် ၁၈၀ ကျပ်မှ ၂၀၀ ကျပ်အထိ ရှိရာမှ ယခု အပတ်တွင် တစ်ဖူးလျှင် ၂၀၀ ကျပ်မှ ၂၅၀ ကျပ်အထိ ဈေးတက်ပြီး ပြောင်းဖူး အသေးမှာ တစ်ဖူးလျှင် ၁၃၀ ကျပ်မှ ၁၅၀ ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

နံနံပင်မှာ ယခင်အပတ်က တစ်ဆယ်ကျပ်သားလျှင် ၄၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ဆယ်ကျပ်သားလျှင် ၅၀၀ ဖြင့် ဈေးတက်ပါသည်။ ကန်စွန်းရွက်မှာ တစ်စည်း ၁၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၈၀၀ ကျပ်၊ ချဉ်ပေါင်ရွက်မှ တစ်စည်း ၁၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၇၀၀ ကျပ်ရှိကြောင်း သိရပါသည်။

DOCA (ပဲခူး)

တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်အချို့ ဈေးနှုန်းအနည်းငယ်တက်

တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ  တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပြီး၊ စားအုန်းဆီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၆၂၅၀ ကျပ်မှ ၂၀၂၃ခုနှစ်၊ မေလ(စတုတ္ထအပတ်) တွင် တစ်ပိဿာလျှင် ၆၃၅၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ် မြင့်တက်ပါသည်။

ကြက်သွန်နီအသေးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၂၄၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀ ကျပ်၊ အလတ် တစ်ပိဿာလျှင် ၂၆၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၈၀၀ ကျပ်၊ အကြီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၂၈၀၀ ကျပ်မှ ယခု အပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀ ကျပ်၊ တရုတ်ကြက်သွန်နီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၃၂၀၀ ကျပ်ဖြင့်  ဈေးနှုန်းမြင့်တက်ခဲ့ပါသည်။ကြက်သွန်ဖြူ အသေးမှာ တစ်ပိဿာလျှင် ယခင်အပတ်က ၄၅၀၀ ကျပ်မှ ယခုအပတ် တွင် ၅၀၀၀ ကျပ်၊ အလတ်မှာ တစ်ပိဿာလျှင် ယခင်အပတ်က ၅၀၀၀ ကျပ်မှ ယခုအပတ်တွင် ၅၄၀၀ ကျပ်၊ အကြီးမှာ တစ်ပိဿာလျှင် ယခင်အပတ်က ၅၅၀၀ ကျပ်မှ ယခုအပတ်တွင် ၅၈၀၀ ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ပြီး တရုတ်ကြက်သွန်ဖြူမှာ ယခင်အပတ်က တစ်ပိဿာ လျှင် ၆၂၀၀ ကျပ်မှ ယခုအပတ်တွင် ၆၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပါသည်။

အာလူးမှာ ယခင်အပတ်က တစ်ပိဿာလျှင် အသေး ၂၄၀၀ ကျပ်၊ အလတ် ၂၆၀၀ ကျပ်၊ အကြီး ၂၈၀၀ ကျပ်၊ တရုတ်အာလူး ၃၂၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၁၈၀၀ ကျပ်၊ အလတ် ၂၀၀၀ ကျပ်၊ အကြီး ၂၆၀၀ ကျပ်၊ တရုတ်အာလူး ၃၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ် ကျဆင်းပါသည်။ငရုတ်သီးခြောက် အပုမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ငရုပ်သီးခြောက် အရှည်မှာ တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ ငရုပ်သီးခြောက်အပွမှာ ၂၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

မြေပဲဆံအဖြူမှာ တစ်ပိဿာလျှင် ၇၄၀၀ ကျပ်၊ မြေပဲဆံအနီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်းနှင့် အခြေခံစားသောက်ကုန်များမှာ ပုံမှန်အတိုင်း အရောင်းအဝယ် ဖြစ်နေကြောင်း တောင်ငူသိရပါသည်။

DOCA (ပဲခူး)

တောင်ငူမြို့တွင် လဝက်အတွင်း ဆန်စပါးနှင့် ပဲမျိုးစုံဈေးတက်

တောင်ငူမြို့တွင် ဆန်တစ်အိတ်လျှင် ၂၀၂၃ခုနှစ်၊ ဧပြီလကုန်ပိုင်းက ရွှေဘိုပေါ်ဆန်း ၁၀၀၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း ၉၀၀၀၀ ကျပ်၊ ဒေသပေါ်ဆန်း ၈၈၀၀၀ ကျပ်၊ ဧည့်မထ(မိုး) ၆၅၀၀၀ ကျပ်၊ ဧည့်မထ(နွေ) ၅၅၀၀၀ ကျပ်ရှိရာမှ ယခုမေလကုန်ပိုင်းတွင် ရွှေဘိုပေါ်ဆန်း ၁၀၅၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း ၉၇၀၀၀ ကျပ်၊ ဒေသပေါ်ဆန်း ၉၃၀၀၀ ကျပ်၊ ဧည့်မထ(မိုး) ၆၈၀၀၀ ကျပ်၊ ဧည့်မထ(နွေ) ၅၇၀၀၀ ကျပ်ဖြင့် အသီးသီးဈေးမြှင့်တက်ပါသည်။

မိုးစပါးမှာ ဧပြီလကုန်ပိုင်းက တင်း ၁၀၀ လျှင် ၁၇၅၀၀၀၀ ကျပ်ရှိရာမှ ယခုလကုန်ပိုင်းတွင် ၁၈၅၀၀၀၀ ကျပ်ဖြင့် ဈေးတက်ပြီး နွေစပါးမှာ ၁၆၀၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။ ဆန်ကွဲ(ကြီး) တစ်အိတ်လျှင် ဧပြီလကုန်ပိုင်းက ၄၃၀၀၀ ကျပ်မှ ယခုလကုန်ပိုင်းတွင် ၄၆၀၀၀ ကျပ်၊ ဆန်ကွဲ(သေး) တစ်အိတ်လျှင် ဧပြီလကုန်ပိုင်းက ၄၁၀၀၀ ကျပ်မှ ယခုလကုန်ပိုင်းတွင် ၄၃၀၀၀ ကျပ်၊ ဖွဲနု တစ်အိတ်လျှင် ဧပြီလကုန်ပိုင်းက ၂၁၀၀၀ ကျပ်မှ ယခုလကုန်ပိုင်းတွင် ၂၄၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ် မြင့်တက်ပါသည်။

မတ်ပဲ (ပိဿာ ၃၀ အိတ်) တစ်အိတ်လျှင် ဧပြီလကုန်ပိုင်းက ၁၀၄၀၀၀ ကျပ်ရှိရာမှ ယခုလကုန်ပိုင်းတွင် ၁၀၉၀၀၀ ကျပ်၊ ပဲလွန်းဖြူ တစ်အိတ်လျှင် ဧပြီလကုန်ပိုင်းက ၆၀၀၀၀ ကျပ်ရှိရာမှ ယခုလကုန်ပိုင်းတွင် ၆၇၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ပြီး ပဲတီစိမ်း တစ်အိတ်လျှင် ဧပြီ လကုန်ပိုင်းက ၉၀၀၀၀ ကျပ်ရှိရာမှ ယခုလကုန်ပိုင်းတွင် ၈၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းကြောင်း သိရပါသည်။

DOCA (ပဲခူး)

အကျိုးအမြတ်ဖြစ်ထွန်းလျက်ရှိသော ပြောင်းစိုက်တောင်သူများ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်အတွင်း ရာသီအလိုက်သီးနှံများ စိုက်ပျိုးကြသော်လည်း ပြောင်းသီးနှံကို ပိုမိုစိုက်ပျိုးကြပါသည်။ ပြောင်းသီးနှံကို ရေရရှိမှုနှင့် ဈေးကွက်လိုအပ်ချက်အရ တစ်နှစ်ပတ်လုံးလိုလို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည်။

ယခုထွက်ရှိသော ပြောင်းဖူးများကို မတ်လပထမပတ်တွင် စတင်စိုက်ပျိုး၍ မေလပထမပတ်တွင် ခူးဆွတ်ရောင်းချလျက်ရှိပါသည်။ ပြောင်းဖူးစိုက်ပျိုးမှု တစ်ဧကကုန်ကျစရိတ်အနေဖြင့် ၇၅၀၀၀၀ ကျပ်မှ ၈၀၀၀၀၀ ကျပ်အတွင်း ကုန်ကျကြောင်း သိရှိရ၍ ဈေးနှုန်း အခြေအနေမှာ ပြောင်းဖူးအစိမ်းတစ်ဖူးလျှင် ၁၈၀ ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ပြီး တစ်ဧကအကျိုးအမြတ်မှာ ၁၀၀၀၀၀၀ ကျပ်ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။ ပြောင်းဖူးဈေးကွက်အခြေအနေမှာ ဒေသတွင်း ရောင်းချရုံသာမက အခြားမြို့နယ်များမှ လာရောက် ဝယ်ယူမှုများလည်းရှိပါသည်။ ဒေသတွင်းအနေဖြင့် နတ်တလင်းမြို့နှင့် ပေါင်းတည်မြို့နယ်ကြား ရန်ကုန်-ပြည်လမ်း လမ်းဘေးဝဲယာတစ်လျှောက်တွင် ပြောင်းဖူးအစိမ်းကို (၁၀)ဖူးစည်း အစည်းလိုက်သော်လည်းကောင်း၊ အသင့်စားရန် မီးဖုတ်၍သော်လည်းကောင်း၊ ခြွေပြီးသားပြောင်းစေ့ကို ကြော်၍သော်လည်းကောင်း၊ လှော်၍သော်လည်းကောင်း ရောင်းချကြပါသည် ။

ထိုသို့ရောင်းချရာတွင် ပြောင်းစိုက်တောင်သူကိုယ်တိုင် ရောင်းချခြင်းမျိုးအပြင် ကျေးရွာရှိ ပြောင်းစိုက်တောင်သူများထံမှတစ်ဆင့် ဝယ်ယူရောင်းချခြင်းများလည်းရှိပါသည်။ တစ်ဆင့်ဝယ်ယူ၍ ပြန်လည်ရောင်းချရာတွင် ပြောင်းဖူးအစိမ်း (၁၀)ဖူးစည်း တစ်စည်းကို ၂၂၀၀ ကျပ်မှ ၂၅၀၀ ကျပ်နှုန်း၊ အသင့်စား မီးဖုတ်ပြီးသား တစ်ဖူးလျှင် ၂၅၀  ကျပ်နှုန်း၊ ပြောင်းဖူးအစေ့ကျော် တစ်ပြည်လျှင် ၅၅၀ ကျပ်နှုန်း၊ ပြောင်းဖူးစေ့လှော် တစ်ပြည်လျှင် ၅၀၀ ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် ပြောင်းစိုက်တောင်သူများအနေဖြင့် ဈေးနှုန်းဈေးကွက် အကျိုးအမြတ်ရရှိသည် ဖြစ်သဖြင့် ပြောင်းသီးနှံကို ပိုမိုစိုက်ပျိုးလာကြောင်း သိရှိရသည်။

DOCA(ပဲခူး)

မင်းလှမြို့နယ် ဆန်စပါးဈေးကွက်

      ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ မင်းလှမြို့နယ်ရှိ စပါး/ဆန်ဈေးကွက်အခြေအနေမှာ ၂၀၂၃ခုနှစ်၊ ဧပြီလ နောက်ဆုံးပတ်တွင် ဈေးအနည်းငယ်ငြိမ်နေပြီး မေလဆန်းမှစ၍ စပါး/ဆန်/ပဲဈေးနှုန်းများ မြင့်တက်လျက်ရှိပါသည်။

     ဧပြီလနောက်ဆုံးပတ် စပါး/ဆန်ဈေးနှုန်းအနေဖြင့် ဆင်းသုခ /မနောသုခ စပါး ၄၆ ပေါင်တင်း ၁၀၀ လျှင် ၁၅၂၇၂၀၀ ကျပ်ထိလည်းကောင်း ၊ ဆင်းသုခ ၊ မနောသုခ ဆန်တစ်အိတ်လျှင် ကျပ် ၅၆၅၀၀မှ ၆၅၀၀၀ထိလည်းကောင်း ၊ ဈေးနှုန်းအသီးသီး မြင့်တက်ခဲ့ကြောင်း ကုန်ဝယ်ဒိုင်များမှ သိရှိရသည်။

     မတ်ပဲဈေးကွက်အနေဖြင့် ဧပြီလနောက်ဆုံးပတ်တွင် ၂၀ ပိဿာ တစ်တင်းလျှင် ၇၀၀၀၀ ကျပ်ခန့်ဖြစ်ပြီး မေလဆန်းပိုင်းမှစ၍ ၇၁၀၀၀ ထိဈေးနှုန်း မြင့်တက်ခဲ့ရာ လက်ရှိအချိန်တွင် မေလဆန်းဈေးနှုန်းအတိုင်း ဆက်လက်တည်ရှိနေ‌ကြောင်း သိရှိရသည်။

DOCA(ပဲခူး)

မင်းလှမြို့နယ် ကြက်သွန်နီဈေးကွက်

   ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ မင်းလှမြို့နယ်ရှိ ကြက်သွန်နီဈေးကွက်အခြေအနေမှာ ၂၀၂၃ခုနှစ်၊ ဧပြီလ ဒုတိယပတ်တွင် ကြက်သွန်နီဈေးနှုန်းမှာ ကြက်သွန်နီအသေးတစ်ပိဿာလျှင် ၁၂၀၀ကျပ် ၊ ကြက်သွန်နီ အလတ်တစ်ပိဿာလျှင် ၁၄၀၀ကျပ် ၊ ကြက်သွန်နီ အကြီးတစ်ပိဿာလျှင် ၁၆၀၀ ကျပ်ဖြင့် အသီးသီး ဈေးနှုန်းများ ရှိခဲ့သော်လည်း သင်္ကြန်ကာလအပြီး မေလ ဒုတိယအပတ်ထိ ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လျက်ရှိပါသည် ။ မေလတတိယပတ်နှင့် ယခုလက်ရှိဈေးနှုန်းမှာ ကြက်သွန်နီ အသေး တစ်ပိဿာလျှင် ၂၂၀၀ကျပ် ၊ အလတ်တစ်ပိဿာလျှင် ၂၅၀၀ကျပ် ၊ အကြီးတစ်ပိဿာလျှင် ၃၅၀၀ ကျပ်ထိရှိနေကြောင်း သိရှိရသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း