ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာ(ငါးဒိုင်)၏ ငါးအရောင်းအဝယ်ဖြစ်မှု အခြေအနေ

           မုံရွာမြို့တွင် ငါးဒိုင်မှ ငါးများကို ရန်ကုန်နှင့်မန္တလေးမြို့တို့မှ ဝယ်ယူ၍လက်လီလက်ကား ရောင်းချလျက်ရှိကြောင်း၊ ငါးများကို သင်္ကြန်အခါရောက်ရှိလာမည်ဖြစ်၍ မုံရွာမြို့ပေါ်အပြင် အထက် ချင်းတွင်း ဟုမ္မလင်း၊ ကလေးဝ၊ နန့်တောရေကြောင်းတစ်လျှောက် ရောင်းချရကြောင်း၊ တစ်နေ့လျှင် ငါး၊ ပုဇွန် ပိသာချိန်ပေါင်း ၁၀၀၀ ကျော်ရောင်းချရကြောင်း၊ ပုဇွန်သေးစျေးနှုန်းမှာ ယခင် တစ်ပတ် (၂၃၀၀၀)ကျပ် ယခုတစ်ပတ်( ၂၅၀၀၀)ကျပ် စျေးမြင့်တက်ခဲ့မှုရှိခဲ့ကြောင်း စျေးအတက်အကျမှာ အရောင်းအဝယ်‌ပေါ်မူတည်၍ အပြောင်းအလဲ အနည်းငယ်ရှိကြောင်း သိရှိရပါသည်။      

        ယခုတစ်ပတ်အရောင်းအဝယ်ဖြစ်လျက်ရှိသော မုံရွာငါးစျေးနှုန်းများမှာ ငါးကြင်းဖြူ(ဗိုက်လုံး) တစ်ပိသာလျှင်(၂၃၀၀၀)ကျပ် ငါးကြင်းဖြူ(ဗိုက်ခွဲ)တစ်ပိသာလျှင် (၂၅၀၀၀)ကျပ်၊ ပုဇွန်ကြီးတစ်ပိသာ လျှင် (၄၅၀၀၀)ကျပ်၊ ပုဇွန်သေးတစ်ပိသာလျှင် (၂၅၀၀၀) ကျပ်၊ ငါးဖယ်ခြစ် တစ်ပိသာလျှင် (၃၂၀၀၀)ကျပ်၊ ငါးမြင်းတစ်ပိသာ(၈၀၀၀)ကျပ် ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ‌ရွှေဘိုပေါ်ဆန်း (သစ်) (တစ်အိတ်)လျှင် ၈၀၀၀၀ကျပ်၊  ဧရာမင်း(ဆန်) (သစ်)(တစ်အိတ်)လျှင် ၇၀၀၀၀ ကျပ်၊ ဧည့်မထ ဆန်(သစ်)(တစ်အိတ်)လျှင် ၅၀၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၂၄၅၀-၁၂၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၁၁၀၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင် ၁၂၀၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၆၇၅၀-၆၈၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၆၀၀-၇၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၈၀၀၀ မှ ၁၉၀၀၀ ကျပ်၊ ကြက်သွန်နီ(အသစ်) (တစ်ပိဿာ) ၁၀၀၀ မှ ၁၂၀၀ ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) (တစ်ပိဿာ) ၄၈၀၀ မှ ၅၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) ၅၃၀၀ မှ ၅၅၀၀ ကျပ်၊ အာလူး(တစ်ပိဿာ) ၂၂၀၀ မှ၂၄၀၀ ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၃၅၀၀-၃၆၀၀ ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၅၀၀၀-၅၂၀၀ ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၁၀၀၀ကျပ်၊ ဂေါ်ဖီထုပ် (တစ်ထုပ်) ၇၀၀ကျပ်၊ ပဲသီး (ပဲထောင့်ရှည်)(တစ်စည်း) ၅၀၀ ကျပ်၊ ကြက်သား(တစ်ပိဿာ)လျှင် ၁၀၀၀၀ -၁၂၀၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၅၀၀၀-၁၆၀၀၀ ကျပ်၊ အမဲသား(တစ်ပိဿာ)လျှင် ၁၆၀၀၀-၁၇၀၀၀ကျပ်၊ ဆိတ်သား (တစ်ပိဿာ)လျှင် ၂၄၀၀၀-၂၆၀၀၀ ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၇၅၀၀-၈၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၅၀ ကျပ်၊ ဘဲဥ (၁)လုံး လျှင် ၃၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ မှ ၂၀၀၀ ကျပ်အတွင်း၊ ဖရဲသီး(၂၁၁) (၁)လုံးလျှင် ၄၀၀၀ ကျပ်၊ သခွားမွှေး(၁)လုံးလျှင် ၂၅၀၀မှ ၃၀၀၀ ကျပ်အတွင်း အသီသီးဈေးရှိကြောင်း သိရသည်။

     ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ဧရာမင်းဆန်ဈေးအနည်းငယ်တက်နေပြီး အာလူးသစ်များ ထွက်ပေါ်နေပြီဖြစ်သည့်အတွက် ဈေးအနည်းငယ်တက်နေပါကြောင်း၊ ကြက်သွန်နီ(သစ်) ဈေးနှုန်းများ အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲမှု ရှိပါသည်။ စားအုန်းဆီဈေးနှုန်းများ ရည်ညွှန်းဈေးအပေါ် မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကား ရောင်းဝယ်ဖောက်ကားရောင်းချနေသော ကုန်သည်များထံမှ သိရှိရသည်။      

DOCA ( စစ်ကိုင်း)

စားသုံးဆီဈေးများ အနည်းငယ်မြင့်တက်

        စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ရွှေဘိုမြို့တွင် စားသုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက် ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။

          ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး မတ်လ နောက်ဆုံးပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၆၇၅၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၃၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခု ဧပြီလ ပထမပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၆၉၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၃၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၃၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်နေသဖြင့် ယခင်ပတ်နှင့် ယခုပတ်စားသုံးဆီ တစ်ပိဿာဈေးနှုန်း နှိုင်းယှဉ်ကြည့်ပါက စားအုန်းဆီ တစ်ပိဿာလျှင် (၁၅၀)ကျပ်ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပြီး ပဲဆီသန့်နှင့် နှမ်းဆီသန့် ဈေးနှုန်းမှာ ယခင်ပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း  စားသုံးဆီလက်ကားဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

စက်သုံးဆီဈေးနှုန်းများ ဆက်လက်မြင့်တက်

     မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

    ‌ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ် မတ်လ နောက်ဆုံးပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၂၂၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၃၀၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၁၉၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၂၆၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

      ယခု ဧပြီလ ပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၃၂၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၃၈၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၂၂၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၃၁၀)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၁၀၀)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၈၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၃၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၅၀)ကျပ်ဖြင့် ဈေးနှုန်းအသီးသီး ဆက်လက်မြင့်တက်လျက် ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့၊ မြို့မစည်ပင်သာယာဈေး၏ ဧပြီလ၊ ပထမပတ်တွင်ဖြစ်ပေါ်နေသော စားဖိုဆောင်သီးနှံဈေးနှုန်းအခြေအနေ

     စားဖိုဆောင်သီးနှံများဖြစ်သည့် ဟင်းသီးဟင်းရွက်များကို ရွှေဘိုမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ရောင်းချလျက်ရှိရာ ဧပြီလ၊ ပထမပတ်တွင် ဖြစ်ပေါ်နေသော လက်လီဈေးနှုန်းများမှာ ခဝဲသီး (၁)ပိဿာလျှင် (၁၅၀ဝိ/-)ကျပ်၊ ခရမ်းသီးအညိုသီး (၁)ပိဿာလျှင် (၁၆၀ဝိ/-)ကျပ်၊ အာလူး(၁)ပိဿာလျှင် အလုံးအသေးအကြီးပေါ်မူတည်၍ (၂၀၀ဝိ/-)ကျပ်မှ (၂၄၀ဝိ/-)ကျပ် ၊ ကန်ဇွန်းဉ(၁)ပိဿာလျှင် (၁၄၀ဝိ/-)ကျပ်၊  ရုံးပတီသီး (၁)ပိဿာလျှင် (၂၀၀ဝိ/-)ကျပ်၊ ဖရုံသီး တစ်လုံးလျှင် (၁၅၀ဝိ/-)ကျပ်၊ ဘူးသီးတစ်လုံးလျှင် အလုံးအကြီးအသေးပေါ်မူတည်၍ (၁၀၀ဝိ/-) ကျပ်မှ (၁၅၀ဝိ/)ကျပ်၊ ဂေါ်ဖီထုပ် (၁)ထုပ်လျှင် (၁၃၀ဝိ/-) ကျပ်၊ ပန်းမုံလာ (၁)ပွင့်လျှင် (၁၅၀ဝိ/-) ကျပ်၊ ချဉ်ပေါင်(၁)ပိဿာလျှင် (၁၃၀ဝိ/-)ကျပ်၊ ကန်ဇွန်းရွက် (၁)ပိဿာလျှင် (၁၃၀ဝိ/) ကျပ်၊ ဒန့်သလွန်သီး(၅)တောင့်ပါ တစ်စည်းလျှင် (၂၀ဝိ/-)ကျပ်၊ တောကြက်ဟင်းခါးသီး နို့ဆီဗူး(၁)ဗူးလျှင် (၅၀ဝိ/-)ကျပ်၊ ကင်းမုံသီး (၁)ပိဿာလျှင် (၂၀၀ဝိ/-)၊ ပိန္နဲသီး (တစ်ဆယ်သား) ထုပ်(၁)ထုပ်လျှင် (၃၀၀)ကျပ်၊ ဗိုလ်စားပဲသီး (၁)ပိဿာလျှင် (၃၂၀ဝိ/-)၊ ခါကြက်ဉ(၁)ပိဿာလျှင် (၂၀၀ဝိ/-)၊ ငရုတ်သီး အချိုတောင့် (၁)ပိဿာလျှင် (၁၆၀၀ဝိ/-)ကျပ်၊ မိုးမျှော်အစပ်တောင့် (၁)ပိဿာလျှင် (၁၄၀၀ဝိ/-) ကျပ်၊  ကြိတ်ခေါက်ဆွဲ (၁)ပိဿာလျှင် (၃၅၀ဝိ/-) ကျပ်နှင့် မုန့်တီဖတ် (၁)ပိဿာလျှင် (၁၀၀ဝိ/-) ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

     တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

       တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၆.၄.၂၀၂၃ )

     ၆.၄.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်း ပြောင်းလဲမှု အခြေအနေ

       မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရ သိရသည်။

မတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဧပြီလ၊ ပထမပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဧပြီလ၊ ပထမပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၆၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် နှစ်သောင်း ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ မှ ၃၅ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဧပြီလ၊ ပထမပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၄၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဧပြီလ၊ ပထမပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၄၇၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် သုံးသောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၃၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဧပြီလ၊ ပထမပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၃၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဧပြီလ၊ ပထမပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၄၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် လေးသောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ မှ ၃၅ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဧပြီလ၊ ပထမပတ်တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၄၂၈၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဧပြီလ၊ ပထမပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၇၅၀၀၊ 929  တစ်တင်းလျှင် ကျပ် ၄၁၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဧပြီလ၊ ပထမပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၆၈၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၄၁၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဧပြီလ၊ ပထမပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခွဲခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀ မှ ၆၀ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဧပြီလ၊ ပထမပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၁၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဧပြီလ၊ ပထမပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၉၃၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် နှစ်သောင်းခန့် ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၂၅ မှ ၃၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

ထောပတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဧပြီလ၊ ပထမပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၄၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဧပြီလ၊ ပထမပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၆၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် သုံးသောင်းကျော် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၂၅ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဧပြီလ၊ ပထမပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၆၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဧပြီလ၊ ပထမပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၂၀၂၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် လေးထောင်ခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၃၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဧပြီလ၊ ပထမပတ်တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၃၄၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဧပြီလ၊ ပထမပတ်တွင် တစ်ပိဿာလျှင် ကျပ် ၇၅၀၀၊ မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၃၇၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဧပြီလ၊ ပထမပတ်တွင် တစ်ပိဿာလျှင် ကျပ် ၆၅၀၀၊ တစ်ပိဿာလျှင် ကျပ် နှစ်ထောင်ကျော် မှ လေးထောင်ကျော်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၃၀ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။

နှမ်းမျိုးစုံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဧပြီလ၊ ပထမပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၇၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဧပြီလ၊ ပထမပတ်တွင် တစ်တင်းလျှင် ကျပ် ၉၃၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၆၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဧပြီလ၊ ပထမပတ်တွင် တစ်တင်းလျှင် ကျပ် ၁၀၃၀၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၅၂၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဧပြီလ၊ ပထမပတ်တွင် တစ်တင်းလျှင် ကျပ် ၈၆၆၀၀ ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခန့်မှ လေးသောင်းခွဲခန့်အထိ ပိုမိုခဲ့သည်။ တစ်ရက် လျှင် အိတ်ရေ ၃၀မှ ၄၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်များစာရင်းအရ သိရသည်။

DOCA(စစ်ကိုင်း)

 

ယခင်အပတ်ထက် ဈေးနှုန်းမြှင့်တက်လာသော ဆောင်းမြေပဲလုံးဆံ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ မတ်လ၊ လကုန်ပတ်အတွင်း အရောင်း အဝယ်ဖြစ်သည့် သီးနှံဈေးနှုန်းများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

   ရွှေဘိုခရိုင်အတွင်းစိုက်ပျိုးထားသော ဆောင်းမြေပဲများရိတ်သိမ်းပြီး၍ ရွှေဘိုဈေးကွက်သို့ မြေပဲလုံးဆံများ ဖေဖော်ဝါရီလ စတုတ္ထပတ်မှစတင်ဝင်ရောက်လာပြီး မတ်လ လကုန်ပတ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မတ်လ၊ လကုန်ပတ်အတွင်း မြေပဲလုံးဆံတစ်တင်းလျှင် (၁၀၀၈၀ဝိ/-) ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၃၀၀)တင်း/ (၇)တန်ဖြစ်ကြောင်း၊ ယခင်နှစ် ကာလတူ၌ မြေပဲလုံးဆံတစ်တင်းလျှင် (၆၀၈၀ဝိ/-) ပေါက်ဈေးရှိခဲ့ပြီး ယခင်အပတ်၌ မြေပဲလုံးဆံ တစ်တင်းလျှင် (၉၉၂၀ဝိ/-) ပေါက်ဈေးရှိခဲ့သဖြင့် ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်း နှိုင်းယှဉ်ပါက ယခုနှစ်တွင် ယခင်နှစ်ထက် တစ်တင်းလျှင် (၄၀၀၀ဝိ/-) ဈေးပိုခဲ့ကြောင်းနှင့်  ယခုအပတ်တွင် ယခင်အပတ်ထက် တစ်တင်းလျှင်(၁၆၀ဝိ/-) ဈေးနှုန်းမြှင့်တက်လာပြီး ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း