ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စိုက်ပျိုးသူများ တွက်ခြေကိုက်သည့် ဖြူးမြို့နယ်မှ စံပယ်စိုက်ပျိုးရေး

                 တောင်ငူခရိုင်၊ ဖြူးမြို့တွင် တပိုင်တနိုင် စံပယ်ပန်းစိုက်ပျိုးသူများ များပြားလာလျှက်ရှိပါသည်။ စံပယ်ပန်းတွင် ရန်ကုန်စံပယ်၊ ပဲခူးစံပယ်၊ ကြက်ရုံးစံပယ်နှင့် စံပယ်ကြီးဟူ၍ အမျိုးအစား ကွဲပြားလျှက်ရှိပါသည်။ ယင်းတို့ထဲမှ ရန်ကုန်စံပယ်သည် ပြုစုမှုကောင်းလျှင် ကောင်းသလို ရာသီမရွေးပွင့်သော စံပယ်အမျိုးအစားဖြစ်ပါသည်။ ကျန်စံပယ်များဖြစ်သော ပဲခူးစံပယ်၊ ကြက်ရုံးစံပယ်နှင့် စံပယ်ကြီးအမျိုးအစားများမှာ ရာသီချိန်ဖြစ်သော ဧပြီလမှ ဇွန်လအတွင်းသာ မြိုင်မြိုင်ပွင့်ပြီး ကျန်ရာသီများတွင် စီးပွားမဖြစ်ထွန်းပါ။

              ပန်းစိုက်ပျိုးသူများအနေဖြင့် ရန်ကုန်စံပယ်အား စီးပွားဖြစ်ရွေးချယ်စိုက်ပျိုးကြပါသည်။ ရန်ကုန်စံပယ်သည် မိုးအကုန် အောက်တိုဘာလမှ နောက်မိုးမကူးခင် ဧပြီလအထိ များပြားစွာပွင့်သဖြင့် မိသားစုအပိုဝင်ငွေ တိုးလျှက်ရှိပါသည်။ ကျန်ကာလများတွင်လည်း ပုံမှန်ပွင့်လျှက်ရှိပါသည်။ ရန်ကုန်စံပယ် ရုံ ၇၀ ရှိ ခြံတစ်ခြံမှ ရန်ကုန်စံပယ် ဖြိုင်ဖြိုင်ပေါ်သော ရာသီတွင် တစ်နေ့လျှင် စံပယ်ပန်းအဖူး ၅၀၀၀ မှ ၁၀၀၀၀ အထိထွက်ရှိပြီး၊ ကျန်ကာလများတွင် အဖူး ၁၀၀၀ မှ ၂၀၀၀ အထိထွက်ရှိကြောင်း သိရပါသည်။

              စံပယ်ဈေးကွက်အနေဖြင့် စံပယ်ပန်းလှိုင်လှိုင်ပေါ်သော ရာသီတွင် စံပယ်တစ်ဖူးလျှင် ၁ ကျပ် ၅၀ ပြားနှုန်းရရှိပြီး စံပယ်ပန်းရှားပါးသောရာသီတွင် စံပယ်တစ်ဖူးလျှင် ၂ ကျပ်မှ ၂ ကျပ် ၅၀ ပြား အထိရရှိပါသည်။ စံပယ်စိုက်ပျိုးသူများအနေဖြင့် ကိုယ်တိုင်သီကုံးပြီး ဖောက်သည်ပေးလျှင် အတန်တစ်တန်လျှင် စံပယ်ဖူး ၅ ဖူးပါပြီး ၁၀ တန်တစ်စီးအား ကျပ် ၂၀၀ နှုန်းဖြင့် ရောင်းချပါသည်။ စံပယ်စိုက်ပျိုးသူများအနေဖြင့် တစ်နေ့လျှင် ဝင်ငွေ ၅၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိ ဝင်ငွေရရှိလျှက်ရှိကြောင်း စံပယ်ခြံပိုင်ရှင် ကိုနိုင်လင်းအောင်၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

 

                            

ပြည်မြေပဲဆန်နှင့် နှမ်းဈေးများ ပြန်လည်မြင့်တက်လာ

           ပြည်ဈေးကွက်တွင် မြေပဲဆန်များ ယခုဇွန်လဆန်းပိုင်းတွင် ဈေးပြန်လည်မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ ဝယ်လိုအားကောင်းပြီး ရောင်းလိုအားပါကောင်းသဖြင့် ပြည်ဈေးကွက်တွင် နေ့စဉ် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ မြေပဲဆန်ကို ကံမ၊ မင်းတုန်းနှင့် ပြည်-အောင်လံကြားရှိ ကျေးရွာများမှ နေ့စဉ်အိတ် ၇၀၀/၈၀၀ခန့် အဝင်ရှိပြီး ဝင်သလောက် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ လုံးဆန်ကို မြဝတီသို့တင်ပို့ရန်အဝယ်ရှိသလို ဆီဆန်ကို မြို့တွင်းရှိဆီစက်များနှင့် နယ်ရှိ ဆီစက်များက အဝယ်ရှိသဖြင့် နေ့စဉ် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဇွန်လဆန်းပိုင်းတွင် မြေပဲဆန် (ဆီဆန်) (အဖြူ)တစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ (အနီ)တစ်ပိဿာလျှင် ၃၇၅၀ကျပ်နှင့် လုံးဆန်(အဖြူ) တစ်ပိဿာလျှင် ၄၂၇၅-၄၃၀၀ကျပ်၊ (အနီ)တစ်ပိဿာလျှင် ၄၀၀၀-၄၀၅၀ကျပ်ဖြင့် မေလကုန်ပတ်နှင့် နှိုင်းယှဉ်ပါက  ဈေးမြင့်လာသည်ကို တွေ့ရှိရပါသည်။

          ထို့အတူ ဇွန်လပထမပတ်၌လည်း ပြည်ဈေးကွက်တွင် နှမ်းနက်နှင့် စမုံနက်နှမ်းကို မကွေးနှင့် အောင်လံ ဝယ်လက်များက အဝယ်ပြန်ရှိလာသဖြင့် မေလနောက်ဆုံးပတ်ထက်စာရင် ဈေးပြန်မြင့် လာသည်ကို တွေ့ရပါသည်။ မိုးကြိုနှမ်းများစိုက်ပျိုးချိန်ဖြစ်သဖြင့် ဈေးကွက်သို့ နှမ်းဝင်ရောက်မှု မများသော်လည်း ယခင်က ဈေးကွက်တွင်ကျန်ရှိနေသော လှောင်နှမ်းများဖြင့်သာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် နေ့စဉ်အရောင်းအဝယ်မဖြစ်ဘဲ ရက်ခြားသာ အရောင်းအဝယ်ဖြစ်၍ အိတ် ၁၀၀/၂၀၀ခန့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရပါသည်။ ယခုဇွန်လ ပထမပတ်တွင် နှမ်းနီ(၃) တင်းတစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်ဖြင့်ယခင် မေလနောက်ဆုံး ပတ်ဈေး အတိုင်းငြိမ်နေပြီး၊ နှမ်းနက်(၃) တင်းတစ်အိတ်လျှင် ၁၆၅၀၀၀ကျပ်၊ စမုံနက်နှမ်း (၃)တင်း တစ်အိတ်လျှင် ၂၂၀၀၀၀ကျပ်ဖြင့် မေလ နောက်ဆုံးပတ်နှင့် နှိုင်းယှဉ်ပါက ဈေးမြင့်လာကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပေါင်းတည်မြို့နယ်တွင် နွေစပါးများ စတင်ထွက်ပေါ်

           စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်းသိန်းနှင့်အဖွဲ့သည် (၃၀.၅.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပေါင်းတည်မြို့ သဖန်းပင်ဆိပ်အုပ်စု၊ သပြေကုန်းကျေးရွာသို့သွားရောက်၍ နွေစပါးများရိတ်သိမ်းနေမှုအား ကွင်းဆင်း လေ့လာဆောင်ရွက်ခဲ့ပါသည်။

          ပေါင်းတည်မြို့နယ်သည် ဆည်ရေများရရှိသဖြင့် ပြည်ခရိုင်တွင် နွေစပါး ပထမအများဆုံး စိုက်ပျိုးသည့်မြို့နယ် ဖြစ်ပါသည်။ စိုက်ဧကအနေဖြင့် (၂၂၀၀၀)ကျော် စိုက်ပျိုးနိုင်ပြီး မေလ တတိယပတ်တွင် စတင်ထွက်ပေါ်လာပြီ ဖြစ်ပါသည်။ နွေစပါးအထွက်နှုန်းအနေဖြင့် ဆည်ရေရရှိသောနေရာများတွင် တစ်ဧကလျှင် တင်း ၁၀၀မှ ၁၁၀ကြား ထွက်ရှိပါသည်။ ဆည်ရေမရရှိသော နေရာများတွင် တင်း ၈၀ ကျော်ခန့်ထွက်ရှိသည်ဟုသိရပါသည်။ ပေါင်းတည်မြို့နယ် တာဝန်ခံနှင့်အဖွဲ့သည် သဖန်းပင်ဆိပ်အုပ်စု၊ သပြေကုန်းကျေးရွာနေ နွေစပါးစိုက်တောင်သူ ဦးသန်းစိုး၏ နွေစပါးစိုက်ကွင်းရှိ ရိတ်သိမ်းခြွေလှေ့နေမှုအား ကွင်းဆင်း၍မေးမြန်းရာ တောင်သူမှ နွေစပါး(၄) ဧကစိုက်ပျိုးထားပြီး ယခုအချိန်တွင် ထွက်ရှိပြီဖြစ်သဖြင့် ရိတ်သိမ်းခြွေလှေ့နေပြီဖြစ်ပါသည်။ ဆည်ရေရရှိသော လယ်ကွက်ဖြစ်သဖြင့် အထွက်နှုန်းကောင်းမွန်သဖြင့် တစ်ဧကအထွက်နှုန်းမှာ (၁၀၀ မှ ၁၁၀)တင်းခန့် ထွက်ရှိကြောင်း သိရပါသည်။ ရိတ်သိမ်းခြွေလှေ့ပြီးသော နွေစပါးများကို ကုန်သည်များက ကွင်းထဲအထိဆင်း၍ အဝယ်ရှိသလို ဆန်စက်များသို့လည်း သွားရောက် ရောင်းချကြောင်း၊ ရရှိသောစပါးဈေးမှာ ပေါင်(၅၀)တင်း (၁၀၀)လျှင် အစိုဓါတ် ၂၀%  (၇၉၀၀၀၀) ကျပ် ဖြင့် ဝယ်ယူလျှက်ရှိပါသည်။

          ယခုနှစ်တွင် နွေစပါးဈေးများကောင်းမွန်လာသဖြင့် စပါးစိုက်တောင်သူများအနေဖြင့် အကျိုး အမြတ်ပိုမိုရရှိလျှက်ရှိပါသည်။ သွင်းအားစုများဈေးကောင်းလာသော်လည်း စပါးများ အထွက်နှုန်း ကောင်း၊ စပါးဈေးနှုန်းများမြင့်တက်လာခြင်းကြောင့် တောင်သူများအနေဖြင့် တွက်ခြေကိုက်လျှက် ရှိပြီး၊ ဈေးနှုန်းများကို ယခုဈေးနှုန်းအတိုင်း ဆက်လက်ရောင်းချနိုင်ရေးကို မျှော်လင့်လျှက် ရှိပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ခရိုင်ရှိ လျှော်ဖြူလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေး

               စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူး ဦးမင်းဆွေနှင့် ဒု-ခရိုင်ဦးစီးမှူး ဒေါ်အေးမျိုးရွှေနှင့်အဖွဲ့သည် (၃၀.၅.၂၀၂၂) ရက်နေ့နံနက် (၁၀:၃၀) အချိန်တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်း/မြို့နယ် လျှော်ဖြူစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူများနှင့် ကွင်းဆင်း၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ပြည်ခရိုင်အနေဖြင့် လျှော်ဖြူပင်စိုက်ဧကပေါင်း (၉၉၄) ဧကစိုက်ပျိုးထားရှိပြီး ရွှေတောင်မြို့နယ်နှင့် ပြည်မြို့နယ်တို့တွင် အများဆုံးစိုက်ပျိုးထားရှိပါသည်။ လျှော်ဖြူစိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် တွေ့ဆုံဆွေးနွေးပွဲကို ပြည်မြို့ အောင်မြင်ဗာဟုနယ်မြေရှိ ဦးကျော်ကျော်လွင်၏ လျှော်ဖြူစိုက်ခင်း၌ ပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ လျှော်ဖြူစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဌ ဦးမောင်နိုင်၊ ပြည်မြို့နယ် လျှော်ဖြူစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဌ ဦးကျော်ကျော်လွင် ၊ ရွှေတောင်မြို့နယ် လျှော်ဖြူစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဌ ဦးသိန်းစိုး၊ ပဲခူးတိုင်းဒေသကြီး၊ လျှော်ဖြူစိုက်ပျိုးထုတ်လုပ်သူများအသင်း အတွင်းရေးမှူး ဦးဇော်လင်းအောင်တို့ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာကြသော တိုင်း/မြို့နယ် လျှော်ဖြူအသင်း တာဝန်ရှိသူများမှ ဆွေးနွေးရာတွင် လျှော်ဖြူ(ခေါ်)ဆေးကုလားမသည် ယခင် ကိုဗစ်(၁၉)ရောဂါ မတိုင်ခင်အချိန်တွင် ဈေးကွက်လည်းရှိပြီး ဈေးအလွန်ကောင်းခဲ့ပါသည်။ ဈေးနှုန်းမှာ ကြာဇံမျှင် တစ်ပိဿာ လျှင် ၁၂၀၀၀၀ ကျပ်၊ ရေခဲသားတစ်ပိဿာလျှင် ၈၅၀၀၀ကျပ်နှင့် ပုံမှန်တစ်ပိဿာလျှင် ၆၅၀၀၀ကျပ် ဈေးထိရှိခဲ့သဖြင့် လျှော်ဖြူစိုက်ပျိုးသူများရှိလာပြီး ပြည်ခရိုင်အနေဖြင့် ဧက (၁၀၀၀)ခန့် အထိရှိလာပါသည်။ ကိုဗစ်(၁၉)ရောဂါဖြစ်ပွားပြီးနောက်ပိုင်းမှစ၍ ယခုအချိန်ထိ ပြည်ပ ဝယ်လက်များမရှိ သလောက်နည်းပါးလာပြီး ဈေးနှုန်းမှာလည်းကျဆင်းလာခဲ့ပြီး တစ်ပိဿာလျှင် ၇၀၀၀-၈၀၀၀ကျပ် ခန့်အထိရှိကျဆင်း၍ ဝယ်လက်မရှိဘဲဖြစ်နေပါသည်။ လျှော်ဖြူစိုက်ပျိုးသူ တောင်သူများအနေဖြင့် လွန်ခဲ့သော (၅)နှစ်က စိုက်ပျိုးခဲ့သည့် လျှော်ဖြူပင်များမှာ ယခုအခါအစေးခံရပြီဖြစ်သော်လည်း အလုပ်သမားခအပါအဝင် ကုန်ကျစရိတ်မှာ တစ်ပိဿာလျှင် ၉၀၀၀ကျပ်ခန့်ရှိ၍ ထုတ်လုပ်မှု ကုန်ကျစရိတ်မရရှိသည့်အတွက် အစေးထုတ်လုပ်နိုင်ခြင်း မရှိသေးပါ။

          ပြည်ခရိုင်အနေဖြင့် လျှော်ဖြူဈေးနှုန်းများကောင်းမွန်ပါက နေ့စဉ်လျှော်ဖြူ ပိဿာချိန် (၂၀၀၀) ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ဈေးနှုန်းအနေဖြင့်လည်း တစ်ပိဿာလျှင် ၂၀၀၀ကျပ် ကျော်ရရှိမှသာ အစေးထုတ်လုပ်နိုင်မည်ဖြစ်၍ လျှော်ဖြူထုတ်လုပ်သူများအနေဖြင့် တရုတ်ဝယ်လက် တစ်ခုတည်းကိုသာ အားကိုးနေရပြီး၊ တရုတ်ဝယ်လက်မရှိသည့်အချိန်တွင် အခက်အခဲများ ကြုံတွေ့ ရသည့်အတွက် အခြားပြည်ပနိုင်ငံဈေးကွက်များရရှိပါက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း၊ ဈေးကွက်မရှိ ဈေးနှုန်းများကျဆင်းနေသောကြောင့်  လျှော်ဖြူစေးထုတ်လုပ်သူ အလုပ်သမားများမှာ အလုပ်အကိုင် အခွင့်အလမ်းများလည်း ဆုံးရှုံးနေခြင်းနှင့် လုပ်ငန်းရှင်များ၏ ရင်းနှီး မြုပ်နှံမှုအပေါ် ဝင်ငွေပြန်လည်ရရှိမှု့ မရှိသည့် အခြေအနေများအားတွေ့ဆုံဆွေးနွေးခဲ့ကြပြီး လျှော်ဖြူ ဈေးကွက်ရရှိရေး မျှော်လင့်လျှက်ရှိပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(ပဲခူး)

 

                                               

ကျိုင်းတုံ နွေစပါးဈေးကွက်

          ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သည် စိုက်ပျိုးရေးကို အဓိကထား စိုက်ပျိုးလုပ်ကိုင်သည့် မြို့တစ်မြို့ဖြစ်ပါသည်။ ကျိုင်းတုံမြို့ရှိ တိုင်းရင်းသားပြည်သူများသည် ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးကြသော်လည်း အဓိကအားဖြင့် မိုးစပါး၊ နွေစပါးများကို အလေးထား စိုက်ပျိုးကြကြောင်း သိရှိပါသည်။ ကျိုင်းတုံမြို့နယ်အတွင်း နွေစပါးအဖြစ် ရွှေရင်အေးစပါးမျိုးကို စိုက်ပျိုးကာ ယခုနှစ်အတွင်း စိုက်ပျိုးမှုမှာ ဧကခြောက်ထောင်ကျော် ရှိပါသည်။ နွေစပါးကို ၂၀၂၂ခုနှစ်၊ မေလ ဒုတိယပါတ်တွင် စတင်ရိတ်သိမ်းပြီး အဆိုပါ ရွှေရင်အေးစပါး ၄၀ကီလို တစ်အိတ်လျှင် ကျပ်တစ်သောင်းငါးထောင်ခန့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

          ယခင် ၂၀၂၁ခုနှစ် နွေစပါးပေါ်ချိန်တွင် ပေါက်ဈေးမှာ ၄၀ကီလို တစ်အိတ်လျှင် ကျပ် တစ်သောင်းသုံးထောင်ခန့် ရရှိခဲ့ပြီး ယခု ၂၀၂၂ခုနှစ်တွင် ယခင်နှစ်ထက် စပါးဈေး ၄၀ကီလို တစ်အိတ်လျှင် ကျပ်နှစ်ထောင်ခန့် မြင့်သော်လည်း ယခုကဲ့သို့ နွေစပါးဈေးမြင့်တက်လာခြင်းမှာ သွင်းအားစုဈေးနှုန်းများ မြင့်တက်ခြင်း၊ လုပ်သားခများ မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်ခနှုန်း မြင့်တက်လာခြင်းကြောင့် တောင်သူလယ်သမားများအနေဖြင့် အကျိုးအမြတ် နည်းပါးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

 

လားရှိုးမက်မန်းဝိုင်လုပ်ငန်း

            ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် (၁.6.2022)ရက်နေ့တွင် မယ်ဟန်ကျေးရွာအုပ်စု၊ နန့်ခိုက်ကျေးရွာရှိ ဒေါ်မျက်မှန်ကုမ္မဏီ ထုတ် “Lachilli” တံဆိပ် မက်မန်းဝိုင်စားသောက်ကုန်လုပ်ငန်းသို့ သွားရောက်ကွင်းဆင်းလေ့လာခဲ့ကြကြောင်း သိရှိရပါသည်။ ပိုင်ရှင်၏ပြောကြားချက်အရ “Lachilli” တံဆပ်မက်မန်းဝိုင်လုပ်ငန်းကို  2016ခုနှစ်တွင် လုပ်ကိုင်ခဲ့ပြီး မက်မန်းဝိုင် (Lachilli)ကို အရောင်လှပစေရန် မက်မန်းသီးကိုယိုးဒယားမှ တိုက်ရိုက်ဝယ်ယူခဲ့ရကြောင်း သိရှိရပါသည်။

          မက်မန်းဝိုင်ပြုလုပ်ရာတွင် ယိုးဒယားမက်မန်းသီး၊ သကြားစသည်တို့ဖြင့်ပြုလုပ်ပြီး ၎င်းဝိုင်အား မူလလက်ဟောင်းနည်းစနစ်ဖြင့် ပြုလုပ်ထားပြီး သဘာဝအတိုင်းအချဉ်ဖောက်ထားသဖြင့် အသီးနံ့ သင်းသင်းလေးကို ထိန်းထားနိုင်ကြောင်း သိရှိရပါသည်။ အချို့သစ်သီးဝိုင်များကဲ့သို့ အသီးကိုအရက်ဖြင့်စိမ်ပြီး ထုတ်လုပ်ထားခြင်း မဟုတ်သောကြောင့် မက်မန်းဝိုင်သောက်သုံးခြင်းဖြင့်  သွေးလည်ပတ်မှုကောင်းမွန်စေခြင်း၊ အဆုတ်ကိုကောင်းစေခြင်း၊ အလှအပထိန်းသိမ်းပေးခြင်း စသည့်ကောင်းကျိုးများပေးကြောင့် သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် မက်မန်းဝိုင် “Lachilli” (750ml)တစ်ပုလင်းကို လက်ကားဈေး(၁၅၀၀ဝိ/-) ကျပ်နှင့် လက်လီဈေး(၁၂၀၀ဝိ/-) ကျပ်ဖြင့်ရောင်းချပြီး အွန်လိုင်းပေါ်နှင့် Market များသို့ တင်သွင်းထားကြောင်း သိရှိရပါသည်။ ဝိုင်းတစ်ပုလင်း ဝယ်ယူပါက ဖောက်တံတစ်ချောင်းနှင့် အိတ်တစ်လုံးကို လက်ဆောင်ထည့်ပေးပြီး မိမိဘာသာသောက်သုံးရန်နှင့် လက်ဆောင်ပေးရန်သင့်လျော်ကြောင်း သိရှိရပါသည်။

          ယခုအချိန်တွင် ယိုးဒယားမက်မန်းပျိုးပင်များကို မိမိကိုယ်ပိုင်ခြံတွင် စိုက်ပျိုးထားသောကြောင့် လာမည့်နှစ်များတွင် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချနိုင်မည်ဖြစ်ပြီး၊  လုပ်ငန်းများထပ်မံတိုးချဲ့လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ဝိုင်များကို ပြည်ပမှဝယ်ယူသုံးစွဲမည့်အစား ပြည့်တွင်းဖြစ်ဝိုင်များကို သုံးစွဲပါက ကျန်းမာရေးနှင့် ညီညွတ်ပြီး ဈေးနှုန်းချိုသာစွာနှင့် သုံးစွဲနိုင်မည်ဖြစ်၍ ပြည်တွင်းဝင်ငွေများလည်း တစ်ဖက်တစ်လမ်းမှ တိုးတက်လာမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

 

ဈေးကွက်အတွင်း ခရမ်းချဉ်သီးဈေးနှုန်း မြှင့်တက်လျှက်ရှိ

              လွိုင်ကော်မြို့နယ်တွင် စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို မှုံပြာ၊ လင်ဖုံလေး၊ ကုန်းသာ၊ နန်းမယ်ခုံ ကျေးရွာများမှ အများဆုံး စိုက်ပျိုးထွက်ရှိပြီး ဇွန်လ ပထမပတ်တွင် ဈေးကွက်အတွင်း ခရမ်းချဉ်သီး ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်  ဖြစ်လျှက်ရှိရာ ယခင် မေလ ပထမပတ်တွင် တစ်ပိဿာလျှင် (၅၆၀) ကျပ်ဈေးသာ ရှိပြီး ယခင် မေလ ပထမပတ် နှင့် ယခု ဇွန်လ ပထမပတ် နှိုင်းယှဉ်လျှင် တစ်ပိဿာ (၄၀၀) ကျပ်ခန့် ဈေးနှုန်းမြှင့်တက်လာကြောင်း ၊ ဈေးနှုန်းမြှင့်တက်ရခြင်းမှာ ခရမ်းချဉ်သီး စိုက်ပျိုးရာ ဒေသများသည် ဒေသအခြေအနေအရ အနည်းငယ်သာ စိုက်ပျိုးနိုင်ပြီး ဈေးကွက် လိုအပ်ချက်ကို ထုတ်လုပ်နိုင်ခြင်း မရှိ၍ အခြားဒေသဖြစ်သည့်  ရှမ်းပြည်နယ် အင်းလေးဘက်မှ   တင်သွင်းနေရသဖြင့်  သယ်ယူစရိတ်များခြင်းကြောင့်  ဈေးနှုန်း မြှင့်တက်ရခြင်းဖြစ်သည်ဟု သိရပါသည်။

DOCA(ကယား)

(502) စပါးဈေးနှုန်း မြှင့်တက်လျှက်ရှိ

         ကယားပြည်နယ်တွင် စပါးကို အဓိကထား စိုက်ပျိုးလျှက်ရှိပြီး ၂၀၂၀-၂၀၂၁ မိုးစပါးစိုက်ဧက (၈၂၃၃၂)ဧက၊ ရိတ်ဧက (၈၂၁၉၇) ဧက၊အထွက်နှုန်းမှာ(၅၅၇၁၆၀၉) တင်းထွက်ရှိကြောင်း၊ ယခုနှစ် လက်ရှိ စပါးဈေးကွက်တွင် 502 စပါးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ တစ်တင်းလျှင် (၁၂၇၈၀)ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခင်နှစ် ရာသီပေါ်ချိန်တွင် 502 စပါးဈေးနှုန်း မှာ တစ်ပိဿာလျှင် (၆၅၀) ကျပ်၊ တစ်တင်းလျှင် (၈၃၀၇) ကျပ် ဈေးသာ ရှိခဲ့ပြီး ယခင်နှစ် နှင့် ယခုနှစ် နှိုင်းယှဉ်လျှင် တစ်ပိဿာ (၃၅၀) ကျပ် ၊ တစ်တင်းလျှင် (၄၄၇၃) ကျပ်ထိ ဈေးနှုန်း မြှင့်တက်လာကြောင်း ၊ ယခင်နှစ် ထက် ဈေးနှုန်း မြှင့်တက်လာရခြင်းမှာ စပါးစိုက် တောင်သူများမှာ ဒေသအခြေအနေအရ နွေစပါးကို ရာသီချိန်အမီ စိုက်ပျိုးနိုင်မှုမရှိ၍ နွေစပါး ထွက်ရှိမှု မရှိခြင်းကြောင့် လက်ရှိ စပါးဈေးနှုန်း ပိုမိုမြှင့်တက်လာရခြင်းဖြစ်ကြောင်း ၊ ၎င်း 502 စပါးကိုဆန်ကြိတ်ခွဲ၍ မန္တလေးမှ တဆင့် တရုတ်သို့ တင်ပို့ကြောင်း ဆန်၊စပါး စိုက်ပျိုးထုတ်လုပ် ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(ကယား)

ဆန် စီးဝင်၊ စီးထွက်မှုနှင့် ပြောင်း၊ ပဲအမျိုးမျိုးတင်ပို့မှု အခြေအနေ

               ကယားပြည်နယ်သည် ကုန်စည်စီးဆင်းမှု မှာ ပုံမှန်ရောင်းဝယ်လည်ပတ်လျက်ရှိပြီး မေလအတွင်း အခြားတိုင်ဒေသကြီး / ဒေသများမှ ပြည်နယ်အတွင်းသို့ ဆန်တင်သွင်းမှုများမှာ (၁၉၇၅)အိတ်၊ (၉၉)တန်နှင့် ကယားပြည်နယ်မှ အခြားဒေသများသို့ ဆန်တင်ပို့မှုမှာ (၇၈၇)အိတ် (၃၉.၃)တန်၊ ပြောင်း တင်ပို့မှုမှာ (၈၄၇၃)အိတ် (၁၀၂) တန်၊ ရှိပြီး ယခင် မေလအတွင်း အခြားဒေသမှ ဆန်တင်သွင်းမှုမှာ (၁၈၇၀)အိတ်၊ (၉၉)တန်၊ ကယားပြည်နယ်မှ ဆန်တင်ပို့မှုမှာ (၁၂၈၀)အိတ်၊ (၆၄)တန်၊ ပြောင်းတင်ပို့ မှုမှာ(၃၅၇၀)အိတ်၊ (၁၇၅)တန် တို့ရှိပြီး ယခင်လနှင့်ယခုလ နှိုင်းယှဉ်ကြည့်လျှင် ဆန်တင်သွင်းမှု(၁၀၅  )အိတ်၊ (၅)တန်လျော့နည်းလာခြင်း၊ ဆန်တင်ပို့မှု ( ၄၉၃) အိတ် ( ၂၅)တန်ပိုလာပြီး  ပြောင်းတင်ပို့မှုမှာလည်း (၄၉၀၃)အိတ်၊( ၂၄၅)တန် ပိုလာကြောင်းတွေ့ရပါတယ်။ ထို့အပြင် ကယားပြည်နယ်မှ ကြက်သွန်နီ တင်သွင်းမှုမှာ (၁၁၈၈၀) အိတ်၊ ပဲအမျိုးမျိုး တင်ပို့မှုမှာ (၂၂၅၅) အိတ်၊ မြေပဲတင်ပို့မှုမှာ (၃၀၀)အိတ် တင်ပို့ခဲ့ကြောင်းမြို့ဦးဂိတ် စာရင်းများအရ သိရှိရပါတယ်။

DOCA(ကယား)

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

                  အောင်လံကုန်စည်ဒိုင်တွင် ယခင်အပတ်(26.၅.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၁.6.၂၀၂၂) ရက်နေ့ အတွင်း နှမ်းနက်စမုံနှင့်နှမ်းပြာဈေးနှုန်းတို့မှာ ပြောင်းလဲမှုမရှိဘဲ နှမ်းဖြူနှင့်နှမ်းနီတို့မှာ ယခင်အပတ် (၁၅၅၀၀ဝိ/-) ယခုအပတ်(၁၆၅၀၀ဝိ/-)ရှိခဲ့၍  (၁၀၀၀ဝိ/-)ကျပ် အသီးသီးဈေးမြင့်ခဲ့ပါသည်။

            ပဲမျိုးစုံဈေးကွက်တွင် ဘိုကိတ်ပြာမှာ  ယခင်အပတ်ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ ပဲစဉ်းငုံ(နီ) (၂၀)ပိဿာဝင် (၁)တင်း ယခင်အပတ် (၄၂၀၀ဝိ/-) ယခုအပတ်(၄၂၄၀ဝိ/-)ဖြစ်၍ (၄၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ မတ်ပဲ ယခင်အပတ်(၄၅၅၀ဝိ/-) ယခုအပတ်(၄၆၅၀ဝိ/-)ဖြစ်၍ (၁၀၀ဝိ/-)ကျပ်ဈေးမြင့်တက်ခဲ့ကြောင်း၊ ကုလားပဲ(HL) ယခင်အပတ်(၄၇၀၀ဝိ/-) ယခုအပတ်(၄၇၅၀ဝိ/-)ဖြစ်၍ (၅၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ ကုလားပဲ(မြကြေး) ယခင်အပတ် (၄၇၅၀ဝိ/-) ယခုအပတ်(၄၈၀၀ဝိ/-)ဖြစ်၍ (၅၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ ပဲကြီး ယခင်အပတ်(၆၇၀၀ဝိ/-) ယခုအပတ်(၆၉၀၀ဝိ/-)ဖြစ်၍ (၂၀၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ မြေပဲလုံးဆံဖြူ ယခင်အပတ် (၄၂၀ဝိ/-) ယခုအပတ် (၄၂၇၅)ကျပ်ဖြစ်၍ (၇၅)ကျပ် ဈေးမြင့်တက်ခဲ့ပြီး၊  မြေပဲလုံးဆံနီမှာ ယခင်အပတ် (၄၀၀ဝိ/-) ယခုအပတ် (၃၉၅ဝိ/-)ရှိ၍ (၅ဝိ/-)ဈေးလျော့နည်းခဲ့ကာ အရောင်းအဝယ်ပမာဏအနေဖြင့် နှမ်းနက်(စမုံ) (၇၅၀)အိတ်၊ နှမ်းပြာ(၁၂၅)အိတ်၊ နှမ်းဖြူ(၁၀၀)အိတ်၊ နှမ်းနီ(၁၂၀)အိတ်၊ ပဲစဉ်းငုံ(နီ)(၈၅၀)အိတ်၊ မတ်ပဲ(၂၈၀)အိတ်၊ ကုလားပဲ(HL)(၇၈၀)အိတ်၊ ကုလားပဲ(မြကြေး)(၆၀၀)အိတ်၊ ဘိုကိတ်ပြာ(၄၅၀)အိတ်၊ ပဲကြီး(၇၇၀) အိတ်၊ မြေပဲလုံးဆံဖြူ(၈၅၀) အိတ်၊ မြေပဲလုံးဆံနီ(၆၅၀)အိတ်တို့အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

            ဝါဈေးကွက်အနေဖြင့် ယခင်အပတ်(၂၆.၅.၂၀၂၂)နေ့နှင့် ယခုအပတ် (၁.၆.၂၀၂၂) နေ့အတွင်း တစ်ပိဿာလျှင် (၂၂၀ဝိ/-)ဈေးနှုန်းဖြင့် ပိဿာချိန် (၂၈၀၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်ထံမှ သိရှိခဲ့ရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း
a