ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

              ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၈.၇.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၁၂၀ အိတ်နှင့် ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၅၈၀ နှင့် ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၂၀၀ နှင့် ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၇၅ နှင့် ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၂၃၀ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၅၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၃၂၈၀ အိတ်၊ ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၁၄၅၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၀၅၃၊  ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၂၅၀၊ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၆၃၂ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၅၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၃၄၅၁၊ ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၀၄၀၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၆၈၀၊ ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၈၅၄၊ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊  ဆန်ကွဲအိတ်ရေ ၄၈၇၀ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၈၅၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိ ရပါသည်။

          ၈.၇.၂၀၂၅ ရက်နေ့တွင် ဆန်အိတ်ရေပေါင်း (၄၄၄၆၀) အိတ်ဝင်ရောက်ခဲ့ရာတွင် ဆန်သစ်များ ဝင်ရောက်လာပါသဖြင့်  ဆန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိကြောင်း  သိရှိရပါသည်။      

DOCA(ရန်ကုန်)

ပခုက္ကူမြို့၏ သကြားပြောင်းဖူးဈေးနှုန်းဈေးကွက်

   သကြားပြောင်းဖူးသည် လူကြိုက်များသော သီးနှံတစ်မျိုးဖြစ်သည်။ ပြောင်းဖူးကို သရေစာအဖြစ် အမယ်မျိုးစုံပြုလုပ်စားသောက်ကြ၍ ဝယ်ယူစားသုံးမှုများပြီး ဈေးကွက်ခိုင်မာမှုရှိ၍ ရာသီအလိုက် သီးထပ် စိုက်ပျိုးလျက်ရှိကြပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူမြို့ ကုန်စိမ်းသီးနှံဈေးကွက်သို့လည်း သကြားပြောင်းဖူးစိုက်ပျိုးမှုများသော ပခုက္ကူကျွန်းကျေးရွာများဖြစ်သည့် ကျွန်းဦး၊ ကျွန်းညို၊ ကျွန်းညိုကြီး၊ ရွာသစ်၊ ကံလှ၊ နန်းတော်ရပ်၊ တင်းဂတ်၊ သံပုရာပင်ကုန်း၊ ဘောလုံးခုံ၊ လိပ်ကုန်းကျေးရွာများအပြင် မြစ်ခြေ၊ ကမ္မမြို့များနှင့် အခြားမြို့နယ်များဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ အထက် ညဉ့်၊ အောက်ညဉ့်၊ သစ်ထောက်ကျွန်းကျေးရွာများမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုဇူလိုင်လ (ဒုတိယပတ်)တွင် ဈေးကွက်သို့ သကြားပြောင်းဖူးများ ဝင်ရောက်မှုနည်းပြီး ဈေးအနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်ကြောင်း သိရှိရသည်။
   သကြားပြောင်းဖူးဈေးနှုန်းများအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် ပြောင်းဖူး အရွယ် အစား၊ အစေ့ အကြီးအသေးအောင်မြင်မှုနှင့် သီးနှံလတ်ဆတ်မှုအပေါ်မူတည်၍ သကြားပြောင်းဖူးစိမ်း တစ်ဖူးလျှင် လက်ကားဈေး ကျပ်(၃၅၀-၄၀၀)၊ လက်လီဈေးတစ်ဖူးလျှင် ကျပ်(၅၀၀-၆၀၀)ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင် ဇွန်လ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက သကြားပြောင်းဖူး တစ်ဖူး လျှင် ကျပ်(၅၀)ခန့် ဈေးတက်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသတွင်းစိုက်ခင်းများမှ ယခုအချိန်တွင် မြစ်ရေတက်ချိန်ဖြစ်၍ စိုက်ပျိုးမှု မရရှိသေး၍ ဧရာဝတီတံတားအနီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများ မှ ပခုက္ကူဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ပြောင်းဖူးသည် လူ့ခန္ဓာကိုယ်ကို ခွန်အားဖြစ်စေပြီး ကျန်းမာရေးနှင့် ညီညွှတ်သော သီးနှံတစ်မျိုးဖြစ်၍ ဝယ်ယူစားသုံးမှု မြင့်မားခြင်းကြောင့် နေ့စဉ် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ မြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ အကြော်ဆိုင်များ၊ အသုပ် မျိုးစုံဆိုင်များမှ ဝယ်ယူမှုများကြောင်း သိရှိရသည်။

DOCA(မကွေး)

ပခုက္ကူမြို့၌ ကျွန်းစားတော်ပဲများ ဈေးဆက်လက်မြင့်တက်နေ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပဲဈေးကွက်တွင် ပြည်တွင်းစားသုံးမှု မြင့်မားလျက်ရှိသော စားတော်ပဲများ တက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရ သည်။ ယခုနှစ်သီးနှံပေါ်ချိန် ဖေဖော်ဝါရီလ(စတုတ္ထပတ်)အစောပိုင်းမှစ၍ ယောနယ်ဒေသထွက် ကျွန်းစားတော်ပဲ(အသစ်)များ ပွဲရုံဈေးကွက်တွင် စတင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ဈေးကွက်သို့ ကျွန်းစားတော်ပဲ စိုက်ပျိုးမှု များသော ပခုက္ကူ၊ မြစ်ခြေ၊ ကမ္မ၊ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ လောင်းရှည်ဒေသများနှင့် ပေါက်၊ ဆိပ်ဖြူမြို့မှ ထွက်ရှိသော စားတော်ပဲများ ပွဲရုံများသို့ နေ့စဉ် ဝင်ရောက်ကြောင်း၊ သီးနှံ (အသစ်)ပေါ်ချိန်တွင် ဈေးအေး၍ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပြည်တွင်းစားသုံးမှုများ၍ စားတော်ပဲဈေးတရိပ်ရိပ်မြင့်တက်ပြီး အရောင်း  အဝယ်ဖြစ်ကြောင်း သိရှိရသည်။
   ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် စားတော်ပဲတစ်တင်းလျှင် ကျပ် (၁၈၀၀၀၀- ၁၇၅၀၀၀)၊ ယောစားတော်ပဲတစ်တင်းလျှင် ကျပ်(၁၄၀၀၀၀-၁၃၀၀၀၀)ဖြင့် အရောင်း အဝယ်ဖြစ်ပြီး  ယခင်ဇွန်လ(စတုတ္ထပတ်)တွင် ကျွန်းစားတော်ပဲတစ်တင်းလျှင် ကျပ်(၁၇၀၀၀၀-၁၆၅၀၀၀)၊ ယောစားတော်ပဲ တစ်တင်းလျှင် ကျပ်(၁၃၀၀၀၀-၁၂၀၀၀၀)ဖြင့် အရောင်း အဝယ်ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ပါက (၂)ပတ်အတွင်း စားတော်ပဲတစ်တင်းလျှင် ကျပ်(၁၀၀၀၀)ခန့် ဈေးတက်လာ ကြောင်း သိရှိရသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ပွဲရုံဈေးကွက်တွင် တစ်ရက်လျှင် ကျွန်းစား တော်ပဲ ပိဿာ(၃၀)ဝင်အိတ် (၂၀)မှ(၃၀)ထိ အရောင်းအဝယ်ဖြစ်ကြောင်း၊ တောင်သူများတွင် ပဲလက်ကျန်နည်းခြင်းဖြစ်၍ ကုန်သည်များမှ ဝယ်ယူသိုလှောင်ထားရှိသော ပဲများအရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။ ပြည်တွင်းစားသုံးမှုအနေဖြင့် မြန်မာလူမျိုးများသည် စားတော်ပဲသီး နှံကို မြန်မာ့ရိုးရာအစားအစာအဖြစ် နေ့စဉ်စားသုံးခြင်းအပြင် လုပ်ငန်းရှင်များမှလည်း စားတော်ပဲ လုံးကြော်ပြုလုပ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိ၍ တစ်နှစ်ပတ်လုံး စားသုံးသည့် သီးနှံတစ်မျိုးဖြစ်ပြီး ယခုအချိန်တွင် ဒေသတွင်းပဲလက်ကျန်နည်းပြီး ဝယ်လိုအား ကောင်း၍ ပြည်တွင်းစားတော်ပဲဈေး ဆက်လက်မြင့်တက်လျက်ရှိကြာင်း သိရှိရသည်။

DOCA(မကွေး)

 

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

           ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၁၄.၇.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၅၆၀ အိတ်နှင့် ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၄၀၀ နှင့် ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၇၄၂ နှင့် ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၃၆၅ နှင့် ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၇၃၂ နှင့် ဈေးနှုန်းများမှာ ၄၆၅၀၀ မှ ၄၉၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၃၄၂၈ အိတ်၊ ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၆၅၀၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၅၆၃၊  ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၂၄၀၊ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၅၆၀ နှင့် ဈေးနှုန်းများမှာ ၄၆၅၀၀ မှ ၄၉၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၃၂၅၀၊ ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၅၈၄၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၇၄၆၊ ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၅၈၄၊ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊  ဆန်ကွဲအိတ်ရေ ၄၆၅၄ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၄၉၀၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။

           ၁၄.၇.၂၀၂၅ ရက်နေ့တွင် ဆန်အိတ်ရေပေါင်း (၄၇၀၆၁၀) အိတ်ဝင်ရောက်ပြီး ဆန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)

ပခုက္ကူမြို့ဆီထွက်သီးနှံဈေးကွက်၌ နှမ်းနက်(စမုန်)ဈေးတက်ပြီးအရောင်းအဝယ်ဖြစ်

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ ဆီထွက်သီးနှံ မျိုးစုံရောင်းဝယ်ရေး ဈေးကွက် တွင် ဇူလိုင်လဆန်းမှစ၍ နှမ်းဈေးများ မြင့်တက်လာကြောင်း ပခုက္ကူဈေးကွက်မှ သိရှိရသည်။ နှမ်း သီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဇူလိုင်လ(ဒုတိယပတ်)တွင် ဆီထွက်သီးနှံ နှမ်းမျိုးစုံ အရောင်းအဝယ်ဖြစ်ပြီး ယခုအချိန်တွင် နွေ(နှမ်း)သီးနှံပေါ်ချိန်ဖြစ်သော်လည်း နွေ(နှမ်း)စိုက်ပျိုးချိန် တွင် တောင်သူများမှ စိုက်ပျိုးမှုလျော့နည်းခြင်းကြောင့် နှမ်းအထွက်နှုန်းနည်းပြီး နှမ်းရိတ်သိမ်းချိန် တွင် မိုးရွာသွန်းမှုများခြင်းကြောင့် အရည်အသွေးပြည့်ဝသော နှမ်းသီးနှံများရှားပါး၍ နှမ်းဈေးမြင့် တက်ကြောင်း၊ ပြည်ပနိုင်ငံများမှ နှမ်းနက်(စမုန်)များ အဓိကဝယ်ယူခြင်းဖြစ်၍ ဈေးတက် အရောင်း အဝယ်ဖြစ်ကြောင်း သိရှိရသည်။ ဈေးကွက်သို့ ဝင်ရောက်မှုနည်းသော်လည်း မြို့ပေါ်ရှိ လှောင်လက် ကုန်သည်များမှ သိုလှောင်ထားသောနှမ်းများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နှမ်းမျိုးစုံအနက် မှ နှမ်းနက်(စမုန်)ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ တစ်ရက်လျှင် ပိဿာ(၃၀)ဝင်အိတ် (၁၀၀-၂၀၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပြည်တွင်းသုံးစွဲမှုအပြင် ပြည်ပအဝယ်လိုက်၍ ကုန်ဝင် သလောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

  ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် နှမ်းအမျိုးအစားနှင့် အရည်အသွေး လိုက်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ နှမ်းနက်(စမုန်)တစ်တင်းလျှင် ကျပ်(၂၈၀၀၀၀-၂၇၀၀၀၀-၂၅၀၀၀၀)၊ နှမ်းနီတစ်တင်းလျှင် ကျပ်(၁၁၅၅၀၀-၉၅၀၀၀)၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်(၁၂၀၀၀၀-၉၇၀၀၀)၊ နှမ်းညို တစ်တင်းလျှင် ကျပ်(၁၀၆၀၀၀-၉၅၀၀၀)၊ နှမ်းဝါတစ်တင်းလျှင် ကျပ်(၁၀၅၀၀၀-၉၇၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်ဇွန်လ(စတုတ္ထပတ်)နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက နှမ်းနက် (စမုန်)တစ်တင်းလျှင် ကျပ်(၁၀၀၀၀)ခန့်ဈေးတက်ပြီး ကျန်နှမ်းအမျိုးအစားများမှာ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ဈေးကွက်ဝယ်လိုအားကောင်း၍ ဈေးတက်ပြီး အရောင်း အဝယ်ဖြစ်ကြောင်း၊ ပခုက္ကူပွဲရုံဈေးကွက်သို့ရောက်ရှိသည့် နှမ်းများကို မြို့ပေါ်ရှိ ဆီစက်လုပ်ငန်း ရှင်များ၊ နှမ်းလှော်လုပ်ငန်းရှင်များနှင့် အခြားစားသောက်ကုန် လုပ်ငန်းရှင်များမှ ဝယ်ယူမှုများ ကြောင်း၊ ရန်ကုန်၊ မန္တလေး ဈေးကွက်သို့လည်း တင်ပို့လျက်ရှိကြောင်း၊ ထိုမှတစ်ဆင့် ပြည်ပတရုတ် နိုင်ငံသို့ တင်ပို့ကြောင်း သိရှိရသည်။ 

DOCA(မကွေး)

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

           ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၁၁.၇.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၁၂၀ အိတ်နှင့် ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၈၀၀ နှင့် ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၁၈၇ နှင့် ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၈၆၅ နှင့် ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၁၂၀ နှင့် ဈေးနှုန်းများမှာ ၄၆၅၀၀ မှ ၄၉၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၃၀၄၇ အိတ်၊ ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၉၆၄၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၈၅၄၊  ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၇၄၀၊ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၃၂၇၀၊ ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၀၂၀၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၂၀၀၊ ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၅၈၇ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၄၉၀၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိ ရပါသည်။

          ၁၀.၇.၂၀၂၅ ရက်နေ့နှင့် နှိုင်းယှဉ်လျှင် (၁၁.၇.၂၀၂၅) ရက်နေ့တွင် ဆန်အိတ်ရေဝင်ရောက်မှု နည်းပါးပြီး ဆန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အထက်မင်းလှမြို့၊ မယ်ဇလီတောကျေးရွာ၌ ဝါသီးနှံများစတင်စိုက်ပျိုးလျက်ရှိ

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ကြက်သွန်နီနှင့် ဝါသီးနှံများကို စိုက်ပျိုးလျက်ရှိရာ မယ်ဇလီတော၊ ပန်းတော်ပြင်၊ ဥယျာဉ်၊ ရွာတော်၊ မန်းသံပုရာကန်၊ ကုန်းကြီး၊ ဂျင်ရဲမြောင်၊ တောင်ဦး စသည့်ကျေးရွာများ၌ ဝါသီးနှံများကို အဓိက စိုက်ပျိုးလျက်ရှိကြောင်း၊  အထက်မင်းလှမြို့၊ မယ်ဇလီတောကျေးရွာတွင် တောင်သူ(၂၀) ဦးမှ ဝါသီးနှံစိုက်ဧက(၅၀)ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။ ဝါသီးနှံများ စိုက်ပျိုးရာတွင် သီးညှပ်စိုက်ပျိုးခြင်းနှင့် သီးသန့်စိုက်ပျိုးခြင်းဟူ၍ စိုက်ပျိုးကြပြီး  သီးသန့်စိုက်ပျိုးခြင်းကို အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (ပထမပတ်)တွင် စတင်စိုက်ပျိုးကြပြီး မျိုးများအနေဖြင့် ရွှေတောင်-၈၊ ရွှေတောင်-၁၀၊ ချည်မျှင်ရှည်ဝါ စသည့်မျိုးများကို စိုက်ပျိုးကြကြောင်း၊ မျိုးများကို မင်းလှမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ ()ပိဿာလျှင် ကျပ်(၅၀၀၀)ဖြင့် ဝယ်ယူရပြီး ဝါသီးနှံတစ်ဧကလျှင် မျိုးစေ့()ပိဿာခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ် အနေဖြင့် ထွန်ယက်ခ၊ မျိုးစေ့၊ သွင်းအားစု၊ လုပ်သားခအပါအဝင် ယခင်နှစ်နည်းတူ ယခုနှစ် တွင်လည်း တစ်ဧကလျှင် စုစုပေါင်းငွေကျပ်()သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ် အထွက်နှုန်း အနေဖြင့် တစ်ဧကတွင် ပိဿာချိန်(၅၀၀)ခန့် ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် ဝါသီးနှံပေါ်စအချိန်တွင် တစ်ပိဿာလျှင် ငွေကျပ်(၃၈၀၀-၅၂၀၀)ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ အကျိုးအမြတ်အနေဖြင့် ငွေကျပ်(၁၃)သိန်းမှ (၂၀)သိန်းထိရရှိကြောင်း သိရသည်။   ဈေးကွက်အနေဖြင့် ဝါသီးနှံများကို အထက်မင်းလှမြို့ပေါ်ရှိ ဝါသီးနှံပွဲရုံများသို့ တင်ပို့ ရောင်းချကြောင်း၊  ၎င်းပွဲရုံများမှတဆင့် အောင်လံမြို့နှင့် မန္တလေးမြို့သို့ တင်ပို့ကြောင်း၊ ဝါသီးနှံသည် စိုက်ပျိုးရန်လွယ်ကူပြီး မိုးသီးနှံဖြစ်သည့်အတွက် မိုးတွင်းကာလမှာစိုက်ပျိုးကာ မိုးကောင်းသော နှစ်များတွင် အထွက်နှုန်းများ ပိုမိုထွက်ရှိကြောင်း၊ ယခင်နှစ်က မင်းလှမြို့နယ်အနေဖြင့် ဝါအထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းလည်းရသောကြောင့် စိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်များရရှိခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ဝါအထွက်နှုန်းကောင်းမွန်ပြီး ယခင်နှစ် နည်းတူ ဈေးကောင်းရရှိပါက ဝါစိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်များရရှိနိုင်မည်ဖြစ် ပါကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။  

DOCA(မကွေး)

ဘားအံမြို့ပေါ်ရှိ ကြက်ဥ၊ဘဲဥ ဈေးကွက်ဈေးနှုန်း

     ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ဈေးများတွင်  ကြက်ဥ၊ ဘဲဥ၊ ဆေးဘဲဥ၊ ဆားဘဲဥနှင့်ငုံးဥများအရောင်းတွက်လျက်ရှိကြောင်း သိရသည်။

  ကြက်ဥ၊ ဘဲဥ၊ ဆေးဘဲဥ၊ ဆားဘဲဥနှင့်ငုံးဥများရောင်းဝယ်ရာတွင် အရွယ်အစားလိုက်၍ ဈေးနှုန်း ကွာဟလျှက်ရှိပြီး ကြက်ဥ အလုံးကြီးတစ်လုံးလျှင် (၅၀၀)ကျပ်၊ ကြက်ဥ အလုံးသေး တစ်လုံးလျှင်(၄၅၀)ကျပ်၊ ဘဲဥ အလုံးကြီးတစ်လုံးလျှင် (၆၅၀)ကျပ်၊ဘဲဥ အလုံးသေးတစ်လုံး လျှင် (၅၅၀)ကျပ်၊ ဆေးဘဲဥ တစ်လုံးလျှင်(၈၀၀)ကျပ်၊ဆားဘဲဥ တစ်လုံးလျှင်(၈၀၀)ကျပ်နှင့်ငုံးဥ တစ်လုံး(၁၀၀)ကျပ်တို့ဖြစ် အရောင်းအဝယ်ဖြစ်လျှက်ရှိကြာင်းနှင့် ယခင်နှစ်ဝက်နှင့်ယခုနှစ်တွင် ကြက်ဥ၊ ဘဲဥ ဈေးနှုန်းများမှာ အတက်အကျမရှိဘဲ ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။

DOCA(ကရင်)

 

ရန်ကုန်မြို့သို့ နေ့စဉ်သင်္ဘော/ကားများဖြင့် ဆန်ဝင်ရောက်မှုအခြေအနေ

            ၁၀.၇.၂၀၂၅ ရက်နေ့တွင် မြောင်းမြမြို့နယ်မှ ဝေဠုဝတီသင်္ဘောဖြင့် ကြားပျံ(၈၅၀) အိတ်၊  ပေါ်ဆန်း(၉၈၁) အိတ်၊ ဧည့်မထ(၂၁၄၁)အိတ်၊ ဆန်ကွဲ(၁၁၂၈) အိတ်နှင့် ကြယ်ဆန်းလင်း သင်္ဘော ဖြင့်ကြားပျံ(၁၈၇) အိတ်၊ ပေါ်ဆန်း(၆၅၉)၊ ပေါ်ကျွဲ(၇၉)၊ ဧည့်မထ(၂၂၈၃) အိတ်တို့ဝင်ရောက်ပြီး ဘိုကလေးမြို့နယ်မှ သုခဝတီရေယာဉ်ဖြင့်  ကြားပျံ(၃၀၀) အိတ်၊ ပေါ်ဆန်း(၆၃၉) အိတ်၊ ပေါ်ကျွဲ(၇၉) အိတ်၊ ဧည့်မထ (၂၂၈၃) အိတ်၊ ထိန်လင်းရတနာသင်္ဘောဖြင့် ကြားပျံ(၂၅၃) အိတ်၊ ပေါ်ဆန်း(၆၀၀) အိတ်၊  ဧည့်မထ (၂၀၈၇) အိတ်၊ သန်းမြတ်ကျော်သင်္ဘောဖြင့် ဧည့်မထ (၁၁၀၉)အိတ်၊ ဆန်ကွဲ(၅၅၀) အိတ်၊ မော်ကျွန်းမှ သိရိဧရာ သင်္ဘောဖြင့်  ပေါ်ဆန်း (၁၁၇၉) အိတ်၊ ပေါ်ကျွဲ (၃၀၀) အိတ်၊ ဧည့်မထ(၂၉၂၀) အိတ်၊ ဆန်ကွဲ (၁၀၄၉) အိတ်၊ လပ္ပတ္တာမှ ရွှေနဒီသင်္ဘောဖြင့် ကြားပျံ(၁၆၂) အိတ်၊  ပေါ်ဆန်း(၂၅၀) အိတ်၊ ပေါ်ကျွဲ(၁၀၀) အိတ်၊ ဆန်ကွဲ (၉၇၉) အိတ်၊ ကျိုက်လတ်မှ ရွှေမြိုင်အောင် ရေယာဉ်ဖြင့် ဧည့်မထ(၄၅၀) အိတ်တို့ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘားအံမြို့ဒေသထွက်မန်ကျည်းသီးစိမ်းနုဈေးနှုန်း

    ၂၀၂၅ ခုနှစ်၊ မိုးရာသီဇူလိုင်လ တတိယပတ်တွင် ရာသီစာဖြစ်သည့် ကရင်ပြည်နယ်ဒေသထွက် မန်ချည်းသီးစိမ်းနုများကို ဘားအံမြို့အနီးတဝိုက်ရှိကျေးရွာများမှ ဘားအံမြို့ပေါ်ဈေးများသို့ လာရောင်းချကြကြောင်း သိရသည်။

    မန်ကျည်းသီးစိမ်းနုကို မန်ကျည်းသီးစိမ်းငပိထောင်း၊ ငပိချက်တို့ ပြုလုပ်စားသုံးပါက ခံတွင်းတွေ့ပြီး ထမင်းမြိန်စေကာ စားလို့ကောင်းရုံတာမက ကျန်းမာရေးကိုလည်း အထောက်အကူ ပြုပေးနိုင်ပါသည်။မန်ကျည်းသီးစိမ်းနု လက်ကားဈေးနှုန်း တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်နှင့် လက်လီဈေးနှုန်း(၁၀)သား (၂၀၀၀)ကျပ်နှုန်းခန့်တို့ဖြင့် ဈေးကောင်းရကာ အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း မန်ကျည်းသီးစိမ်းနု အရောင်းဆိုင်မှ သိရသည်။

DOCA(ကရင်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း