ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၁၉.၁၂.၂၀၂၃)

  ၁၉.၁၂.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၉.၁၂.၂၀၂၃ )

    ၁၉.၁၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ ဆန်းမင်းသစ် ပဲကြက်ခေါက်ကြော်လုပ်ငန်း

     “ဂျုံ၊ ပဲ၊ သကြား

     ကြက်ဥချန်မထားပဲ

     ရောစပ်၊ ကျိုချက်ပြီး

     အပြားဖြတ်၊ ကြော်သည်

     ရသာကောင်းရ

     ဆန်မင်းသစ်ရဲ့

ပဲကြက်ခေါက်လုပ်ငန်းပါဗျို့”ဟု တင်စားခေါ်ဝေါ်ရလောက်သည့် အရသာကောင်းမွန်မှုကို စားသုံးမိသောအခါ စိမ့်စိမ့်လေးနှင့်စားချင်ဖွယ် အရသာကောင်းကို စားသုံးမိပြီးနောက် ထပ်ခါထပ်ခါ စားလိုဖွယ်ဖြစ်အောင် စွဲဆောင်နိုင်သော မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်၊ (၂) လမ်းတွင်ရှိသော ဆန်းမင်းသစ်ပဲကြက်ခေါက်လုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှု၊လုပ်ဆောင်မှုများကို စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ၊ ဒုတိယပတ်တွင် သွားရောက်တွေ့ဆုံကွင်းဆင်းလေ့လာခဲ့ပါသည်။

     ဆန်းမင်းသစ် ပဲကြက်ခေါက်လုပ်ငန်းပိုင်ရှင် ဒေါ်လှလှမြင့်က ဂျုံ၊ သကြား၊ ကုလားပဲ၊ ကြက်ဥ၊ ဆီနှင့်သကြားတို့ကို လုပ်ငန်းခွင်၌ လုပ်ငန်းအဆင့်ဆင့်အလိုက် စနစ်တကျစီမံဆောင်ရွက်ပြီး ရရှိသည့်ပဲကြက်ခေါက်ကြော်များကို တစ်ဘူးလျှင် (၅)ခုပါ တစ်ထုပ်လျှင် (၁၂၀၀/-) ကျပ်ဖြင့် ဓနုဖြူမြို့နယ်နှင့် အနီးနားမြို့များ၌ ဈေးကွက်ရရှိပြီး လုပ်သား (၄) ဦးဖြင့် တစ်နေ့လျှင် ဂျုံ (၅) ပိဿာ၊ ဆီ (၃) ပိဿာ၊ ကြက်ဥ (၁၃၀) လုံး၊ ပဲ (၁) ပိဿာ၊ (၅၀) ကျပ်သားကို နေ့စဉ် လုပ်ငန်းဆောင်ရွက်ထုတ်လုပ်လျက်ရှိကြောင်း ပိုင်ရှင်ဒေါ်လှလှမြင့်က ရှင်းလင်းပြောပြခဲ့ပါသည်။

    ဆက်လက်၍ ဆန်းမင်းသစ်  ပဲကြက်ခေါက်တစ်ထုပ်လျှင် (၁၂၀၀/-) ကျပ်ဖြင့် နေ့စဉ် အထုပ် (၂၀၀) ခန့်ပုံမှန်ဖြန့်ချိရပြီး ဈေးကွက်ဝယ်လိုအားရရှိမူပိုမိုရရှိလာသောကြောင့် ဈေးကွက်လိုအပ်ချက်အလို့ငှာ ပိုမိုထုတ်လုပ်ဖြန့်ဖြူးရန်အတွက် လိုအပ်သောလုပ်သားအင်အား၊ နည်းပညာနှင့် မတည်ရင်းနှီးငွေများလိုအပ်ချက်အပေါ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့်ဝန်ထမ်းများသည် လုပ်သားအင်အားအပြည့်အဝဖြင့် ရေရှည်လုပ်ဆောင်နိုင်မည့်နည်းလမ်းများ၊ နည်းပညာလိုအပ်မှုအတွက် သက်ဆိုင်ရာနည်းပညာရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးနှင့် မတည်ရင်းနှီးငွေလိုအပ်မှုအပေါ်  သက်ဆိုင်ရာ SME ထုတ်ချေးသော ဘဏ်များနှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရေးတို့ကို အလေးပေးဆွေးနွေးပြောကြားခဲ့ပါသည်။

    ဆန်းမင်းသစ် ပဲကြက်ခေါက်ကြော်လုပ်ငန်းသည် အရသာကောင်းသဖြင့် ဈေးကွက်ရရှိပြီး ပိုမိုထုတ်လုပ်နိုင်ပါက ဈေးကွက်အတွင်း အောင်မြင်မှုရရှိလာမည့် SME လုပ်ငန်းတစ်ခုအဖြစ် ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ဧရာဝတီ)

 

မော်လမြိုင်မြို့၌ အုန်းစိမ်းရည်များ အရောင်းအဝယ်သွက်

     မော်လမြိုင်မြို့တွင် အုန်းစိမ်းရေများ အရောင်းအဝယ်သွက်လျက်ရှိသဖြင့် အုန်းစိမ်းဝယ်ရောင်းလုပ်ငန်းရှင်များမှာ ခြံအရောက်ကိုယ်တိုင်အပင်ပေါ်တက်ခူးသည့်စနစ်ဖြင့် လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရှိရသည်။ အုန်းစိမ်းရေကို သဘာဝအတိုင်း သောက်သုံးခြင်းအပြင် အချို့မှာ အုန်းစိမ်း ဂျယ်လီပြုလုပ်ခြင်း၊ အုန်းစိမ်းရေခဲမုန့်ပြုလုပ်၍လည်း ရောင်းချကြသည်။

    အုန်းစိမ်းရေ တစ်လုံးလျှင် (၁၀၀၀- ၁၅၀၀) ကျပ်၊ အုန်းစိမ်းဂျယ်လီ တစ်လုံးလျှင် (၁၅၀၀-၂၀၀၀) ကျပ်၊ အုန်းသီးရေခဲမုန့် တစ်လုံးလျှင် (၂၀၀၀-၃၀၀၀) ကျပ်ဖြင့် ရောင်းချကြသည်။ “မိုးတွင်းတုန်းကတော့ အရောင်းအဝယ်ပါးတယ်” “ပွင့်လင်းရာသီရောက်လာတော့ အရောင်းအဝယ် သွက်လာတယ်” “မိုးတွင်းတုန်းက တစ်နေ့ကို (၄၀၀၀၀) ကျပ်ဖိုးလောက်ဘဲ ရောင်းရတယ်” “အခုတော့ တစ်နေ့ကို (၇၀၀၀၀) ဖိုးရောင်းရတယ်” “ဝယ်ရင်းဈေးကတော့ တစ်လုံးကို (၅၀၀-၆၀၀) ကျပ် ပေးဝယ်ရတယ်” “တွက်ချေကိုက်မှုရှိပါတယ်”ဟု အုန်းစိမ်းဝယ်ယူရောင်းချသူတစ်ဦးမှ ပြောကြားခဲ့ပါသည်။ အုန်းစိမ်းများကို မော်လမြိုင်မြို့တွင်းအပြင် ပေါင်မြို့နယ်၊ မုတ္တမ၊ အလှပ်ကျေးရွာများသို့ပါ သွားရောက်ဝယ်ယူရကြောင်း ၎င်းမှ ပြောကြားခဲ့ပါသည်။

   အုန်းစိမ်း အရောင်းဆိုင်များအား မော်လမြိုင်မြို့ နေရာအနှံအပြားတွင် တွေ့ရှိရပြီး မော်လမြိုင်မြို့ ကမ်းနားလမ်းတစ်လျှောက်နှင့် ညဈေးတန်းများတွင် အုန်းစိမ်းရေ၊ အုန်းစိမ်းဂျယ်လီ၊ အုန်းစိမ်းရေခဲမုန့်များအား မော်တော်ယာဉ်များဖြင့် လာရောက်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

“စီးပွားဖြစ်စိုက်ပျိုးလာသောမုန်လာဥဖြူ”

      ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်သည် စပါး ၊ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများကို အဓိကထား လုပ်ကိုင်စိုက်ပျိုးကြပြီး မိသားစုစားသုံးရန်နှင့်တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန်အတွက် ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများကိုလည်း စိုက်ပျိုးလာကြပါသည်။၄င်းသီးနှံများထဲမှ တောင်သူ များအနေဖြင့် ဆောင်းသီးနှံဖြစ်သော မုန်လာဥဖြူကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှယခုအချိန် တွင်စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း ၊ စိုက်ပျိုးရာတွင် အောက်တိုဘာလတွင် စတင်စိုက်ပျိုးကြပြီး မျိုးအနေဖြင့် အထွက်နှုန်းကောင်း မျိုးများဖြစ်သည့် HOLLAND WHITE နှင့် ဆင်မုန်လာတံဆိပ်များ ကိုသာ အဓိကထား အများဆုံးစိုက်ပျိုး ကြကြောင်း၊ မျိုးစေ့စျေးနှုန်းအနေဖြင့် HOLLAND WHITE မျိုးစေ့(၂)ဗူးပါ အထုတ်ကြီး တစ်ထုတ်လျှင်(၁၁၅၀၀/-)ကျပ် နှင့် ဆင်မုန်လာမျိုးစေ့(၁၀၀)ဂရမ်ပါ ဗူး(၁)ဗူးလျှင်(၁၀၅၀၀/-)ကျပ်စျေးနှုန်းများရှိကြောင်း ၊တစ်ဧကကုန်ကျစရိတ်အနေဖြင့် (၄၀၀၀၀၀/-) ကျပ်ခန့်ကုန်ကျပြီး စိုက်ပျိုးပြီး ရက်ပေါင်း(၃၀-၄၀)ရက်အကြာတွင် တူးဖော်နိုင်ပြီး စျေးကွက်သို့ တင်ပို့ရောင်းချကြကြောင်း ပွဲစားများမှလည်း ကျေးရွာအထိအခင်းပြတ် လာရောက်ဝယ်ယူကြ ကြောင်း၊တောင်သူများမှလည်း မန္တလေး-ကျောက်ဆည် ကားလမ်းဘေးများတွင်လည်းရောင်းချ ကြကြောင်း ၊ ရောင်းချရာတွင် မုန်လာဥဖြူပေါ်စအချိန်တွင် အပင်(၅)ပင်ပါ တစ်စည်းလျှင်(၁၀၀၀/-) ကျပ်စျေး နှုန်းဖြင့်ရောင်းချလျှက်ရှိကြောင်း ၊ ယခုလှိုင်လှိုင်ထွက်ပေါ်ချိန်တွင် မုန်လာဥဖြူ အပင် (၅)ပင်ပါ တစ်စည်းလျှင်(၅၀၀/-)ကျပ် စျေးနှုန်းဖြင့် ရောင်းချကြပြီး မုန်လာဥဖြူစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်အနေဖြင့် ကုန်ကျစရိတ်နှုတ်ပြီး အသားတင်(၄၀၀၀၀၀/-)ကျပ်ဝန်းကျင်ခန့် ရရှိ ကြောင်း၊ မုန်လာဥဖြူ စိုက်ပျိုးသူ စဉ့်ကိုင်မြို့နယ် ၊ စဉ့်ကိုင်ကြီးကျေးရွာနေ တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

ကချင်ပြည်နယ်၊မိုးညှင်းခရိုင်အတွင်း မိုးစပါးရိတ်သိမ်းပြီးစီးမှုနှင့် ဆန်စပါး ဈေးနှုန်းဈေးကွက် အခြေအနေ

    ကချင်ပြည်နယ်၊မိုးညှင်းခရိုင်သည် ပြည်နယ်၏စပါးကျီဖြစ်သည်နှင့်အညီ မိုးစပါးကိုသာ အဓိကထားစိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးသည့် စပါးအမျိုးအစားများမှာ ဆင်းဧကရီ(၃)၊ ဧရာမင်း၊ငွေတိုး၊ ကောက်ညှင်းနှင့် တောင်ယာစပါးတို့ကို စိုက်ပျိုးကြပါသည်။၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်အတွင်း မိုးစပါးစိုက်ဧက(၂၅၂၃၁၉)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ဒီဇင်ဘာလဒုတိယအပတ်အထိ (၂၄၇၂၀၄)ဧက ရိတ်သိမ်းပြီးစီးခဲ့ရာ  အထွက်နှုန်းအနေဖြင့်ပျမ်းမျှ (၇၇.၁၇)တင်း  ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။

    ကောက်သစ်စပါးဈေးနှုန်းများမှာ ငွေတိုးစပါးတစ်တင်းလျှင် ၂၀၀၀၀ကျပ်၊ ဧရာမင်း စပါးတစ်တင်းလျှင်၂၂၅၀၀ကျပ်၊ဆင်းဧကရီ(၃)စပါးတစ်တင်းလျှင် ၁၄၀၀၀ကျပ်နှင့် ဆင်းဧကရီ(၃) စပါးအဟောင်း တစ်တင်းလျှင် ၁၆၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။ ဆန်စျေးနှုန်းများမှာ ငွေတိုးဆန်တစ်ပြည်လျှင် ၄၈၀၀ကျပ်၊ ငွေတိုးဆန်တစ်အိတ်လျှင် ၁၀၆၀၀၀ကျပ် ၊ဧရာမင်းဆန်တစ်ပြည်လျှင် ၅၀၀၀ကျပ်၊ ဧရာမင်းဆန် တစ်အိတ်လျှင်  ၁၂၀၀၀၀ကျပ် ၊   ဆင်းဧကရီ(၃) တစ်ပြည်လျှင်၃၂၀၀ကျပ် ၊ဆင်းဧကရီ(၃)တစ်အိတ်လျှင် ၇၅၀၀၀ကျပ်၊ ပေါ်ဆန်းမွှေးတစ်ပြည်လျှင် ၅၂၀၀ကျပ်၊ ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ၁၂၅၀၀၀ကျပ်ဖြင့်  အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ကချင်)

 

ဘားအံမြို့ပေါ်ရှိ လိမ္မော်သီးဈေးနှုန်းအခြေအနေ

     ၂၀၂၃ခုနှစ် ဒီဇင်ဘာလ လဆန်းပိုင်းမှစ၍ ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိဈေးများသို့  ရှမ်းပြည်နယ်၊ တောင်ကြီး၊ ကလော၊ အောင်ပန်းဒေသများမှ လိမ္မော်သီးများ လှိုင်လှိုင်ဝင်ရောက် လျက်ရှိကြောင်းသိရသည်။ ဒီဇင်ဘာလ ဒုတိယပတ်တွင် လိမ္မော်သီးစျေးနှုန်းမှာ (၁)ကီလိုလျှင် ၃၅၀၀ကျပ်မှ ၅၀၀၀ကျပ်အထိဈေးနှုန်းတို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

   လိမ္မော်သီးသည် ကင်ဆင်ရောဂါကိုကာကွယ်ပေးနိုင်ခြင်း၊ ကိုလက်စထရောကိုလျော့ကျစေခြင်း၊ သွေးဖိအားကိုကျစေခြင်း၊ ခုခံစွမ်းအားတိုးခြင်း၊ ဗီတာမင် C ပြည့်ဝစွာပါဝင်ခြင်း၊ ဆီးချိုရောဂါကိုလျော့ကျစေခြင်း၊ မျက်လုံးကျန်းမာရေးကိုအထောက်အကူဖြစ်စေခြင်း၊ ဦးနှောက်၏လုပ်ဆောင်ချက်ကိုတိုးတက်စေနိုင်ခြင်း၊ ဆံသားကျန်းမာရေးအတွက် အထောက်အကူဖြစ်စေခြင်း၊ အရေပြားကျန်းမာရေးကိုကောင်းမွန်ခြင်း၊ ဝိတ်ကျစေခြင်း၊ အစာခြေစနစ်ကိုကောင်းမွန်စေခြင်း စသည့်အကျိုးကျေးဇူးများရရှိစေပါသည်။ လိမ္မော်သီးသည် အနံ့အရသာနှင့်ပြည့်စုံရုံသာမက ကျန်းမာရေးအတွက်လည်း များစွာအထောက်အကူပြုသည့် သီးနှံဖြစ်သည့်အတွက် စားသုံးသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ကရင်)

ပေါက်မြို့မစည်ပင်သာယာဈေးနှင့် နိဗ္ဗာန်ဈေးတို့၌ ဒီဇင်ဘာလ(ဒုတိယပတ်)တွင်ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်း

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့၊ မြို့မစည်ပင်သာယာဈေးနှင့် နိဗ္ဗာန်ဈေးတို့တွင် အနီးအနားရှိကျေးရွာများဖြစ်သော မြောက်ဘက်မှ အင်းတော၊ အနောက်ဘက်မှ ရှားတော၊ ပေါက်ချောင်း၊ တောင်ဘက်မှ ရွာတန်းရှည်၊ အုန်းတော၊ ရေပြာတို့မှ လာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

   ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ပေါက်မြို့၊ မြို့မစည်ပင်သာယာဈေး၌ရောင်းချနေသော အခြေခံစားသောက်ကုန်များ၏ လက်လီဈေးနှုန်းများမှာ ဧရာပဒေသာဆန်တစ်အိတ်လျှင် ကျပ်(၁၄၀၀၀၀)၊ မနောသုခတစ်အိတ်လျှင် ကျပ်(၁၁၀၀၀၀)၊ ဆီဈေးနှုန်းများမှာ ပဲဆီတစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ်(၂၁၀၀၀)၊ ပဲရောဆီတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ စားဖိုဆောင်သီးနှံများမှာ ငရုတ်သီးစိမ်းတစ်ပိဿာလျှင်ကျပ်(၂၀၀၀၀)၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် ကျပ်(၃၅၀၀၀)၊ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၁၀၀၀)၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ကျပ်(၂၅၀၀၀)၊ ကုလားပဲခြမ်းတစ်ပြည်လျှင် ကျပ်(၈၅၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ်(၈၀၀၀)၊ အသားငါးဈေးနှုန်းများမှာ ကြက်သား (ဗမာ) တစ်ပိဿာလျှင် ကျပ်(၂၅၀၀၀)၊ ဝက်သားတစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ အမဲသားတစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ဆိတ်သားတစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)တို့ဖြင့်ရောင်းချလျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်းရောင်းချနေသော ဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်ရှိ ရပ်ကွက်များတွင် စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဈေးကားဖြင့်ဖြန့်ဖြူးရောင်းချလျက်ရှိ

    ပခုက္ကူခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်ကကြီးကြပ်၍ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၁၁)ရက်နေ့နှင့် (၁၃)ရက်နေ့တို့တွင် ပခုက္ကူမြို့ပေါ်ရှိ ရပ်ကွက်များ၌ စားအုန်းဆီများကို ဈေးကားဖြင့်ရောင်းချမှုအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/မရှိ၊  အလေးချိန်အချင်အတွယ်မှန်ကန်မှုရှိ/မရှိ ကွင်းဆင်းကြပ်မတ်ခဲ့ပါသည်။

   ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၁၁)ရက်နေ့တွင် "သော်ဇင်ထွန်း"ဆီဆိုင်သည် အမှတ်(၃)ရပ်ကွက်ရှိ အိမ်ထောင်စု (၁၂၁၆)စုအားလည်းကောင်း၊ "ဟန်ဇင်ထွဋ်" ဆီဆိုင်သည် အမှတ်(၁)ရပ်ကွက်ရှိ အိမ်ထောင်စု(၆၉၉)စုအားလည်းကောင်း၊ အမှတ်(၇)ရပ်ကွက်ရှိ အိမ်ထောင်စု(၄၇၄)စုအားလည်းကောင်း၊ အမှတ် (၈)ရပ်ကွက်ရှိ အိမ်ထောင်စု (၃၁၀)စုအားလည်းကောင်း၊ " အောင်ချမ်းငြိမ်း " ဆီဆိုင်သည် အမှတ်(၂) ရပ်ကွက်ရှိ အိမ်ထောင်စု(၆၂၆)စုအားလည်းကောင်း၊ " ဆင်မင်း" ဆီဆိုင်သည် အမှတ်(၁၁)ရပ်ကွက်ရှိ အိမ်ထောင်စု(၁၀၀၀)စုအားလည်းကောင်း၊ "SSS"ဆီဆိုင်သည်  အမှတ်(၁၅)ရပ်ကွက်ရှိ အိမ်ထောင်စု (၁၄၃၀)စုအားလည်းကောင်း၊ "ထွန်း"ဆီဆိုင်သည် အမှတ်(၁၃)ရပ်ကွက်ရှိ အိမ်ထောင်စု (၁၁၇၃)စုအားလည်းကောင်း စားအုန်းဆီတစ်ပိဿာလျှင် ကျပ်(၅၃၀၀)နှုန်းဖြင့်  အိမ်ထောင်စု(၁)စုလျှင် စားအုန်းဆီ (၁)ပိဿာနှုန်း၊ စုစုပေါင်းစားအုန်းဆီပိဿာ (၆၉၂၈)ပိဿာနှင့် ဒီဇင်ဘာလ(၁၃)ရက်နေ့တွင် "သော်ဇင်ထွန်း"ဆီဆိုင်သည် အမှတ်(၃)ရပ်ကွက်ရှိ အိမ်ထောင်စု (၁၀၀၀)စုအားလည်းကောင်း၊ အမှတ်(၄) ရပ်ကွက်ရှိ အိမ်ထောင်စု(၅၃၅)စုအားလည်းကောင်း၊ "ဟန်ဇင်ထွဋ်"ဆီဆိုင်သည် အမှတ်(၉)ရပ်ကွက်ရှိ အိမ်ထောင်စု(၄၁၀)စုအားလည်းကောင်း၊ အမှတ်(၁၀) ရပ်ကွက်ရှိ အိမ်ထောင်စု(၅၀၀)စုအားလည်း ကောင်း၊ " အောင်ချမ်းငြိမ်း " ဆီဆိုင်သည် အမှတ်(၅) ရပ်ကွက်ရှိ အိမ်ထောင်စု(၁၀၉၀)စုအားလည်းကောင်း၊ အမှတ်(၆)ရပ်ကွက် ရှိအိမ်ထောင်စု (၇၀၀)စုအားလည်းကောင်း၊ " ဆင်မင်း"ဆီဆိုင်သည် အမှတ် (၁၁)ရပ်ကွက်ရှိ အိမ်ထောင်စု(၈၂၉)စုအားလည်းကောင်း၊ အမှတ်(၁၂)ရပ်ကွက်ရှိ အိမ်ထောင်စု (၄၅၈)စုအားလည်းကောင်း၊ "SSS"ဆီဆိုင်သည်  အမှတ်(၁၅)ရပ်ကွက်ရှိ အိမ်ထောင်စု(၁၂၈၁)စုအားလည်းကောင်း၊ "ထွန်း"ဆီဆိုင်သည် အမှတ်(၁၄) ရပ်ကွက်ရှိ အိမ်ထောင်စု (၁၁၆၉)စုအားလည်းကောင်း စားအုန်းဆီတစ်ပိဿာလျှင် ကျပ်(၅၃၀၀)နှုန်းဖြင့်  အိမ်ထောင်စု(၁)စုလျှင် စားအုန်းဆီ(၁)ပိဿာနှုန်း၊ စုစုပေါင်းစားအုန်းဆီပိဿာ(၇၉၇၂)ပိဿာဖြန့်ဖြူးရောင်းချပေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မကွေး)

အောင်လံကုန်စည်ဒိုင်၏သီးနှံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

     အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ)(၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၅-၁၂-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၈၀၀၀၀-၃၃၀၀၀၀)ဖြစ်ပြီး ယခုအပတ်(၁၁-၁၂-၂၀၂၃) ရက်နေ့တွင်လည်း ကျပ်(၂၈၀၀၀၀-၃၃၀၀၀၀)၊ နှမ်းဖြူမှာ ယခင်အပတ်တွင် ကျပ် (၂၉၀၀၀၀-၃၀၀၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၉၀၀၀၀-၃၀၀၀၀၀)၊ နှမ်းပြာ ယခင်အပတ်တွင်  ကျပ်(၂၈၀၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၈၀၀၀၀)၊ နှမ်းနီ ယခင်အပတ်တွင် ကျပ်(၂၈၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၈၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၄၅)ပိဿာဝင်အိတ်များဖြင့် နှမ်းနက်(စမုံ)(၁၆၅၀)အိတ်၊ နှမ်းနီ(၁၃၀)အိတ်၊ နှမ်းဖြူ(၉၀)အိတ်၊ နှမ်းပြာ (၂၂၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

   ပဲမျိုးစုံဈေးကွက်အနေဖြင့် မတ်ပဲ(၂၀)ပိဿာ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၈၉၀၀၀)ဖြစ် ပြီး ယခုအပတ်တွင် ကျပ်(၉၁၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ကုလားပဲ(H-L) ယခင်အပတ်တွင် ကျပ်(၉၁၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၂၅၀၀)ဖြစ်၍ ကျပ်(၁၅၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ကုလားပဲ(မြကြေး) ယခင်အပတ်တွင် ကျပ်(၉၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၉၁၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ပဲတီစိမ်း ယခင်အပတ်တွင် ကျပ်(၅၄၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၁၀၀၀)ဖြစ်၍ ကျပ်(၇၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ပဲစဉ်းငုံ(နီ) ယခင်အပတ်တွင် ကျပ်(၉၀၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၁၀၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ဘိုကိတ်ပြာ ယခင်အပတ်တွင် ကျပ်(၆၁၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၈၀၀၀)ဖြစ်၍ ကျပ်(၇၀၀၀) စသည်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပါသည်။ ပဲကြီးမှာ ယခင်အပတ်တွင် ကျပ်(၁၂၅၀၀၀-၁၃၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၁၂၅၀၀၀-၁၃၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ  အရောင်းအဝယ်ပမာဏ အနေဖြင့်  (၃၀)ပိဿာဝင်အိတ်များဖြင့် မတ်ပဲ(၁၅၀)အိတ်၊ ဘိုကိတ်ပြာ(၇၀)အိတ်၊ ကုလားပဲ(H-L)(၇၀၀)အိတ်၊ ကုလားပဲ(မြကြေး)(၄၈၀)အိတ်၊ ပဲကြီး(၂၃၀)အိတ်၊ ပဲတီစိမ်း(၁၁၀၀)အိတ်၊ ပဲစဉ်းငုံနီ (၁၂၀)အိတ်တို့ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

    မြေပဲလုံးဆံဖြူ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၅၅၅၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၅၈၀၀)ဖြစ်၍ ကျပ်(၂၅၀)ဈေးမြင့်ခဲ့ကြောင်း၊ မြေပဲလုံးဆံနီ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ် (၅၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၅၈၀၀)ဖြစ်၍ ကျပ်(၃၀၀)ဈေးမြင့်ခဲ့ကြောင်း၊  မြေပဲတောင့်အစို (၁)တင်းလျှင် ယခင်အပတ်တွင်  ကျပ်(၁၈၀၀၀-၂၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၁၀၀၀-၂၃၀၀၀)ဖြစ်၍ ကျပ်(၃၀၀၀)စသည်ဖြင့်အသီးသီးဈေးမြင့်ခဲ့ပါသည်။ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင် အိတ်များဖြင့် မြေပဲလုံးဆံဖြူ(၇၀၀)အိတ်၊ မြေပဲလုံးဆံနီ(၁၂၀)အိတ်၊ မြေပဲတောင့်အစို တင်း(၄၂၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ပါကြောင်း၊ အပတ်စဉ်ပုံမှန်ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ဝါသီးနှံမှာ ယခင်အပတ်တွင် ကျပ်(၃၀၅၀-၃၁၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၃၁၀၀-၃၂၀၀)ဖြစ်၍ ကျပ်(၅၀)ဈေးမြင့်ခဲ့ပြီး ဝါပိဿာချိန်(၂၈၀၀၀)ပိဿာ အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း