ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့မဈေးတွင် ရောင်းချသည့် သရက်သီးခြောက်နှင့် ခရမ်းသီးခြောက်ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ် သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကန့်ဘလူ“မြို့မဈေး”ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသည့်  ခရမ်းသီးခြောက် (၁)ပြည်လျှင်(၁၅၀၀)ကျပ်၊ (၂)ပြည်လျှင် (၂၇၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း သရက်သီးခြောက်ဈေးနှုန်းမှာ (၁၀)ကျပ်သားလျှင် (၄၀၀)ကျပ်နှင့် (၁)ပိဿာလျှင် (၃၉၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ အသီးခြောက်များကို မြို့ပေါ်ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ် ဆိတ်ဖူးမြောင်ကျေးရွာ၊ နတ်ပေးကျေးရွာတို့မှ ယခုလို သရက်သီးလှိုင်လှိုင်ပေါ်ချိန်တွင် အသီးစိမ်းများကိုအခြောက်လှမ်း၍ လာရောက်ရောင်းချကြောင်း ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် ရောင်းချနေသော သခွပ်ပွင့်ခြောက် နှင့် ကြောင်လျှာပွင့်ခြောက် ဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရာသီပေါ် သီးနှံများ၊ အခြားဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် ရာသီစာ သခွပ်ပွင့်ခြောက်များကို ရွှေဘိုမြို့နယ်တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ယခု ဇူလိုင်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်း ချနေသည့်  သခွပ်ပွင့်ခြောက် ဈေးနှုန်းများမှာ သခွပ်ပွင့်ခြောက် တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင်(၁၂၀၀၀)ကျပ်နှင့်လက်တွင်းတစ်ဆုပ်စာ(၁)ပုံလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ကြောင်လျှာပွင့်ခြောက်ဈေးနှုန်းမှာ ကြောင်လျှာပွင့်ခြောက် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ကြောင်လျှာပွင့်ခြောက် (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ်နှင့် ‌ ကြောင်လျှာပွင့် ခြောက်(၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး သခွပ်ပွင့်နှင့် ကြောင် လျှာပွင့်တို့သည် ဆေးဘက်ဝင်သောအပွင့်ခြောက်များဖြစ်ပြီး အရန်ဟင်းဖြစ်သည့်အတွက် အိမ်ရှင်မများ ကြိုက်နှစ်သက်ကာ  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့မှ ငရုတ်သီးခြောက် ဈေးနှုန်း

     ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ငရုတ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ တို့ကို ကန့်ဘလူဒေသထွက်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

     ၂၀၂၅ ခုနှစ်၊ ယခု ဇူလိုင်လ စတုတ္ထပတ်၌ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ဈေးအတွင်း ရောင်းချနေသော ငရုတ်သီးခြောက်ဈေးနှုန်းအနေဖြင့် ငရုတ်သီးခြောက်(အရှည်)လက္ကား တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ ငရုတ်သီးခြောက် (အရှည်) လက်လီ တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၆၅၀၀)ကျပ် နှင့် ငရုတ်သီးလှော်ကြော်(၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် ငရုတ်သီးခြောက်၊ ကြက်သွန်ဖြူ/နီ နှင့် အာလူး အရောင်းအဝယ် လုပ်နေသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့မှ ‌ရွှေပဲသီး နှင့် ဘိုစားပဲသီး ဈေးနှုန်း

     ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုန်ညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ‌ရွှေပဲသီးကို မိမိတို့ဒေသထွက်နှင့် မန္တလေးမြို့ ၊ ရှမ်းပြည်နယ် တို့မှ မှာယူရောင်းချကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ယခု ဇူလိုင်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း‌ ရောင်းချလျက်ရှိသော  ‌ရွှေပဲသီးဈေးနှုန်းမှာ  ရွှေပဲသီး တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၆၀၀၀) ကျပ် ဈေးနှုန်းများဖြင့်လည်းကောင်း ဘိုစားပဲသီးဈေးနှုန်းမှာ ဘိုစားပဲသီး အပြား တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် ဘိုစားပဲသီး အလုံး လက်လီ တစ်ပိဿာလျှင်(၆၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ကြောင်း ကုန်စိမ်းသီးနှံ အစုံ ရောင်းချသူများထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

မင်းကွတ်သီး ဈေးနှုန်းဈေးကွက်

 

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  မင်းကွတ်သီးများ ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

    ဈေးကွက်အတွင်းရောင်းချနေသော မင်းကွတ်သီးများကို မော်လမြိုင်ဒေသထွက် မင်းဂွတ်သီးများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပါသည်။

    ယခုဇူလိုင်လအတွင်း ဖြစ်ပေါ်နေသော မင်းကွတ်သီးဈေးနှုန်းမှာ မင်းကွက်သီးအသေး (၁)လုံး လျှင် (၄၀၀) ကျပ်၊ မင်းကွတ်သီးအလတ်(၁)လုံးလျှင် (၇၀၀) ကျပ်နှင့် မင်းကွက်သီးအကြီး (၁)လုံးလျှင် (၁၂၀၀) ကျပ် အထိရောင်းချလျက်ကြောင်း မင်းကွတ်သီးရောင်းချသူထံမှ သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

 ဖရဲသီး ဈေးနှုန်းဈေးကွက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  ၂၀၂၅ ခုနှစ် ဇူလိုင်အတွင်း  ရာသီစာဖရဲသီးများ ဝင်ရောက်လာပြီး၊ အရောင်းသွက်လျက်ရှိကြောင်းသိရပါသည်။ ဖရဲသီးအား အသီးအတိုင်းစားသုံးခြင်း၊ ဖျော်ရည်နှင့် စားသောက်ကုန်တို့တွင်ထည့်၍ စားသုံးကြောင်း သိရပါသည်။ဖရဲသီးတွင် ရေဓာတ်ပေါကြွယ်ဝစွာပါဝင်သောကြောင့် ရေအစားထိုးအနေဖြင့် စားသုံးနိုင်ပြီး အပူကင်းအောင်စားပေးသင့်သော အသီးတစ်မျိုးလည်းဖြစ်ပါသည်။ ဖရဲသီးကို စားသုံးခြင်းဖြင့် မိမိခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာကို ရရှိစေပါသည်။

   ယခုဇူလိုင်လအတွင်း ဝင်ရောက်လာသည့်ဖရဲသီး‌စျေးမှာ တစ်လုံးလျှင် အလုံးကြီး ၇၀၀၀ ကျပ်၊ အလုံးလတ် ၅၀၀၀ ကျပ်နှင့် အလုံးသေး ၃၀၀၀ကျပ် စျေးဖြစ်ပြီး အသီးအရွယ်အစားအလိုက် စျေးအနည်းငယ် ကွာခြားမှုရှိကြောင်း ဖရဲသီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဂျပန်ပျားလိမ္မော်သီး ဈေးနှုန်းဈေးကွက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာအတွင်းတွင် ဂျပန်ပျားလိမ္မော်သီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဂျပန်ပျားလိမ္မော်သီးသည် အေး၍စိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် အေးမြသောရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ထွန်းသော သီးနှံဖြစ်သည်။

    ဂျပန်ပျားလိမ္မော်သီးသည် လိမ္မော်သီးမျိုးစိတ်ဖြစ်ပြီး လိမ္မော်သီးနှင့်မတူဘဲ အရသာ အနည်းငယ်ကွဲပြားသည်။ အရသာမှာ လိမ္မော်သီးနှင့်မတူဘဲ အချဉ်ဓါတ်အနည်းငယ်ပါဝင်သည်။

    ယခုဇူလိုင်လအတွင်း ဖြစ်ပေါ်နေသော ဂျပန်ပျားလိမ္မော်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၂၅၀၀) ကျပ် အထိရောင်းချလျက်ကြောင်း ဂျပန်ပျားလိမ္မော်သီးရောင်းချသူထံမှ သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၏ ပန်းသစ်တော်သီး နှင့် ပန်းသီး ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ သင်္ဘောသီး၊ မင်းဂွတ်သီး၊ ဩဇာသီး၊ ဒညှင်းသီး  နှင့် ဖရဲသီးများကို  မန္တလေးမြို့ နှင့် လားရှိုးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ပန်းသစ်တော်သီး ဈေးနှုန်းများမှာ ပန်းသစ်တော်သီး အကြီး(၁)လုံးလျှင်(၃၅၀၀)ကျပ်၊ ပန်းသစ်တော်သီး အသေး(၁)လုံး လျှင် (၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ပန်းသီး ဈေးနှုန်းများအနေဖြင့် ပန်းသီး အကြီး(၁)လုံး လျှင် (၅၀၀၀)ကျပ်၊ ပန်းသီးအသေး(၁)လုံးလျှင်(၃၅၀၀)ကျပ် နှင့် ငွေကျပ်(၁၀၀၀၀)ဖိုး(၃)လုံး ဈေးနှုန်း တို့ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ဈေးအနည်းငယ်မြင့်တက်လာသော ပန်းဂေါ်ဖီ နှင့် ဂေါ်ဖီထုတ် ဈေးနှုန်း

     သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်ဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ရွှေပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ်ကို ကျွန်းလှမြို့နယ်အတွင်းထွက်ရှိသည့် ဒေသထွက်နှင့် မန္တလေးမြို့ ၊ ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရသည်။

     ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ်ကို စားသောက်ဆိုင်များ၊ ကော်ပြန်ဆိုင်များ၊ အကြော်ဆိုင်များ နှင့်မုန့်လင်မယားဆိုင်များတွင် အသုံးပြုသည့်အတွက် အရောင်းသွက်ကာ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရသည်။

     ယခင် ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်လျက် ရှိသော ဂေါ်ဖီထုတ်(ခေါ်)မုန်လာထုတ် ဈေးနှုန်းမှာ ဂေါ်ဖီထုတ် (ခေါ်)မုန်လာထုတ် အကြီး တစ်ထုတ်လျှင် (၃၀၀၀)ကျပ်၊ ဂေါ်ဖီထုတ်(ခေါ်) မုန်လာထုတ် အသေး တစ်ထုတ်လျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်း ကောင်း  ပန်း‌ဂေါ်ဖီ ဈေးနှုန်းမှာ ပန်းဂေါ်ဖီ အကြီး တစ်ပွင့်လျှင် (၄၀၀၀)ကျပ် နှင့် ပန်းဂေါ်ဖီ အသေး တစ်ပွင့်လျှင်(၃၅၀၀)ကျပ်၊ ဈေးနှုန်းများဖြင့် ရောင်းချသောကြောင့် ယခင်အပတ်ဖြင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက ပန်းဂေါ်ဖီ တစ်ပွင့်လျှင်(၅၀၀)ကျပ်မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကုန်စိမ်း သီးနှံအစုံရောင်းချသူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့မှာ ရောင်းချနေသော နှင်းသီး(ခေါ်)လေချူသီး နှင့် ဩဇာသီး ဈေးနှုန်း

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်သီးနှံ ဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ နှင်းသီး(ခေါ်)လေချူသီးပင်၊ မန်ကျည်းသီးပင် နှင့် မာလကာသီးပင်များကိုလည်း မိမိတို့ နေအိမ် ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး နှင်းသီး(ခေါ်) လေချူသီးများကို ရှမ်းစုကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

    နှင်းသီး(ခေါ်)လေချူသီးသည် သွေးအားကောင်းစေခြင်း၊ ဝမ်းဗိုက်လေချုပ်ခြင်းကို ကောင်းမွန် စေခြင်း၊ ကောင်းစွာအိပ်ပျော်စေခြင်း ၊ မျက်စိအမြင်အာရုံကောင်းစေခြင်း စသည့် ကျန်းမာရေးအတွက် အထောက်အကူပြုသည့်အတွက် လူကြိုက်များသော သရေစာအသီးတစ်မျိုးဖြစ်ပါသည်။

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နှင်းသီး(ခေါ်)လေချူ သီး ဈေးနှုန်းများမှာ နှင်းသီး(ခေါ်) လေချူသီး တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ နှင်းသီး(ခေါ်)လေချူသီး (၅၀)ကျပ်သားလျှင်(၁၂၀၀၀)ကျပ်နှင့် နှင်းသီး(ခေါ်)လေချူသီး (၂၅)ကျပ်သားလျှင်(၆၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့်လည်းကောင်း ဩဇာသီး ဈေးနှုန်းအနေဖြင့် ဩဇာသီး အကြီးတစ်လုံးလျှင်(၇၀၀)ကျပ် (၃)လုံး (၂၀၀၀)ကျပ်နှင် ဩဇာသီး အသေး တစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေး၌ သစ်သီးမျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း