ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်းရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများအခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိဈေးများတွင် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)အတွင်း ‌ရွှေဘိုပေါ်ဆန်း (သစ်)(တစ်အိတ်)လျှင် ၁၂၅,၀၀၀ကျပ်၊ ‌ရွှေဘိုပေါ်ဆန်း (ဟ)(တစ်အိတ်)လျှင် ၁၆၀,၀၀၀ကျပ်၊ ဧရာမင်း(ဆန်) (သစ်) (တစ်အိတ်)လျှင် ၁၁၅,၀၀၀ကျပ်၊ ဧရာမင်း(ဆန်) (ဟောင်း) (တစ်အိတ်)လျှင် ၁၆၀,၀၀၀ကျပ်၊ ဧည့်မထ ဆန်(သစ်)  (တစ်အိတ်)လျှင် ၆၈,၀၀၀ကျပ်၊ ဧည့်မထ ဆန်(ဟောင်း)  (တစ်အိတ်)လျှင် ၁၀၅,၀၀၀ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ကျပ်၊ နှမ်းဆီ (တစ်ပိဿာ) လျှင် ၁၂၅၀၀ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၅၅၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀ကျပ်မှ ၈၀၀ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) လျှင် ၁၁၅၀၀ကျပ်မှ ၁၂၀၀၀ကျပ်၊ ကြက်သွန်နီ(သစ်) (တစ်ပိဿာ)လျှင် ၂၈၀၀ကျပ်မှ ၃၂၀၀ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) (တစ်ပိဿာ) လျှင် ၁၃၅၀၀ကျပ်မှ ၁၄၀၀၀ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) လျှင် ၁၃၅၀၀ကျပ်မှ ၁၄၀၀၀ကျပ်၊ အာလူး (တစ်ပိဿာ) လျှင် ၂၈၀၀ကျပ်မှ ၃၀၀၀ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၂၈၀၀ကျပ်မှ ၃၀၀၀ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၈၇၀၀ကျပ်မှ ၉၀၀၀ကျပ၊ ခရမ်းချဉ်သီး (တစ်ပိဿာ) လျှင် ၁၂၀၀ကျပ်၊ ဂေါ်ဖီထုပ် (တစ်ထုပ်) လျှင် ၈၀၀ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)(တစ်စည်း) လျှင် ၆၀၀ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် ၁၁၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်၊ ဝက်သား (တစ်ပိဿာ) လျှင် ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်၊ အမဲသား (တစ်ပိဿာ) လျှင် ၁၉၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင် ၁၉၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၁၁၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၅၀ကျပ်၊ ဘဲဥ (၁)လုံးလျှင် ၃၅၀ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်၊ ဖရဲသီး (၂၁၁) (၁)လုံးလျှင် (၁၀၀၀-၃၀၀၀) ကျပ်အတွင်း စသည်ဖြင့် ဈေးနှုန်းအသီသီးရှိကြောင်းသိရှိရပါသည်။

  ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက အခြေခံစားသောက်ကုန်များဖြစ်သည့် နနွင်းတက်၊ ကြက်သွန်နီဈေးနှုန်းများ အနည်းငယ်အတက်အကျရှိနေပြီး  စားအုန်းဆီဈေးနှုန်းများမှာ ရည်ညွှန်းဈေးအပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီ/ လက်ကားရောင်းဝယ်ဖောက်ကားရောင်းချနေသော ကုန်သည်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)     

 

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်းပြောင်းလဲမှုအခြေအနေ

    မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ်ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများမှာ ဈေးပိုကောင်းလျက်ရှိကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်းသတင်းများအရသိရသည်။

မတ်ပဲ

       မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၅၄၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၉၂၅၀၀ဖြင့်အရောင်း အဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်လေးသောင်းကျော်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၁၅အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ပဲစဉ်းငုံ

       မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၅၄၄၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၁၀၃၄၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ငါးသောင်းကျော်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၁၅အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ပဲတီစိမ်း

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၄၅၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၅၉၀၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းကျော်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ  ၂၀အိတ်မှ ၃၀အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ကုလားပဲ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ်၆၈၀၀၀၊ 929  တစ်တင်းလျှင် ကျပ်၆၃၃၀၀၊ ထိုင်ဝမ်တစ်တင်းလျှင် ကျပ်၆၁၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ်၉၆၀၀၀၊ 929  တစ်တင်းလျှင် ကျပ်၉၄၀၀၀၊ ထိုင်ဝမ်တစ်တင်းလျှင် ကျပ်၉၃၅၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းကျော်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀အိတ်မှ ၇၀အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

စွန်တာနီ/ပြာ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၄၅၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၅၅၀၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းကျော်ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၂၀အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ထောပတ်ပဲ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၄၅၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၁၀၅၀၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ခြောက်သောင်းခန့်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၁၅အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

အစေ့ထုတ်ပြောင်း

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ပြောင်းတစ်တင်းလျှင် ကျပ်၁၇၈၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊  ဇန်နဝါရီလ(ပထမပတ်)တွင် ပြောင်းတစ်တင်းလျှင် ကျပ်၁၈၂၀၀ဖြင့်အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်လေးရာပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၁၅အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

မြေပဲဆံသီးနှံ

      မုံရွာကုန်စည်ဒိုင်၌  ယခင်နှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် မြေပဲဆံနီတစ်ပိဿာလျှင် ကျပ်၅၇၅၀၊ မြေပဲဆံဖြူတစ်ပိဿာလျှင် ကျပ်၅၁၅၀ဖြစ်ခဲ့ပြီး ယခုနှစ်၊  ဇန်နဝါရီလ(ပထမပတ်)တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ်၆၃၀၀၊ မြေပဲဆံဖြူတစ်ပိဿာလျှင် ကျပ်၆၂၅၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်ပိဿာလျှင် ကျပ်တစ်ထောင်ကျော်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀အိတ်မှ ၇၀အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

နှမ်းမျိုးစုံသီးနှံ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် နှမ်းနက်တစ်တင်းလျှင် ကျပ်၈၂၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်၈၆၅၀၀၊ နှမ်းညိုတစ်တင်းလျှင် ကျပ်၇၂၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် နှမ်းနက်တစ်တင်းလျှင် ကျပ်၁၁၈၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်၁၁၀၅၀၀၊ နှမ်းညိုတစ်တင်းလျှင် ကျပ်၈၉၀၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းကျော်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅၀အိတ်မှ ၇၀အိတ်ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်းများစာရင်းအရသိရပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသည့်ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေနိုင်သည့် မှတ်တိုင်တစ်ခု

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင်ဖွဲ့စည်းထားသည့် ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ ကိုယ်စားလှယ်(၅)ဦးတို့အနေဖြင့် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့မှ (၁၄)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၊ ဆန်ဝေးဟိုတယ်တွင်ကျင်းပခဲ့သည့် Regional Workshop သို့  တက်ရောက်ဆွေးနွေးခဲ့ကြောင်း၊ ဆက်လက်၍ ဒီဇင်ဘာလ (၁၅) ရက်နေ့မှ (၁၆)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၊ ခွန်ပစ်ခန်းမတွင်ကျင်းပခဲ့သည့် ကုန်စည်ပြပွဲတွင် ရွှေဘိုပေါ်ဆန်းမွှေးဆန်နှင့် ချက်ပြုတ်ထားသည့် ထမင်းကိုပါပြသခဲ့ရာ စိတ်ဝင်တစားဝင်ရောက်ကြည့်ရှုခဲ့ကြပြီး ရွှေဘိုပေါ်ဆန်းမွှေးဆန်ရောင်းချပေးရန် တောင်းဆိုမှုများလည်းရှိခဲ့သည့်အပြင် ကမ္ဘောဒီးယားနိုင်ငံတွင် လက်ရှိ GI ထုတ်ကုန်ပစ္စည်းများထုတ်လုပ်သည့် နေရာများသို့လည်း သွားရောက်လေ့လာခွင့်ရခဲ့ကြောင်းသိရှိရပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် မိုးစပါးစိုက်ပျိုးရာသီတွင် ရွှေဘိုပေါ်ဆန်းစပါးများကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ (၂၀၂၃-၂၀၂၄) ခုနှစ်တွင် ရွှေဘိုပေါ်ဆန်းစပါး (၃၂၆၅၉၈)ဧက၊ ဧရာမင်းစပါး (၂၁၀၆၆၉)ဧက၊ အခြားမျိုးကွဲစပါး (၁၀၆၃၄၈)ဧက၊ စုစုပေါင်း (၆၄၃၆၁၅)ဧကစိုက်ပျိုးခဲ့ရာ ရွှေဘိုပေါ်ဆန်းစပါးမှာ ရွှေဘိုတစ်ခရိုင်လုံးစိုက်ဧက၏ (၅၀)ရာခိုင်နှုန်းကျော်စိုက်ပျိုးခဲ့ကြောင်း၊ လက်ရှိအချိန်တွင် စိုက်ပျိုးထားသည့်ရွှေဘိုပေါ်ဆန်းစပါးများ လှိုင်လှိုင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း၊ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း၏ ကိုယ်စားလှယ်များအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ ခရီးစဉ်၏ Regional Workshop တွင် ရွှေဘိုပေါ်ဆန်းအကြောင်းများကိုဆွေးနွေးခြင်း၊ ကုန်စည်ပြပွဲတွင် ရွှေဘိုပေါ်ဆန်းမွှေးဆန်နှင့်ချက်ပြုတ်ထားသည့် ထမင်းကိုပါပြသခဲ့ရာ ရွှေဘိုပေါ်ဆန်းမွှေးဆန်ရောင်းချပေးရန် တောင်းဆိုမှုများရှိခဲ့၍ ဈေးကွက်ချိတ်ဆက်နိုင်ခြင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ လက်ရှိ GI ထုတ်ကုန်ပစ္စည်းများထုတ်လုပ်သည့် နေရာများသို့လည်း သွားရောက်လေ့လာခွင့်ရရှိခဲ့ခြင်းတို့ကြောင့် ရွှေဘိုပေါ်ဆန်းကို ပြည်တွင်းတွင်သာမက ပြည်ပနိုင်ငံများအထိ သိရှိနိုင်အောင်ဆောင်ရွက်နိုင်ခဲ့သည့် မှတ်တိုင်တစ်ခုဖြစ်သည့်အပြင် အဆိုပါခရီးစဉ်မှ အစပြု၍ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသည့် ကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်စေနိုင်ပြီး လက်ရှိဆောင်ရွက်လျက်ရှိသည့် ရွှေဘိုပေါ်ဆန်း GI ရရှိရေးအတွက် ဆောင်ရွက်နေသည့်လုပ်ငန်းများအတွက်ပါ များစွာအထောက်အကူဖြစ်၍ ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ အကျိုးရှိသည့်ဆောင်ရွက်မှုစ်ခုဖြစ်ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

မိတ္ထီလာကုန်စည်ဒိုင်၌ ဖြစ်ပေါ်နေသောသီးနှံဈေးနှုန်းဈေးကွက်အခြေအနေ

    ဇန်နဝါရီလ ပထမပတ်အတွင်း မိတ္ထီလာကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော သီးနှံများ၏ ဈေးနှုန်းများမှာ ဆီထွက်သီးနှံဖြစ်သည့် နှမ်းညို(သစ်) တစ်တင်းလျှင် (၈၈၀၀၀-၈၉၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင်  (၁၀၀၀၀-၁၀၅၀၀၀)ကျပ်၊ နေကြာစေ့ တစ်ပိဿာလျှင် (၄၂၀၀-၄၃၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်၊ နှမ်းဖတ် တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ နေကြာဖတ် တစ်ပိဿာလျှင်(၁၈၀၀)ကျပ်၊ ပဲဖတ် တစ်ပိဿာလျှင်(၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခင်လနှင့် ယခုလကာလ တူနှိုင်းယှဉ်လျှင် နှမ်းညို တစ်တင််းလျှင်(၃၀၀၀)ကျပ်ခန့် ဈေးနှုန်းမြှင့်တက်လာပြီး နှမ်းဖြူဈေးနှင့် ဆီ၊ ပဲဖတ်၊နှမ်းဖတ်နေကြာဖတ် ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိပါသည်။

      ပဲမျိုးစုံဈေးနှုန်းအနေဖြင့် ပဲစဉ်းငုံနှင့်ထောပတ်ပဲဈေးနှုန်းမှာ ပဲစဉ်းငုံအသစ် တစ်တင်းလျှင် (၁၀၃၀၀၀)ကျပ် ၊ထောပတ်ပဲ တစ်တင်းလျှင် (၁၁၀၀၀၀)ကျပ်၊ ကုလားပဲ တစ်တင်းလျှင်(၈၈၀၀၀-၉၀၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

        အခြားသီးနှံဈေးနှုန်းများမှာ ဝါ တစ်ပိဿာလျှင် (၃၀၀၀-၃၃၀၀)ကျပ်၊ ကြက်သွန်နီ(သစ်) တစ်ပိဿာလျှင် (၂၇၀၀-၃၀၀၀)ကျပ်၊ ငရုတ်သစ် တစ်ပိဿာလျှင်(၉၅၀၀-၁၀၀၀၀)ကျပ်ရှိပြီး ယခင်လ နှင့် ယခုလနှိုင်းယှဉ်လျှင် ဝါ တစ်ပိဿာလျှင်(၃၀၀)ကျပ်၊ ငရုတ်သစ် တစ်ပိဿာလျှင်(၅၀၀)ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင်(၁၀၀)ကျပ်ခန့် ဈေးနှုန်းအနည်းငယ်မြင့်တက် လာကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

         

“ဈေးကောင်းနေဆဲ မိုးကြက်သွန်နီ” 

   မိတ္ထီလာခရိုင်အတွင်း မိုးကြက်သွန်နီ စိုက်ပျိုးမှုနည်းသော်လည်း ဈေးကောင်းရကြောင်း သိရသည်။ မိုးကြက်သွန်နီကို ဥသေးလေးများဖြင့် တစ်ဧကလျှင် ပိဿာ (၄၀၀) စိုက်ပျိုးရပါသည်။ ယခုနှစ် မျိုးဥဈေးမှာ တစ်ပိဿာ (၂၀၀၀)ကျပ် ရှိခဲ့ပြီး မြေဩဇာ၊ လုပ်သားခများမှာလည်း မြင့်တက်လာခဲ့ပါသည်။ သို့သော်လည်း ကြက်သွန်နီဈေးအနေနှင့် မြစ်သားမျိုးတစ်ပိဿာ (၂၈၀၀) ကျပ်ထက် ကျော်လွန်၍ (၂၉၀၀) ကျပ် ထိဈေးကောင်းရကြောင်းသိရသည်။ မိုးကြက်သွန်နီမှာ စိုက်ပျိုးမှုနည်းသဖြင့် နယ်ဝေးတင်ပို့ရာ၌ ဒီဇင်ဘာလပထမပတ်အတွင်း ရန်ကုန်သို့ (၁၂) ဘီးကားဖြင့်လည်းကောင်း၊ ပဲခူးသို့ (၆) ဘီးကားဖြင့် အခြားကုန်များနှင့်ရော၍လည်းကောင်း တင်ပို့နိုင်ကြောင်း သိရသည်။

DOCA(မန္တလေး)

 

“ဒေသထွက်သီးနှံများ ဈေးကောင်းရ” 

    မိတ္ထီလာခရိုင်အတွင်း လက်ရှိရိတ်သိမ်းနေသော ပြည်တွင်း၊ပြည်ပ ပို့ကုန်သီးနှံများ ဈေးကောင်းရနေကြောင်း သိရသည်။ ခရိုင်အတွင်း မိုးဦးကျ မေ၊ ဇွန်များက သီးထပ်၊ သီးညှပ်စိုက်ပျိုးခဲ့သော ပဲစဉ်းငုံ နှင့်ထောပတ်ပဲ၊ နေကြာ၊ ငရုတ်၊ ကြက်သွန်နီ၊ နွားစားပြောင်းတို့မှာ ယခုအခါ ရိတ်သိမ်းနေကြောင်း သိရသည်။ပဲစဉ်းငုံသီးနှံမှာ ယခင်နှစ်များနှင့်မတူညီဘဲ ကွက်ကြားရိတ်သိမ််းနေရကြောင်း သိရသည်။ ထောပတ်ပဲမှာလည်း ဒေသတွင်းစားသုံးမှုအပြင် ဝယ်လိုအားများခြင်းကြောင်း ဈေးမြင့်နေပါသည်။ နေကြာကို တောင်သူမျာအနေနှင့် စားသုံးဆီ ဈေးမြင့်လာခြင်းကြောင့် ၎င်းတို့ကိုယ်တိုင် စားသုံးရန် ရည် ရွယ်စိုက်ပျိုးကြောင်း သိရသည်။ အလားတူ နွားစားပြောင်းကိုလည်း တစ်နိုင်တစ်ပိုင်မွေးမြူထားသော နွားများအတွက်သာဖြစ်ကြောင်း သိရသည်။ ဒေသတွင်းတောင်သူရောင်းချနေသော ဈေးများမှာ ပဲစဉ်းငုံ တစ်တင်း (၁၀၄၅၀၀) ကျပ်၊ ထောပတ်ပဲ တစ်တင်း (၁၂၈၀၀၀) ကျပ်၊ ငရုတ် တစ်ပိဿာ (၁၂၀၀၀) ကျပ်တို့ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

ဇန်နဝါရီလ ပထမပတ်တွင် ဈေးနှုန်းအနည်းငယ်မြင့်တက်လာသည့် ရွှေဘိုနှမ်း

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ဇန်နဝါရီလ၊ ပထမပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့်သီးနှံနှင့် ဈေးနှုန်းအခြေအနေများနှင့်စပ်လျဉ်း၍ ရွှေဘိုမြို့၊ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။ နှမ်းဖြူ၊ နှမ်းနက်များမှာ နိုဝင်ဘာလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး ဇန်နဝါရီလ၊ ပထမပတ်ထိဝင်ရောက်လျက်ရှိကြောင်း၊ ယခုအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းများမှာ နှမ်းဖြူတစ်တင်းလျှင် (၁၀၆၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၂၇၀၀)တင်း/(၆၆)တန်ဖြစ်ကြောင်း၊ နှမ်းနက်တစ်တင်းလျှင် (၁၁၃၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၃၆၀၀)တင်း/(၈၈)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ နှမ်းဖြူတစ်တင်းလျှင် (၁၀၂၅၀ဝိ/-)ကျပ်နှင့် နှမ်းနက်တစ်တင်းလျှင် (၁၁၀၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် နှမ်းဖြူတစ်တင်းလျှင် (၃၅၀ဝိ/-)ကျပ်နှင့် နှမ်းနက်တစ်တင်းလျှင် (၃၀၀ဝိ/-) ကျပ် ဈေးပိုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဖြစ်ပေါ်နေသော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်း/ ဈေးကွက်အခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ စတုတ္တပတ်တွင်    ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် အာမို (၁၀:၁၀:၅) တစ်အိတ်လျှင် (၈၇,၀၀၀)ကျပ်၊ ‌ရွှေကောမတ် (၂၀:၁၂:၁၂)တစ်အိတ်လျှင် (၁၂၇,၀၀၀)ကျပ်၊ ယူရီးယား (ရွှေတောင်)တစ်အိတ်လျှင် (၉၀,၀၀၀)ကျပ်၊ တီစူပါ၄၆% သံကွင်း(တရုတ်) တစ်အိတ်လျှင် (၈၅,၀၀၀) ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ်လျှင် (၈၈၀၀၀)ကျပ်၊ မျှားကမ္ဘာ(တရုတ်) တစ်အိတ်လျှင် (၇၇,၀၀၀)ကျပ်၊ ပုလဲ(ရွှေတောင်)တစ်အိတ်လျှင် (၈၂,၀၀၀)ကျပ်၊ တီစူပါတစ်အိတ်လျှင် (၇၄,၀၀၀) ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ)တစ်အိတ်လျှင် (၁၆၅,၀၀၀)ကျပ်၊ ပန်းဖူး(မြန်မာ့သြဘာ) တစ်အိတ်လျှင် (၈၅၀၀၀) ကျပ်၊ အာမို(၁၅:၁၅:၁၅)တစ်အိတ်လျှင် (၁၃၅,၀၀၀)ကျပ်၊ သံဂွန်း (၁၅:၁၅:၁၅)တစ်အိတ်လျှင် (၉၀,၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅)တစ်အိတ်လျှင် (၁၅၄,၀၀၀)ကျပ်၊ MC (ကွန်ပေါင်း) တစ်အိတ်လျှင် (၁၄၀,၀၀၀)ကျပ်၊ ဇာမဏီ (ကွန်ပေါင်း) တစ်အိတ်လျှင် (၇၁,၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ပိုးသတ်ဆေးအမျိုးအစားများဖြစ်သည့် စတား(အာမို) (100CC)တစ်ဘူးလျှင် (၅,၅၀၀)ကျပ်၊ လန်ဒါ (ဝိစာရ) (500CC)တစ်ဘူးလျှင် (၁၇,၅၀၀) ကျပ်၊ ဘက်တား (100CC)တစ်ထုပ်လျှင် (၂၁,၅၀၀)ကျပ်၊ ဆန်နာဂျီ(100CC) တစ်ထုပ်လျှင် (၁၈,၀၀၀) ကျပ်၊ ရွှေတောနစ် (မြင်းကြား) (500CC)တစ်ဘူးလျှင် (၁၁၅၀၀)ကျပ်၊ မိုရယ်မုန် (500CC)တစ်ဘူးလျှင် (၂၅,၅၀၀)ကျပ်၊ ဖို့စတင်း(သြဘာ) (1Liter)တစ်ဘူးလျှင် (၃၄,၅၀၀) ကျပ်၊ ဒါနာဒင်(ဩဘာ) (1Liter)တစ်ဘူးလျှင် (၅၁၀၀၀) ကျပ်၊ အစီဖိတ် (ဩဘာ)(500g)တစ်ဘူးလျှင် (၂၇,၀၀၀)ကျပ်၊ ရွှေစိုက်ပါ(1Liter)တစ်ဘူးလျှင် (၃,၀၀၀၀)ကျပ်၊ အီမာ(1Liter) တစ်ဘူးလျှင် (၃၅,၀၀၀) ကျပ်၊ သန်းဒါး(10CC) တစ်ဘူးလျှင် (၁,၈၀၀)ကျပ်၊ ဒိုဇာ(10g)တစ်ဘူးလျှင် (၂,၀၀၀)ကျပ်၊ ထိသေ/စားသေ (1Liter) တစ်ဘူးလျှင် (၁၃၃၀၀)ကျပ်၊ ပင်လုံးပြန့်(1Liter) တစ်ဘူးလျှင် (၂၅,၅၀၀)  ကျပ်ဖြင့်  အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရသည်။

     ဇန်နဝါရီလ ပထမပတ်တွင်    ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် အာမို (၁၀:၁၀:၅) တစ်အိတ်လျှင် (၈၇,၀၀၀)ကျပ်၊ ‌ရွှေကောမတ်(၂၀:၁၂:၁၂)တစ်အိတ်လျှင် (၁၂၇,၀၀၀)ကျပ်၊ ယူရီးယား (ရွှေတောင်)တစ်အိတ်လျှင် (၉၀,၀၀၀)ကျပ်၊ တီစူပါ၄၆% (သံကွင်း(တရုတ်) တစ်အိတ်လျှင် (၈၅,၀၀၀) ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ်လျှင် (၈၈၀၀၀)ကျပ်၊ မျှားကမ္ဘာ(တရုတ်) တစ်အိတ်လျှင် (၇၇,၀၀၀)ကျပ်၊ ပုလဲ(ရွှေတောင်)တစ်အိတ်လျှင် (၈၂,၀၀၀)ကျပ်၊ တီစူပါတစ်အိတ်လျှင် (၇၄,၀၀၀) ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ)တစ်အိတ်လျှင် (၁၆၅,၀၀၀)ကျပ်၊ ပန်းဖူး(မြန်မာ့သြဘာ) တစ်အိတ်လျှင် (၈၅၀၀၀) ကျပ်၊ အာမို(၁၅:၁၅:၁၅)တစ်အိတ်လျှင် (၁၃၅,၀၀၀)ကျပ်၊ သံဂွန်း (၁၅:၁၅:၁၅)တစ်အိတ်လျှင် (၉၀,၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅)တစ်အိတ်လျှင် (၁၅၄,၀၀၀)ကျပ်၊ MC (ကွန်ပေါင်း) တစ်အိတ်လျှင် (၁၄၀,၀၀၀)ကျပ်၊ ဇာမဏီ (ကွန်ပေါင်း) တစ်အိတ်လျှင် (၇၁,၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ရှိခဲ့ပြီး ပိုးသတ်ဆေးအမျိုးအစားများဖြစ်သည့် စတား(အာမို) (100CC)တစ်ဘူးလျှင် (၅,၅၀၀)ကျပ်၊ လန်ဒါ (ဝိစာရ) (500CC) တစ်ဘူးလျှင် (၁၇,၅၀၀) ကျပ်၊ ဘက်တား (100CC) တစ်ထုပ်လျှင် (၂၁,၅၀၀)ကျပ်၊ ဆန်နာဂျီ(100CC) တစ်ထုပ်လျှင် (၁၈,၀၀၀) ကျပ်၊ ရွှေတောနစ် (မြင်းကြား) (500CC) တစ်ဘူးလျှင် (၁၁၅၀၀)ကျပ်၊ မိုရယ်မုန် (500CC) တစ်ဘူးလျှင် (၂၅,၅၀၀)ကျပ်၊ ဖို့စတင်း(သြဘာ) (1Liter) တစ်ဘူးလျှင် (၃၄,၅၀၀) ကျပ်၊ ဒါနာဒင်(ဩဘာ) (1Liter)တစ်ဘူးလျှင် (၅၁၀၀၀) ကျပ်၊ အစီဖိတ် (ဩဘာ)(500g) တစ်ဘူးလျှင် (၂၇,၀၀၀)ကျပ်၊ ရွှေစိုက်ပါ (1Liter)တစ်ဘူးလျှင် (၃,၀၀၀၀)ကျပ်၊ အီမာ(1Liter) တစ်ဘူးလျှင် (၃၅,၀၀၀) ကျပ်၊ သန်းဒါး(10CC) တစ်ဘူးလျှင် (၁,၈၀၀)ကျပ်၊ ဒိုဇာ(10g)တစ်ဘူးလျှင် (၂,၀၀၀)ကျပ်၊ ထိသေ/စားသေ (1Liter)တစ်ဘူးလျှင် (၁၃၃၀၀)ကျပ်၊ ပင်လုံးပြန့် (1Liter) တစ်ဘူးလျှင် (၂၅,၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်အပတ်နှင့် ယခုအပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ဈေးနှုန်းများ အနည်းငယ်ပြောင်းလဲမှုရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကော်ဖီစေ့သီးနှံ ဈေးကွက်အခြေအနေ

    ရှမ်းပြည်နယ်(တောင်ပိုင်း) မှ ထွက်ရှိသော ကော်ဖီသီးနှံများကို ၂၀၂၃ ဒီဇင်ဘာလမှစ၍ စတင်ဆွတ်ခူးနေကြပြီဖြစ်ပါသည်။ ကော်ဖီသီးနှံများကို များသောအားဖြင့် ဖေဖော်ဝါရီလတွင် စတင်စိုက်ပျိုးထောင်ကြပြီး ဇွန်လ နှင့် ဇူလိုင်လများတွင် စိုက်ပျိုးကြပါသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း) တွင်  ကော်ဖီသီးနှံများကို ကလော၊ ရွာငံ၊ ပင်းတယ၊ ပင်လောင်း၊ ဟိုပုံးတို့တွင် အများဆုံး စိုက်ပျိုးကြပါသည်။ ဟိုပုံးနှင့် ရွာငံဒေသတို့တွင် ယခုနှစ် ဒီဇင်ဘာလမှစ၍ ကော်ဖီအစိုစေ့များ စတင်ထွက်ပေါ်နေပြီဖြစ်ပြီး လက်ရှိပေါက်ဈေးအနေဖြင့် ဟိုပုံးမှ ထွက်ရှိသော ကော်ဖီအစိုစေ့ တစ်ပိဿာလျှင် (၃၄၀ဝိ/- မှ ၃၆၀ဝိ/-)ကျပ် ၊ ရွာငံဒေသမှ ထွက်ရှိသော ရိုးရိုးကော်ဖီ အစိုသီးမှာ တစ်ပိဿာလျှင် (၃၆၀ဝိ/-) ကျပ် ဖြစ်၍ အထူးတန်းသီးမှာ တစ်ပိဿာလျှင် (၄၀၀ဝိ/-) ကျပ်ဖြစ်ပြီး ကော်ဖီအရည်အသွေးပေါ် မူတည်၍ ဈေးနှုန်းကွဲပြားမှုအနည်းငယ်လျက်ရှိကြောင်း သိရှိရပါသည်။ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် အထွက်အများဆုံးကော်ဖီမှာ အာရေးဗီးကား (Ariba) ကော်ဖီဖြစ်ပြီး လက်ရှိတွင် ဒေသတွင်းတွင်သာ အရောင်းအဝယ်ရှိပြီး အခြားပြည်တွင်း၊ ပြည်ပ ဈေးကွက်များသို့ တင်ပို့ရောင်းချခြင်းမရှိသေးကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ပခုက္ကူမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာရှိ ငရုတ် စိုက်တောင်သူနှင့်တွေ့ဆုံဆွေးနွေး

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သူဇာကျော်သည် (၂.၁.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် ပခုက္ကူမြို့နယ်၊ ကုက္ကိုလှကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာရှိ  ငရုတ်စိုက်တောင်သူနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။         

        အဆိုပါ ငရုတ်စိုက်တောင်သူနှင့် တွေ့ဆုံရာတွင်  စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုသာမက ပြည်တွင်းကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တောင်သူများထံမှ စိုက်ပျိုးသီးနှံများ၏ အမှန်တကယ် စိုက်ဧက၊ ကုန်ကျစရိတ်၊ ဝင်ငွေ၊ အကျိုးအမြတ်နှင့် ဓာတ်မြေဩဇာ/ ပိုးသတ်ဆေးဈေးနှုန်းတို့ကိုလည်း ကွင်းဆင်းကောက်ယူပြီး  အထက်ဌာနအဆင့်ဆင့်သို့ တင်ပြပေးနေခြင်းဖြစ်ကြောင်း ချပြရှင်းလင်းပါသည်။

       ငရုတ်စိုက်တောင်သူမှ ယခုအချိန်တွင် ငရုတ်သီးနှံကို စိုက်ပျိုးထားချိန်ဖြစ်ကြောင်း၊ ငရုတ်ပျိုးဘောင်များကို ကံလှ၊ တင်းဂတ်၊ ငကျော်၊ မြင်းဝန်း ကျေးရွာများမှ ဝယ်ယူကြောင်း၊ ဝါးတစ်ပြန်ခန့် ပျိုးဘောင်(၁)ဘောင်လျှင် ကျပ်(၃၅၀၀၀)ဖြင့်ဝယ်ရကြောင်း၊ ပန်းရဲ၊ ဟော့အေသင်၊ မျှားနီ(ပဒေသာ) ငရုတ်အမျိုးအစားများ စိုက်ပျိုးပြီး တစ်ဧကလျှင် ပျိုးဘောင်(၈)ပြန် မှ (၁၂)ပြန်ကြား စိုက်ပျိုးရ ကြောင်း၊ လုပ်အားခမှာ အမျိုးသားတစ်ဦး တစ်နေ့လျှင်ကျပ်(၈၀၀၀)ပေးရပြီး၊ အမျိုးသမီးတစ်ဦး တစ်နေ့လျှင် ကျပ်(၅၀၀၀)ပေးရကြောင်း၊ တစ်ပတ်လျှင် ပိုးသတ်ဆေး တစ်ကြိမ် ပက်ဖြန်းရပြီး ကုန်ကျစရိတ်မှာ ကျပ်(၃၅၀၀၀ မှ ၄၀၀၀၀)ရှိကြောင်း၊ တစ်ဧကလျှင် ကုန်ကျစရိတ်မှာ ကျပ် (၁၃)သိန်းမှ ကျပ်(၁၅)သိန်းခန့်ထိရှိကြောင်း၊ နတ်တော်၊ ပြာသိုလတွင် စတင်စိုက်ပျိုးပြီး စိုက်ပျိုးချိန် (၄)လခန့် အကြာ တပိုတွဲ၊ တပေါင်းတွင် ငရုတ်ပေါ်ကြောင်း၊ ငရုတ်သီးခြောက်များကို ပခုက္ကူမြို့ပေါ်ရှိ ပွဲရုံများနှင့်ရွာသို့လည်း ပွဲစားများကိုယ်တိုင်ဆင်း၍ လာရောက်ဝယ်ယူကြောင်း၊  ယခင်နှစ်တွင်ငရုတ် ခြောက် တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)ထိ ဈေးကောင်းရသဖြင့် အကျိုးအမြတ်များရှိကြောင်း၊ ယခုနှစ်တွင် လက်ရှိစိုက်ပျိုးချိန်တွင် တစ်ပိဿာလျှင် ကျပ်(၇၀၀၀)ဈေးသာရှိသဖြင့် ဈေးနည်းသေး ပါကြောင်း၊ ငရုတ်ခြောက်ပေါ်ချိန်တွင် ဈေးကောင်းရနိုင်ရန်မျှော်လင့်ကြောင်း၊ ပိုးသတ်ဆေး/ ဓာတ်မြေဩဇာများကိုလည်း ဈေးနှုန်းအသင့်အတင့်ရနိုင်လျှင် တောင်သူများအတွက် သီးနှံများစိုက် ပျိုးရသည်မှာ ပို၍အကျိုးအမြတ်များရှိပါကြောင်း  ငရုတ်စိုက်တောင်သူတစ်ဦးမှ ပြန်လည်ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း