ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော နဂါးမောက်သီး နှင့် လိမ္မော်သီး ဈေးနှုန်း

      ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်သီးနှံ ဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင် နှင့် မာလကာသီးပင်များကိုလည်း မိမိတို့ နေအိမ် ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး နဂါးမောက်သီးများကို မန်ကျည်းအင်း ကျေးရွာ၊ အင်းကောင်းကျေးရွာ၊ ရှမ်းစုကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင် ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နဂါးမောက်သီး ဈေးနှုန်းများမှာ နဂါးမောက်သီး  အကြီး တစ်လုံးလျှင်(၁၅၀၀)ကျပ်၊  နဂါးမောက်သီး အသေး တစ်လုံး လျှင်(၅၀၀/၇၀၀/၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး လိမ္မော်သီး ဈေးနှုန်းများမှာ လိမ္မော်သီး တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ လိမ္မော်သီး(၅၀)ကျပ်သားလျှင်(၁၂၀၀၀)ကျပ် နှင့် လိမ္မော်သီး(၂၅)ကျပ် သားလျှင်(၆၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေး၌ သစ်သီးမျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

နဂါးမောက်သီး ဈေးနှုန်းဈေးကွက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင်  နဂါးမောက်သီးများ ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

     နဂါးမောက်သီးပင်များသည် အပူပိုင်းဒေသရာသီဥတုရှိရာ နေရာအနှံ့အပြားတွင် စိုက်ပျိုး ဖြစ်ထွန်းပြီး ရေငတ်ခံနိုင်သော ရှားစောင်းနွယ်ဝင်အပင်တစ်မျိုးဖြစ်သည်။ ယခုအခါတွင် မြန်မာ ပြည်အနှံ့ စိုက်ပျိုးလာကြောင်း တွေ့ရှိရသည်။ နဂါးမောက်သီးတွင် အဖြူ၊ အနီ၊ အဝါ သုံးမျိုးရှိရာ စားသုံးသူများမှာ အနီသီးကို ပိုမိုနှစ်သက်ကြသည်။

     ယခုဇူလိုင်လအတွင်း ဖြစ်ပေါ်နေသော နဂါးမောက်သီးဈေးနှုန်းမှာ နဂါးမောက်သီး အသေး (၁)လုံး လျှင် (၇၀၀) ကျပ်၊ နဂါးမောက်သီး အလတ်(၁)လုံးလျှင် (၁၀၀၀) ကျပ်နှင့် နဂါးမောက်သီး အကြီး (၁)လုံးလျှင် (၁၂၀၀) ကျပ် အထိရောင်းချလျက်ကြောင်း နဂါးမောက်သီး ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်အတွင်း ရောင်းချလျက်ရှိသော  တီလားဗီးယားငါး ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်တွင်း လမ်းပန်း ဆက်သွယ်ရေး အခက်ခဲများကြောင့်  ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

    ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါး များကို   ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထအပတ်တွင် ကျွန်းလှမြို့၏ တီလားဗီးယားငါး ဈေးနှုန်းများ အနေဖြင့် တီလားဗီးယားငါး(အကြီး)(၁)ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ တီလားဗီးယားငါးအကြီး (၅၀)ကျပ် သားလျှင် (၈၀၀၀)ကျပ်၊ တီလားဗီးယားငါးအသေး(၁)ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ တီလားဗီးယားငါး အသေး(၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ် ဈေးနှုန်းဖြင့်ရောင်းချကြောင်း တီလားဗီးယားငါးကို အကင် ဆိုင်များ၊ စားသောက်ဆိုင်များ၊ အာပူလျှာပူဆိုင်နှင့် မုန့်ဟင်းခါးဆိုင်များမှ အများဆုံး ဝယ်ယူ အသုံးပြုသည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သူထံမှ သိရ ါသည်။

DOCA(စစ်ကိုင်း)

ဈေးအနည်းငယ်ကျသည့် ဂျင်းတက်ဈေးနှုန်း

     ရွှေဘိုမြို့ရှိ ဈေးများတွင် ဂျင်းတက်များကို ရောင်းချလျက်ရှိရာ ဂျင်းတက်များကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့် မန္တလေးမြို့မှ ဝယ်ယူရကြောင်း၊ ဂျင်းတက်သည် အစာအ ဟာရအဖြစ်သော်လည်းကောင်း၊ ကျန်းမာရေးအတွက်ဆေးအဖြစ်သော်လည်းကောင်း အသုံး ပြုကြပြီး ဂျင်းလက်ဘက်ရောင်းချသူများမှလည်း ဂျင်းပေါက်အဖြစ်ပြန်လည်ရောင်းချရန် ဝယ်ယူကြကြောင်း သိရှိရပါသည်။

          ယခင်အပတ်တွင် ဖြစ်ပေါ်နေသော ဂျင်းတက်ဈေးနှုန်းမှာ (၁)ပိဿာလျှင် (၆၀၀ဝိ/-) ကျပ်ဖြစ်ပြီး ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (တတိယ)ပတ်တွင် ဖြစ်ပေါ်နေသော ဂျင်းတက်ဈေးနှုန်းမှာ (၁)ပိဿာလျှင် (၄၀၀ဝိ/-)ကျပ်ဖြစ်သဖြင့် ယခင်အပတ်နှင့် ယခုအပတ် နှိုင်းယှဉ်လျှင် ဂျင်းတက်ဈေးနှုန်းမှာ (၂၀၀ဝိ/-)ကျပ် ဈေးနှုန်းကျဆင်းကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဇူလိုင်လ စတုတ္ထပတ်တွင် ရောင်းချနေသော စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းများ

    ၂၀၂၅ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်၌ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ ဗန္ဓုလဈေး၊ သာစည်ဈေး၊ ပြည်ထောင်စုဈေးနှင့်  ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန် ဈေးသစ်တို့တွင် ရောင်းချနေသော စားဖိုဆောင်သီးနှံဈေးနှုန်းများ ကန်စွန်းရွက် ( ၁ )စည်းလျှင် ( ၂၀၀)ကျပ်၊ ငရုတ်သီးစိမ်း ( ၁ ) ပိဿာလျှင် ( ၁၀၀၀၀)ကျပ်၊ ငရုတ်သီးခြောက် ( ၁ )ပိဿာလျှင် ( ၁၂၀၀၀ )ကျပ်၊ ဂေါ်ဖီထုပ် ( ၁ ) ထုပ်လျှင် ( ၁၅၀၀)ကျပ်၊ ပဲတောင်ရှည် ( ၁ )စည်းလျှင် ( ၈၀၀)ကျပ်၊ ရုံးပတီသီး ( ၁၀ ) ကျပ်သား လျှင် (၆၀၀)ကျပ်၊ ဂျင်း ( ၁)ပိဿာလျှင် ( ၅၅၀၀)ကျပ်၊ နနွန်းတက် ( ၁ )ပိဿာလျှင် (၈၈၀၀)ကျပ်၊ နံနံပင်၊ ကျင်ဆိုင်နှင့် ပင်စိမ်း ( ၁ )စည်းလျှင် ( ၂၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ဇူလိုင်လ စတုတ္ထပတ်၏ မျှစ်စိမ်း၊ မျှစ်ချဉ်နှင့် မျှစ်ပြုတ်ဈေးနှုန်းများ

      ၂၀၂၅ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်၌ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ ဗန္ဓုလဈေး၊ သာစည်ဈေး၊ ပြည်ထောင်စု ဈေးနှင့်  ဝန်ထမ်း အိမ်ရာရှိ နန္ဒဝန် ဈေးသစ်တို့တွင် ရောင်းချနေသော မျှစ်ဈေးနှုန်းများ အနေဖြင့် မျှစ်ချဉ် ( ၁၀ )ကျပ်သားပါ အထုပ်သေး ( ၁ )ထုပ်လျှင် ( ၅၀၀)ကျပ်ဖြင့် လည်းကောင်း၊ မျှစ်စိမ်း ( ၁၀) ကျပ်သားလျှင် ( ၈၀၀ ) မျှစ်ပြုတ် ၁ ပုံလျှင် ( ၅၀၀) ကျပ်ဖြင့် လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိရာ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ( ၁၀၀)ကျပ်ခန့် မျှစ်ဈေးများ ပြန်လည် ကျဆင်းလာကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ဇူလိုင်လ စတုတ္ထပတ်၌ ရောင်းချနေသော ကြက်သွန်နီ/ဖြူဈေးနှုန်းများ

      ၂၀၂၅ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်၌ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ ဗန္ဓုလဈေး၊ သာစည်ဈေး၊ ပြည်ထောင်စုဈေးနှင့်  ဝန်ထမ်း အိမ်ရာရှိ နန္ဒဝန် ဈေးသစ်တို့တွင် ရောင်းချနေသော ကြက်သွန်နီဈေးနှုန်းများအနေဖြင့် ကြက်သွန်နီ (အသစ်) ၁ပိဿာလျှင် (၂၀၀၀)ကျပ်၊ ကြက်သွန်နီ( အဟောင်း) ၁ပိဿာလျှင် ( ၁၅၀၀)ကျပ်မှ ( ၁၈၀၀)ကျပ်ထိ အရွယ်အစားအလိုက် ဈေးနှုန်း အသီးသီးဖြင့် ရောင်းချနေကြောင်း၊ ကြက်သွန်ဖြူ(ရှမ်းစ) ၁ပိဿာလျှင် ( ၉၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) ၁ပိဿာလျှင် (၁၆၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ဆန်လှော်မရွှေး နှင့် ပေါက်ပေါက်ဆုတ် ဈေးနှုန်း

     ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်မျိုးစုံဆိုင်များ ရောင်းချလျက်ရှိရာမှ မြန်မာ့ရိုးရာ အစားအစာတစ်ခုဖြစ်သည့် ဆန်လှော်မ‌ရွေးကိုလည်း ရောင်းချလျက်ရှိကြောင်း၊ ဆန်လှော်မရွေးကိူ ‌ဒေသ ထွက်အစားအစာအဖြစ်  သဘာဝဆန်ကြမ်းဖြင့် ပြုလုပ်ပြီး ထန်းလျက်‌‌ရေ ၊ ကြံသကာရေ ‌လောင်းထား‌သော ဆန်လှော်မရွေးဖြစ်ပါသည်။ ဆန်လှော်မရွေးသည် ကြွပ်ကြွပ် ရွရွဖြင့် စားကောင်းပြီး ရေသောက် လျှင် ဗိုက်ပြည့်သော အစားအသောက်ဖြစ်သည့်အတွက် စားသုံးသူများမှ ဝယ်ယူစားသုံးကြမှုမှာ များပြား ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း နှင့် ဆန်လှော်မရွေးကို ရွှေဘိုမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း သစ်ရာမြိုင်ဈေးတွင် ဖြစ်ပေါ်နေ‌သော ဆန်လှော်မ‌ရွေး ဈေးနှုန်းအနေဖြင့် ဆန်လှော်မရွေး တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ဆန်လှော်မ‌ရွေး(၅၀)ကျပ်သားလျှင် (၅၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချခဲ့ပြီး ယခု ဇူလိုင်လ စတုတ္ထပတ်အတွင်း သစ်ရာမြိုင်ဈေးတွင် ဖြစ်ပေါ်နေ‌သော ဆန်လှော်မ‌ရွေး ဈေးနှုန်းအနေဖြင့် ဆန်လှော်မ‌ရွေး တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ဆန်လှော်မ‌ရွေး(၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချသောကြောင့် ယခင်အပတ်ထက် ဆန်လှော်မရွေးဈေးအနည်းငယ် ကျဆင်းလာကြောင်းနှင့် ပေါက်ပေါက်ဆုတ် ဈေးနှုန်းအနေဖြင့် ပေါက်ပေါက်ဆုတ် တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ပေါက်ပေါက်ဆုတ်(၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသာ ကုန်မျိုးစုံ ရောင်းချသည့် ဆိုင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချနေသည့် မူးငါးဈေးနှုန်းများ

      ရွှေဘိုမြို့ရှိ ဈေးများတွင် အသားငါးများကိုရောင်းချလျက်ရှိရာ မြစ်၊ ချောင်း၊အင်းအိုင်၊ မူးများမှ ရရှိသည့် မူးငါးများကိုလည်း ရောင်းချလျက်ရှိပါသည်။ မူးငါးများမှာ ငါးစဉ်းရိုင်း၊ ငါးဗျက်၊ ငါးမှုံတုံ၊ ပုဇွန်စိတ်နှင့်ဆလားဗီးယားများဖြစ်ကြောင်း၊ ငါးစဉ်းရိုင်းဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင် (၅၀၀ဝိ/-) ကျပ်၊ ငါးဗျက်နှင့်ငါးမှုံတုံဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင် (၄၀ဝဝိ/-)ကျပ်၊ ပုဇွန်စိတ်ဈေး နှုန်းမှာ (၂၅)ကျပ်သားလျှင် (၅၀၀ဝိ/-)ကျပ်၊ ဆလားဗီးယားဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင် (၃၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးရောင်းချသည့် ဈေးသည်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ငှက်ပျောသီး ဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့တွင် ငှက်ပျောပင်များကို တစ်နိင်တစ်ပိုင်အနေဖြင့် စိုက်ပျိုးလျက်ရှိပါသည်။ ငှက်ပျောပင်စိုက်ပျိုးရာတွင် မိမိတို့ပိုင်ဆိုင်သည့် ယာမြေကွက်များ (သို့မဟုတ်) အိမ်ခြံဝင်းအတွင်းရှိမြေကွက်လပ် ပတ်ချာလည်များတွင် စိုက်ပျိုးကြပြီး ငှက်ပျောစိုက်ပျိုးသည့် အမျိုးအစားများမှာ ဖီးကြမ်း(စိမ်း)၊ ဖီးကြမ်း(ငှက်ပြာ)၊ ကသည်းငှက်ပျော(ခေါ်)ရခိုင်ငှက်ပျော၊ ဝက်မလွတ်ငှက်ပျောနှင့် ဝက်မလွတ်(ဘရာဇီး)ငှက်ပျောတို့ကို အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။

    ၂၀၂ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေ‌သော ငှက်ပျောသီး ဈေးနှုန်းအနေဖြင့် ဖီးကြမ်းငှက်ပျောသီး အကြီး တစ်ဖီးလျှင်(၂၀၀၀)ကျပ်၊ ဖီးကြမ်းငှက်ပျောသီး အသေး တစ်ဖီးလျှင်(၁၅၀၀) ကျပ်၊ ဝက်မလွတ်(ဘရာဇီး)ငှက်ပျော အကြီး တဖီးလျှင်(၃၀၀၀)ကျပ်၊ ဝက်မလွတ်(ဘရာဇီး)ငှက်ပျော အသေးတဖီးလျှင်(၂၅၀၀)ကျပ်၊ ကသည်းငှက်ပျော(ခေါ်)ရခိုင် ငှက်ပျောသီး  အကြီး တစ်ဖီးလျှင် (၂၀၀၀) ကျပ်၊ ဝက်မလွတ်ငှက်ပျော ရိုးရိုး အကြီး တစ်ဖီးလျှင် (၂၅၀၀)ကျပ် နှင့် ဝက်မလွတ်ငှက်ပျော ရိုးရိုး အသေး တစ်ဖီးလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ပေါ်ရှိ ရပ်ကွက်ဈေးများတွင် ငှက်ပျောသီး ရောင်းချသည့် ဈေးသည်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း