ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကံမမြို့နယ်၌ အများပြည်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေးမှုအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏လမ်းညွှန်မှာကြားချက်ဖြင့် သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဆီကုန်သည်ကြီးများအသင်းတို့၏ စီမံပေးမှုအရ (၆-၁၂-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၄း၀၀)နာရီအချိန်မှစတင်၍ ကံမမြို့၊ အမှတ်(၁)၊ (၂)၊ (၃)၊ (၄)ရပ်ကွက်များရှိ အိမ်ထောင်စုများနှင့် ဇီးတောကျေးရွာ၊ ကညင်တိုင်းကျေးရွာတို့ရှိ အိမ်ထောင်စုများအား သက်သာသောဈေးနှုန်းဖြစ်သည့်  စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၅၇၀၀)ဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေးခဲ့ပါသည်။  

   ထိုသို့ရောင်းချပေးနေမှုအား ကံမမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအရာရှိများနှင့် စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ကံမမြို့၊ မြို့မဈေးအတွင်းရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်များ၏ လက်လီဈေးနှုန်းများအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ မြို့မစည်ပင်ဈေးအတွင်း၌ ဆန်၊ ဆီ၊ ကြက်သွန်ဖြူ၊ အာလူး စသည့်ကုန်ပစ္စည်းခြောက်များကို ပြည်ခရိုင်မှ လာရောက်ရောင်းချကြပြီး ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းများကိုမူ ကံမမြို့နယ်ရှိကျေးရွာများမှ လာ‌ရောက်ရောင်းချကြကြောင်းသိရှိရပါသည်။

 ကံမမြို့၊ မြို့မဈေးအတွင်း၌ (၂၈-၁၁-၂၀၂၃)ရက်နေ့မှ (၅-၁၂-၂၀၂၃)ရက်နေ့အတွင်း ရောင်းချလျက်ရှိသောအခြေခံစားသောက်ကုန်များ၏ လက်လီဈေးနှုန်းများမှာ ပုသိမ်ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ကျပ်(၁၄၄၀၀၀)၊ ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်လျှင် ကျပ်(၁၆၅၀၀၀)၊ မနောသုခတစ်အိတ်လျှင် ကျပ်(၈၀၀၀၀)၊ မှော်ဘီတစ်အိတ်လျှင် ကျပ်(၈၀၀၀၀)၊ ရိုးနီတစ်အိတ်လျှင် ကျပ်(၁၀၅၀၀၀)၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ် (၁၄၀၀၀)၊ ပဲဆီတစ်ပိဿာလျှင် ကျပ်(၁၃၅၀၀)၊ စားအုန်းဆီတစ်ပိဿာလျှင် ကျပ်(၅၇၀၀)၊ Lotus တစ်ပိဿာလျှင် ကျပ်(၉၀၀၀)၊ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၄၀၀၀)၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ကုလားပဲတစ်ပိဿာလျှင် ကျပ်(၇၀၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ် (၃၄၀၀)၊ ချင်းတစ်ပိဿာလျှင် ကျပ်(၈၀၀၀)၊ ဆားတစ်ပိဿာလျှင် ကျပ်(၅၀၀)၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၁၇၀၀)၊ ကြက်သား(CP)တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ဝက်သားတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ အမဲသားတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆိတ်သားတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးကြင်းတစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ကျပ်(၈၀၀၀)၊ ကြက်ဥတစ်လုံးလျှင် ကျပ်(၂၃၀)ဖြင့်ရောင်းချလျက်ရှိကြောင်း ဈေးရောင်းချသူ ဒေါ်သန်းထွေးထံမှသိရပါသည်။

DOCA(မကွေး)

               

ကံမမြို့နယ်၊ ကျောက်မဲကျေးရွာ၏ မိုးစပါးရိတ်သိမ်းထွက်ရှိမှုအခြေအနေ

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ တောင်ချောင်းဘက်ရှိကျေးရွာများမှာ မဒေးဆည်လှောင်တမံမှရရှိသော ဆည်ရေများဖြင့် နွေစပါး၊ မိုးစပါးသီးနှံများ၊ အခြားရာသီစုံသီးနှံများကိုစိုက်ပျိုးကြရာ ယခုအခါ မိုးစပါးစိုက်တောင်သူများအနေဖြင့် မိုးစပါးများကိုစိုက်ပျိုး၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ မနောသုခနှင့်မှော်ဘီ-၂ စပါးမျိုးများကို အဓိကထားစိုက်ပျိုးကြပြီး ရက်(၉၀)စပါးနှင့် ဆာဖိုးသာစပါးမျိုးများကိုမူ တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။

     မိုးစပါးအဖြစ် ဆာဖိုးသာစပါးမျိုးကို (၃)ဧကစိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးရာတွင် ပျိုးပင်စိုက်စနစ်ဖြင့်စိုက်ပျိုးကြောင်း၊ ပျိုးခင်းမြေပြုပြင်ခြင်း၊ မြေယာပြုပြင်ခြင်း၊ ပျိုးနုတ်ခြင်း၊ ကောက်စိုက်ခြင်း၊ စိုက်ခင်းပြုပြင်ခြင်းအနေဖြင့်  ကျပ်(၁၂၂၀၀၀)၊ မျိုးစပါး၊ ကွန်ပေါင်းမြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ အားဆေး စသည့်သွင်းအားစုကုန်ကျစရိတ်အနေဖြင့် ကျပ်(၁၆၅၀၀၀)နှင့် ရိတ်သိမ်းခ(စက်ဖြင့်) ကျပ်(၆၀၀၀၀)၊ စုစုပေါင်း(၁)ဧကလျှင် ကုန်ကျစရိတ် ကျပ်(၃၄၇၀၀၀)ခန့်ကုန်ကျကြောင်း၊ (၁)ဧကလျှင် (၈၂)တင်းထွက်ရှိပါကြောင်း၊ ၂၀၂၃ခုနှစ်၊ ယခုနိုဝင်ဘာလ(စတုတ္ထပတ်)တွင် တစ်တင်းလျှင် ကျပ် (၁၅၀၀၀)ဖြင့်‌ရောင်းချပြီး ကျပ်(၁၂၃၀၀၀၀)ခန့်ရရှိ၍ (၁)ဧကလျှင် အကျိုးအမြတ်အနေဖြင့် ကျပ် (၈၈၃၀၀၀)ခန့်ရရှိကြောင်း၊ ရိတ်သိမ်းပြီးသောစပါးများမှ တချို့ကို ဝမ်းစာအတွက် သိုလှောင်ထားရှိပြီး တချို့ကိုမူ ပြည်မြို့မှ ဝယ်လက်သမားများထံသို့ရောင်းချကြောင်း ကျောက်မဲကျေးရွာနေ ဆာဖိုးသာမိုးစပါးစိုက် တောင်သူဦးစန်းအောင်ထံမှသိရှိရပါသည်။

  (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းရှိကျေးရွာများ၌ မိုးစပါးများကို လျာထားဧက(၂၄၂၆၂)ဧကလျာထားပြီး (၂၄၂၆၂)ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း၊ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၃၀)ရက်နေ့ထိ ရိတ်သိမ်းပြီးဧက(၁၅၁၈၄)ဧက၊ အထွက်နှုန်း(၇၀.၁၁)တင်း၊ အထွက်တင်း(၁၀၆၄၄၈၀)တင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရပါသည်။

DOCA(မကွေး)

                            

မင်းဘူးမြို့မဈေးအတွင်းရှိ စားဖိုဆောင်သီးနှံနှင့် အသားငါးဈေးနှုန်းဈေးကွက်အခြေအနေ

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေးအတွင်း၌ ကြက်သွန်နီများကို မင်းဘူး-စကု၊ ပင်းချောင်း၊ စလင်း၊ ပွင့်ဖြူမြို့နှင့် အာလူး၊ ကြက်သွန်ဖြူများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၊ ငရုတ်ခြောက်ကိုမူ နတ်မောက်မြို့တပ်ကုန်းမှ ဝယ်ယူရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

    ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် မင်းဘူးမြို့မဈေးအတွင်း ရောင်းချလျက်ရှိသောစားဖိုဆောင်သီးနှံနှင့် အသားငါးဈေးနှုန်းများမှာ ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၃၀၀၀-၃၅၀၀)၊ ကြက်သွန်ဖြူ (ရှမ်း) (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ကြက်သွန်ဖြူ(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ အာလူး(၁) ပိဿာလျှင် ကျပ်(၂၀၀၀-၃၀၀၀)၊ ငရုတ်ခြောက်(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ်(၁၈၀၀-၂၀၀၀)၊ ပန်းဂေါ်ဖီပွင့် (၁)ပွင့်လျှင် ကျပ်(၈၀၀-၁၅၀၀)၊ ဂေါ်ရခါးသီး(၁)လုံးလျှင် ကျပ်(၂၀၀-၃၀၀)၊ မုန်ညှင်း(၁)ပိဿာလျှင် ကျပ်(၂၅၀၀-၃၀၀၀)၊ ရွှေဖရုံသီး(၁)လုံးလျှင် ကျပ်(၁၅၀၀-၂၀၀၀)၊ ကျောက်ဖရုံသီး(၁)လုံးလျှင် ကျပ်(၁၅၀၀-၂၀၀၀)၊ ကန်စွန်းရွက်(၁)စည်းလျှင် ကျပ်(၁၀၀)၊ ချဉ်ပေါင်ရွက် (၁)စည်းလျှင် ကျပ်(၁၀၀)၊ သံပရာသီး (၁)လုံးလျှင် ကျပ်(၂၀၀-၃၀၀)၊ ရှောက်သီး (၁)လုံးလျှင် ကျပ်(၃၀၀-၄၀၀)၊ အသားငါးများမှာ ကြက်သား(ဗမာ) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ကြက်သား(CP) (၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ဝက်သား (၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ အမဲသား (၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆိတ်သား (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးကြင်း (၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ငါးမြစ်ချင်း (၁)ပိဿာလျှင် ကျပ်(၈၀၀၀)ဖြင့်ရောင်းချလျက်ရှိကြောင်း မြို့မဈေးအတွင်းရှိ ဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

       

မင်းဘူးမြို့မဈေးတွင်ရောင်းချနေသော ရေတွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

   ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် မင်းဘူးမြို့မဈေးအတွင်း၌ရောင်းချလျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းများမှာ  ငါးကြင်းဖြူ(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀-၁၇၀၀၀)၊ ငါးပုတ်သင်(၁)ပိဿာလျှင် ကျပ် (၁၆၀၀၀-၁၈၀၀၀)၊ ငါးသေတ္တာခြောက်(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀-၁၃၀၀၀)၊ ငါးဖန့်ဝိုင်း(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀-၁၅၀၀၀)၊ ငါးရံ့လုံး(၁)ပိဿာလျှင် ကျပ်(၃၅၀၀၀-၄၅၀၀၀)၊ ငါးရံ့ပြား(၁)ပိဿာလျှင် ကျပ်(၇၅၀၀၀-၈၅၀၀၀)၊ ငါးတံခွန်ခြောက်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀-၁၇၀၀၀)၊ အာဗြဲခြောက်(၁) ပိဿာလျှင် ကျပ်(၃၀၀၀၀-၃၅၀၀၀)၊ ငါးမဲလုံး(၁)ပိဿာလျှင် ကျပ်(၂၃၀၀၀-၃၅၀၀၀)၊ ငါးကွန်းရှပ်(၁) ပိဿာလျှင် ကျပ်(၃၅၀၀၀-၃၈၀၀၀)၊ ငါးခုံးမ(၁)ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ငါးနီတူခြောက်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀-၁၈၀၀၀)၊ ပုစွန်ပွ(၁)ပိဿာလျှင် ကျပ်(၁၁၀၀၀-၁၂၀၀၀)၊ ပုစွန်ခြောက်(၁)ပိဿာလျှင် ကျပ်(၆၅၀၀၀-၈၅၀၀၀)ဖြစ်ကြောင်း၊ ပုစွန်ခြောက်မှာ ဆားအပေါ့/ အငန်ပေါ်မူတည်၍ ဈေးနှုန်းကွာခြားကြောင်းသိရပါသည်။

     ပုစွန်ခြောက်များကို ရခိုင်ပြည်နယ်မှဝယ်ယူ၍ ငါးခြောက်များကိုမူ ရန်ကုန်၊ ဘုရင့်နောင်ပွဲရုံနှင့် ရခိုင်ပြည်နယ်တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း၊ မင်းဘူးမြို့မဈေးအတွင်းရှိ ငါးခြောက် နှင့်ပုစွန်ခြောက်များကို မြို့နယ်တွင်းကျေးရွာများနှင့် ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်းမြို့နယ်များမှ လာရောက်ဝယ်ယူကြောင်း ကွင်းဆင်းမေးမြန်းမှုအရသိရှိရပါသည်။

DOCA(မကွေး) 

 

မကွေးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား အဖွဲ့စုံဖြင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေး

 မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားစျေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

   (၇-၁၂-၂၀၂၃)ရက်နေ့၊ ညနေ(၁၇:၃၀)နာရီအချိန်တွင် မကွေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး မကွေးမြို့ပေါ်ရှိ MAX, DENKO-2, REGENCY-1 နှင့် ဆယ်စုသစ်စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီများအား သတ်မှတ်ရည်ညွှန်းစျေးနှုန်းများအတိုင်း ရောင်းချမှုရှိ/ မရှိ၊ စက်သုံးဆီပြတ်လပ်မှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

           

 

မကွေးမြို့ပေါ်ရှိ အိမ်သုံးဆေးဝါးများ၏ စျေးနှုန်းအခြေအနေ

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ပေါ်ရှိဆေးဆိုင်များတွင် ဆောင်းရာသီကာလဖြစ်၍ နှာစေးချောင်းဆိုးများ၊ ဖျားနာမှုများဖြစ်ပွားလျက်ရှိရာ ဖျားနာမှုများအတွက် အိမ်သုံးဆေးဝါးများကို အဓိကဝယ်ယူလျက်ရှိကြောင်း ဆေးနှင့်ဆေးပစ္စည်းရောင်းချသူများထံမှသိရှိရပါသည်။

      မကွေးမြို့ပေါ် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော အိမ်သုံးဆေးဝါးများ၏ဈေးနှုန်းများမှာ  Paracetamol 500 mg (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၃၅၀)၊ Asprin 80 mg (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၄၀၀)၊ Decolgen (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ် (၁၅၀၀)၊ Biogesic (၁၀)လုံးပါ(၁)ကတ်လျှင်  ကျပ်(၁၀၀၀)၊ Bermeton အလုံး(၁၀၀)ပါ(၁)ဘူးလျှင် ကျပ်(၁၆၀၀)၊ Dextrometorphal Tablet 15 mg (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၉၅၀)၊ Bromhexine HCL Tablet 8 mg (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၃၅၀)၊ Acetyluysteine (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၂၆၅၀)၊ Cough Syrup(၁)ဘူးလျှင် ကျပ်(၁၂၀၀)၊ Cetirizine Tablet 10 mg (၁၀)လုံးပါ(၁) ကတ်လျှင် ကျပ်(၂၅၀)၊ Levo Cetirizine Tablet 10 mg (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၈၀၀)၊ Dexamethasome Tablet 2/4 mg  inJ (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၂၅၀)၊ Methyl Prednisolone Tablet 4/8 mg (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၂၅၅၀)တို့ဖြင့်ရောင်းချလျက်ရှိကြောင်း မြို့မစျေးအတွင်းရှိ ဆေးဆိုင်များမှ လေ့လာသိရှိရပါသည်။

DOCA(မကွေး)

ရေနံချောင်း၊ မြို့မစျေးအတွင်းရောင်းချနေသော သစ်သီးဝလံစျေးနှုန်းအခြေအနေ

   မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်ရှိ မြို့မဈေးသည် ပတ်ဝန်းကျင်ကျေးရွာများမှ နေ့စဉ်လာရောက်ရောင်းချသည့်အပြင် ပြင်ဦးလွင်မြို့၊ မော်လမြိုင်မြို့နှင့် ရှမ်းပြည်နယ်တို့မှလည်း မှာယူရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

 ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် ရေနံချောင်း၊ မြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်နေသော အသီးအနှံစျေးနှုန်းများမှာ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ်(၁၁၀၀၀)၊ ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ် (၁၄၀၀၀)၊ ထောပတ်သီး(၁)လုံးလျှင် ကျပ်(၈၀၀)၊ ဟက်ထောပတ်သီး(၁)ကီလိုဂရမ်လျှင် ကျပ်(၃၀၀၀)၊ သရက်သီးစိမ်းစားသီး(၁)လုံးလျှင် ကျပ်(၂၀၀၀)၊ စတော်ဘယ်ရီအပျော့ချိုမွှေး(၁)ဘူးလျှင် ကျပ်(၂၅၀၀)၊ ပန်းရောင်ကျွဲကောသီး(ကြီး)(၁)လုံးလျှင် ကျပ်(၃၅၀၀)၊ အစေ့လွတ် အပွေးတက်ရုပ်ဆိုးလိမ္မော်(၁)ပိဿာလျှင် ကျပ်(၅၀၀၀)၊ ပန်းသီး(ကြီး)ကျွတ်ပွ(၁)လုံးလျှင် ကျပ်(၃၀၀၀)၊ ဇီးပုလဲ(၁)ဘူးလျှင် ကျပ်(၃၀၀)၊ ငှက်ပျောခြောက် ပျားရည်စမ်း(၁)ပိဿာလျှင် ကျပ်(၆၀၀၀)စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့ပေါ်၌ရောင်းချလျက်ရှိသော လိမ္မော်သီးစျေးနှုန်းအခြေအနေ

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ပေါ်၌ ဆောင်းရာသီကာလတွင်ရောင်းချလျက်ရှိသော လိမ္မော်သီးများမှာ ရှမ်းပြည်နယ်၊ ကလော၊ အောင်ပန်းမှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

   မကွေးမြို့ပေါ်၌ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင်ရောင်းချလျက်ရှိသော လိမ္မော်သီးစျေးနှုန်းမှာ  (၁)ပိဿာလျှင် ကျပ်(၇၅၀၀-၈၀၀၀)ဖြင့်ရောင်းချလျက်ရှိကြောင်း စျေးကွက်မေးမြန်းမှုအရသိရှိရပါသည်။ လိမ္မော်သီး၏ကောင်းကျိုးများအနေဖြင့်လည်း လိမ္မော်သီးသည် ဗီတာမင်စီ၊ အရေပြားကျန်းမာရေး၊ မျက်စိကျန်းမာရေး၊ နှလုံးကျန်းမာရေး၊ ဝမ်းချုပ်ခြင်း၊ အရိုးနှင့်သွားကျန်းမာရေးအတွက် ကောင်းမွန်စေခြင်းနှင့် သွေးတိုးရောဂါများကိုလည်းထိန်းညှိပေးနိုင်ပါသည်။ ကိုယ်ခံစွမ်းအားကိုလည်းတိုးမြှင့်ပေးပါသည်။ ထို့ပြင် လိမ္မော်သီးတွင် ဗီတာမင်စီ၊ အေ၊ ဘီနှင့် ဖော့စဖရစ်ဓါတ်များကြွယ်ဝစွာပါဝင်ပြီး လိမ္မော်သီးကိုအစိမ်းလိုက်စားသုံးနိုင်သကဲ့သို့ ဖျော်ရည်၊ သဘာဝလိမ္မော်ဆီနှင့် ယိုအဖြစ်လည်း စားသုံးနိုင်ပါသည်။ ယခုအခါ လိမ္မော်အဆီကို အလှကုန်ပစ္စည်းများအတွက်လည်း ဗီတာမင်စီအဖြစ် အသုံးပြုကြကြောင်းလည်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ မြို့မစျေး၌ ဒီဇင်ဘာလ(ပထမပတ်)အတွင်းဖြစ်ပေါ်နေသော ကုန်စျေးနှုန်းအခြေအနေ

  မကွေးမြို့၊ မြို့မစျေး၌ မြို့ပေါ်ရှိစျေးသည်များနှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော မြင်းကင်းကျေးရွာ၊ ချောင်းဖြူကျေးရွာ၊ နွားကူးကျေးရွာ၊ သန်းတောကုန်းကျေးရွာ၊ ဆားတိုင်ကန်ကျေးရွာ၊ မကျီးကန်ကျေးရွာ၊ ပုထိုးစမ်းကျေးရွာတို့မှ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

   မကွေးမြို့၊ မြို့မစျေး၌ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)အတွင်း ရောင်းချလျက်ရှိသောစျေးနှုန်းများမှာ ခရမ်းချဉ်သီး(သီးစို)(၁)ပိဿာလျှင် ကျပ်(၂၂၀၀)၊ ခရမ်းချဉ်သီး(ရှမ်း)(၁)ပိဿာလျှင် ကျပ် (၁၈၀၀)၊  ပန်းမုန်လာ(၁)ပွင့်လျှင် ကျပ်(၁၂၀၀-၁၅၀၀)၊ ဂေါ်ဖီ(၁)ထုပ်လျှင် ကျပ်(၁၀၀၀-၁၅၀၀)၊ ပဲသီး (၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ အာလူး(ထိုင်ဝမ်)(၁)ပိဿာလျှင် ကျပ်(၃၅၀၀)၊ အာလူး(ရိုးရိုး) (၁)ပိဿာလျှင် ကျပ်(၂၆၀၀)၊ ငရုတ်သီးစိမ်း(၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ ငရုတ်သီးစိမ်းတောင်ပေါ် (၁၁) (၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ ကြက်သွန်နီ(ကြီး)(၁)ပိဿာလျှင် ကျပ်(၃၅၀၀)၊ ကြက်သွန်ဖြူ(ရှမ်း)(၁)ပိဿာလျှင် ကျပ် (၁၅၀၀၀)၊ ကြက်သွန်ဖြူ(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ကြက်သား(CP)(၁)ပိဿာလျှင် ကျပ် (၁၅၀၀၀-၁၆၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၆၅၀၀)၊ ဆိတ်သား(၁)ပိဿာလျှင် ကျပ် (၁၈၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ဝက်သား(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ငါးကြင်း ဖြူ(၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ မြေပဲဆံ(၁)ပြည်လျှင် ကျပ်(၈၀၀၀)၊ ကုလားပဲခြမ်း(၁)ပြည်လျှင် ကျပ် (၈၀၀၀)၊ ခရမ်းသီး(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊  ကြက်ဥ(၁၀)လုံးလျှင် ကျပ်(၂၀၀၀-၂၁၀၀)၊ ဘဲဥ(၁၀) လုံးလျှင် ကျပ်(၃၆၀၀)ဈေးနှုန်းတို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း