ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၁၄.၁၂.၂၀၂၃)

   ၁၄.၁၂.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း (၁၄.၁၂.၂၀၂၃)

   ၁၄.၁၂.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၄.၁၂.၂၀၂၃ )

    ၁၄.၁၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တောင်ငူမြို့တွင် ဟင်းသီးဟင်းရွက်အချို့ ဈေးအတက်အကျရှိ

    တောင်ငူမြို့ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ယခုဒီဇင်ဘာ ပထမအပတ်၌ ငရုတ်သီးစိမ်း (မိုးထောင် သီး)မှာ တစ်ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ငရုတ်သီးစိမ်း (ကျောက်စိမ်း)မှာ တစ်ပိဿာ လျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်၊ ငရုတ်သီးစိမ်း(ကုလားအော်သီး မှာ)  တစ်ပိဿာလျှင် ၅၅၀၀ ကျပ်မှ ၆၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်း အနည်းငယ်မြင့်တက်ခဲ့ပါသည်။      

      ခရမ်းသီး (အဖြူ)မှာ တစ်ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၁၆၀၀ ကျပ်၊ ခရမ်းသီး(အညို)မှာ  တစ်ပိဿာလျှင်  ၁၆၀၀ ကျပ်မှ ၁၈၀၀ ကျပ်၊ ဒေသသခွားသီးမှာ တစ်ပိဿာလျှင် ၁၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ရှမ်းပြည်သခွားသီးမှာ တစ်ပိဿာလျှင် ၁၃၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်း ငယ်မြင့်တက်ခဲ့ပါသည်။

       ခရမ်းချဉ်သီး (ရှမ်းပြည်သီး)မှာ တစ်ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်မြင့်တက်ခဲ့ပြီး ခရမ်းချဉ်သီး (ဒေသသီး)မှာ တစ်ပိဿာလျှင် ၃၈၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိ ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

       ဂေါ်ဖီမှာ တစ်ပိဿာလျှင် ၉၀၀ ကျပ်မှ ၁၀၀၀ ကျပ်၊ နံနံပင်မှာ တစ်ဆယ် ကျပ်သားလျှင် ၅၀၀ ကျပ်မှ ၇၀၀ ကျပ်၊ မုံလာဥနီမှာ တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်၊ မုံလာဥဖြူမှာ တစ်ပိဿာလျှင် ၂၂၀၀ ကျပ်မှ ၂၅၀၀  ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး မုန်ညင်းဖြူမှာ တစ်ပိဿာ လျှင် ၁၈၀၀ ကျပ်မှ ၂၃၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။

       ကန်စွန်းရွက်မှာ တစ်စည်း ၃၀၀ ကျပ်၊ ၅ စည်းယူလျှင် ၁၂၅၀ ကျပ်၊ ချဉ်ပေါင်ရွက်မှာ တစ်စည်း ၁၅၀ ကျပ်၊ ၁၀ စည်းယူလျှင် ၁၂၀၀ ကျပ်၊ ကင်မွန်းချဉ်ရွက်မှာ တစ်စည်းလျှင် ၃၀၀ ကျပ်၊ ၂ စည်းယူလျှင် ၅၀၀ ကျပ်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

 

ကန့်ဘလူမြို့၏ ဒီဇင်ဘာလ ဒုတိယပတ်တွင်ဖြစ်ပေါ်လျက်ရှိသော ငါးဈေးနှုန်းများ  

       ကန့်ဘလူမြို့၊ မြို့မဈေး၌ ဒီဇင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ငါးလက်လီ ဈေးနှုန်းများမှာ ငါးရံ့အ ကောင်လိုက်တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ တီလားဗီးယား အကောင်သေးတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ တီလားဗီးယားအကောင်ကြီး တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာ လျှင် (၉၅၀၀)ကျပ်၊ ငါးဖယ်တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးမုတ်တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးဘတ် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးဂျောင်းတစ်ပိ  ဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးအုံတုံ တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ ငါးအုံတုံခုတ်သားတစ်ပိဿာ လျှင်  (၁၈၀၀၀)ကျပ်၊ ငါးမြင်း ခုတ်သားတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်းခုတ်သား တစ်ပိ ဿာလျှင် (၁၆၀၀၀)ကျပ်၊ ငါးဖယ်ခြစ်တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊  ပုစွန်ထုပ် တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          ငါးဈေးနှုန်းများအား ဒီဇင်ဘာလ ပထမပတ်နှင့် ယခုဒုတိယပတ် နှိုင်းယှဉ်ပါက တီလားဗီးယားအကောင် ကြီးတစ်ပိဿာလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းကျဆင်းကာ ကျန်ငါးဈေးနှုန်းများမှာ ပုံမှန်အတိုင်းအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ကန့်ဘလူမြို့မ ဈေးအတွင်းရောင်းချလျက်ရှိသော ငါးဒိုင်များမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

                                                                                                အိမွန်ကျော်

တောင်ငူမြို့တွင် စပါးနှင့်ဧည့်မထဆန်ဈေး အနည်းငယ်တက်

    တောင်ငူမြို့တွင် ယခု ဒီဇင်ဘာ ပထမအပတ်တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။  ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်၊ ဒေသပေါ်ဆန်း တစ်အိတ်လျှင် ၁၃၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဧည့်မထဆန်သစ်မှာ  တစ်အိတ်လျှင် ၆၂၀၀၀ ကျပ်မှ ၆၅၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်တက်ပါသည်။

   စပါးအသစ်မှာ တင်း ၁၀၀ လျှင် ၁၇၇၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းပြီး ဆန်ကွဲကြီးမှာ တစ်အိတ်လျှင် ၄၆၀၀၀ ကျပ်၊ ဆန်ကွဲသေးမှာ တစ်အိတ်လျှင် ၄၂၅၀၀ ကျပ်ဖြင့် ဈေးအနည်းငယ်တက်ပြီး ဖွဲနု တစ်အိတ်လျှင် ၁၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်း ကျဆင်းပါသည်။

    မတ်ပဲ(၃၀ ပိဿာအိတ်)မှာ ယခု ဒီဇင်ဘာ ပထမပတ်တွင် တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ် ဖြင့် ဈေးနှုန်းအနည်းငယ်တက်ကြောင်း တောင်ငူမြို့ရှိ ဆန်၊ စပါး၊ ပဲပွဲရုံများမှ သိရပါသည်။

DOCA(ပဲခူး)

 

 

တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်အချို့ ဈေးကျ

     ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ ပထမအပတ်တွင်  တောင်ငူမြို့ရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ်နေပြီး စားအုန်းဆီမှာ တစ်ပိဿာလျှင် ၅၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

     ကြက်သွန်နီမှာ တစ်ပိဿာလျှင် အသေး ၃၀၀၀ ကျပ်၊ အလတ် ၃၂၀၀ ကျပ်၊ အကြီး ၃၆၀၀ ကျပ်နှင့် တရုတ်ကြက်သွန်နီ ၄၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး  ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် အသေးမှာ ၁၀၀၀၀ ကျပ်၊ အလတ် ၁၁၀၀၀ ကျပ်၊ အကြီး ၁၃၀၀၀ ကျပ်၊ ၁၄၅၀၀ ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ်နေပါသည်။

     အာလူးမှာ တစ်ပိဿာလျှင် အသေး ၂၃၀၀ ကျပ်၊ အလတ် ၂၅၀၀ ကျပ်၊ အကြီး ၃၀၀၀၊ တရုတ်အာလူး ၃၂၀၀ ကျပ်၊ ငရုတ်သီးခြောက် အပု/အရှည်မှာ တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်မှ ၁၆၀၀၀ ကျပ်အထိ၊ ငရုတ်သီး ခြောက်အပွမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၂၃၀၀၀ ကျပ်မှ ၂၅၀၀၀ ၂၀၀၀၀ ကျပ်မှ ၂၃၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     မြေပဲဆံ(အဖြူ)မှာ တစ်ပိဿာလျှင် ၆၇၀၀ ကျပ်၊ မြေပဲဆံ(အနီ)မှာ တစ်ပိဿာလျှင် ၇၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ပြီး ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၆၂၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

 

ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

            ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီးဝင်ရောက်လျက်ရှိသည်။

          ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ မှာ ပန်းသီး(ရိုးရိုး) အသေး(၁)လုံးလျှင် (၇၀၀)ကျပ်၊ ပန်းသီး(ရိုးရိုး) အကြီး(၁)လုံးလျှင်(၁၀၀၀) ကျပ်၊  စပျစ်သီး(အလုံးကြီး) (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ပန်းသစ်တော်သီး(၁)လုံးလျှင် (၂၀၀၀ မှ၂၅၀၀)ကျပ်ထိ၊  ဖီးကြမ်းငှက်ပျောသီး (၁)ဖီးလျှင်(၁၅၀၀မှ၂၀၀၀)ကျပ်ထိ၊ ခွန်စိမ်း ရိုးရိုး (၁)ဖီးလျှင် (၁၃၀၀မှ၁၅၀၀)ကျပ်ထိ၊ မက်မန်းသီး(၁)ပိဿာလျှင် (၄၅၀၀)ကျပ်၊ နာနတ်သီး (၁) လုံးလျှင် (၁၅၀၀)ကျပ်၊ တည်သီး (၁)လုံးလျှင် (၈၀၀ မှ ၁၀၀၀)ကျပ်ထိ ၊ ထောပတ်သီး (၁)လုံး လျှင် (၈၀၀)ကျပ်၊ ပျားလိမ္မော်သီး (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ဆန်းကစ်လိမ္မော်သီး (၁)လုံး လျှင် (၅၀၀)ကျပ်၊ သလဲသီး(၁)လုံးလျှင်(၅၀၀)ကျပ်၊သင်္ဘောသီး(၁)လုံးလျှင် (၁၅၀၀မှ ၂၀၀၀) ကျပ်ထိဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိ သောသစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

တောင်ငူမြို့တွင် ယခုလ ဆိုင်ကယ်ဈေးတက်ပြီး ရောင်းအားကျ

     တောင်ငူမြို့၊ အမှတ်(၁၁)ရပ်ကွက်၊ ဈေးလမ်းရှိ “ထက်” ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင် တွင် ဆိုင်ကယ်များကို သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပါသည်။ တောင်ငူမြို့တွင် လူကြိုက်များသော ဆိုင်ကယ်များမှာ NCX Wave 100 နှင့် 125 Click ဆိုင်ကယ်များဖြစ်ပါသည်။

   NCX Wave 100 ဆိုင်ကယ်မှာ ယခင်နိုဝင်ဘာလက တစ်စီးလျှင် ကျပ် ၂၅ သိန်းရှိရာမှ ယခုဒီဇင်ဘာလတွင် တစ်စီးလျှင် ကျပ် ၃၅ သိန်း၊ 125 Click ဆိုင်ကယ်မှာ ယခင်နိုဝင်ဘာလက တစ်စီးလျှင် ကျပ်သိန်း ၅၀ ရှိရာမှ ယခုဒီဇင်ဘာလတွင် တစ်စီးလျှင် ကျပ်သိန်း ၆၀ အထိ ဈေးတက်သွားပါသည်။ တရုတ်ဆိုင်ကယ်မှာ တစ်စီးလျှင် ကျပ် ၁၅ သိန်း ရှိပါသည်။

   အရောင်းအဝယ်အနေဖြင့် အောက်တိုဘာလက ဆိုင်ကယ်အစီး ၄၀ ရောင်းရခဲ့ သော်လည်း ပြီးခဲ့သည့်နိုဝင်ဘာလက ၁၂ စီးသာရောင်းချရသဖြင့် အရောင်းအဝယ်အေးကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ကန့်ဘလူမြို့၏ ဒီဇင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်လျက်ရှိသော အိမ်သုံးဆေးဝါးဈေးနှုန်းများ

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ် တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော အိမ်သုံးဆေးဝါးများ၏ ဈေးနှုန်းများမှာ Decolgen (၁၀)လုံး ပါ (၁)ကဒ်လျှင် (၂၇၀၀)ကျပ်၊ Paracetamol (၁၀)လုံးပါ (၁)ကဒ်လျှင် (၅၀၀)ကျပ်၊ Civit အလုံး (၁၀၀)ပါ(၁)ဘူးလျှင် (၃၂၀၀)ကျပ်၊ Burmeton အလုံး(၁၀၀)ပါ(၁)ဘူးလျှင် (၂၈၀၀)ကျပ်၊ Biogesic (၁၀)လုံးပါ (၁)ကဒ်လျှင် (၁၂၅၀)ကျပ်၊ Cetirizine (၁၀)လုံးပါ (၁)ကဒ်လျှင် ( ၃၀၀)ကျပ်၊ ဓာတ်ဆား MPF (၁)ထုပ်လျှင် (၄၀၀)ကျပ်၊ သီးစုံဓာတ်ဆား Royal-D (၁)ထုပ်လျှင် (၃၅၀)ကျပ်၊ Oramin –G (၅)လုံးပါ (၁)ကဒ်လျှင် (၃၈၀၀)ကျပ်၊ Enervon –c (၄)လုံးပါ (၁)ကဒ်လျှင် (၁၇၀၀) ကျပ်၊ Solmux (၄)လုံးပါ (၁)ကဒ်လျှင် (၁၅၀၀)ကျပ်၊ Becozin (၁၀)လုံးပါ (၁)ကဒ်လျှင် (၂၅၀၀)ကျပ်၊ Hepto Pep (၁)ဘူးလျှင် (၆၅၀၀)ကျပ်၊ Vifex (၁)ဘူးလျှင် (၅၅၀၀)ကျပ်၊ Baby Cough (၁)ဘူးလျှင် (၂၃၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          အိမ်သုံးဆေးဝါးဈေးနှုန်းများအား ဒီဇင်ဘာလ ပထမပတ်နှင့်နှိုင်းယှဉ်ပါက အိမ်သုံးဆေးဝါး ဈေးနှုန်းများမှာ Decolgen (၁၀)လုံးပါ (၁)ကဒ်လျှင် (၅၀၀)ကျပ်၊ Civit အလုံး (၁၀၀) ပါ(၁)ဘူးလျှင် (၂၀၀)ကျပ်၊ Hepto Pep (၁)ဘူးလျှင် (၇၀၀)ကျပ်၊Baby Cough (၁)ဘူးလျှင် (၂၀၀) ကျပ်ဈေးနှုန်းမြင့်တက်ကာ Enervon –c (၄)လုံးပါ (၁)ကဒ်လျှင် (၁၅၀)ကျပ် ဈေးနှုန်းကျဆင်းပြီး ကျန်အိမ်သုံးဆေးဝါးဈေးနှုန်းများမှာ ပုံမှန်အတိုင်းရောင်းချလျက်ရှိကြောင်း ဆေးနှင့်ဆေးပစ္စည်း                  အရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

         

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း