ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဒီဇင်ဘာလ ပထမပတ်၌ မုံရွာမြို့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

 မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

     မုံရွာမြိုတွင် စက်သုံးဆီဆိုင် (၂၇)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၂၃၀) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၃၅၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၂၆၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၃၆၀) ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရသည်။

      ယခု ဒီဇင်ဘာလ ပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၅၇၀) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၆၉၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၂၇၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၃၇၀) ကျပ်ဖြင့်ရောင်းချနေသောကြောင့် ယခင်နိုဝင်ဘာလ နောက်ဆုံးပတ်နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ(92) တစ်လီတာလျှင် (၃၄၀)ကျပ်၊  ဓာတ်ဆီ(95) တစ်လီတာလျှင် (၃၄၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၁၀) ကျပ် ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၁၀)ကျပ် စသည်ဖြင့် ဈေးနှုန်းအသီးသီးမြင့်တက်လျက်ရှိကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များအနေဖြင့် ကသာခရိုင်(အင်းတော်မြို့နယ်)နှင့် မုံရွာခရိုင်များတွင် စပါး၊ ဆန် အသစ်များပေါ်လာပြီး ကျန်ခရိုင်များတွင် ဈေးအေးနေကြောင်းသိရှိရပါသည်။

   စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာလ (ပထမ)ပတ်တွင်ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)  တင်း၁၀၀လျှင် ကျပ်၃,၈၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၂၅,၀၀၀ကျပ်၊ ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၄၅,၀၀၀ကျပ်၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ်၁,၈၀၀,၀၀၀၊  နွေစပါး(ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၇၃,၀၀၀ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

    ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)တင်း၁၀၀လျှင် ကျပ်၃,၈၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင် ကျပ်၁၂၅,၀၀၀၊  ဧရာမင်း(ဆန်)၂၄ပြည်ပါတစ်အိတ်လျှင် ၁၄၅,၀၀၀ကျပ်၊ နွေစပါး (ရွှေဝါ ထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ်၁,၈၀၀,၀၀၀၊  နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၇၃,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

     ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀လျှင် ကျပ်၂,၈၀၀,၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါတစ်အိတ်မှာ ကျပ်၁၀၅,၀၀၀၊ ငစိန်(စပါး)တင်း၁၀၀လျှင် ၂၈၀၀,၀၀၀၊ ငစိန် (ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၉၅,၀၀၀၊ ဧရာမင်း(စပါး) တင်း၁၀၀လျှင် ကျပ်၂,၈၀၀,၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၁၁၀,၀၀၀၊ နွေစပါး(ဒေသမျိုး)(စပါး) တင်း၁၀၀လျှင် ကျပ်၁,၁၀၀,၀၀၀၊ နွေစပါး (ဒေသမျိုး)(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၈၅,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

     ကသာခရိုင်၊ အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း၁၀၀လျှင် ကျပ်၁,၂၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် (သစ်) ၂၄ပြည်တစ်အိတ်မှာ ကျပ်၆၀,၀၀၀၊ ဆင်းဧကရီ(၃)(စပါး) (ဟောင်း) တင်း၁၀၀လျှင် ကျပ်၁,၉၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် (ဟောင်း) ၂၄ပြည်ပါတစ်အိတ်မှာ ကျပ်၉၀,၀၀၀၊ ဧရာမင်း (စပါး)တင်း၁၀၀လျှင် ကျပ်၂,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည်ပါ ဆန်တစ်အိတ်လျှင် ကျပ်၁၂၀,၀၀၀၊ နွေစပါး(ဆင်း-၃)(စပါး) တင်း၁၀၀လျှင် ကျပ်၁,၃၀၀,၀၀၀၊ နွေစပါး (ဆင်း-၃) (ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၆၅,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

    မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(သစ်)တင်း၁၀၀လျှင် ကျပ်၂,၀၀၀,၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၉၀,၀၀၀၊ ဧရာမင်း(စပါး)(ဟောင်း)တင်း၁၀၀လျှင် ကျပ်၃,၅၀၀,၀၀၀၊  ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၁၃၅,၀၀၀၊ ပေါ်ဆန်း (စပါး)(သစ်) တင်း၁၀၀လျှင် ကျပ်၃,၅၀၀,၀၀၀၊  ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၁၂၀,၀၀၀၊ ပေါ်ဆန်း (စပါး)(ဟောင်း) တင်း၁၀၀လျှင် ကျပ် ၄,၅၀၀,၀၀၀၊  ပေါ်ဆန်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၁၆၀,၀၀၀၊ မနောသုခ(စပါး) (သစ်)တင်း၁၀၀လျှင် ကျပ်၁,၈၀၀,၀၀၀၊ မနောသုခ (ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၆၅,၀၀၀ ၊မနောသုခ(စပါး)(ဟောင်း) တင်း၁၀၀လျှင် ကျပ်၂,၁၀၀,၀၀၀၊ မနောသုခ (ဆန်)(ဟောင်း)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၀,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

    ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)တင်း၁၀၀လျှင် ကျပ်၂,၉၀၀,၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၁၂၇,၀၀၀၊ ပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်၃,၅၅၀,၀၀၀၊ ပေါ်ဆန်း (ဆန်)၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၁၂၅,၀၀၀၊ နွေစပါး ရွှေဝါထွန်း (စပါး)တင်း၁၀၀လျှင် ကျပ်၁,၆၅၀,၀၀၀၊ ရွှေဝါထွန်း(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၇၀,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

     စစ်ကိုင်းတိုင်းဒေသကြီးမှ နိုဝင်ဘာလ (ပဥ္စမပတ်)တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ရန်ကုန်သို့ အိတ်ရေ ၁၆,၅၀၀၊ မန္တလေးသို့ အိတ်ရေ ၂၂,၄၀၀၊ မကွေးသို့ အိတ်ရေ ၁,၃၀၀၊ နေပြည်တော်သို့ အိတ်ရေ ၅,၃၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၅,၃၀၀၊ ချင်းသို့ အိတ်ရေ ၂,၀၉၅၊ မွန်သို့ အိတ်ရေ ၃,၆၈၀ စုစုပေါင်းအိတ်ရေ (၅၆,၅၇၅) အိတ်၊ တန်အားဖြင့် (၂,၈၂၈) တန်စီးထွက်ခဲ့ပြီး ယခုဒီဇင်ဘာလ (ပထမပတ်)တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၉,၅၀၀၊ မန္တလေးသို့ အိတ်ရေ ၁၄,၃၀၀၊ မကွေးသို့ အိတ်ရေ ၂,၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၂,၃၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂,၃၀၀၊ ချင်းသို့ အိတ်ရေ ၁,၆၂၇၊ မွန်သို့ အိတ်ရေ ၂,၆၁၀၊ စုစုပေါင်းအိတ်ရေ (၄၄,၆၇၉) အိတ်၊ တန်အားဖြင့် (၂၂,၃၃) တန်စီးထွက်ခဲ့သည့်အတွက်  ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်တွင် အိတ်ရေ (၁၁,၈၉၆) အိတ်၊ တန်အားဖြင့် (၅၉၅) တန်လျော့နည်း၍စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)                

မုံရွာမြို့၊ ပြည်ထောင်စုဈေးတွင်ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

    မုံရွာမြို့နေ လူဦးရေအတွက် အဓိကလိုအပ်သော စားဖိုဆောင်သီးနှံများကို နီးစပ်ရာမြို့များဖြစ်သည့် ‌ချောင်းဦး၊ ဘုတလင်၊ အရာတော်၊ ကနီ၊ ဆားလင်းကြီးမြို့များ၊ မန္တလေး၊ ပြင်ဦးလွင်၊ အောင်ပန်း၊  တောင်ကြီးတို့မှ အဓိကမှာယူရောင်းချကြပါသည်။ မုံရွာမြို့၊ ပြည်ထောင်စုဈေးတွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့မှ (၄)ရက်နေ့အတွင်း ဖြစ်ပေါ်နေသော စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းအခြေအနေများမှာ ဧရာမင်း (ရှယ်) တစ်ပြည်လျှင် ၅၂၀၀ကျပ်၊ ပေါ်ဆန်းမွှေး(ရှယ်) တစ်ပြည်လျှင် ၆၈၀၀ကျပ်၊ မနောသုခတစ်ပြည်လျှင် ၄၁၀၀ကျပ်၊ မြေပဲဆီ (သန့်) တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၂၀၀၀၀-၂၂၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ (CP) ကြက်သားတစ်ပိဿာလျှင် (အကောင်လိုက်) ၈၀၀၀ကျပ်၊ ကြက်သား(ဖီ/ပေါင်) တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၀၀၀၀-၂၂၀၀၀) ကျပ်၊ ငါးကြင်းဖြူတစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင် ၁၁၀၀၀ကျပ်၊ ငါးသလောက်တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်၊ ခရမ်းချဉ်သီး(တိုင်ထောင်) တစ်ပိဿာလျှင် (၁၅၀၀-၁၈၀၀) ကျပ်၊ ခရမ်းချဉ်သီး (အင်းသီး) တစ်ပိဿာလျှင် (၂၀၀၀-၂၅၀၀) ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၈၀၀-၁၀၀၀) ကျပ်၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၈၀၀-၁၂၀၀) ကျပ်၊ ဘူးသီးတစ်လုံးလျှင် (၁၀၀၀-၁၅၀၀) ကျပ်၊ ခရမ်းသီးတစ်ပိဿာလျှင် ၂၀၀၀ကျပ်၊ ပဲတောင့်ရှည်တစ်ပိဿာလျှင် ၂၈၀၀ကျပ်၊ ရုံးပတီသီးတစ်ပိဿာလျှင် ၂၀၀၀ကျပ်၊ ဘူးရွက်တစ်စည်းလျှင် ၅၀၀ကျပ်၊  ကန်စွန်းရွက်တစ်စည်းလျှင် (၁၅၀-၂၀၀) ကျပ်၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် (၅၀-၁၀၀) ကျပ်၊ မုန်ညှင်းဖြူထုပ်တစ်ပိဿာလျှင် (၂၀၀၀-၂၅၀၀) ကျပ်၊ အာလူးတစ်ပိဿာလျှင် (၂၃၀၀-၃၂၀၀) ကျပ်၊ ငရုတ်ခြောက်တစ်ပိဿာလျှင် (၁၂၀၀၀-၁၅၀၀၀) ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၂၀၀၀-၃၅၀၀) ကျပ်၊ ကြက်သွန်ဖြူ (ဗမာ)တစ်ပိဿာလျှင် (၁၂၀၀၀-၁၆၀၀၀) ကျပ်၊ ချင်းတစ်ပိဿာလျှင် (၅၀၀၀-၆၀၀၀) ကျပ်၊ နနွင်းတက်တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် (၂၈၀၀-၃၅၀၀)၊ ဘိုစားပဲတစ်ပိဿာလျှင် ၃၂၀၀ကျပ်၊ ဂေါ်ရခါးသီးတစ်လုံးလျှင် ၂၀၀ကျပ်၊ မုန်လာဥနီတစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၃၀-၂၅၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၃၅၀-၄၀၀) ကျပ်၊ သကြားတစ်ပိဿာလျှင်   ၄၀၀၀ကျပ်၊ ဆားတစ်ပိဿာလျှင်  ၈၀၀ကျပ်၊ ကုလားပဲ(ဝါ)တစ်ဘူးလျှင် ၁၁၀၀ကျပ်၊ ပဲရာဇာတစ်ဘူးလျှင် ၁၂၀၀ကျပ်စသည်ဖြင့် ဈေးနှုန်းအသီးသီးရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကျောက်ပန်းတောင်းမြို့နယ်၏ မြေပဲစိုက်ပျိုးထွက်ရှိမှု၊ ဈေးနှုန်းဈေးကွက်နှင့် တောင်သူအကျိုးအမြတ်ရရှိမှုအခြေအနေ

  မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် မိုးမြေပဲကို အဓိကစိုက်ပျိုးလျက်ရှိပြီး ဆောင်းမြေပဲကို အနည်းငယ်သာစိုက်ပျိုးမှုရှိပါသည်။ (၂၀၂၂-၂၀၂၃) ခုနှစ်တွင် မိုးမြေပဲကို (၆၁၂၆၈)ဧကစိုက်ပျိုးခဲ့ပြီး တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း (၄၂.၂၅) တင်းနှုန်းဖြင့် တင်းပေါင်း(၂၅၈၈၅၇၃)တင်းထွက်ရှိခဲ့ပါသည်။ ဆောင်းမြေပဲစိုက်ပျိုးမှုအနေဖြင့် (၁၉၆)ဧကသာစိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၄၆)တင်းဖြင့် တင်းပေါင်း(၉၀၁၆)တင်း ထွက်ရှိခဲ့ပါသည်။ (၂၀၂၃-၂၀၂၄) ခုနှစ်တွင် မိုးမြေပဲကို စိုက်ပျိုးရန်လျာထားမှုအနေဖြင့် (၅၈၂၇၁) ဧကလျာထားမှုရှိပြီး မိုးရာသီကုန်အထိ (၃၆၈၆၀)ဧကစိုက်ပျိုးပြီး ရိတ်ဧက(၂၂၇၆၃)ဧက ရိတ်သိမ်းပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၃၉.၅၄)တင်းထွက်ရှိခဲ့သည်။ အထွက်တင်းစုစုပေါင်း(၉၀၀၄၉) တင်းထွက်ရှိခဲ့ပါသည်။ ဆောင်းမြေပဲစိုက်ပျိုးရန် လျာထားမှုမှာ (၃၁၉)ဧကရှိပြီး (၁၆၄)ဧကစိုက်ပျိုးထားရှိပြီးဖြစ်ပါသည်။ ကျောက်ပန်းတောင်းမြို့နှင့်ထိစပ်လျက်ရှိသော ကျေးရွာများမှ မြို့ပေါ်ရှိပွဲရုံများနှင့် ဆီစက်များသို့ လာရောက်ရောင်းချကြပါသည်။ (၂၀၂၂-၂၀၂၃) ခုနှစ်၊ နိုဝင်ဘာလတွင် မြေပဲဆီဆံတစ်တင်းလျှင် (၇၈၀၀၀)ကျပ်၊ မြေပဲလုံးဆံတစ်တင်းလျှင် (၈၂၅၀၀)ကျပ်၊ မျိုးမြေပဲတစ်တင်းလျှင် (၈၅၅၀၀)ကျပ်ဈေးနှုန်းများရှိခဲ့ပြီး (၂၀၂၃-၂၀၂၄) ခုနှစ်ကာလတူလတွင် မြေပဲဆီဆံတစ်တင်းလျှင် (၈၁၀၀၀)ကျပ်၊ မြေပဲလုံးဆံတစ်တင်းလျှင် (၈၄၀၀၀)ကျပ်၊ မျိုးမြေပဲတစ်တင်းလျှင် (၈၇၀၀၀)ကျပ်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိသည်။

  (၂၀၂၃-၂၀၂၄) ခုနှစ်တွင် ကျောက်ပန်းတောင်းမြို့နယ်၌ မြေပဲတစ်ဧကလျှင် စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် (၄၅၇၀၀၀)ကျပ်ခန့်ကျသင့်ပြီး တစ်ဧကလျှင် ပျမ်းမျှအထွက်တင်း(၃၉.၅၄)တင်းနှုန်းထွက်ရှိခဲ့ပါသည်။ ပေါ်ချိန်တွင် မြေပဲတောင့်တစ်တင်းလျှင် (၂၀၀၀၀)ကျပ်နှုန်းရောင်းချခဲ့ရပြီး တစ်ဧကလျှင် ဝင်ငွေ(၇၉၀၈၀၀)ကျပ်ရရှိ၍ တောင်သူအကျိုးအမြတ်မှာ (၃၃၃၈၀၀)ကျပ်ရရှိပါသည်။ ဒေသတွင်းထွက်မြေပဲများကို ယခင်က အခြားဒေသများသို့တင်ပို့ရောင်းချမှုများရှိခဲ့သော်လည်း ယခုအချိန်တွင် ပြည်ပသို့ရောင်းချမှုနည်းပါးလာပြီး ဒေသတွင်း၌သာ ဆီကြိတ်ခွဲသုံးစွဲမှုများလာပါသည်။ တောင်သူအကျိုးအမြတ်ရရှိသော ဆီထွက်သီးနှံမြေပဲကို ပိုမိုစိုက်ပျိုးပြီး ပြည်ပသို့ရောင်းချခြင်းမပြုဘဲ ပြည်တွင်း၌သုံးစွဲခြင်း၊ ဆီကြိတ်ခွဲရောင်းချခြင်းများပြုလုပ်ပါက ဒေသတွင်းဆီစားသုံးမှုဖူလုံလာခြင်း၊ တိရစ္ဆာန်အစာများပေါများလာခြင်း၊ ဒေသတွင်းလုပ်သားများအလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေခြင်းအပြင် ဘေးအန္တရာယ်ကင်းသောဆီများစားသုံးရခြင်းကြောင့် ကျန်းမာရေးကောင်းမွန်လာစေခြင်း စသည့်အကျိုးကျေးဇူးများရရှိလာစေသည့်အတွက် ဆီထွက်သီးနှံမြေပဲကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ကြောင်းရေးသာလိုက်ရပါသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့နယ်တွင်ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

    မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြို့မစည်ပင်သာယာဈေးကြီး၏ နယ်နိမိတ်အတွင်း ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ပဉ္စမပတ်အတွင်းဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်များ၏ လက်လီဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်လျှင် (၇၅၀၀)ကျပ်၊ ဧရာပဒေသာတစ်ပြည်လျှင် (၆၅၀၀)ကျပ်၊ ဧည့်မထတစ်ပြည်လျှင် (၃၀၀၀)ကျပ်၊ ငစိန်တစ်ပြည်လျှင် (၃၂၀၀)ကျပ်၊ မနောသုခတစ်ပြည်လျှင် (၄၀၀၀)ကျပ်၊ ပဲဆီတစ်ပိဿာလျှင် (၁၂၅၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၅၃၅၀)ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် လျှင်(၇၀၀၀)၊ မတ်ပဲတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ချင်းတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၃၂၀၀)ကျပ်၊ ခရမ်းချဉ်သီး(ဒေသထွက်) တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ ဆားတစ်ပိဿာလျှင် (၅၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၀၀၊ ၂၅၀)ကျပ်၊ ဘဲဥတစ်လုံးလျှင် (၃၄၀၊ ၃၆၀)ကျပ်တို့ဖြင့် ရောင်းဝယ်နေကြကြောင်းသိရှိရပါသည်။

  မွေးမြူရေးထွက်ကုန်များအနေဖြင့် ဒေသကြက်(ဗမာ)တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ မွေးမြူရေး ကြက်(CP)ရင်အုံတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ပေါင်သားတစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ငါးရံ့တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးတန်တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးပတ်တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငါးဖယ်တစ်ပိဿာလျှင် (၃၂၀၀၀)ကျပ်၊ ရေချိုပုစွန်(လတ်)တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်၊ ရေငန်ပုစွန်(လတ်) တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ အာဗြဲခြောက်တစ်ပိဿာလျှင် (၂၈၀၀၀၊)ကျပ်၊ ငါးတံခွန်ခြောက်တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငါးရောင်ခြောက်တစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ ပုစွန်ခြောက်တစ်ပိဿာလျှင် (၆၀၀၀၀၊ ၇၀၀၀၀၊ ၉၀၀၀၀)ကျပ်ခန့်တို့ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်နေကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာခရိုင်အတွင်းရှိ အခြေခံစားသောက်ကုန်များကို မြို့နယ်အလိုက် သက်သာသောဈေးနှုန်းဖြင့်ရောင်းချ

   မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်လေးမြို့နယ်တွင်းရှိ ပြည်သူများအား အခြေခံစားသောက်ကုန်များကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့မှ (၂၄) ရက်နေ့အထိ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခဲ့ပါသည်။ အဆိုပါဈေးရောင်းပွဲတော်များတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် မနောသုခဆန်တစ်ပြည်လျှင် (၂၇၀၀) ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၅၂၀၀) ကျပ်၊ ဝက်သားအရိုးပါတစ်ပိဿာလျှင် (၁၅၅၀၀) ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၇၅၀၀) ကျပ်၊ ငါးတန်တစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၇၅၀၀) ကျပ်၊ ရေချိုပုစွန်တစ်ပိဿာလျှင် (၂၂၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ကြက်သားတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၀၀) ကျပ်တို့ဖြင့် အသီးသီးရောင်းချခဲ့ကြောင်းသိရပါသည်။

       သာစည်မြို့နယ်၌ နိုဝင်ဘာလ (၂၀) ရက်နေ့မှ ဒီဇင်ဘာလ(၆) ရက်နေ့အထိ၊ မလှိုင်မြို့နယ်တွင် နိုင်ဝင်ဘာလ (၁၈) ရက်နေ့မှ (၂၄) ရက်နေ့အထိ၊ ဝမ်းတွင်းမြို့နယ်တွင် နိုဝင်ဘာလ (၁၈) ရက်နေ့မှ (၂၁) ရက်နေ့အထိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ရောင်းချပေးခဲ့ကြောင်းသိရပါသည်။

DOCA(မန္တလေး)

 

မိတ္ထီလာမြို့၏ ကြက်သွန်နီ ဈေးနှုန်းဈေးကွက်

   မိတ္ထီလာဈေးကွက်မှ နယ်ဝေးဒေသများသို့ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် ကြက်သွန်နီများကို ကားစီးလုံးတင်ပို့နိုင်ခြင်းမရှိကြောင်းသိရသည်။ ပုံမှန်အားဖြင့် မိတ္ထီလာဈေးကွက်မှ ရန်ကုန်သို့ (၁၂) ဘီးကားဖြင့်လည်းကောင်း၊ ပဲခူးသို့ (၆) ဘီးကားဖြင့်လည်းကောင်း နေ့စဉ်နီးပါးတင်ပို့နေပြီး ကုန်အမှာရှိပါက မြဝတီနှင့်မူဆယ်သို့လည်း တွဲကား (၁၂) ဘီးကားတို့ဖြင့် တင်ပို့လေ့ရှိပါသည်။ ယခုအခါ မိုးကြက်သွန်နီကောင်းစွာထွက်ရှိသည့် ကာလမဟုတ်ခြင်း၊ နွေကြက်သွန်နီမှာလည်း လက်ကျန်နည်းလာခြင်းတို့ကြောင့် တင်ပို့မှုလျော့နည်းကြောင်းသိရသည်။ ကြက်သွန်နီဈေးနှုန်းအနေဖြင့် အဟောင်းဈေးမှာ (၃၀၀၀) ကျပ်ခန့်၊ အသစ်မှာ အရည်အသွေးမမီသေးသော မြိတ်စားများဖြစ်၍ တစ်ပိဿာလျှင် (၂၀၀၀) ကျပ်ခန့်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

 

“ မိတ္ထီလာကုန်စည်ဒိုင်တွင်ဖြစ်ပေါ်နေသော သီးနှံစျေးနှုန်းဈေးကွက်အခြေအနေ”

    မိတ္ထီလာကုန်စည်ဒိုင်တွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ရောင်းဝယ်လျက်ရှိသော သီးနှံဈေးနှုန်းများအနက် ဆီထွက်သီးနှံစျေးနှုန်းများမှာ နှမ်း (ညိုသစ်)တစ်တင်းလျှင် (၈၅၀၀၀-၈၆၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၁၀၀၀၀-၁၀၅၀၀၀) ကျပ်၊ နေကြာစေ့တစ်ပိဿာလျှင် (၄၂၀၀-၄၃၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၄၀၀၀-၁၃၀၀၀) ကျပ်၊ နေကြာဆီတစ်ပိဿာလျှင်(၁၃၅၀၀-၁၄၀၀၀) ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၂၅၀၀) ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၁၈၀၀) ကျပ်ဖြင့် ရောင်းဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ်ဈေးနှုန်းများအတိုင်း ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေပြီး  မန္တလေးသို့ အများဆုံးတင်ပို့ရောင်းချကြောင်းသိရပါသည်။

      ငရုတ်၊ ကြက်သွန်နီမှာ အသစ်များဝင်လာပြီး ဒေသတွင်း၌သာရောင်းဝယ်လျက်ရှိပြီး ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်များကို ဒေသတွင်းတိရစ္ဆာန်စာအဖြစ်ရောင်းချကြပြီး နှမ်းကို မန္တလေးသို့ အဓိကတင်ပို့ရောင်းချကြောင်းသိရပါသည်။

DOCA(မန္တလေး)

အင်းစိန်ဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

   ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာအနေဖြင့် နေ့စဉ် နံနက် (၉:၃၀) နာရီအချိန်တွင် အင်းစိန်ဈေးအတွင်းသို့သွားရောက်၍ အခြေခံစားသောက်ကုန်ဈေးနှုန်းများကို ကောက်ယူလျက်ရှိပါသည်။

   ထိုသို့ကောက်ယူရာတွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်အတွင်း အင်းစိန်ဈေးအတွင်းရှိ ဆန်ဆိုင်များ၌ ဧည့်မထဆန်တစ်ပြည်လျှင် ၂၈၀၀ကျပ်မှ ၃၃၀၀ကျပ်၊ မနောသုခဆန်တစ်ပြည်လျှင် ၃၄၀၀ကျပ်မှ ၃၆၀၀ကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်ပြည်လျှင် ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်လျှင် ၆၅၀၀ကျပ်မှ ၇၂၀၀ကျပ် ဆန်ချောဈေးနှုန်းမှာ ယခင်အပတ်အတိုင်း ဈေးနှုန်းအတက်/အကျမရှိဘဲ  ကုန်ခြောက်ဆိုင်အမယ်ပိဿာဈေးနှုန်းများမှာ ကြက်သွန်နီ ၄၀၀၀ကျပ်မှ ၄၃၀၀ကျပ်၊ ကြက်သွန်ဖြူ(ဗမာ) ၁၇၀၀ကျပ်မှ ၁၈၀၀ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) ၁၅၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်၊ ငရုတ်သီးခြောက်(ရှည်) ၁၇၀၀၀ကျပ်၊ ငရုတ်ခြောက်(ပု) ၂၄၀၀၀ကျပ်၊ အာလူး ၃၄၀၀ကျပ်မှ ၃၆၀၀ကျပ်၊ ကုလားပဲတစ်ပြည်လျှင် ၆၅၀၀ကျပ် စသည်ဖြင့် ဈေးနှုန်းအသီးသီးရှိပြီး ကြက်ဥတစ်လုံးလျှင် ၂၃၀ကျပ်မှ ၂၅၀ကျပ်၊ ဘဲဥတစ်လုံးလျှင် ၃၃၀ကျပ်မှ ၃၅၀ကျပ်၊ ဆန်ကြာဇံတစ်ထုပ်လျှင် ၅၂၀၀ကျပ်၊ ဂျုံမှုန့်တစ်ပိဿာလျှင် ၅၂၀၀ကျပ်နှင့် အသားငါးဈေးနှုန်းများမှာ ဝက်သားတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်၊ ကြက်သား (CP) ၉၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်ဖြစ်ကာ ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာလည်း တညင်းကုန်းဈေးမှ ဝယ်ယူရောင်းချနေခြင်းကြောင့် ဈေးနှုန်းအတက်/အကျမရှိဘဲ ရောင်းချလျက်ရှိနေကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

တိုက်ကြီးမြို့နယ်အတွင်း ကန်စွန်းဥစိုက်ပျိုးမှု

   တိုက်ကြီးမြို့နယ်သည် စိုက်ပျိုးရေးကိုအဓိကထား၍ စီးပွားရေးလုပ်ကိုင်ဆောင်ရွက်နေသောမြို့များအနက် တစ်မြို့ဖြစ်သည့်အလျောက် လူဦးရေနေထိုင်မှုများပြားပြီး ကူးသန်း ရောင်းဝယ်ရေးလည်း လွယ်ကူသောမြို့တစ်မြို့ဖြစ်သည့်အတွက် စပါးစိုက်ပျိုးထုတ်လုပ်မှုအပြင် သီးပင်စားပင်အများအပြားကိုလည်းစိုက်ပျိုးလျက်ရှိပါသည်။ စားသုံးသီးပင်များအနက် လူအများကြိုက်နှစ်သက်သော ကန်စွန်းဥကို ဧက (၃၁၀) စိုက်ပျိုး၍ တစ်ဧကလျှင် (၁၁၀၀) ပိဿာထွက်ရှိကြောင်းသိရှိရပါသည်။ ထို့ပြင် ကန်စွန်းဥသည် မြေလွတ်၊ မြေရိုင်းများတွင် ပိုမိုဖြစ်ထွန်း၍ ဖုန်းဆိုးမြေများတွင်လည်းစိုက်ပျိုးရရှိသောကြောင့် မြေရိုင်းများအလဟသမဖြစ်စေဘဲ ပြည်သူများစားသုံးနိုင်ရန်အတွက် စိုက်ပျိုးထုတ်လုပ်ခြင်းဖြစ်ပါသည်။ တပေါင်းလနှင့်တန်ခူးလတို့တွင် တောခုတ်မီးရှို့ထားပြီး နတ်တော်လနှင့်ပြာသိုလတို့တွင် ထယ်ထိုးထွန်မွှေ၍ လက်သန်း၊ လက်မ၊ ဥငယ်များကို မြေမြှုပ်၍ပျိုးထောင်ရပါသည်။ တစ်ဧကလျှင် (၆)ပေပန္နက်ချ၍ အပုံ (၁၂၀၀) ခန့်ပန္နက်ရိုက်ပြီး (၃) ပေ၊ (၂) လက်မခန့် မြေပုံအဝိုင်းများပုံ၍ စိုက်ပျိုးရပါသည်။ တစ်ဧကတွင် မြေပုံ (၁၂၀၀) ခန့်ထွက်၍ တစ်ပုံလျှင် (၂၅၀) ပင်မှ (၃၀၀) ပင်ဆန့်ပြီး ဝါဆိုလမှ (၄) လခန့်ကြာစိုက်ပျိုးခဲ့ပြီးနောက် သီတင်းကျွတ်လနှင့် တန်ဆောင်မုန်းလတို့တွင်  ကန်စွန်းဥများလှိုင်လှိုင်ပေါ်၍ မိသားစုစားသုံးခြင်း၊ ဈေးကွက်သို့ဖြန့်ဖြူးရောင်းချခြင်း၊ ဖောက်သည်ပေးခြင်းဖြင့် ကန်စွန်းဥတစ်ပိဿာလျှင် (၂၀၀၀/၂၅၀၀) ကျပ်ဖြင့်ရောင်းဝယ်ဖောက်ကားနေရပြီး တစ်အိတ်လျှင် အချိန် (၃၀) ထည့်၍ ကြီး/လတ်/သေးခွဲ၍ရောင်းချပြီး တစ်နိုင်တစ်ပိုင်လုပ်ကိုင်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း