ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းအခြေအနေ

     ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်tတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး(သိင်္ဂီ) တစ်ပြည်လျှင် ၇၀၀၀ကျပ်၊ ဧည့်မထ (ဒေသ)ဆန်တစ်ပြည်လျှင် ၃၇၅၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များအနေဖြင့် ကြက်သွန်နီတစ်ပိဿာလျှင် ၄၅၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ (ရှမ်းစ)တစ်ပိဿာလျှင် ၁၄၅၀၀ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၂၀၀၀ကျပ်၊ အာလူးတစ်ပိဿာလျှင် ၃၅၀၀ကျပ်၊ မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် ၃၅၀၀ကျပ်နှင့် ချင်းတစ်ပိဿာလျှင် ၅၀၀၀ကျပ် စသည့်ဈေးနှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

      ကျိုင်းတုံမြို့တွင် ဒီဇင်ဘာလ ဒုတိယပတ်၌ စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီတစ်ပိဿာလျှင် ၆၀၀၀ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ ကြက်ဥဈေးနှုန်းမှာ တစ်လုံးလျှင် ၂၅၀ကျပ်နှင့် ဘဲဥတစ်လုံးလျှင် ၄၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသားငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာလျှင် ၁၃၅၀၀ ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၂၄၀၀၀ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၁၈၅၀၀ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၁၇၀၀၀ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရှိရပါသည်။

   ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင်ဒီဇင်ဘာလ တတိယပတ်ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်ပါက ခရမ်းချဉ်သီးဈေးနှုန်းမှာ အနည်းငယ်ကျဆင်းသွားပြီး ကြက်သွန်ဖြူ(ရှမ်းစ)မှာ ဈေးနှုန်းအနည်းငယ်မြှင့်တက်လျက်ရှိပါသည်။ ကျန်အခြေခံစားသောက်ကုန်များမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

 

ဘိုကလေးမြို့၊ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များ ရှိ စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၂၁) ရက်နေ့ ၊နေ့လယ်(၁၃:၀၀) နာရီအချိန်တွင်  ကုန်မျိုးစုံရောင်းချသည့်ဆိုင်များရှိ စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကုန်မျိုးစုံဆိုင်များရှိ ရောင်းချနေသောစားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိနှင့် FDA ၏ ထောက်ခံချက်များ ဖော်ပြထားခြင်းရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ(၄၁)၊ (၄၃) အရ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို ပြည့်စုံစွာဖော်ပြနိုင်ခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်ပစ္စည်းအမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မဖြစ်မနေသိသာထင်ရှားစွာဖော်ပြရမည့် သတ်မှတ်ချက်များတွင် ကုန်စည်၏တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ထုတ်လုပ်သည့်နေရာ၊ ပါဝင်ပစ္စည်း၏အမျိုးအမည်များနှင့် ပစ္စည်းများ၏ ပါဝင်မှုအချိုးအစား၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားခြင်းရှိ/မရှိတို့ကို ကွင်းဆင်းလေ့လာ စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့၊ မြို့မဈေးအတွင်း ကုန်မျိုးစုံရောင်းချနေသည့်ဆိုင်များရှိ စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

    ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၂၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့၊ မြို့မဈေးအတွင်းကုန်မျိုးစုံရောင်းချနေသည့်ဆိုင်များရှိ စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်ပစ္စည်းအမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မဖြစ်မနေသိသာထင်ရှားစွာဖော်ပြရမည့် သတ်မှတ်ချက်များ၌ ကုန်စည်၏ တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ထုတ်လုပ်သည့်နေရာ၊ ပါဝင်ပစ္စည်းအမျိုးအမည်များနှင့် ပစ္စည်းများ၏ ပါဝင်မှုအချိုးအစား၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များ စသည်တို့ကို ကွင်းဆင်းလေ့လာစစ်ဆေးခဲ့ကြပါသည်။ ထို့ပြင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားခြင်းရှိ/မရှိတို့ကို ကွင်းဆင်းလေ့လာစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မိတ္ထီလာခရိုင်၌ ယခင်နှစ်ထက် ပဲစဉ်းငုံဈေးနှုန်းများမြင့်တက်လျက်ရှိ

    မိတ္ထီလာခရိုင်အတွင်း၌ ပဲမျိုးစုံစိုက်ပျိုးကြသည့်အနက် ပဲစဉ်းငုံမှာ ပြည်ပပို့ကုန်သီးနှံဖြစ်သည့်အတွက် အဓိကထားစိုက်ပျိုးကြပါသည်။ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် ပဲစဉ်းငုံစိုက်ဧက(၉၆၇၄၀)ဧကရှိကြောင်း၊ ယခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ပဲစဉ်းငုံသီးနှံစတင်ပေါ်လာပြီး ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပဲစဉ်းငုံမှာ မိုးသီးနှံဖြစ်၍ ဇွန်လတွင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလနှင့်ဇန်နဝါရီလတို့တွင် ရိတ်သိမ်းကြပါသည်။ ပဲစဉ်းငုံကို ပြည်တွင်း၌ ပဲဟင်း၊ ပဲကြော်၊ ပဲသီးစိမ်းပြုတ်၍ စားသုံးကြသော်လည်း အများအားဖြင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချမှုအတွက်သာ အဓိကစိုက်ပျိုးကြပါသည်။

      ဈေးကွက်တွင် ပဲစဉ်းငုံ (၂၀) ပိဿာဝင်တစ်တင်းလျှင် (၁၀၄၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်နှစ်ပဲစဉ်းငုံပေါ်ချိန်တွင် ပဲစဉ်းငုံ(၂၀) ပိဿာဝင်တစ်တင်းလျှင် (၅၀၀၀၀) ကျပ်သာရှိခဲ့ပြီး ယခင်နှစ်နှင့်ကာလတူနှိုင်းယှဉ်လျှင် ပဲစဉ်းငုံပေါ်ချိန်၌ ဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်မြို့သို့ အဓိကတင်ပို့လျက်ရှိကြောင်းသိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာခရိုင်၌ မိုးစပါးပေါ်ချိန်တွင် စပါးဈေးနှုန်းများမြင့်တက်လျက်ရှိ

   မိတ္ထီလာခရိုင်အတွင်း၌  နွေရာသီ၊ မိုးရာသီနှစ်မျိုးလုံး၌ စိုက်ပျိုးသည့်စပါးမျိုးများမှာ မနောသုခနှင့် ဧရာပဒေသာစပါးမျိုးများတို့ဖြစ်ကြပါသည်။ မိတ္ထီလာခရိုင်တွင် (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက်ဧက (၁၁၄၂၅၇)ဧကရှိကြောင်း၊ မိုးစပါးကို ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလနှင့်ဇန်နဝါရီလတို့တွင် ရိတ်သိမ်းကြပါသည်။ ယခုဒီဇင်ဘာလတွင် မိုးစပါးများလှိုင်လှိုင်ပေါ်နေပြီး စပါးဈေးမှာလည်း ယခင်နှစ်ဈေးထက် မြင့်တက်လျက်ရှိကြောင်း၊ ဒီဇင်ဘာလအတွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသော စပါးဈေးနှုန်းများမှာ မနောသုခ (ဟောင်း)တင်း၁၀၀လျှင် (၂၈၀၀၀၀၀)ကျပ်၊ ဧရာပဒေသာစပါး(ဟောင်း)တင်း၁၀၀လျှင်(၃၈၀၀၀၀၀ ) ကျပ်၊ မနောသုခ မိုးစပါး(သစ်)တင်း၁၀၀လျှင် (၂၂၀၀၀၀၀)ကျပ်၊ ဧရာပဒေသာ မိုးစပါး (သစ်)တင်း၁၀၀လျှင် (၃၀၀၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်နှစ် ဒီဇင်ဘာလ မိုးစပါးပေါ်ချိန်တွင် မနောသုခ မိုးစပါး(သစ်)တင်း၁၀၀လျှင် (၁၂၀၀၀၀၀)ကျပ်၊ ဧရာပဒေသာ မိုးစပါး (သစ်)တင်း၁၀၀လျှင် (၁၉၀၀၀၀၀)ကျပ်ခန့်သာရှိခဲ့ကြောင်း၊ ယခင်နှစ်နှင့် ယခုနှစ်ကာလတူဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် စပါးဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်း ဆန်စက်လုပ်ငန်းရှင်များထံမှသိရှိရပြီး စပါးဈေးနှုန်းမြှင့်တက်သော်လည်း သွင်းအားစုနှင့် လုပ်သားခများမှာ ယခင်နှစ်ထက်မြင့်မားလာခြင်း၊ ယခုနှစ်တွင် စပါးခင်းများပိုးကျ၍ အထွက်နှုန်းကျဆင်းခြင်းတို့ကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်အနည်းငယ်သာရှိကြောင်း စပါးစိုက်ပျိုးသည့်တောင်သူများထံမှသိရှိရပါသည်။

DOCA(မန္တလေး)

နွားထိုးကြီးမြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းဖြစ်ပေါ်နေသော စားသောက်ကုန်ဈေးနှုန်းများ

     မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ မြို့မစည်ပင်သာယာဈေးအတွင်း ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်းဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်များ၏ လက်လီဈေးနှုန်းများမှာ ဝန်ကြီးပဒေသာတစ်ပြည်လျှင် (၆၅၀၀)ကျပ်ခန့်၊ ဧရာပဒေသာတစ်ပြည်လျှင် (၄၅၀၀)ကျပ်ခန့်၊ ပေါ်ဆန်းတစ်ပြည်လျှင် (၆၅၀၀)ကျပ်မှ (၇၃၀၀)ကျပ်၊ သုခဆန်တစ်ပြည်လျှင် (၃၂၀၀)ကျပ်မှ (၄၀၀၀)ကျပ်၊ မဂျမ်းတောတစ်ပြည်လျှင် (၄၅၀၀)ကျပ်မှ (၅၅၀၀)ကျပ်၊  သားငါးဈေးများအနေဖြင့် ငါးမြင်းတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊  ငါးကြင်းတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်မှ (၁၆၀၀၀)ကျပ်၊ ငါးရံ့တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်မှ (၁၆၀၀၀)ကျပ်၊ ငါးဖယ်တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငါးတန်တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ငါးခူတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ရေချိုပုဇွန်(လတ်)တစ်ပိဿာလျှင် (၂၆၀၀၀)ကျပ်၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ ကြက်သား(CP)တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာ လျှင် (၁၆၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်မှ (၂၀၀၀၀)ကျပ်၊ အသီးအရွက်ဈေးများအနေဖြင့် ကန်စွန်းရွက်တစ်ပိဿာလျှင် (၃၀၀)ကျပ်၊ ချဉ်ပေါင်ရွက်တစ်ပိဿာလျှင် (၂၅၀)ကျပ်၊ မုန့်ညှင်းရွက်တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ ပန်းဂေါ်ဖီတစ်ပိဿာလျှင် (၁၁၀၀)ကျပ်၊ ဂေါ်ဖီထုပ်တစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ ဆလပ်ရွက်တစ်ပိဿာလျှင် (၁၅၀၀)ကျပ်၊ ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၂၅၀၀)ကျပ်မှ (၃၅၀၀)ကျပ်၊ ခရမ်းချဉ်သီး(ဗမာ)တစ်ပိဿာလျှင် (၁၅၀၀) ကျပ်၊ ခရမ်းချဉ်သီး(ရှမ်း)တစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ ခရမ်းသီးတစ်ပိဿာ(၈၀၀)ကျပ်မှ (၁၀၀၀)ကျပ်၊ ပဲတောင့်ရှည်တစ်ပိဿာလျှင် (၂၀၀၀) ကျပ်၊ မုန်လာဥတစ်ပိဿာလျှင် (၆၀၀)ကျပ်မှ (၇၀၀)ကျပ်၊ မြေပဲဆံတစ်ပြည်လျှင် (၅၇၀၀)ကျပ်မှ (၅၈၀၀) ကျပ်၊ ပဲဆီတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၅၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်နေကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

 

မြင်းခြံမြို့၊ အေးမြသီတာဈေးအတွင်းဖြစ်ပေါ်နေသော စားသောက်ကုန် ဈေးနှုန်းများ

    မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ အေးမြသီတာဈေးအတွင်း ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်းဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်များ၏ လက်လီဈေးနှုန်းများမှာ ဧရာပေါ်ဆန်းမွှေးတစ်ပြည်လျှင် (၅၃၀၀)ကျပ်မှ (၅၆၀၀)ကျပ်၊ ဧည့်မထဆန်တစ်ပြည်လျှင် (၃၅၀၀)ကျပ်မှ (၃၇၀၀)ကျပ်၊ ကုလားပဲဆံတစ်ပြည်လျှင် (၇၀၀၀)ကျပ်မှ (၇၅၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၂၀)ကျပ်မှ (၂၅၀)ကျပ်၊ ဘဲဥတစ်လုံးလျှင် (၃၀၀)ကျပ်မှ (၃၅၀)ကျပ်၊ အသားငါးဈေးများအနေဖြင့် ငါးမြစ်ချင်းခုတ်သားတစ်ပိဿာလျှင် (၉၀၀၀)ကျပ်မှ (၁၀၀၀၀)ကျပ်၊ ကြက်သားခုတ်သား တစ်ပိဿာလျှင် (၉၄၀၀)ကျပ်မှ (၉၅၀၀)ကျပ်၊ ဝက်သား(သုံးထပ်သား)တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်မှ (၁၈၀၀၀)ကျပ်၊ အာဗြဲခြောက်တစ်ပိဿာလျှင် (၂၈၀၀၀)ကျပ်မှ (၃၀၀၀၀)ကျပ်၊ ကြက်သွန်နီ(မိုး)တစ်ပိဿာလျှင် (၁၆၀၀)ကျပ်မှ (၁၇၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာဈေးနှုန်းမှာ (၁၃၀၀၀)ကျပ်နှင့် (၁၄၀၀၀)ကျပ်၊ ချင်းအစို (အသစ်) တစ်ပိဿာလျှင် (၄၅၀၀)ကျပ်မှ (၅၀၀၀)ကျပ်၊ ငရုတ်သီးခြောက်ရှည်တစ်ပိဿာလျှင် (၁၃၀၀၀/ ၁၄၀၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၂၈၀၀)ကျပ်မှ (၃၀၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၅၂၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်နေကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

 

ထွက်ပေါ်စပြုနေပြီဖြစ်သော မြင်းခြံမိုးကြက်သွန်နီ

      မြင်းခြံခရိုင်တွင် မိုးကြက်သွန်နီကို နှစ်စဉ် ဩဂုတ်လနှင့်စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလ၊ ဇန္နဝါရီလနှင့်ဖေဖော်ဝါရီလများတွင် ရိတ်သိမ်းထွက်ပေါ်လေ့ရှိပါသည်။

     မြင်းခြံခရိုင်တွင် ယခင်နှစ်တွင် မိုးကြက်သွန်နီစိုက်ပျိုးနိုင်ခဲ့မှုအနေဖြင့် (၁၆၃၃)ဧကစိုက်ပျိုးခဲ့ပြီး၊ ယခုနှစ်မိုးကြက်သွန်နီစိုက်ပျိုးမှုအနေဖြင့် (၁၇၉၄)ဧကစိုက်ပျိုးနိုင်ခဲ့သည့်အတွက် ယခင်နှစ်ထက် (၁၆၁)ဧကပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်းသိရှိရပါသည်။ ယခုနှစ်တွင် မြို့နယ်အလိုက်စိုက်ပျိုးမှု၊ ရိတ်သိမ်းပြီးစီးမှုနှင့် အထွက်နှုန်းများအနေဖြင့် မြင်းခြံမြို့နယ်တွင် (၈၃၇)ဧကစိုက်ပျိုးခဲ့ပြီး၊ ယခုဒီဇင်ဘာလ တတိယပတ်အထိ ရိတ်သိမ်းပြီးစီးမှုမှာ (၃၄၀)ဧကရိတ်သိမ်းပြီးစီးခဲ့ရာ တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၂၁၀၀)ပိဿာဖြင့် ပိဿာချိန်ပေါင်း (၇၁၄၀၀၀)ပိဿာ၊ တောင်သာမြို့နယ်တွင် (၂၉၅)ဧကစိုက်ပျိုးခဲ့ပြီး လက်ရှိရိတ်သိမ်းပြီးစီးမှုမှာ (၁၀၀)ဧကရိတ်သိမ်းပြီးဖြစ်ရာ တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၂၁၀၀)ပိဿာဖြင့် ပိဿာချိန်ပေါင်း (၂၁၀၀၀၀)ပိဿာ၊ နွားထိုးကြီးမြို့နယ်တွင် (၆၆၂)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ရိတ်သိမ်းပြီးစီးမှုမှာ (၂၃၀)ဧကရိတ်သိမ်းပြီးဖြစ်ရာ တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၂၁၀၀)ပိဿာဖြင့် ပိဿာချိန်ပေါင်း (၄၈၃၀၀၀)ပိဿာထွက်ရှိခဲ့ကြောင်းနှင့်ကျန်ရှိသောစိုက်ဧကများကိုလည်း ဆက်လက်ရိတ်သိမ်းလျက်ရှိကြောင်းသိရှိရပါသည်။

       မြင်းခြံဒေသ၏ မိုးကြက်သွန်နီများမှာ ယခုဒီဇင်ဘာလ ဒုတိယပတ်မှစ၍ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လျက်ရှိရာ အသေးစတစ်ပိဿာလျှင် (၇၀၀)ကျပ်မှ (၁၂၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင် (၁၇၀၀)ကျပ်မှ (၂၂၀၀)ကျပ်နှင့် အကြီးစတစ်ပိဿာလျှင် (၂၃၀၀)ကျပ်မှ (၂၅၀၀)ကျပ်တို့ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတတိယအပတ်တွင် အသေးစတစ်ပိဿာလျှင် (၅၀၀)ကျပ်မှ (၁၂၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင် (၁၅၀၀)ကျပ်မှ (၂၂၀၀)ကျပ်နှင့် အကြီးစတစ်ပိဿာလျှင် (၂၄၀၀)ကျပ်မှ (၂၇၀၀)ကျပ်တို့ရှိ၍ ယခင်အပတ်ထက် အကြီးစတစ်ပိဿာလျှင် (၁၀၀)ကျပ်မှ (၂၀၀)ကျပ်ခန့်အထိ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကုန်စည်ဒိုင်မှရောင်းချသည့် ပဲမျိုးစုံနှင့် ဖြစ်ပေါ်နေသောဈေးနှုန်းအခြေအနေ

      မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကုန်စည်ဒိုင်မှ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (စတုတ္ထပတ်) အတွင်၌ာ ပဲတီစိမ်း(ရွှေဝါ)၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲလွန်းဖြူ၊ ဘိုကိတ်၊ ပဲပုပ်၊ မြေပဲတို့ရောင်းချကြောင်းသိရသည်။  

    ယင်းပဲမျိုးစုံများ၏ ဈေးနှုန်းအခြေအနေမှာ ပဲတီစိမ်း(ရွှေဝါ) ၂၀ ပိဿာဝင် တစ်တင်းလျှင် ကျပ် ၆၆၀၀၀၊ ပဲတီစိမ်း ၂၀ပိဿာဝင် တစ်တင်းလျှင် ကျပ်၅၉၀၀၀၊ မတ်ပဲ ၂၀ပိဿာဝင် တစ်တင်းလျှင် ကျပ်၉၆၀၀၀၊ ပဲလွန်းဖြူ  ၂၀ပိဿာဝင် တစ်တင်းလျှင် ကျပ်၆၅၀၀၀၊ ဘိုကိတ် ၂၀ပိဿာဝင် တစ်တင်းလျှင် ကျပ်၇၀၀၀၀၊ ပဲပုပ် ၂၀ပိဿာဝင်တစ်တင်းလျှင် ကျပ်၆၆၀၀၀၊ မြေပဲ ၂၀ပိဿာဝင် တစ်တင်းလျှင် ကျပ်၁၃၀၀၀၀ဖြစ်ကြောင်းသိရသည်။ ဈေးနှုန်းများမှာ အပတ်စဉ်အလိုက် အပြောင်းအလဲရှိနိုင်ကြောင်းသိရှိရပါသည်။

DOCA(မွန်)

 

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

     ၂၀၂၃ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် ၆၅၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၆၅၀၀ကျပ်၊ ရွှေဘို ပေါ်ဆန်း(သစ်) တစ်ပြည် (၅၂၀၀)ကျပ်၊ ဧရာမင်းဆန် (သစ်) တစ်ပြည်လျှင် (၄၈၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ကြက်သွန်နီလက်လီဈေးမှာ (ကြီး) တစ်ပိဿာ ၄၅၀၀ကျပ်၊ (လတ်) တစ်ပိဿာ ၃၅၀၀ကျပ်၊ (သေး)တစ်ပိဿာ ၂၅၀၀ကျပ်နှုန်း၊ ကြက်သွန်နီ (သစ်) တစ်ပိဿာလျှင် ၂၈၀၀ကျပ်မှ ၃၅၀၀ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၁၃၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာ ၅၀၀၀ကျပ်၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၇၀၀၀ကျပ် မှ ၁၈၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၂၈၀၀ကျပ်မှ ၃၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၁၄၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

   ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၃၀၀ကျပ်၊ (သေး) တစ်လုံး ၂၅၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၃၅၀)ကျပ်၊ (သေး)တစ်လုံး (၃၀၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာ ၁၆၀၀၀ ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၇၅၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၇၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

    စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊  စားအုန်းဆီ တစ်ပိဿာလျှင် ၅၄၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း