ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၂.၁၂.၂၀၂၃ )

  ၁၂.၁၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၁၁.၁၂.၂၀၂၃)

   ၁၁.၁၂.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း (၁၁.၁၂.၂၀၂၃)

   ၁၁.၁၂.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၁.၁၂.၂၀၂၃ )

   ၁၁.၁၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ကန့်ဘလူမြို့၏ ဒီဇင်ဘာလ ပထမပတ်တွင် ဖြစ်ပေါ်လျက်ရှိသော အိမ်သုံးဆေးဝါးဈေးနှုန်းများ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ပထမ ပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော အိမ်သုံးဆေးဝါးများ၏ ဈေးနှုန်းများမှာ Decolgen (၁၀)လုံးပါ (၁)ကဒ်လျှင် (၂၂၀၀)ကျပ်၊ Paracetamol (၁၀)လုံးပါ (၁)ကဒ်လျှင် (၅၀၀)ကျပ်၊ Civit အလုံး (၁၀၀)ပါ(၁)ဘူးလျှင် (၃၀၀၀)ကျပ်၊ Burmeton အလုံး(၁၀၀)ပါ (၁)ဘူးလျှင် (၂၈၀၀) ကျပ်၊ Biogesic (၁၀)လုံးပါ (၁)ကဒ်လျှင် (၁၂၅၀)ကျပ်၊ Cetirizine (၁၀)လုံးပါ (၁)ကဒ်လျှင် ( ၃၀၀) ကျပ်၊ ဓာတ်ဆား MPF (၁)ထုပ်လျှင် (၄၀၀)ကျပ်၊ သီးစုံဓာတ်ဆား Royal-D (၁)ထုပ်လျှင် (၃၅၀) ကျပ်၊ Oramin –G (၅)လုံးပါ (၁)ကဒ်လျှင် (၃၈၀၀)ကျပ်၊ Enervon –c (၄)လုံးပါ (၁)ကဒ်လျှင် (၁၈၅၀)ကျပ်၊ Solmux (၄)လုံးပါ (၁)ကဒ်လျှင် (၁၅၀၀)ကျပ်၊ Becozin (၁၀)လုံးပါ (၁)ကဒ်လျှင် (၂၅၀၀)ကျပ်၊ Hepto Pep (၁)ဘူးလျှင် (၅၈၀၀)ကျပ်၊  Ascoril (၁)ဘူးလျှင် (၅၅၀၀)ကျပ်၊ Chericof (၁)ဘူးလျှင် (၆၅၀၀)ကျပ်၊ Vifex (၁)ဘူးလျှင် (၅၅၀၀)ကျပ်၊ Baby Cough (၁)ဘူးလျှင် (၂၁၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          အိမ်သုံးဆေးဝါးဈေးနှုန်းများအား နိုဝင်ဘာလ စတုတ္ထပတ်နှင့်နှိုင်းယှဉ်ပါက အိမ်သုံးဆေးဝါး ဈေးနှုန်းများမှာ Burmeton အလုံး(၁၀၀)ပါ(၁)ဘူးလျှင် (၈၀၀)ကျပ် ဈေးနှုန်းမြင့်တက်ကာ Hepto Pep (၁)ဘူးလျှင် (၅၀၀)ကျပ်ဈေးနှုန်းကျဆင်းပြီး ကျန်အိမ်သုံးဆေးဝါးဈေးနှုန်းများမှာ ပုံမှန်အတိုင်း ရောင်းချလျက်ရှိကြောင်း ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

                                                                                        

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

   ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့  နေ့စဉ် မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီလက်ကျန် အခြေအနေများကို  အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှုစာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန်အခြေအနေကို နေ့စဉ်စုံစမ်းလျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့မှ ဒီဇင်ဘာလ (၁) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာဒေသများဖြစ်သည့် ဆိတ်ဖြူ၊ မြင်းခြံ(ကံဆင့်)နှင့် တောင်သာဒေသတို့မှ ကြက်သွန်နီ (၆၃၀၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်းသိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီလက်ကျန်မှာ (၂၅၂၀၀၀) ပိဿာကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရသည်။ ဆိတ်ဖြူကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၂၄၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ်၃၁၅၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၃၇၀၀၊ ရှယ်တစ်ပိဿာလျှင် ကျပ်၃၉၀၀၊ မြင်းခြံ (ကံဆင့်) ကြက်သွန် နီ(အသစ်) တစ်ပိဿာလျှင် ကျပ်၂၈၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ်၃၃၅၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၃၉၀၀၊ ရှယ်တစ်ပိဿာလျှင် ကျပ်၄၂၀၀၊ တောင်သာကြက်သွန်နီ (အသစ်) အချော တစ်ပိဿာလျှင် ကျပ်၂၂၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ်၂၇၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၃၃၀၀နှင့် ရှယ်တစ်ပိဿာလျှင် ကျပ်၃၆၀၀ဈေးနှုန်းတို့ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

     ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေး၌ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ( ၂၉ ) ရက်နေ့မှ ဒီဇင်ဘာလ (၅) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ကျောက်ဆည်၊ ပြည်မှ ရွှေငှက်ပျောသီးတစ်ဖီးလျှင် အလုံးကြီး ကျပ်၆၀၀၀၊ အလုံးသေး ကျပ်၃၅၀၀၊ တောင်ငူ၊ ကျောက်ဆည်မှ တောင်ငူငှက်ပျောသီးတစ်ဖီးလျှင် အလုံးကြီး ကျပ်၇၀၀၀၊ အလုံးသေး ကျပ် ၃၅၀၀၊ ဘိုကလေးမှ ငှက်ပျောသီးဖီးကြမ်းတစ်ဖီးလျှင် အလုံးကြီး ကျပ်၂၅၀၀၊ အလုံးသေး ကျပ်၁၅၀၀၊ ဝမ်းတွင်းမှ ဖရဲသီး(၈၅၅)တစ်လုံးလျှင် အလုံးကြီး ကျပ်၅၀၀၀၊ အလုံးလတ် ကျပ် ၄၀၀၀၊ အလုံးသေး ကျပ်၃၅၀၀၊ ဝမ်းတွင်းမှ ဖရဲသီး (၂၁၁)တစ်လုံးလျှင် အလုံးကြီး ကျပ်၄၀၀၀၊ အလုံးလတ် ကျပ်၃၅၀၀၊ အလုံးသေး ကျပ်၃၀၀၀၊ မော်လမြိုင်မှ ကျွဲကောသီးတစ်လုံးလျှင် အလုံးကြီး ကျပ်၁၀၀၀၊ အလုံးလတ် ကျပ်၅၀၀၊ အလုံးသေး ကျပ်၃၀၀၊ တိုက်ကြီးမှ မာလကာသီးတစ်လုံးလျှင် အလုံးကြီး ကျပ်၇၀၀၊ အလုံးလတ် ကျပ်၅၀၀၊ အလုံးသေး ကျပ်၄၀၀၊ သီပေါမှ နာနတ်သီးတစ်လုံးလျှင် အလုံးကြီး ကျပ်၂၅၀၀၊ အလုံးလတ် ကျပ်၂၀၀၀၊ အလုံးသေး ကျပ်၁၀၀၀၊ အောင်ပန်းမှ ထောပတ်သီးအလုံးကြီး အလုံး ၆၀ လုံးပါတစ်သေတ္တာလျှင် ကျပ်၁၅၀၀၀၊ တိုက်ကြီးမှ ပီလောပီနံအလုံးကြီးတစ်ပိဿာလျှင် ကျပ်၈၀၀၊ အောင်ပန်းမှ လိမ္မော်သီးအလုံးကြီးတစ်ပိဿာလျှင် ကျပ်၄၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ် ၃၈၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၃၀၀၀၊ ပြင်ဦးလွင်မှ ဘောက်သီးတစ်ပိဿာလျှင် အလုံးကြီး ကျပ်၁၂၀၀၀၊ အလုံးလတ် ကျပ်၁၀၀၀၀၊ အလုံးသေး ကျပ်၈၀၀၀၊ ပြင်ဦးလွင်မှ နဂါးမောက်သီးအလုံး ၃၀ လုံးပါတစ်ဖာလျှင် အလုံးကြီး ကျပ်၃၀၀၀၀၊ အလုံးလတ် ကျပ်၂၅၀၀၀၊ အလုံးသေး ကျပ်၂၀၀၀၀၊ ပြင်ဦးလွင်မှ အာတာလွတ်ဥတစ်ပိဿာလျှင် အလုံးကြီး ကျပ်၂၅၀၀၊ အလုံးလတ် ကျပ်၂၀၀၀၊ အလုံးသေး ကျပ် ၁၀၀၀၊ ဟင်္သာတမှ ထန်းမြစ်အစည်းကြီးတစ်စည်းလျှင် ကျပ်၂၅၀၀၊ အစည်းလတ်တစ်စည်းလျှင် ကျပ်၂၀၀၀၊ ပြည်မှ ဆီးသီး(အချဉ်)အလုံးကြီး တစ်ပြည်လျှင် ကျပ်၂၀၀၀ဈေးနှုန်းတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) ထံမှသိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ပုဇွန်ခြောက်ဈေးနှုန်းများနှင့် ငါးခြောက်ဈေးနှုန်းများ

     ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်၌ ၁.၁၂.၂၀၂၃ မှ ၅.၁၂.၂၀၂၃ ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သော ပုဇွန်ခြောက်ဈေးနှုန်းများမှာ ဖျာပုံရွှေပုဇွန် (ရှယ်) ၁ ပိဿာလျှင် ၇၀၀၀၀/- ကျပ်မှ ၉၀၀၀၀/- ကျပ်ထိလည်းကောင်း၊ ဖျာပုံရွှေပုဇွန် (ရိုးရိုး) ၁ ပိဿာလျှင် ၆၀၀၀၀/- ကျပ်မှ ၆၅၀၀၀/- ကျပ်ထိလည်းကောင်း၊ ဖျာပုံချိုကြီး (ရှယ်) ၁ ပိဿာလျှင် ၅၅၀၀၀/- ကျပ်မှ ၆၀၀၀၀/- ကျပ်ထိလည်းကောင်း၊ ဖျာပုံချိုသေး (ရှယ်) ၁ ပိဿာလျှင် ၄၀၀၀၀/- ကျပ်မှ ၄၅၀၀၀/- ကျပ်ထိလည်းကောင်း၊ ဖျာပုံချိုသေး (ရိုးရိုး) ၁ ပိဿာလျှင် ၂၅၀၀၀/- ကျပ်မှ ၃၀၀၀၀/- ကျပ်ထိလည်းကောင်း၊ ရခိုင်ရွှေပုဇွန် (ရှယ်) ၁ ပိဿာလျှင် ၅၀၀၀၀/- ကျပ်မှ ၆၅၀၀၀/- ကျပ်ထိလည်းကောင်း၊ ရခိုင်ရွှေပုဇွန် (ရိုးရိုး) ၁ ပိဿာလျှင် ၄၀၀၀၀/- ကျပ်မှ ၄၅၀၀၀/- ကျပ်ထိဖြစ်ပေါ်ခဲ့ပြီး ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

   ရေချိုငါးခြောက်ဈေးနှုန်းများမှာ ငါးကျဉ်းကြပ်တိုက် (ကြီး) ၁ ပိဿာလျှင် ၆၅၀၀၀/- ကျပ်မှ ၇၀၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးကျဉ်းကြပ်တိုက် (သေး) ၁ ပိဿာလျှင် ၄၀၀၀၀/- ကျပ်မှ ၄၅၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးမွေထိုးခြောက် ၁ ပိဿာလျှင် ၂၅၀၀၀/- ကျပ်မှ ၃၀၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးရံ့ခြောက် (ကြီး) ၁ ပိဿာလျှင် ၆၀၀၀၀/- ကျပ်မှ ၆၅၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးရံ့ခြောက် (လတ်) ၁ ပိဿာလျှင် ၄၀၀၀၀/- ကျပ်မှ ၄၅၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးရံ့လုံးခြောက် ၁ ပိဿာလျှင် ၂၅၀၀၀/- ကျပ်မှ ၃၀၀၀၀/- ကျပ်ထိရှိခဲ့ပြီး ဈေးနှုန်းများမှာ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။       

  ရေငံငါးခြောက်ဈေးနှုန်းများ အနေဖြင့် ကလိန်ခြောက် ၁ ပိဿာလျှင် ၉၅၀၀/- ကျပ်မှ ၁၀၀၀၀/- ထိလည်းကောင်း၊ ငါးကွမ်းရှပ် ၁ ပိဿာလျှင် ၂၅၀၀၀/- ကျပ်မှ ၃၀၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးတံခွန် (မျင်းကြီး) ၁ ပိဿာလျှင် ၄၀၀၀၀/- ကျပ်မှ ၄၅၀၀၀/- ကျပ်ထိ လည်းကောင်း၊ ငါးတံခွန် (လုံး) ၁ ပိဿာလျှင် ၂၀၀၀၀/- ကျပ်မှ ၂၅၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးနှပ်ချိုခြောက် ၁ ပိဿာလျှင် ၁၈၀၀၀/- ကျပ်မှ ၂၀၀၀၀/- ထိလည်းကောင်း၊ ငါးပုတ်သင်ခြောက် ၁ ပိဿာလျှင် ၈၀၀၀/- ကျပ်မှ ၁၀၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးရောင် (ကြီး) ၁ ပိဿာလျှင်မှ ၃၀၀၀၀/- ကျပ်မှ ၃၅၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးရောင် (လတ်) ၁ ပိဿာလျှင် ၂၅၀၀၀/- ကျပ်မှ ၂၈၀၀၀/- ကျပ်ထိလည်းကောင်း၊ ဆီးငါးရောင် ၁ ပိဿာလျှင် ၂၅၀၀၀/- ကျပ်မှ ၂၈၀၀၀/- ကျပ်ထိ လည်းကောင်း၊ ငါးမြီးတံသွယ် ၁ ပိဿာလျှင် ၄၀၀၀/- ကျပ်မှ ၅၀၀၀ ကျပ်ထိလည်းကောင်း၊ ငါးရွှေ (ကြီး) ၁ ပိဿာလျှင် ၁၅၀၀၀/- ကျပ်မှ ၁၇၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးရွှေ (သေး) ၁ ပိဿာလျှင် ၈၀၀၀/- ကျပ်မှ ၈၅၀၀/- ကျပ်ထိလည်းကောင်း၊ ငါးဘူစီ ၁ ပိဿာလျှင် ၅၀၀၀/- ကျပ်မှ ၆၀၀၀/- ကျပ်ထိအသီးသီးဖြစ်ပေါ်ခဲ့ပြီးအချို့ ဈေးနှုန်းများမှာ အနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ကော့မှူးမြို့နယ်၌ မိုးစပါးဧက ၁၀၇၂၄ဧကကျော် ရိပ်သိမ်းခြွေလှေ့ပြီးစီး”

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ (၂၀၂၃-၂၀၂၄) ခုနှစ် မိုးစပါးသီးနှံစိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန်ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများအနေဖြင့် သီးထပ်သီးညှပ်ဆောင်းသီးနှံများကို အချိန်မီစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်မှစတင်ပြီး ရိတ်သိမ်းခြွေလှေ့စက်များဖြင့် လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့လျက်ရှိရာ ယနေ့အထိ တစ်မြို့နယ်လုံးအနေဖြင့် မိုးစပါးသီးနှံစိုက်ဧက၁၀၇၂၄ကျော်ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီးဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှသိရသည်။

    ကော့မှူးမြို့နယ်၌ (၂၀၂၃-၂၀၂၄) ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် ပြည်ပသို့တင်ပို့နိုင်ရန် ရည်ရွယ်၍ ဒေသခံတောင်သူများက တစ်မြို့နယ်လုံး မိုးစပါးသီးနှံစိုက်ဧက ၈၈၀၉၉ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဒေသခံတောင်သူများ အဓိကစိုက်ပျိုးသည့်သီးနှံများမှာ ရက် (၉၀) ၈၆၅၀ဧက သီးထပ်ရင် ၂၁၂၆ဧက၊ ဇီယာ ၉၉၉ဧက၊ ဧည့်မထ (အထွက်ကောင်း) ၁၉၅ဧက၊ ငစိန် ၃၃၈၄၀ဧက၊ မြီးဒုံး ၂၁၆၅၅ဧက၊ ငကျွဲ (တောင်ပျံ) ၁၉၈၀၂ဧက၊ ကောက်ညှင်း ၈၁၄ဧက၊ ငစိန် ၃၃၈၄၀ဧက၊ မြီးဒုံး ၂၁၆၅၅ဧက၊ ငကျွဲ(တောင်ပျံ) ၁၉၈၀၂ဧက၊ ကောက်ညှင်း ၈၂၄ဧက စသည့်စပါးမျိုးများကို အဓိကထားစိုက်ပျိုး ကြကြောင်းတွေ့ရှိရပါသည်။

  ယခုအခါ ဒေသခံတောင်သူများစိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန်ရောက်ရှိလာပြီဖြစ်သောကြောင့် ဒေသခံတောင်သူများက သီးထပ်သီးညှပ်ဆောင်း သီးနှံများဖြစ်သော နွေစပါး၊ နေကြာ၊ ပဲအမျိုးမျိုး၊ နှံစားပြောင်း၊ ဖိုက်ဆံလှော်ပန်းအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်သီးနှံများကို အချိန်မီ ပြန်လည်စိုက်ပျိုးလုပ်ကိုင်နိုင်ရန်အတွက် နိုဝင်ဘာလ ဒုတိယအပတ်မှစတင်ပြီး ရိတ်သိမ်းခြွေလှေ့စက်များငှားရမ်း၍ လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့လျက်ရှိရာ ယနေ့အထိ တစ်မြို့နယ်လုံးအနေဖြင့် မိုးစပါးစိုက်ဧက ၁၀၇၂၄ ဧကကျော်ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ရာ စပါးအထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပျမ်းမျှ ၇၆.၂၅တင်းခန့်ထွက်ရှိကြောင်း ကော့မှူးမြို့နယ်၊ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှသိရှိရပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူမြို့ရှိ ပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဆက်လက်ရောင်းချပေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ကန့်ဘလူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့စသည့်  တာဝန်ရှိသူများ၏ကြီးကြပ်မှုဖြင့်  ဆီကုန်သည်များနှင့် ပူးပေါင်းကာ (၄.၁၂.၂၀၂၃) ရက်နေ့ နံနက် ၀၈:၀၀ နာရီက ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ စားအုန်းဆီများကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးခဲ့ကြောင်း သိရသည်။

          အဆိုပါ စားအုန်းဆီများရောင်းချပေးရာတွင် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဝယ်ယူရရှိစေရန်  လူတစ်ဦးလျှင်(၅၀)ကျပ်သားကို ၂၇၀၀ ကျပ်ဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးပြီး လူဦးရေ(၁၄၀၀)ဦးအတွက် စားအုန်းဆီ ၇၀၀ ပိဿာရောင်းချ ပေးခဲ့ကြောင်း ဆီလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း