ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မကွေးကုန်စည်ဒိုင်၏ သီးနှံမျိုးစုံစျေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

 မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်နှင့်ပွဲရုံများ၌ သီးနှံမျိုးစုံတို့မှာ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ (၃၀-၁၁-၂၀၂၃)ရက်နေ့တွင် မကွေးကုန်စည်ဒိုင်၌ဖြစ်ပေါ်လျက်ရှိသော သီးနှံစျေးနှုန်းများမှာ ပဲတီစိမ်း(သစ်)(၂၀)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၅၂၀၀၀)၊ ပဲနောက်(၂၀)ပိဿာဝင် (၁)တင်းလျှင် ကျပ်(၄၆၅၀၀)၊ ပဲလွန်း(၁၉)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၅၅၀၀၀)၊ ကုလားပဲ(929) (၁၉)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၈၄၅၀၀)၊ ကုလားပဲ(ဟော်လန်)(၁၉)ပိဿာဝင်(၁)တင်းလျှင် ကျပ် (၈၄၀၀၀)၊ ပဲကြီး(ဖြူ)ပြားကြီး(၁၉)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၁၃၀၀၀၀)၊ ပဲကြီးဖြူ(လတ်)(၁၉) ပိဿာဝင်(၁)တင်းလျှင် ကျပ်(၁၂၀၀၀၀)၊ ပဲကြီးဖြူ(သေး)(၁၉)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၁၁၀၀၀၀)၊ နှမ်းနက်(စမုံ) (၁၅)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၁၀၇၀၀၀-၁၁၀၀၀၀)၊ နှမ်းဖြူ(၁၅)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၁၁၅၀၀၀)၊ နှမ်းနီ(မကွေး)(၁၅)ပိဿာဝင် (၁)တင်းလျှင် ကျပ်(၁၀၀၀၀၀)၊ မြေပဲလုံးဆံ(နီ) (၁)ပိဿာလျှင် ကျပ်(၅၃၀၀-၅၅၀၀)နှင့် မြေပဲလုံးဆံ(ဖြူ)(၁)ပိဿာလျှင် ကျပ်(၅၅၅၀-၅၆၀၀)ဈေးနှုန်းတို့ရှိကြောင်းသိရှိရပါသည်။

       မကွေးကုန်စည်ဒိုင်၌ (၂၈-၁၁-၂၀၂၃) ရက်နေ့မှ (၁-၁၂-၂၀၂၃)ရက်နေ့အထိ အရောင်းအဝယ်ဖြစ်ခဲ့မှုအခြေအနေမှာ နှမ်းဖြူတန်ချိန် (၁၀၀)ခန့်၊ နှမ်းနီတန်ချိန် (၂၅)ခန့်၊ နှမ်းနက်(စမုံ)တန်ချိန် (၁၀၀)ခန့်၊ နှမ်းနက်(ရိုးရိုး) တန်ချိန် (၅၀)ခန့်၊ ပဲတီစိမ်းတန်ချိန် (၅၀)ခန့်၊ ကုလားပဲတန်ချိန် (၁၀၀)ခန့်၊ ပဲကြီးဖြူတန်ချိန် (၄၀)ခန့်၊ ပဲကြီးမဲတန်ချိန် (၁၀)ခန့်၊ စားတော်ပဲတန်ချိန် (၂၀)ခန့်၊ မတ်ပဲတန်ချိန်(၁၅)ခန့်နှင့် မြေပဲဆံတန်ချိန်(၅၀၀)ခန့်၊ ပဲနောက်တန်ချိန်(၅၀)ခန့်နှင့် ပဲလွန်းဝါတန်ချိန်(၇၀)ခန့်တို့ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

 

အထက်မင်းလှမြို့ပေါ်ရှိ အိမ်သုံးဆေးဝါးဈေးနှုန်းအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့ပေါ်၌  ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော အိမ်သုံးဆေးဝါးများ၏ဈေးနှုန်းများမှာ Decolgen (၁၀)လုံးပါတစ်ကတ်လျှင် ကျပ်(၁၆၀၀)၊ Civit အလုံး(၁၀)ပါတစ်ကတ်လျှင် ကျပ်(၃၀၀)၊ Paracetamol (၁၀)လုံးပါတစ်ကတ်လျှင် ကျပ်(၃၅၀)၊ Biogesic(၁၀)လုံးပါတစ်ကတ်လျှင် ကျပ်(၁၁၀၀)၊ Amoxicillin (500)ဂရမ်(၁၀)လုံးပါတစ်ကတ်လျှင် ကျပ်(၁၀၀၀)၊ Enervon-C (၁၀)လုံးပါတစ်ကတ်လျှင် ကျပ် (၄၁၀၀)၊ Bermeton အလုံး(၁၀၀)ပါတစ်ဘူးလျှင် ကျပ်(၂၅၀၀)၊ Cetrine(၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၂၅၀)၊ ဓါတ်ဆား MPF တစ်ထုပ်လျှင် ကျပ်(၄၀၀)၊ သီးစုံဓာတ်ဆား Royal-D တစ်ထုပ်လျှင် ကျပ်(၄၀၀)၊ Oramin-G(၅)လုံးပါတစ်ကတ်လျှင် ကျပ်(၃၆၀၀)၊ Becozinc(၁၀)လုံးပါတစ်ကတ်လျှင် ကျပ်(၄၆၅၀)၊ Vitahome (၁၀)လုံးပါတစ်ကတ်လျှင် ကျပ်(၂၀၀၀)၊ SaRa(၁၀)လုံးပါတစ်ကတ်လျှင် ကျပ်(၁၁၀၀)၊ Solmux(၄)လုံးပါတစ်ကတ်လျှင် ကျပ်(၁၄၀၀)၊ Woods’ တစ်ဘူးလျှင် ကျပ်(၈၀၀၀)၊ Mexagrip(၆)လုံးပါတစ်ကတ်လျှင် ကျပ်(၁၃၀၀)၊ Zinc(၁၀)လုံးပါတစ်ကတ်လျှင် ကျပ်(၅၀၀) ဈေးနှုန်းအသီးသီးဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ယခုအချိန်အခါသည် ဆောင်းရာသီကာလဖြစ်၍ အအေးမိခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားနာခြင်းများဖြစ်ကြသဖြင့် အိမ်သုံးဆေးဝါးများကို အဓိကဝယ်ယူလျက်ရှိကြောင်း ဆေးနှင့်ဆေးပစ္စည်းရောင်းချသူများထံမှသိရှိရပါသည်။

DOCA(မကွေး)

 

အထက်မင်းလှမြို့၏ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(စတုတ္ထပတ်)နှင့် ဒီဇင်ဘာလ(ပထမပတ်)တို့တွင်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းအခြေအနေ

 မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

    အထက်မင်းလှမြို့တွင် စက်သုံးဆီအရောင်းဆိုင်(၄)ဆိုင်ရှိရာ နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(စတုတ္ထပတ်)နှင့်ဒီဇင်ဘာလ(ပထမပတ်) စက်သုံးဆီဈေးနှုန်းများ မှာ 92(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၂၅၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၅၉၀)ဖြစ်၍ ကျပ်(၃၄၀)ဈေးမြင့်ခဲ့ကြောင်း၊ 95(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၃၇၅)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၇၂၀)ဖြစ်၍ ကျပ်(၃၄၅)ဈေးမြင့်ခဲ့ကြောင်း၊  ဒီဇယ်ရိုးရိုး(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၂၇၅)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၂၉၀)ဖြစ်၍ ကျပ်(၁၅)ဈေးမြင့်ခဲ့ကြောင်း၊  ပရီမီယမ်ဒီဇယ်တစ်လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၃၇၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၃၈၅)ဖြစ်၍ ကျပ်(၁၅)ဈေးနှုန်း စသည်ဖြင့် ဈေးနှုန်းအသီးသီးမြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှသိရှိရပါသည်။

DOCA(မကွေး)

ကန့်ဘလူ၊ ကျွန်းလှမြို့တို့၌ ဒီဇင်ဘာလ ပထမ အပတ်တွင်  ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

        ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ပထမအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် အခြေခံစားကုန် များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် (၅၂၀၀)ကျပ်၊ ဧရာမင်း တစ်ပြည် (၅၂၀၀)ကျပ်ဖြင့် တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျှက်ရှိသည်။ ကြက်သွန်နီ လက်လီဈေးမှာ အကြီး /အသေးပါ်မူတည်၍ တစ်ပိဿာ လျှင်(၄၈၀၀/၄၅၀၀)ကျပ် ၊ကြက်သွန်ဖြူ လက်လီဈေးမှာ(ဗမာ) အလုံးကြီး တစ်ပိဿာ (၁၅၀၀၀) ကျပ် ၊ အလုံး သေး တစ်ပိသာ (၁၃၀၀၀)ကျပ် ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိသာ (၁၅၀၀၀) ကျပ် ၊ဂျင်း တစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ ငရုတ်သီးခြောက် တစ်ပိဿာ (၁၅၀၀၀)ကျပ် ၊ အာလူး အသေး/အကြီး အမျိုးအစား အလိုက် တစ်ပိဿာ (၃၅၀၀/၃၀၀၀)ကျပ် ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

       ငရုပ်သီးစိမ်း တစ်ပိဿာ (၅၀၀၀)ကျပ် ၊ ခရမ်းချဉ်သီး တစ်ပိဿာ အကြီး/ အသေးပေါ်တူတည်ပြီး (၂၀၀၀/၂၂၀၀)ကျပ် ၊ ခရမ်းသီး  တစ်ပိဿာ (၈၀၀) ကျပ် ၊ ပန်းဂေါ်ဖီ တစ်ပွင့်  (၁၈၀၀/၁၅၀၀) ကျပ် ၊ ဂေါ်ဖီထုတ် တစ်ထုတ် လျှင် (၁၈၀၀/၂၀၀၀) ကျပ် ၊ ခါကြက်ဥ(တရုတ်) တစ်ပိဿာ (၆၀၀၀)ကျပ် ၊ ခါကြက်ဥ (ဗမာ) တစ်ပိဿာ လျှင် (၄၀၀၀)ကျပ် ၊ သံပုရာသီး တစ်လုံးလျှင် (၁၅၀) ကျပ် မှ (၃၀၀) ကျပ် ၊ ကန်ဇွန်းရွက် တစ်စီးလျှင် (၁၅၀) ကျပ်၊ ပဲတောင့်ရှည် တစ်စီးလျှင်(၃၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည် ။

          ကြက်ဥ လက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံး (၂၅၀)ကျပ်၊ (အသေ)တစ်လုံး (၂၃၀) ကျပ် ၊ ဘဲဥ တစ်လုံ (၂၅၀)ကျပ်ရှိသည်။  ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏ အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(cp) (၁၂၀၀၀) ကျပ် ၊ ကြက်သား(ဗမာ) (၁၃၀၀၀)ကျပ်  ၊ ဝက်သား တစ်ပိဿာ (၁၆၅၀၀) ကျပ် ၊ အမဲသာ တစ်ပိဿာ (၁၄၀၀၀) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်း တွေ့ရှိရပါသည်။ ငါးကြင်း အကောင်လိုက် တစ်ပိဿာ (၉၀၀၀) ကျပ်၊ ငါးကြင်းခုတ်သားဈေးမှာ တစ်ပိဿာ  (၁၆၀၀၀) ကျပ်၊ တီလားဗီး ယားငါး အသေး တစ်ပိဿာ (၇၀၀၀)ကျပ် ၊ အကြီး တစ်ပိဿာ (၁၀၀၀)ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

          စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့် တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ် ၊စားအုန်းဆီတစ်ပိဿာလျှင် (၅၅၀၀) ကျပ် ဖြင့်အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

          ဒီဇင်ဘာလ ပထမအပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများအား ယခင်အပတ်ဈေးနှုန်းများ နှင့် နှိုင်းယှဉ်ကြည့်လျှင် အခြားအခြေခံစားကုန်ဈေးနှုန်းများ ကွာဟမှုမရှိကြောင်းနှင့် အသားဈေးများ တည်ငြိမ် လျှက်ရှိနေပြီး ငါးဈေးနှုန်းများ အနည်းငယ်လျော့ကျလာသည်။ ကြက်သွန်ဖြူဈေးနှုန်း အနည်းငယ် မြင့်တက်လာကာ အသီးအနှံဈေးများ အနည်းငယ်လျော့ကျလျက်ရှိကြောင်း ကန့်ဘလူမြို့မဈေး ရောင်းချသူ များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

 

ကန့်ဘလူမြို့၏ ဒီဇင်ဘာလ ပထမပတ်တွင်ဖြစ်ပေါ်လျက်ရှိသော ငါးဈေးနှုန်းများ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူ မြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ် ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏ မျှော်မှန်းချက်တာဝန်ကိုလည်း အ ကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မဈေးတွင် ငါးမျိုးစုံရောင်းချလျက် ရှိပြီး ဒီဇင်ဘာလ ပထမပတ်အတွင်းဖြစ်ပေါ်နေသော ငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အ ကောင်လိုက်တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေးတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ တီလားဗီးယားအကောင်ကြီးတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာ လျှင် (၉၅၀၀)ကျပ်၊ ငါးဖယ်တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးမုတ်တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးဂျောင်းတစ်ပိ  ဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးအုံတုံတစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ ငါးအုံတုံခုတ်သားတစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ ငါးမြင်းခုတ်သားတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်းခုတ်သားတစ်ပိ ဿာလျှင် (၁၆၀၀၀)ကျပ်၊ ငါးဖယ်ခြစ်တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ပုစွန်ထုပ်တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          ငါးဈေးနှုန်းများအား နိုဝင်ဘာလ စတုတ္ထပတ်နှင့်နှိုင်းယှဉ်ပါက တီလားဗီးယားအကောင် ကြီးတစ်ပိဿာလျှင် (၁၅၀၀)ကျပ်ဈေးနှုန်းမြင့်တက်ကာ ကျန်ငါးဈေးနှုန်းများမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ကန့်ဘလူမြို့မဈေးအတွင်းရောင်းချလျက်ရှိသော ငါးဒိုင် များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

             ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိသည်။

           ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ မှာ ပန်းသီး(ရိုးရိုး) အသေး(၁)လုံးလျှင် (၅၀၀)ကျပ်၊ ပန်းသီး(ရိုးရိုး) အကြီး(၁)လုံး လျှင်(၈၀၀) ကျပ်၊  စပျစ်သီး(အလုံးကြီး) (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ပန်းသစ်တော်သီး(၁)လုံးလျှင် (၂၀၀၀မှ၂၅၀၀)ကျပ်ထိ၊  ဖီးကြမ်းငှက်ပျောသီး (၁)ဖီးလျှင်(၁၅၀၀)ကျပ်၊ ခွန်စိမ်း ရိုးရိုး (၁)ဖီးလျှင် (၁၃၀၀မှ၁၅၀၀)ကျပ်ထိ၊ မက်မန်းသီး(၁)ပိဿာလျှင် (၄၅၀၀)ကျပ်၊ နာနတ်သီး(၁)လုံးလျှင် (၁၅၀၀ မှ၂၀၀၀)ကျပ်ထိ၊ တည်သီး (၁)လုံးလျှင် (၈၀၀ မှ ၁၀၀၀)ကျပ်ထိ ၊ ထောပတ်သီး (၁)လုံး လျှင် (၈၀၀)ကျပ်၊ ပျားလိမ္မော်သီး (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ဆန်းကစ်လိမ္မော်သီး (၁)လုံး လျှင် (၅၀၀)ကျပ်၊ သလဲသီး(၁)လုံးလျှင်(၅၀၀)ကျပ်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ နေ့စဉ်ဆန်ဝင်ရောက်မှုစာရင်း

     ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၂၈-၁၁-၂၀၂၃) ရက်နေ့မှ (၃-၁၂-၂၀၂၃) ရက်နေ့အထိ ဆန်ဝင်ရောက်မှုစာရင်းများမှာ ဧရာဝတီတိုင်းမှ ပေါ်ဆန်းမွှေး (၃၂၁၆၀) အိတ်၊ ပေါ်ကျွဲ (၂၈၂၀) အိတ်၊ ဧည့်မထ (၂၆၂၇၀) အိတ်၊ ဆန်ကွဲ (၁၅၉၈၀) အိတ်ဝင်ရောက်ခဲ့ပြီး ပဲခူး(အရှေ့) မှ ဧည့်မထ (၄၉၄၇) အိတ်နှင့် ပဲခူး(အနောက်) မှ ဧည့်မထ (၁၆၄၀၆) အိတ်၊ ငစိန် (၁၀၁၄) အိတ်ဝင်ရောက်ခဲ့ပါသည်။ ရန်ကုန်တိုင်းပြင်ပမြို့နယ်များမှ ဧည့်မထ (၁၃၄၈၀) အိတ်ဝင်ရောက်မှုရှိကြောင်း ဝါးတန်းဆန်စပါးကုန်စည်ဒိုင်၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(ရန်ကုန်)

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း (၁၂.၁၂.၂၀၂၃)

   ၁၂.၁၂.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၄၅/၂၀၂၃ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၁၂.၁၂.၂၀၂၃)

    ၁၂.၁၂.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း