ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုမြို့၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများအား တန်ဖိုးသင့် စားသောက်ကုန်များဖြစ်သည့် စားအုန်းဆီနှင့်ဆန်များရောင်းချ

    စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ခရိုင်စီမံအုပ်ချုပ်ရေးရာအဖွဲ့၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးနှင့်  ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာမှ ဝန်ထမ်းများပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၂၂ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရွှေဘိုမြို့၊ ခရိုင်စီမံအုပ်ချုပ်ရးအဖွဲ့ရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများအား စားဝတ်နေရေး အထောက်အပံ့ဖြစ်စေရန်အတွက် တန်ဖိုးသင့်စားသောက်ကုန်များဖြစ်သည့် စားအုန်းဆီနှင့်ဆန်များကို ဈေးနှုန်းချိုသာစွာရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ ရောင်းချရာတွင် တန်ဖိုးသင့်စားသောက်ကုန်များဖြစ်သည့်  ဆီ (၅၀)သား (၁)ဘူးလျှင်  (၂၇၀ဝိ/)နှုန်းဖြင့် ဆီ (၃၁၀)ဘူးကိုလည်‌ကောင်း၊ ဆန်(၁)ပြည်လျှင် (၂၅၀ဝိ)/-ကျပ်နှုန်းဖြင့် ပြည်(၃၅၀)ကိုလည်းကောင်း  အသီးသီးရောင်းချခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်းများက လာရောက်ဝယ်ယူခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Palm Oil Wholesale Reference Price announced that Ks 4,955 per Viss

     The Supervisory Committee on Import, Storage and Distribution of Edible Oil under the Ministry of Commerce has been closely observing the FOB prices in Malaysia including transportation cost, tariff and banking service charges, and issuing the wholesale market reference rate for edible oil on weekly basis.

     According to market condition and prices in the world's palm oil producing and exporting countries during this week, the reference prices of palm oil in the Yangon market is announced at Ks 4,955 per Viss for the period from 1 January 2024 to 7 January 2024.

    If those retailers and wholesalers are found overcharging, storing inventory intentionally and attempting unscrupulous action to manipulate the market, they will be taken by legal action under the Essential Goods and Services Law.

   The palm oil reference prices can be found on Department of Consumer Affairs’ website: www.doca.gov.mm, its Facebook page and the Facebook page of the Myanmar Edible Oil Dealers’ Association.

ပွင့်ဖြူမြို့၊ မြို့မဈေး၌ ဒီဇင်ဘာလ(တတိယပတ်)အတွင်း ရောင်းချနေသောကုန်ဈေးနှုန်းအခြေအနေ

        မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့၊ မြို့မဈေးတွင် ပုံမှန်ရောင်းချနေသော အသားများအပြင် ဆင်ဖြူကျွန်းမြို့နှင့် ရှမ်းပြည်နယ်မှစိုက်ပျိုးထွက်ရှိ သောဟင်းသီးဟင်းရွက်များ ဝင်ရောက်လျက် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(တတိယပတ်)အတွင်း မြို့မဈေး၌ ရောင်းချလျက်ရှိသော ဈေးနှုန်းများ မှာ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၁၈၀၀)၊ ငရုတ်သီးစိမ်း(၁)ပိဿာလျှင် ကျပ်(၅၀၀၀)၊ ပဲသီး(၁) ပိဿာလျှင် ကျပ်(၂၀၀၀)၊ ခရမ်းသီး(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ကြက်ဟင်းခါးသီး(၁) ပိဿာလျှင် ကျပ်(၂၄၀၀)၊ ဂေါ်ရခါးသီး(၁)လုံးလျှင် ကျပ်(၂၅၀)၊ သခွားသီး(၁)လုံးလျှင် ကျပ်(၅၀၀)၊ မုန်လာဥ(၁) စည်းလျှင် ကျပ်(၂၅၀)၊ ပန်းမုန်လာ(၁)ပွင့် လျှင် ကျပ်(၁၄၀၀)၊ ရုံးပတီသီး (၁၀)တောင့်လျှင် ကျပ်(၂၀၀)၊ ကန်ဇွန်းရွက် (၁)စည်းလျှင် ကျပ်(၁၀၀)၊ ချဉ်ပေါင်ရွက်(၁)စည်းလျှင် ကျပ်(၁၀၀)၊ ဘူးရွက် (၁)စည်းလျှင် ကျပ်(၃၀၀)၊ ဂေါ်ဖီ(၁)ထုပ်လျှင် ကျပ်(၁၀၀၀)၊ ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၃၅၀၀-၄၀၀၀)၊ ကြက်သွန်ဖြူ(ရှမ်း)(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ကြက်သွန်ဖြူ(ဗမာ) (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀-၁၅၀၀၀)၊ ချင်းတက်(၁)ပိဿာလျှင် ကျပ်(၆၀၀၀)၊ ကြက်သား(CP)(၁)ပိဿာလျှင် ကျပ်(၉၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဝက်သား(၁) ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ဆိတ်သား(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)ဈေးနှုန်းတို့ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မုံရွာမြို့၊ သီရိရတနာဈေးရှိ သစ်သီးဝလံဈေးနှုန်းများအခြေအနေ

    မုံရွာမြို့၊ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။

  ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်တွင် ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၈၀၀၀)ကြား၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၉၀၀၀)ကြား၊ လိမ္မော်(ရိုးရိုး) (၁)ပိဿာလျှင် ကျပ်(၉၀၀၀မှ ၁၀၀၀၀) ကြား၊ စတော်ဘယ်ရီ(၁)ပိဿာလျှင် ကျပ်(၈၀၀၀မှ ၉၅၀၀)ကြား၊  ပန်းသစ်တော် (၁)လုံး လျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ ပန်းသီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ ကျွဲကောသီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ တယ်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၀၀၀)ကြား၊ သခွားမွှေး (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(ကြီး) (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၂၅၀၀)ကြား၊ ဖရဲသီး(သေး) (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ နာနတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ နှင်းသီး(၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀)ကြား၊ နဂါးမောက်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ မင်းဂွတ်သီး(၁)လုံးလျှင် ကျပ်(၁၅၀မှ ၃၀၀)ကြား၊ ငှက်ပျောသီး ဖီးကြမ်းတစ်ဖီးလျှင် ကျပ်(၁၅၀၀မှ ၂၅၀၀)ကြား၊ ငှက်ပျောသီးမွှေးတစ်ဖီးလျှင် ကျပ်(၁၅၀၀မှ ၂၀၀၀)ကြား၊ စပျစ်သီး (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀မှ ၁၃၀၀၀)ကြားဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင်ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

      မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌ရောင်းချနေသော ပုစွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုစွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့်ဒေသအ‌ပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။

   ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်တွင်ရောင်းချနေသော ဈေးနှုန်းများမှာ ပုစွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၆၅၀၀၀)မှ ကျပ်(၈၅၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၆၀၀၀၀မှ ၈၀၀၀၀)၊ ငါးပုတ်လုံးခြောက်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၁၈၅၀၀)၊  ငါးပုတ်သင်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၈၀၀၀)၊ အာဗြဲခြောက်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၂၂၀၀၀)၊ ငါးကျည်းခြောက်(၁)ပိဿာလျှင် ကျပ်(၃၅၀၀၀မှ ၄၅၀၀၀)၊ ငါးနီတူးခြောက် (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀မှ ၁၄၀၀၀)၊ ငါးဖန့်ဝိုင်း(ငါးပိကောင်) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၇၅၀၀)ရှိကြောင်း ချင်းတွင်းရတနာဈေးတွင်ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှသိရပါသည်။

DOCA(စစ်ကိုင်း)

ဝါ၏သမိုင်းအစနှင့် စစ်ကိုင်းခရိုင်၏ ဝါစိုက်ပျိုးထွက်ရှိထုတ်လုပ်မှုအခြေအနေ

     ဝါဂွမ်းရရှိသော ဝါပင်သည် မည့်သည့်နိုင်ငံ၌ ပထမဆုံးပေါက်သည်။ မည်သည့်နိုင်ငံသည် ဝါဂွမ်းကို ပထမဆုံးအသုံးပြုခဲ့သည်ဟူသောအချက်ကို အတိအကျဆုံးဖြတ်ရန် ခဲယဉ်းပေသည်။ သို့သော် အိန္ဒိယနိုင်ငံတွင် ခရစ်မပေါ်မီ နှစ်ပေါင်း၁၅၀၀ခန့်ကပင် ချည်ထည်များကို အသုံးများနေပြီဖြစ်ကြောင်း အထောက်အထားများတွေ့ရသည်။ ၁၉၂၀ပြည့်နှစ်တစ်ဝိုက်တွင် ရှေးမြို့ဟောင်းကြီးများ၌ တူးဖော်တွေ့ရှိချက်အရ အိန္ဒိယနိုင်ငံတွင် ခရစ်မပေါ်မီ နှစ်ပေါင်း ၃၀၀၀ခန့်ကပင် ချည်မျှင်ကို အထည်အလိပ်နှင့် ကြိုးအမျိုးမျိုးပြုလုပ်ရာ၌ အသုံးပြုခဲ့ကြောင်းသိရပါသည်။ ခရစ်နှစ် ၁၅၀၀ခန့်တွင် အိန္ဒိယနိုင်ငံသည် ချည်ထည်လုပ်ငန်း၏ အချက်အချာနိုင်ငံတစ်နိုင်ငံဖြစ်နေပြီး အိန္ဒိယနိုင်ငံမှတစ်ဆင့် ဝါပင်စိုက်ပျိုးခြင်း၊ ဝါချည်မျှင်ဖြင့် အထည်အလိပ်များ ရက်လုပ်ခြင်းအတတ်ပညာသည် ပါးရှား(အီရန်)၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့သို့ရောက်ရှိသွားသည်။ တရုတ်နှင့်ဂျပန်နိုင်ငံတို့တွင် ပိုးထည်လုပ်ငန်းထွန်းကားနေပြီဖြစ်၍ ချည်ထည်လုပ်ငန်းသည် ပိုးထည်လုပ်ငန်းကို ထိုးဖောက်ကြီးထွားခဲ့သည်။ ဟီရောဒိုးတပ်နှင့် ပလင်နီတို့၏ မှတ်တမ်းများ၌ ဝါချည်မျှင်အသုံးချနည်းကို ရှေးဂရိနှင့်ရောမတို့လည်း သိနားလည်ကြကြောင်း ဖော်ပြထားသည်။ ကိုလံဗပ်သည် ကမ္ဘာသစ်(အမေရိက တိုက်)သို့ ရောက်သွားစဉ်က တိုင်းရင်သားတို့သည် ဝါဂွမ်းကို အသုံးပြုလျက်ရှိကြောင်းတွေ့ခဲ့ရ သည်။ မက္ကဆီကိုနှင့် ပီးရူးနိုင်ငံများကို ရှာဖွေတွေ့ရှိခဲ့သော ရေသစ်မြေသစ်ရှာအာဇာနည်များသည် ယင်းနိုင်ငံများ၌ ဝါဂွမ်းကို တိုင်းရင်းသားများအသုံးပြုလျက်ရှိကြောင်းတွေ့ခဲ့ကြသည်။ ရှေးပီးရူးဂူသင်္ချိုင်းများကို တူးဖော်ကြည့်သည့်အခါ လူသေအလောင်းရစ်ပတ်ထားသော အဝတ်များသည် ဝါချည်မျှင်ဖြင့် ရက်လုပ်ထားကြောင်းတွေ့ရသည်။

       ဥရောပတိုက်သို့ ဝါဂွမ်းကို စတင်တင်သွင်းခဲ့သူများသည် ဆာရဆင်နှင့် မူးဝါးလူမျိုးတို့ဖြစ်၍ ခရစ်နှစ်၇၁၂ခုနှစ်တွင်  အာဖရိကမြောက်ပိုင်းမှ ဝါဂွမ်းများကို စပိန်နိုင်ငံသို့ ယူဆောင်ခဲ့ကြသည်။ ထိုမှ အခြားဥရောပနိုင်ငံများသို့လည်း တစ်စတစ်စပျံ့နှံ့ခဲ့သည်။ အင်္ဂလန်ပြည်သည် ၁၂၉၈ခုနှစ်ကပင် ဝါဂွမ်းအကြောင်းကြားဖူးနေလေပြီ။ တတိယအက်ဒွပ်ဘုရင်သည် ဖလန်းဒါးနိုင်ငံသားရက်ကန်းသည်များကို မန်ချက်စတာမြို့၌ အခြေစိုက်စေခဲ့သည်။ ထိုမြို့သည် ချည်ထည်လုပ်ငန်းအတွက် ထင်ရှားကျော်ကြားလာ၍ ရက်ကန်းလုပ်ငန်းသည် အင်္ဂလန်ပြည်၏ အဓိကလုပ်ငန်းကြီးတစ်ခုဖြစ်လာသည်။ ရက်ကန်းရက်လုပ်သော စက်ကိရိယာများကိုလည်း အမျိုးမျိုးတီထွင်လုပ်ကိုင်လာခဲ့ကြရာ ၁၈ရာစုနောက်ပိုင်း အထည်အလိပ်ရက်လုပ်သောလုပ်ငန်းတွင် စက်ကရိယာများကို အများအပြားအသုံးပြုလာကြသဖြင့် လုပ်ငန်းတွင်ကျယ်၍ ကုန်ပစ္စည်းအထွက်များလာသောကြောင့် စက်ရုံ၊ အလုပ်ရုံများ၌ ကုန်ပစ္စည်းထုတ်လုပ်သည့်စနစ်ပေါ်ထွက်ထွန်းကားလာသည်။

      ဝါပင်သည် ပူနွေးသောရာသီဥတုမျိုးကိုနှစ်သက်၍ တစ်နှစ်လျှင် ရက်ပေါင်း ၂၀၀ခန့် ဆီးနှင်းမှလွတ်ကင်း၍ အပူချိန် ၈၀ဒီဂရီဖာရင်ဟိုက်ခန့်ရှိသောဒေသ၌ စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ အထူးသဖြင့် နေရောင်ခြည်များများရရှိ၍ အုံ့မှိုင်းသောရာသီဥတုတာမရှည်သည့်ဒေသမျိုး၌ စိုက်ပျိုးနိုင်သည်။ ရာသီဥတုအုံ့မှိုင်းလျှင် ဝါပင်၌ ဝါပိုးများများစွာကျရောက်တတ်သည်။ ထို့ကြောင့် ကမ္ဘာ့အပူပိုင်းဒေသနှင့် နီးကပ်သောသမပိုင်းဒေသ၊ ရေမဝပ်သောသဲမြေနုနှင့် မြေစေးမြေတို့၌ ဝါပင်များစိုက်ပျိုးကြသည်။ အပူပိုင်းဒေသများ၌ ဝါပင်များအတွက် ဆီးနှင်းကို မစိုးရိမ်ရဘဲ မိုးများလွန်သည်ကိုစိုးရိမ်ရသည်။ သို့သော်ရေသွင်းစိုက်ပျိုးသော ဒေသမှလွဲ၍ ဝါပင်သည် မိုးရေအသင့်အတင့်လိုအပ်သဖြင့် တစ်နှစ်လျှင် မိုးရေချိန်လက်မ ၂၀ခန့် သို့မဟုတ် ဝါစိုက်ချိန်  ခုနှစ်လက်မအထိ ရရှိသောဒေသများ၌ စိုက်ပျိုးရသည်။ သမပိုင်းဒေသပေါက် ဝါပင်တို့သည် တစ်နှစ်တစ်ကြိမ်စိုက်ပျိုးရသော ဝါပင်မျိုးတို့ဖြစ်ကြပြီး၊ အပူပိုင်းဒေသပေါက် ဝါပင်မျိုးတို့သည် နှစ်ရှည်ခံသည်။ တချို့သော ဝါပင်တို့သည် အတော်အတန်မြင့်မား၍ သစ်ပင်သဖွယ်ဖြစ်နေသည်။ အနောက်နိုင်ငံများတွင် ဝါထွက်ကောင်းပြီး မြေဩဇာဖြစ်ထွန်းစေရန် တစ်နေရာတည်းတွင် ဝါတစ်လှည့် ပြောင်းတစ်လှည့်စိုက်ကြသည်။ ဝါပင်တန်းကြားများတွင် ပဲပိစပ်ပင်မျိုးတို့ကိုလည်း စိုက်ပျိုးပေးခြင်းဖြင့် ဝါပင်တို့အား မြေဩဇာဓာတ်ကောင်းစွာရရှိစေသည်။

    ဝါပင်များကို ဧကပေါင်းများစွာစိုက်ပျိုးပါက ဝါပင်စိုက်ရန် မြောင်းနှစ်မြောင်းထက် မနည်းများသောအားဖြင့် နှစ်မြောင်းမှလေးမြောင်းထိဖော်၍ စိုက်ပျိုးကြသည်။ ဝါခင်းပိုင်ရှင်တို့သည် အဖျက်အဆီးပိုးမွှားဒဏ်ခံနိုင်ရည်ရှိ၍ သန်စွမ်းသောဝါပင်များရရှိရန်နှင့် ဝါထွက်ကောင်းသောဝါပင်မျိုးရရှိရန် မျိုးစေ့များကို ရွေးချယ်စိုက်ပျိုးလေ့ရှိကြသည်။ ချည်မျှင်ရှည်ဝါနှင့် ချည်မျှင်တိုဝါဟူ၍ နှစ်မျိုးရှိသည့်အနက် ချည်မျှင်ရှည်ဝါမျိုးလည်းဖြစ်ပြီး အချိန်တိုအတွင်း ကောက်သိမ်းနိုင်သောဝါမျိုးဖြစ်ပါက ဝါခင်းပိုင်ရှင်များအတွက် အကျိုးရှိပါသည်။

   ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးတောင်သူများ၊ ကုန်သည်အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် စက်ရုံပိုင်ရှင်များပေါင်းစပ်ညှိနှိုင်းပြီး ဟန်ချက်ညီညီဆောင်ရွက်သွားရန်လိုအပ်သကဲ့သို့ နိုင်ငံတော်ဘက်မှလည်း လိုအပ်သောပံ့ပိုးမှုများဖော်ဆောင်ဖြည့်ဆည်းပေးပါက ဝါနှင့်ဝါထွက်ပစ္စည်းကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်မည်မှာ အမှန်ဖြစ်သည်။

     စစ်ကိုင်းခရိုင်တွင် (၂၀၂၃-၂၀၂၄) ခုနှစ်၊ မိုးသီးနှံ(ချည်မျှင်ချည်ဝါ)လျာထားဧက ၃၆၀၁၁ဧကဖြစ်ပြီး၊ အမှန်စိုက်ဧက ၃၆၄၇၂ဧကဖြစ်၍ လျာထားချက်ထက် ၁၀၁ရာခိုင်နှုန်းပိုမိုစိုက်ပျိုးနိုင်ခဲ့ပါသည်။ ချည်မျှင်ရှည်ဝါမျိုးကွဲအလိုက် မိုးကြိုတွင် ရွှေတောင်-၈၊ ရွှေတောင် -၁၀၊ မိုးနှင့် မိုးနှောင်တွင် ရွှေတောင်-၈၊ ရွှေတောင်-၁၀၊ ငွေချည်-၉၊ ငွေချည်-၁၀၊ Hybrid(Raka) မျိုးများကို စိုက်ပျိုးကြ‌ကြောင်းသိရသည်။ စိုက်ပျိုးရေးဦးစီးဌာန၏ အဓိကသီးနှံ(၁၀)မျိုးအနက် ဝါသီးနှံ၏ပန်းတိုင်အထွက်နှုန်းမှာ တစ်ဧကလျှင် ပိဿာ(၇၀၀)ဖြစ်ပြီး၊ စစ်ကိုင်းခရိုင်အနေဖြင့် (၂၀၂၃-၂၀၂၄)ခုနှစ်အတွက် တစ်ဧကခန့်မှန်းကုန်ကျစရိတ်မှာ  ကျပ်၉သိန်းကျော်ဖြစ်ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ ပိဿာ(၅၀၀)ခန့်ဖြစ်ကြောင်း စစ်ကိုင်းခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရသိရှိပါသည်။ ချည်မျှင်ရှည်ဝါစတင်ထွက်ပေါ်ချိန် စက်တင်ဘာလတွင် တစ်ပိဿာလျှင် ၃၀၀၀ကျပ်ဈေးပေါက်ပြီး လှိုင်လှိုင်ထွက်ပေါ်သည့် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် တစ်ပိဿာလျှင် ၂၇၀၀ကျပ်ဈေးပေါက်သဖြင့် တစ်ဧကအကျိုးအမြတ်မှာ ကျပ်၄သိန်းမှ ကျပ်၆သိန်းကြား အကျိုးအမြတ်ရှိကြောင်းသိရှိရသည်။

     ဝါသီးနှံမှ  တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဝါဂွမ်း၊ ဝါစေ့၊ ဝါစေ့ဆီနှင့် ဆီကြိတ်ဖတ်များထုတ်လုပ်နိုင်သည်။ စစ်ကိုင်းခရိုင်၌ ဝါကြိတ်စက်(၁၃)စက်ရှိပြီး၊ ပါရမီရပ်ကွက်ရှိ မြမြင့်မိုရ်ဝါကြိတ်စက်သို့ကွင်းဆင်း၍ မေးမြန်းချက်များကို တင်ပြလိုက်ရပါသည်။

   မြမြင့်မိုရ်ဝါကြိတ်စက်တွင် တစ်လုံးလျှင် ကျပ်သိန်းနှစ်ရာတန်ဖိုးရှိ အိန္ဒိယနိုင်ငံထုတ် ဝါကြိတ်စက် ၃လုံးရှိပြီး၊ ဝါကြိတ်စက်တစ်လုံးသည် ကုန်ကြမ်းဝါပိဿာ (၁၀၀၀)အား တစ်ရက် ၁၂နာရီလည်ပတ်ပါက ကုန်ချောဝါဂွမ်း ၃၃၀ပိဿာ၊ ဝါစေ့ ၆၂ပိဿာရရှိပြီး၊ အလေအလွင့် ၅%ဖြစ်ကြောင်းသိရပါသည်။ ထွက်ရှိလာသောကုန်ချောဝါဂွမ်းများကို ဘေထုပ်စက်ဖြင့် ပိဿာချိန် ၄၈ပိဿာအထုပ်များပြုလုပ်သည်။ ဝါကြိတ်ခြင်းလုပ်ငန်းကို ဩဂုတ်လမှ ဧပြီလထိ ၉လခန့်သာလုပ်ကိုင်သည်။ ကုန်ကြမ်းဝါကို စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှဝယ်ယူပြီး ကုန်ချောဂွမ်းများကို မန္တလေး(ဂွမ်းစက်ရုံ)နှင့် မူဆယ်(တရုတ်)သို့ တင်ပို့ရောင်းချကြောင်းသိရသည်။ ဒီဇင်ဘာလအတွင်း ဝါဂွမ်းတစ်ပိဿာလျှင် ကျပ်၇၀၀၀မှ ကျပ်၇၅၀၀၊ ဝါစေ့တစ်ပိဿာလျှင် ကျပ်၁၁၀၀မှ ကျပ်၁၂၀၀ပေါက်စျေးအသီးသီးဖြင့် မန္တလေးသို့ တင်ပို့ရောင်းချကြောင်းသိရသည်။ ဝါသီးနှံသည် စိုက်ပျိုးသူတောင်သူများအတွက် တွက်ချေကိုက်ပြီး ဝါကြိတ်စက်များသည်လည်း လုပ်ငန်းလည်ပတ်ကာလ ၉လခန့်ရှိသည့်အတွက် စိုက်ပျိုးသင့်သည့်သီးနှံတစ်ခုဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်အတွင်း ဒီဇင်ဘာလ တတိယပတ်တွင်ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

     ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဒီဇင်ဘာလ တတိယပတ်တွင် စပါး/ဆန်ဈေးနှုန်းများအနည်းငယ်တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဒီဇင်ဘာလ ဒုတိယပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၁၂၀၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၁၇၁၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၄၅၀၀အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ ၄၅၀၀အိတ်၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀အိတ်၊ မွန်သို့ ၃၄၆၀အိတ်၊ ကချင်သို့ ၁၃၈၀အိတ်၊ စုစုပေါင်းအိတ်ရေ ၄၃၅၄၀အိတ်၊ တန်အားဖြင့် ၂၁၇၇တန်စီးထွက်ခဲ့ပါသည်။ ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသ ကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၀၀၀၀အိတ်၊မန္တလေးသို့ အိတ်ရေ ၁၅၃၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၅၃၀၀အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ ၃၃၀၀အိတ်၊ ပခုက္ကူသို့ အိတ်ရေ ၄၀၀အိတ်၊ မွန်သို့ အိတ်ရေ ၈၃၈၀အိတ်၊ ကချင်သို့ ၂၆၉၀အိတ်၊  စုစုပေါင်းအိတ်ရေ ၄၅၃၇၀တန်၊ တန်အားဖြင့် ၂၂၆၈တန်စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၁၈၃၀အိတ်၊ တန်အားဖြင့် ၉၁တန်ပို၍စီးထွက်ခဲ့ပါသည်။

     ဒီဇင်ဘာလ  တတိယပတ်တွင်ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး (သစ်)တင်း၁၀၀လျှင် ကျပ်၃၃၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန် (သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၅၀၀၀ ၊ ဧရာမင်းစပါး (သစ်) တင်း၁၀၀လျှင် ကျပ်၂၁၅၀၀၀၀ ဧရာမင်းဆန်(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၁၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

                  

ပုဇွန်တောင်မြို့နယ်ဈေးကွက်တွင်ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

          ၂၀၂၃ခုနှစ် ဒီဇင်ဘာလ၊ စတုတ္ထပတ်အတွင်း ပုဇွန်တောင်မြို့နယ်၌ အခြေခံစား သောက်ကုန်များ ဖြစ်သောဆန်ကြမ်း/ချော အမျိုးအစားအလိုက် (ထိပ်စ/လတ်စ/နိမ့်စ)များ တွင်  ဧည်မထ ၁အိတ်လျှင် (၈၅5၀၀ - ၈၂၅၀၀ - ၇၈၀၀၀)ကျပ်၊ မနောသုခ ၁အိတ်လျှင် (၉၄၅၀၀ - ၉၀၀၀၀ - ၈၅၅၀၀ကျပ်)ထိ လည်းကောင်း၊ ရွှေဘိုပေါ်ဆန်းမွှေး ၁အိတ်လျှင် (၁၇၁၀၀၀ - ၁၆၆၅၀၀ - 1၆၂000ကျပ်)ထိ၊  ပေါ်ဆန်းမွှေး(ပုသိမ်) ၁အိတ်လျှင်  ၁၄၂၅၀0ကျပ်) ဖြင့်လည်းကောင်း၊  ပေါ်ဆန်းမွှေး(ဖျာပုံ) ၁အိတ်လျှင် ၁၃၅၅00 ကျပ်ဖြင့် လည်းကောင်း၊  ပေါ်ဆန်းမွှေး(မြောင်းမြ) ၁အိတ်လျှင်  ၁၃၀၅00 ကျပ် ဖြင့်လည်ကောင်း၊  စားအုန်းဆီ ၁  ပိဿာလျှင် ၅၁၅၀ ၊ ပဲဆီ(ရှယ်) ၁ ပိဿာလျှင် (၁၅၀၀၀) ဖြင့်လည်းကောင်း၊ ကြက်သွန်နီ ဆိုဒ်စုံ ၁ ပိဿာလျှင် (၃၈၀၀ - ၅၀၀၀ - ၅၄၀ဝ) ကျပ် ၊ ကြက်သွန်ဖြူ(ဥ) တလုံး ၁ ပိဿာလျှင် (၂၀00ဝ-၂၂00ဝ)ကျပ်၊ ကြက်သွန်ဖြူ(အမွှာ) ၁ ပိဿာလျှင် 1၈00ဝ)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) ၁ ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ အာလူး ၁ ပိဿာလျှင် (၃၅၀၀)ကျပ်၊နနွင်းမှုန့် ၁ ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ နနွင်းတက် ၁ ပိဿာ လျှင်(၇၀၀၀) ကျပ်၊ အိုင်အိုဒင်းဆား/ ရိုးရိုးဆား ၁ ထုပ်လျှင် (၅၀၀)ကျပ်၊ ငရုပ်တောင့် (ရှည်) ၁ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ ငရုပ်တောင့်(ပု) ၁ ပိဿာ လျှင် (၂၄၀၀၀) ကျပ်၊ မြန်မာပဲနီလေး ၁ ပိဿာလျှင်(၁၄၀00) ကျပ်၊ ပဲဝါလေး ၁ ပိဿာ လျှင် (4၄၀၀) ကျပ်၊ကုလားပဲခြမ်း ၁ ပိဿာလျှင် (64၀၀)ကျပ်၊ ချင်း ၁ ပိဿာလျှင် (7000 - ၈၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ပုဇွန်ခြောက်(ကြီး) ၁ ပိဿာလျှင် (၇၅000) ကျပ်၊ ပုဇွန်ခြောက်(လတ်) ၁ ပိဿာလျှင် (၆၅000) ကျပ်၊ ပုဇွန်ခြောက်(သေး) ၁ ပိဿာလျှင် (5၀000) ကျပ်နှင့် ငါးကျည်းခြောက် ၁ ပိဿာလျှင် (၆၅000-၇၀000) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

            အလားတူ ဝက်သား ၁ ပိဿာလျှင် (1၆000 - ၁၇၀၀၀) ကျပ်၊ဘဲသား ၁ ပိဿာလျှင် (1၃000 -၁၄၀၀၀) ကျပ်၊ ဆိတ်သား ၁ ပိဿာလျှင် (၂၈၀၀၀) ကျပ်၊ အမဲသား၁ ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ မွေးမြူရေးကြက် ၁ ပိဿာလျှင် (၉000-1၀000) ကျပ်၊မြန်မာကြက် ၁ ပိဿာလျှင် (၂၀000-2၂000) ကျပ်၊ ငါးကြင်း ၁ ပိဿာလျှင် (၁၂၀၀၀-1၄000) ကျပ်၊ ငါးမြစ်ချင်း ၁ ပိဿာလျှင် (၆၅00-၇၀00) ကျပ်နှင့် ပင်လယ်ငါး ၁ပိဿာလျှင် (၆000-၇000) ကျပ်ထိ လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်ဈေးအတွင်း အရောင်းဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(YGN)

စက်မှုကုန်ကြမ်းသုံး စားအုန်းဆီများထုတ်ပေးလျက်ရှိ

        ပြည်နယ်နှင့်တိုင်းဒေသကြီးအသီသီးရှိ MSMEs စီးပွားရေးလုပ်ငန်းရှင်များ စားအုန်းဆီများ ဝယ်ယူမှု အဆင်ပြေလွယ်ကူချောမွေ့စေရန်အတွက် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်များအသင်း တို့ပူးပေါင်းပြီး စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဟိုတယ်၊ စားသောက်ကုန်ထုတ်လုပ်ရောင်းချသူများ၊ စားသောက်ကုန်ထုတ်လုပ်သည့် အသေးစား၊ အလတ်စား စားသောက်ကုန်လုပ်ငန်းရှင်များ အတွက် စက်မှုကုန်ကြမ်းသုံး စားအုန်းဆီ များကို ၁ ပိဿာလျှင် ၆၀၉၀ ကျပ်  ဈေးနှုန်းဖြင့် ကြည်မြင့်တိုင်မြို့နယ်ရှိ HTOO စားအုန်းဆီကန်အပါအဝင် အခြားဆီကန်များမှ စီးပွားရေးလုပ်ငန်းရှင်များသို့ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ၊ စတုတ္ထပတ်အတွင်း နေ့စဉ်ထုတ်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(YGN)

မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကြက်ဘဲဈေးရှိ ဈေးနှုန်းများ

          မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကြက်/ဘဲဈေးတွင်ရောင်းချနေသော ကြက်/ဘဲများမှာ ပဲခူးတိုင်း ဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြံဖမ်းဈေးစနစ် ဖြင့်လည်ကောင်း၊  အရောက်ပို့စနစ်ဖြင့် လည်ကောင်း အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရှိ ရပါသည်။ ကြက်/ဘဲဈေးတွင် ဒီဇင်ဘာလ၊ စတုတ္ထပတ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော ဈေးနှုန်းများမှာ ကြက်အရှင်၊ အိမ်မွေးကြက် ၁ပိဿာလျှင် ကျပ် ၁၃၀၀၀/၁၄၀၀၀)၊ အသားတိုး ကြက် ၁ပိဿာလျှင် ကျပ်(၄၉၀၀/၅၀၀၀)၊ မွေးမြူရေးကြက်(ထီး/မ) ၁ပိဿာလျှင် ကျပ် (၈၂၀၀)၊ ဘဲအရှင် ၁ပိဿာလျှင် ကျပ်(၉၅၀၀/၁၀၀၀၀)၊ ချယ်ရီ/ဘယ်ရီဘဲ ၁ပိဿာလျှင် ၅၅၀၀/၆၀၀၀ ကျပ်တို့ဖင့် ကုန်အဝင်ပိဿာချိန် (၈၆၈၀၀)ရှိပြီး အရောင်းအဝယ် ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။  

DOCA(YGN)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း