ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နတ်တလင်းမြို့နယ်အတွင်း၌ ပြည်လုံးချမ်းသာ (ခေါ်) အလက်တစ်ထောင်ပန်းညွန့်များ အရောင်းသွက်

   ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်အတွင်း  ပြည်လုံးချမ်းသာ (ခေါ်)အလက်တစ်ထောင်ပန်းညွန့်စိုက်ပျိုးသူများ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလမှစ၍  အရောင်းသွက်လျက်ရှိပါသည်။

   အလက်တစ်ထောင်ပန်းညွန့်များကို နေအိမ်ခြံအိမ်ဝန်းအတွင်း ခြံစည်းရိုးအဖြစ်စိုက်ပျိုးကြသည့်အပြင် အခင်းများပြုလုပ်၍လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ ပန်းညွန့်များကို တစ်နှစ်ပတ်လုံးရောင်းချမှုရှိသော်လည်း အညွန်များမှာ စိမ်းစိုပြီး အထားခံသောကြောင့် အပွင့်ပန်းများမှာ ဈေးမြင့်သည့်ကာလဖြစ်သော ဆောင်းရာသီနှင့် နွေရာသီတွင် ပိုမိုအရောင်းသွက်ပြီး နွေရာသီတွင် အသုံးများကြောင်းသိရှိရပြီး ပန်းညွန့်တစ်ညွန့်လျှင် လက်လီ (၃၅)ကျပ်၊ လက်ကား (၂၀)ကျပ်နှုန်းဖြင့် အိမ်အရောက် ဝယ်ယူမှုများရှိပြီး နီးစပ်ရာမြို့နယ်ဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

သဲကုန်းမြို့နယ်တွင် ဆလပ်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေများရရှိနေ

    ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ခြံစိုက်တောင်သများ ဆလပ်ပင်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေများရရှိနေပါသည်။ ဆလပ်ပင်ကို သဲကုန်းမြို့နယ် ပုတီးကုန်း၊ ဆင်မြီးဆွဲ၊ တောင်ပို့လှဒေသများ၌ အစိုက်များပြီး  အများအားဖြင့် ဆောင်းရာသီတွင်စိုက်ပျိုးကြပါသည်။

    ဆလပ်ပင်စိုက်ပျိုးရာတွင် မျိုးစေ့ကို ပျိုးထောင်စိုက်ပျိုးခြင်းရှိသည့်အပြင် မျိုးစေ့တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်းများလည်းရှိပါသည်။ မျိုးစေ့ကို ပျိုးထောင်စိုက်ပျိုးမည်ဆိုပါက မျိုးစေ့ကို တစ်ညရေစိမ် ပေးရပါပြီး ပျိုးပေါင်ပေါ်တွင် တစ်တန်းနှင့်တစ်တန်းကြား လက်မဝက်ခွာ၍ ပျိုးထောင်ပေးရပြီး ပျိုးသက် (၂၀)ရက်ရှိပါက စိုက်ခင်းသို့ တန်းခြားတစ်ပေပင်ကြား၌ ရှစ်လက်မခန့်ခွာထားကာ ပြောင်းရွေ့စိုက်ပျိုးကြပါသည်။ စိုက်ခင်းသို့ရွေ့ပြောင်းစိုက်ပျိုးပြီး (၄၅)ရက်ကြာပါက စတင်ခူးဆွတ်ရောင်းချနိုင်ကြောင်းသိရှိရပါသည်။ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ဆလပ်တစ်ပင်လျှင်  (၆၀-၇၀) ကျပ်နှုန်းဖြင့် ကုန်သည်များက ခြံအရောက်ဝယ်ယူမှုရှိပြီး ဒေသတွင်းသာမက  အနီးပတ်ဝန်းကျင်မြို့နယ်များဖြစ်သော ပြည်၊ ရန်ကုန်မြို့နယ်များသို့ပါ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့၌ ကြက်ဥဈေးငြိမ်ပြီး ဘဲဥဈေးကျ

   ကြက်ဥ၊ ဘဲဥသည် အလွယ်တကူချက်ပြုတ်စားသောက်နိုင်သည့် ဟင်းလျာတစ်မျိုးဖြစ်သည့်အပြင် အာဟာရဓာတ်လည်းပြည့်ဝ၊ အသားငါးထက်လည်း ဈေးနှုန်းချိုသာသဖြင့် ရောင်းအားကောင်းပါ သည်။ တောင်ငူမြို့တွင် ဥစားကြက်မွေးမြူရေးခြံများ၊ ဘဲမွေးမြူရေးခြံများမှ ကြက်ဥ၊ ဘဲဥများအပြင် တောင်ကြီးဒေသနှင့် ပြင်ဦးလွင်ဒေသများမှ ကြက်ဥများလည်းဝင်ရောက်လာပါသည်။

    ကြက်ဥမှာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် တစ်လုံးလျှင် အသေး ၂၄၀ကျပ်၊ အလတ် ၂၅၀ကျပ်နှင့် အကြီး ၂၇၀ကျပ်ရှိခဲ့ရာမှ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် အသေး ၂၂၀ကျပ်၊ အလတ် ၂၄၀ကျပ်နှင့် အကြီး ၂၈၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်အပြောင်းအလဲရှိခဲ့ါသည်။

      ဘဲဥမှ နိုဝင်ဘာလ တတိယပတ်တွင် တစ်လုံး‌လျှင် အသေး ၂၈၀ကျပ်၊ အလတ် ၃၀၀ကျပ်နှင့် အကြီး ၃၂၀ကျပ်ရှိခဲ့ရာမှ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်လုံး‌လျှင် အသေး ၂၆၀ကျပ်၊ အလတ် ၂၈၀ကျပ်နှင့် အကြီး ၃၀၀ကျပ်ဖြင့် ဈေးနှုန်းဆက်လက်ကျဆင်းခဲ့ပါသည်။

      ယခုကာလသည် ကထိန်ပွဲတော်ကာလ၌ အလှူအတန်းပေါများသဖြင့် ကြက်ဥ၊ ဘဲဥများ အရောင်းအဝယ်ကောင်းသောကာလဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ဟင်းသီးဟင်းရွက်တချို့ ဈေးအတက်အကျရှိ

    တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေး၌ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ငရုတ်သီးစိမ်း (ကျောက်စိမ်းသီး)မှာ တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်၊ ငရုတ်သီးစိမ်း (မိုးထောင်သီး)မှာ တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပြီး ငရုတ်သီးစိမ်း (ကုလားအော်သီာ)  တစ်ပိဿာလျှင် ၄၀၀ ကျပ်မှ ၄၅၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။ 

     ခရမ်းသီး (အဖြူ)မှာ တစ်ပိဿာလျှင် ၁၂၀၀ကျပ်မှ ၁၅၀၀ကျပ်၊ ခရမ်းသီး(အညို)မှာ  တစ်ပိဿာလျှင်  ၁၆၀၀ကျပ်မှ ၁၈၀၀ကျပ်အထိ၊       ဒေသသခွားသီးမှာ တစ်ပိဿာလျှင် ၁၀၀၀ကျပ်မှ ၁၂၀၀ကျပ်၊ ရှမ်းပြည်သခွားသီးမှာ တစ်ပိဿာလျှင် ၁၂၀၀ကျပ်မှ ၁၄၀၀ ကျပ်အထိဖြင့် ဈေးနှုန်းကျဆင်းခဲ့ပါသည်။

   ခရမ်းချဉ်သီး (ရှမ်းပြည်သီး)မှာ တစ်ပိဿာလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ခရမ်းချဉ်သီး (ဒေသသီး)မှာ တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်အထိဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပါသည်။

    ဂေါ်ဖီမှာ တစ်ပိဿာလျှင် ၉၀၀ကျပ်မှ ၁၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး  နံနံပင်မှာ တစ်ဆယ်ကျပ်သားလျှင် ၇၀၀ကျပ်မှ ၈၀၀ကျပ်ဖြင့် ဈေးနှုန်းကျဆင်းခဲ့ပါသည်။ မုန်ညင်းဖြူမှာ တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်၊ မုံလာဥနီမှာ တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၄၀၀၀ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ်နေပြီး မုံလာဥဖြူမှာ တစ်ပိဿာလျှင် ၂၂၀၀ကျပ်မှ ၂၅၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပါသည်။

         ကန်စွန်းရွက်မှာ တစ်စည်းလျှင် ၃၀၀ကျပ်၊ ၅စည်းယူလျှင် ၁၂၀၀ကျပ်၊ ချဉ်ပေါင်ရွက်မှာ တစ်စည်းလျှင် ၁၅၀ကျပ်၊ ၁၀စည်းယူလျှင် ၁၃၀၀ကျပ်၊ ကင်မွန်းချဉ်ရွက်မှာ တစ်စည်းလျှင် ၃၀၀ကျပ်၊ ၂စည်းယူလျှင် ၅၀၀ကျပ်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် အခြေခံစားကုန်တချို့ ဈေးနှုန်းကျဆင်း

   တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ်နေပြီး စားအုန်းဆီတစ်ပိဿာလျှင် ၅၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

    ကြက်သွန်နီမှာ တစ်ပိဿာလျှင် အသေး ၃၂၀၀ကျပ်၊ အလတ် ၃၅၀၀ကျပ်၊ အကြီး ၄၀၀၀ကျပ်နှင့် တရုတ်ကြက်သွန်နီ ၄၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် အသေး ၁၁၀၀၀ကျပ်၊ အလတ် ၁၂၀၀၀ကျပ်၊ အကြီး  ၁၃၀၀၀ကျပ်၊ တရုတ်ကြက်သွန်ဖြူတစ်ပိဿာလျှင် ၁၄၂၀၀ကျပ်ရှိခဲ့ရာမှ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် အသေး ၁၀၀၀၀ကျပ်၊ အလတ် ၁၁၀၀၀ကျပ်၊ အကြီး ၁၃၀၀၀ကျပ်၊ တရုတ်ကြက်သွန်ဖြူ ၁၄၀၀၀ကျပ်ဖြင့် ဈေးနှုန်းကျဆင်းခဲ့ပါသည်။

     အာလူးမှာ နိုဝင်ဘာလ တတိယအပတ်တွင် တစ်ပိဿာလျှင် အသေး ၂၈၀၀ကျပ်၊ အလတ် ၃၂၀၀ကျပ်၊ အကြီး ၃၅၀၀ကျပ်၊ တရုတ်အာလူးတစ်ပိဿာလျှင် ၄၀၀၀ကျပ်ရှိခဲ့ရာမှ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် အသေး ၂၅၀၀ကျပ်၊ အလတ် ၂၈၀၀ကျပ်၊ အကြီး ၃၂၀၀ကျပ်၊ တရုတ်အာလူးတစ်ပိဿာလျှင် ၃၂၀၀ကျပ်ဖြင့် ဈေးနှုန်းကျဆင်းခဲ့ပါသည်။

   ငရုတ်သီးခြောက် အပု/အရှည်မှာ နိုဝင်ဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ရှိခဲ့ရာမှ ယခုနိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်အထိ၊ ငရုတ်သီးခြောက်အပွမှာ နိုဝင်ဘာလ တတိယအပတ်တွင် တစ်ပိဿာလျှင် ၂၃၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်ရှိခဲ့ရာမှ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်မှ ၂၃၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပါသည်။

    မြေပဲဆံ(အဖြူ)မှာ တစ်ပိဿာလျှင် ၆၆၀၀ကျပ်၊ မြေပဲဆံ(အနီ)မှာ တစ်ပိဿာလျှင် ၆၆၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ကုလားပဲခြမ်းမှာ နိုဝင်ဘာလာ တတိယပတ်တွင် တစ်ပိဿာလျှင် ၆၂၀၀ကျပ်ရှိခဲ့ရာမှ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၆၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ကြက်သားနှင့်ငါးကြင်းဈေးနှုန်းများ အနည်းငယ်မြင့်တက်

     တောင်ငူမြို့ ညောင်ပင်ဈေးရှိ သားငါးဆိုင်များ၌ ကြက်သား (အိမ်မွေးကြက်) မှာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် အကောင်လိုက်ဈေး ၁၇၀၀၀ကျပ်၊ အခြမ်းလိုက်ဈေး ၂၀၀၀၀ကျပ်ရှိခဲ့ရာမှ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် အကောင်လိုက်ဈေး ၂၀၀၀၀ကျပ်၊ အခြမ်း လိုက်ဈေး ၂၂၀၀၀ကျပ်၊ စီပီကြက်မှာ နိုဝင်ဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် အကောင်လိုက်ဈေး ၈၀၀၀ကျပ်၊ အခြမ်းလိုက်ဈေး ၁၀၀၀၀ကျပ်ရှိခဲ့ရာမှ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် အကောင်လိုက်ဈေး ၁၀၀၀၀ကျပ်၊ အခြမ်းလိုက်ဈေး ၁၂၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့သည်။

   ဝက်သား(ရေလွတ်သား)မှာ နိုဝင်ဘာလ တတိယပတ်တွင် သုံးထပ်သားတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊ ပေါင်သားတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်နှင့် အသားသီးသန့်တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်ရှိခဲ့ရာမှ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် သုံးထပ်သား ၁၅၀၀၀ကျပ်၊ ပေါင်သား ၁၆၀၀၀ကျပ်နှင့် အသားသီးသန့် ၁၈၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့သည်။

      ငါးကြင်းမှာ အကောင်လိုက်ဈေးတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ အခြမ်းလိုက်ဈေးတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်ခဲ့ပြီး ငါးကြင်းဖြူမှာ ယခင်လတွင်  အကောင်လိုက်ဈေးတစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ အခြမ်းလိုက်ဈေးတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ရှိခဲ့ရာမှ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် အကောင်လိုက်ဈေး ၂၀၀၀၀ကျပ်၊ အခြမ်းလိုက်ဈေး ၂၂၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့သည်။

   ငါးရံ့မှာ တစ်ပိဿာလျှင် နိုဝင်ဘာလ တတိယပတ်တွင် ၁၅၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်အထိရှိခဲ့ရာမှ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်အထိ ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပြီး ငါးခူမှာ တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     ပုစွန်ဆိတ်တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ပုစွန်မှာ တစ်ပိဿာလျှင် ၂၃၀၀၀ကျပ်မှ ၃၀၀၀၀ကျပ်အထိရှိ၍ ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ကြောင်း  ညောင်ပင်ဈေးရှိ အသားငါးအရောင်းဆိုင်များမှသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ဆန်စပါးဈေးအနည်းငယ်တက်

   တောင်ငူမြို့တွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ၁၃၅၀၀၀ကျပ်၊ ဒေသပေါ်ဆန်းတစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်၊ ဧည့်မထဆန်သစ်မှာ  တစ်အိတ်လျှင် ၆၀၀၀၀ကျပ်မှ ၆၇၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်တက်ခဲ့ပါသည်။

  စပါးအသစ်မှာ တင်း၁၀၀လျှင် ၁၇၂၀၀၀၀ကျပ်၊ ဆန်ကွဲကြီးမှာ တစ်အိတ်လျှင် ၄၄၀၀၀ကျပ်၊ ဆန်ကွဲသေးမှာ တစ်အိတ်လျှင် ၄၀၀၀၀ကျပ်ဖြင့် ဈေးအနည်းငယ်တက်ခဲ့ပြီး ဖွဲနုတစ်အိတ်လျှင် ၂၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    မတ်ပဲ၃၀ပိဿာဝင်အိတ်မှာ တစ်အိတ်လျှင် ၁၃၈၅၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ကြောင်း တောင်ငူမြို့ရှိ ဆန်စပါး၊ ပဲပွဲရုံများမှသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် စက်သုံးဆီများဈေးအနည်းငယ်ကျ

     ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် 92 RON တစ်လီတာလျှင် ၂၁၇၀ကျပ်၊ 95 RON တစ်လီတာလျှင် ၂၂၉၅ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၁၈၅ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၂၉၀ကျပ်ရှိသည်။

      နိုဝင်ဘာလ နောက်ဆုံးပတ်တွင် တောင်ငူမြို့၊ ဖြိုးဝေကျော်စက်သုံးဆီဆိုင်၌ 92 RON တစ်လီတာလျှင် ၂၁၄၅ကျပ်၊ 95 RON တစ်လီတာလျှင် ၂၂၈၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၁၆၅ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၂၅၅ကျပ်ရှိသည်။

      အုတ်တွင်းမြို့ Petro K စက်သုံးဆီအရောင်းဆိုင်တွင်  92 RON တစ်လီတာလျှင် ၂၁၄၅ကျပ်၊ 95 RON တစ်လီတာလျှင် ၂၂၈၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၁၆၅ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၂၅၀ ကျပ်ရှိသည်။

      ရေတာရှည်မြို့၊ အောင်မေတ္တာစက်သုံးဆီအရောင်းဆိုင်တွင်  92 RON တစ်လီတာလျှင် ၂၁၅၀ကျပ်၊ 95 RON တစ်လီတာလျှင် ၂၂၈၅ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၁၇၀ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၂၅၅ကျပ်ရှိသည်။

    သို့ဖြစ်၍ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် 92 RON တစ်လီတာလျှင် ၂၅ကျပ်၊ 95 RON တစ်လီတာလျှင် ၁၅ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၀ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၃၅ကျပ်ဈေးနှုန်းကျဆင်းလာကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်၊ ဘုရားခြေရင်းကျေးရွာရှိ ပလတ်စတစ်ဘူးခွံလုပ်ငန်း

   တောင်ငူမြို့နယ်၊ ဆိပ်ဖူးတောင်ကျေးရွာအုပ်စု၊ ဘုရားခြေရင်းကျေးရွာရှိ  ကိုအာဂျွန်းပလတ်စတစ်ဘူးခွံလုပ်ငန်းတွင် ၁လီတာ၊ ၀.၇လီတာ၊ ၀.၅လီတာနှင့် ၀.၃၅လီတာဆံ့ ပလတ်စတစ်ဘူးခွံများ ထုတ်လုပ်ရောင်းချလျက်ရှိသည်။

      ပလတ်စတစ်ဘူးခွံကုန်ကြမ်းများကို အများအားဖြင့် နေပြည်တော်မှမှာယူရရှိပြီး ရံဖန်ရံခါတွင် ရန်ကုန်မြို့မှလည်းမှာယူရရှိပါသည်။ ပလတ်စတစ်ဘူးခွံပုံစံငယ်များကို ပုံသွင်းစက်တွင်လိုအပ်သော ဘူးခွံများဖြစ်အောင်ထုတ်လုပ်ရပါသည်။ ကုန်ကြမ်းပလတ်စတစ်ဘူးပုံစံများမှာ အကြီး/ အသေးအလိုက် ဆိုဒ်မျိုးစုံရှိပါသည်။

    ပလတ်စတစ်ဘူးခွံလုပ်ငန်းအတွက် နေ့စဉ် လုပ်သား ၅ဦးမှ ၈ဦးအထိအသုံးပြုရပါသည်။ ထုတ်လုပ်မှုအနေဖြင့် လျှပ်စစ်မီးရရှိမှုပေါ်မူတည်၍ တစ်နေ့လျှင် ဘူးခွံ (၁၀၀၀မှ ၁၅၀၀) ဘူးအထိထုတ်လုပ်ရရှိကြောင်းသိရှိရပါသည်။

   ဈေးနှုန်းအနေဖြင့် ၁လီတာဆံ့ ပလတ်စတစ်ဘူးခွံတစ်ဘူးလျှင် ၁၈၅ကျပ်ဖြင့်လည်းကောင်း၊ ၀.၅လီတာဆံ့ ဘူးခွံတစ်ဘူးလျှင် ၁၅၀ကျပ်ဖြင့်လည်းကာင်း ရောင်းချပေးလျက်ရှိပါသည်။ ဈေးကွက်အနေဖြင့် ရန်ကုန်မြို့သို့ အဓိကတင်ပို့ရောင်းချပြီး တောင်ငူမြို့ပေါ်နှင့် ဒေသအနီးအနားရှိ မြို့များမှ ဆီလုပ်ငန်းရှင်များကလည်းဝယ်ယူကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်မြို့ရှိဈေးကွက်များတွင် ပဲစင်းငုံပြုတ်(အတွဲ)များရောင်းချလျက်ရှိ

    ပြည်မြို့ရှိ ဈေးကွက်များအတွင်းသို့ ယခုအချိန်ဆောင်းဦးပေါက်ရာသီဖြစ်သော ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် ပဲစင်းငုံအတွဲ(ပြုတ်ပြီး)သားနှင့် ပဲစင်းငုံအစိမ်းအတွဲများကို ပြည်မြို့အနောက်ဖက်ကမ်း ရွှေဘုံသာကျေးရွာဘက်မှ ဈေးသည်များက လာရောက်ရောင်းချကြပါသည်။ ပဲစင်းငုံ (ပြုတ်) အတွဲများကို ဝယ်ယူစားသုံးသူများလည်းရှိသကဲ့သို့ တစ်ဆင့်ပြန်လည်ရောင်းချသူများကလည်း ဝယ်ယူကြသဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပဲစင်းငုံ(ပြုတ်)မှာ ရာသီစာ သားရေစာအစားအစာဖြစ်၍ ဝယ်ယူစားသုံးများကြောင်းသိရှိရပါသည်။ ဈေးကွက်တွင်ရောင်းချသော ပဲစင်းငုံ(ပြုတ်) အတွဲတစ်တွဲလျှင် ဖောက်သည်ဈေး ၂၅၀ကျပ်ဖြင့်ရောင်းချပြီး တစ်ဆင့်ခံဈေးသည်များက တစ်တွဲလျှင် ၃၀၀ကျပ်ဖြင့် ပြန်လည်ရောင်းချကြောင်းသိရပါသည်။ ပဲစင်းငုံ အစိမ်း(တွဲ)များကိုာ တစ်တွဲလျှင် ၂၀၀ကျပ်ဖြင့်ရောင်းချကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း