ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ခဝဲ စိုက်ပျိုးဝင်ငွေတိုး

 ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင် လျက်ရှိရာ စားဖိုဆောင်သီးနှံ ဖြစ်သည့် ပဲတောင့်ရှည်သီး၊ ခဝဲသီး၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့် ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ခဝဲသီးကိုလည်း တစ်ပိုင်တစ်နိုင် စိုက် ပျိုးကြကြောင်းသိရသည်။ တောင်သူများသည် ခဝဲသီးကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကြပြီး အစေ့တိုက်ရိုက်ချ မြေမြုပ်စိုက်ပျိုးကြကြောင်း၊ ခဝဲသည် နွယ်ပင်အမျိုးအစား ဖြစ်သည့်အတွက် စင်တင်စိုက်ပျိုးပြီး စင်များပြုလုပ်ပေးရကြောင်းသိရသည်။

 ခဝဲသီးများသည် ကျွန်းလှမြို့ပေါ်ရပ်ကွက်နှင့် ကျွန်းလှမြို့နယ် ရှမ်းစုကျေးရွာ၊ မန်ကျည်းအင်း ကျေးရွာနှင့် အခြားသောကျေးရွာများမှ ထွက်ရှိကြောင်း ယခု ဇူလိုင်လစတုထ္ထပတ်အတွင်း ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသည့် ခဝဲသီးဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင်(၂၇၀၀) ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၃၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့်  ခဝဲသီးကို ထမင်းဆိုင်များ၊ စားသောက်ဆိုင်များမှ အများဆုံး အသုံး ပြုကြသည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များ ထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ခရမ်းသီးဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ စားဖိုဆောင် သီးနှံ ဖြစ်သည့် ခရမ်းသီးများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

 ခရမ်းသီးမှာဆိုရင် ဗီတာမင်တွေ အဟာရဓါတ်တွေနဲ့အမျှင်ဓါတ်တို့ အပြည့်အဝပါဝင်ပြီး ခရမ်းသီး က နှလုံး၊ ဦးနှောက်၊ အရေပြားနှင့်အရိုးကို အကျိုးပြုတဲ့အပြင် အစာချေစနစ်ကိုကောင်းမွန်စေပြီး ဆီးချို ရောဂါကိုပါ ထိန်းနိုင်တဲ့အစွမ်းရှိတယ်လို့ သိရသည်။ သူ့ရဲ့ကောင်းကျိုးကတော့ အဆီဓါတ် မပါရှိတာပဲ ဖြစ်ပါသည်။ မီးဖုတ်စာတာပဲဖြစ်ဖြစ်၊ ဟင်းချက်စားတာပဲဖြစ်ဖြစ် မျိုးစုံသုံးလို့ရသလို ခရမ်းသီးဟာ အဆီချ အသားကျစ်လျစ်ဖို့အတွက်လည်း အသုံးဝင်တာဖြစ်သည့်အတွက် စားသင့်သော အသီးတစ်မျိုး ဖြစ်ကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ခရမ်းသီးဈေးနှုန်း အနေဖြင့် ခရမ်းသီး လက္ကား တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ ခရမ်းသီး လက်လီ တစ်ပိဿာလျှင် (၂၄၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၂၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၆၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ကုန်စိမ်းသီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦး ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ကွမ်းသီးစိတ်ဈေးနှုန်း

   ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ကွမ်းသီးများကို  ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့ မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂ ခုနှစ်၊ ဇူလိုင်စတုထ္ထပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ကွမ်းသီးစိတ် ဈေးနှုန်းအနေဖြင့် ကွမ်းသီးစိတ်(ရှယ်စ)တစ်ပိဿာလျှင်(၃၈၀၀၀)ကျပ်၊ ကွမ်းသီးစိတ်(လတ်စ)တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ ကွမ်းသီးစိတ်(ညံ့)တစ်ပိဿာလျှင်(၂၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကွမ်းသီးစိတ်များကို ကွမ်းယာဆိုင်များမှ အများဆုံး အသုံးပြု သည့်အတွက်   အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ကုန်မျိုးစုံရောင်းချနေသာ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိနေသော ကြောင်လျှာသီး

 စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်ပင် ဖြစ်သည့် ကြောင်လျှာသီးပင်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။ 

  ခါးသက်သက်အရသာရှိတဲ့ကြောင်လျှာသီးမှာဆိုရင် ဘက်တီးတီးယားတွေကို တိုက်ဖျက်ပေးခြင်း၊ ဓါတ်တိုးဆန့်ကျင်အာနိသင်ရှိခြင်း၊ ရောင်ရမ်းမှုကို သက်သာစေခြင်း၊ ကျောက်ကပ်နှင့်အသည်း ကျန်းမာ စေခြင်း၊ ဆီးချို သက်သာစေခြင်း နှင့် ကိုယ်ခံအားကောင်းစေခြင်း စသည့်  ကြောင်လျှာသီးမှာလည်း ဆေးဘက်ဝင်မှုတွေရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့ သစ်ရာမြိုင်ဈေး၏ ကြောင်လျှာသီး ဈေးနှုန်းအနေဖြင့် ကြောင်လျှာသီး လက္ကားဈေး အကြီး တစ်တောင့်လျှင်(၁၅၀၀)ကျပ်၊ ကြောင်လျှာသီး လက်လီဈေး အကြီး တစ်တောင့်လျှင်(၁၈၀၀)ကျပ်၊ ကြောင်လျှာသီး လက္ကားဈေး အသေး တစ်တောင့်လျှင်(၁၀၀၀)ကျပ်၊ ကြောင်လျှာသီး လက်လီဈေး အသေး တစ်တောင့်လျှင်(၁၃၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ယခင်အပတ်များထက် ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ကုန်စိမ်းသီးနှံမျိုးစုံရောင်းချ နေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၏ တောကြက်ဟင်းခါးသီး နှင့် ခဆော့သီးဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံ နှင့် စားဖိုဆောင်သီးနှံများကို စိုက်ပျိုးရောင်းချကြရာ တောကြက်ဟင်းခါးသီး နှင့် ခဆော့သီးကိုလည်း ကျွန်းလှမြို့ပေါ်ရပ်ကွက်များ နှင့် ကျွန်းလှမြို့နယ် အတွင်းရှိကျေးရွာများ ဖြစ်သော ရှမ်းစုကျေးရွာ၊ မန်ကျီးအင်းကျေးရွာ နှင့် တင်းတိန်ရံကျေးရွာတို့တွင် တောကြက်ဟင်းခါးသီးကို စင်ထိုး စိုက်ပျိုးကြသလို ခြံစည်းရိုးပေါ် တင်ပြီးလည်း စိုက်ပျိုးကြပါသည်။ ခဆော့သီးပင်ကိုလည်း မြေကျင်းတူး၍ စိုက်ပျိုး လျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက်ရောင်းချကာ ဈေး‌ကောင်ရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်းသိရသည်။

     ကြက်ဟင်းခါးသီးမှာ သွေးတွင်းမကောင်းသော အဆီဓါတ်များကိုလျော့ချပေးခြင်း၊ ကင်ဆာဆဲလ် များကို လျော့ချတာဆီးပေးခြင်း၊ ဆီးချိုရောဂါကိုထိန်းချုပ်တားဆီးပေးခြင်း၊ ကိုယ်ခံအားစနစ်ကို ကောင်း မွန်စေခြင်း နှင့် အမြင်အာရုံကို ကောင်းမွန်စေခြင်း စသည့် ကျန်းမာရေးအကျိုးကျေးဇူးများရှိသည်ကို လည်းတွေ့ရှိရပါသည်။ 

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး အတွင်း ရောင်းချလျက်ရှိသည့် တောကြက်ဟင်းခါးသီး ဈေးနှုန်းများမှာ တောကြက်ဟင်းခါးသီး တစ်ပြည်လျှင် (၆၀၀၀)ကျပ်၊ တောကြက် ဟင်းခါးသီး နို့ဆီ တစ်ဘူးလျှင်(၈၀၀)ကျပ် နှင့် နို့ဆီ(၂)ဘူးလျှင်(၁၅၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အလုံးကြီး လက္ကား တစ်ပိဿာလျှင်(၃၇၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အလုံးကြီး လက်လီ တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အလုံးကြီး (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် နှင့် ကြက်ဟင်းခါးသီး အလုံးကြီး (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ်ဈေးဖြင့်သော်လည်းကောင်း ခဆော့သီး လက္ကား တစ်ပြည်လျှင်(၃၀၀၀)ကျပ်၊ ခဆော့သီး လက်လီ တစ်ပြည်လျှင်(၃၂၀၀)ကျပ် နို့ဆီ တစ်ဘူးလျှင် (၄၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် တောကြက်ဟင်း ခါးသီး နှင့် ခဆော့သီး  ရောင်းချနေသော ဈေးသည်တစ်ဦး ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချနေသော အာလူးနှင့် ဂျင်း(ချင်း) ဈေးနှုန်း

     ကန့်ဘလူခရိုင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးကွက်အတွင်း အာလူး နှင့် ဂျင်း(ချင်း) တို့ကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့်မန္တလေးတိုင်းဒေသကြီးမှ အများဆုံး မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

     ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ယခု ဇူလိုင်လ တတိယပတ်တွင် ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော အာလူးသီးဈေးနှုန်း အနေဖြင့် အာလူးသီးအလုံးကြီး လက္ကား()ပိဿာလျှင်(၄၈၀၀)ကျပ်၊ လက်လီ()ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ (၂၅)ကျပ် သားလျှင်(၁၃၀၀)ကျပ်၊ အာလူးသီး အလုံးသေး လက္ကား()ပိဿာလျှင်(၄၃၀၀)ကျပ် နှင့် အာလူးသီး အလုံး သေး လက်လီ()ပိဿာလျှင်(၄၅၀၀)ကျပ် တို့ဖြင့်လည်းကောင်း၊ ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ လက္ကား ()ပိဿာလျှင်(၅၂၀၀)ကျပ်၊ လက်လီ()ပိဿာလျှင်(၅၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချကြောင်း ကျွန်းလှမြို့ပေါ် ရပ်ကွက်များတွင်  ကြက်သွန်ဖြူ/နီ /အာလူး /ဂျင်း(ချင်း) အရောင်းအဝယ်လုပ်နေသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်အတွင်းမှ သရက်သီးစိမ်း နှင့် သရက်ချဉ် ဈေးနှုန်း

    ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရာသီပေါ်သီးနှံများ၊ အခြားဒေသမှ ဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် ဒေသထွက်ဖြစ်သည့်  သရက်သီးစိမ်းများကို ရောင်းချလျက်ရှိကြောင်း သိရသည်။

    ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့ဈေးများအတွင်း ရောင်းချနေသည့်  သရက်သီးဈေးနှုန်းများမှာ သရက်သီး အကြီး တစ်လုံးလျှင်(၅၀၀/၇၀၀)ကျပ်၊ သရက်သီး အသေး တစ်လုံးလျှင်(၃၀၀/၄၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပြီး အလားတူပင် သရက်ချဉ် ဈေးနှုန်း အနေဖြင့် သရက်ချဉ် လက္ကား တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ သရက်ချဉ် လက်လီ တစ်ပိဿာလျှင်(၃၂၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၆၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၈၀၀)ကျပ်နှင့်(၁၀)ကျပ်သားလျှင်(၃၀၀)ကျပ်‌ ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သရက်သီးစိမ်း ရှားပါးလာပြီ ဖြစ်သည့်အတွက် သရက်သီးစိမ်း ဈေးနှုန်း ဆက်လက်မြင့်တက်လာကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော မုန့်တီဖတ် နှင့် မုန့်ဟင်းခါးဖတ်

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် မိသားစုစားဝတ်နေရေးအတွက် မုန့်တီစိမ်း လုပ်ငန်းကိုလုပ်ကိုင် ရောင်းချလျက်ရှိရာ ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့   ရောင်းချလျက်ရှိကြောင်းသိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့ဈေးကွက်၌ ဖြစ်ပေါ်နေသော မုန့်တီစိမ်း ဈေးနှုန်းမှာ မုန့်တီစိမ်း လက္ကား တစ်ပိဿာလျှင်(၂၇၀၀)ကျပ်၊  လက်လီ တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် နှင့် မုန့်တီသုပ် တစ်ပွဲလျှင် (၁၅၀၀)ကျပ်၊ မုန့်ဟင်းခါး တစ်ပွဲလျှင် (၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ‌အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း မုန့်တီစိမ်း၊ မုန့်ဟင်းခါးဖတ်အစိမ်း တို့ကို မိမိတို့မြို့နယ်အတွင်းတွင်သာ လက်လီလက္ကား ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်၌ ရောင်းချလျက်ရှိသော မုန့်ညှင်းရွက်ဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးရေးနှင် မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ကြရာမှ ရာသီအလိုက် စားဖိုဆောင်သီးနှံများကို မြေအောက်ရေတင် စနစ်ဖြင့် စိုက်ပျိုးရောင်းချလျက်ရှိရာမှ မုံညှင်းရွက်ကိုလည်း တစ်ပိုင် တစ်နိုင် စိုက်ပျိုးပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေး ကွက်အတွင်းသို့ လာရောက်ပို့ဆောင် ရောင်းချရကြောင်း သိရှိရပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် မုန့်ညှင်းရွက် တစ်စီးလျှင်(၃၀၀)ကျပ်၊ မုန့်ညှင်းရွက်()စီးလျှင်(၅၀၀)ကျပ်နှင့် ()စီးလျှင်(၁၀၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးရောင်းချနေသော တောင်သူတစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်၌ ရောင်းချလျက်ရှိသော မြင်းခွာရွက်ဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးရေးနှင် မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ကြရာမှ ရာသီအလိုက် စားဖိုဆောင်သီးနှံများကို မြေအောက်ရေတင် စနစ်ဖြင့် စိုက်ပျိုးရောင်းချ လျက်ရှိရာမှ မြင်းခွာရွက်ကိုလည်း အနည်းငယ်မျှသာ စိုက်ပျိုးထားသော်လည်း သဘာဝအရ မျိုးပွားသည့်အတွက် နေ့စဉ်ခူးဆွတ်ပြီး   ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေး ကွက်အတွင်းသို့ လာရောက် ပို့ဆောင် ရောင်းချရကြောင်း သိရှိရပါ သည်။

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက် ရှိသောမြင်းခွာရွက် ဈေးနှုန်းမှာ မြင်းခွာရွက် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ မြင်းခွာရွက်(၅၀)ကျပ် သားလျှင်(၁၀၀၀၀)ကျပ်၊ မြင်းခွာရွက်()ကျပ်သားခန့် တစ်ပုံလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးရောင်းချသူထံမှ သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း