ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူဒေသ၏ ရာသီစာ ဟင်းကြွက်နားတောင်းရွက်နှင့် ငါးရံ့ပတူရွက်

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် ဟင်းသီးဟင်းရွက်များကို ရောင်းချလျက်ရှိရာ ယခုလိုမိုးရာသီ အချိန် တွင် သဘာဝဟင်းသီးဟင်းရွက်များ ပေါများစွာပေါက်ရောက်ကြပြီး ရာသီစာ ဟင်းကြွက်နားတောင်းရွက်နှင့် ငါးရံ့ပတူရွက်တို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချနေသည့်  ဟင်းကြွက်နားတောင်းရွက် အစိမ်း(၁)ပုံလျှင် (၃၀၀)ကျပ်၊ (၂)ပုံလျှင် (၅၀၀)ကျပ်၊ ဟင်းကြွက်နား တောင်းရွက်အပြုတ် (၁)လုံးလျှင် (၀၀)ကျပ်ဖြင့်လည်းကောင်း၊ ငါးရံ့ပတူရွက်အစိမ်း(၁)ပုံလျှင် (၃၀၀)ကျပ်၊ ငါးရံ့ပတူရွက်အပြုတ် တစ်လုံးလျှင်(၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ဟင်းကြွက်နားတောင်းရွက်နှင့် ငါးရံ့ပတူရွက်တို့ကို ပြုတ်၍ ငါးပိရည်နှင့်ပဲစားစား၊ မြေပဲလှော်ထောင်းနှင့် သုတ်၍ပဲစားစား ခံတွင်းမြိန်စေသည့် သဘာဝအစားအစာ တစ်မျိုးဖြစ်သည့် အတွက် လူကြိုက်များကာ အရောင်းသွက်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ဂေါ်ရခါးသီးနှင့် သခွားသီး ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ဈေးသည်များ၊ ဈေးဝယ်သူများ နှင့် စည်ကားသိုက်မြိုက်လျက်ရှိပြီး မိသားစုစားဝတ်နေရေးအတွက် အထောက်အကူရစေရန် မိမိတို့တတ်ကျွမ်းသည့်အလုပ်နှင့် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိရာ ဒေသထွက်သီးနှံများအပြင် ဂေါ်ရခါးသီးများကို မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ဂေါ်ရခါးသီး ဈေးနှုန်းများမှာ  အလုံးကြီး တစ်လုံးလျှင်(၇၀၀)ကျပ်၊  ဂေါ်ရခါးသီး အလတ်တစ်လုံးလျှင်(၅၅၀)နှင့် ဂေါ်ရခါးသီး အလုံးသေးတစ်လုံးလျှင် (၄၅၀)ကျပ်တို့ဖြင့်လည်းကောင်း သခွားသီးအကြီးတစ်လုံးလျှင် (၅၀၀)၊ အသေးတစ်လုံးလျှင်(၂၀၀မှ ၃၀၀)ကျပ်ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံရောင်းချသည့်  လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၌ ရောင်းချနေသော ကျောက်သခွားမွှေးသီးနှင့် စပျစ်သီး ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီးတို့ကို  မန္တလေးမြို့နှင့် မြစ်ကြီးနားမြို့တို့မှမှာယူ ရောင်းချလျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့သစ်သီးဈေးကွက်၌ ကျောက်သခွားမွှေးသီး အကြီး(၁)လုံးလျှင်(၅၀၀၀)ကျပ်၊ ကျောက်သခွားမွှေးသီး အလတ်(၁)လုံးလျှင် (၄၀၀၀)ကျပ်နှင့် ကျောက်သခွားမွှေးသီး အသေး(၁)လုံးလျှင်(၃၅၀၀)ကျပ်တို့ဖြင့်လည်းကောင်း စပျစ်သီး ဈေးနှုန်းများမှာ စပျစ်သီးတရုတ် လက္ကားတစ်ပိဿာလျှင်(၄၀၀၀၀)ကျပ်၊ စပျစ်သီး လက်လီတစ်ပိဿာ လျှင်(၃၈၀၀၀)ကျပ်နှင့် စပျစ်သီး(၂၅)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်ဖြင့်‌ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးမျိုးစုံရောင်းချသည့် လုပ်ငန်းရှင်ထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချနေသော ပေါက်ပေါက်ဆုတ် ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပေါ်ရှိကုန်စုံဆိုင်များနှင့် “မြို့မဈေး”ရှိ ကုန်စုံဆိုင်များတွင် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် သရေသာ စားစရာတို့ကိုရောင်းချလျက်ရှိရာ ရေဦးပေါက်ပေါက်ဆုတ်လည်း အပါအဝင်ဖြစ်ပါသည်။ ရေဦး ပေါက်ပေါက်ဆုတ်သည် အလှူပွဲများတွင်ပြုလုပ်လေ့ရှိသည့် ရိုးရာပေါက်ပေါက်ဆုတ်နှင့်မတူပဲ လေလုံ အောင်ထားခြင်းဖြင့် တာရှည်အထားခံကာ အချိုတည်းစရာအဖြစ်ပဲစားစား၊ ဧည့်သည်များကို တည့်ခင်း ဧည့်ခံရာတွင်ပဲသုံးသုံး ဘက်စုံအသုံးဝင်သည့် သရေသာစားစရာတစ်မျိုးဖြစ်ကြောင်း သိရသည်။

    ၂၀၂ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံဆိုင်များတွင် လည်းကောင်း၊ “မြို့မဈေး”ရှိ ကုန်စုံဆိုင်များတွင်လည်းကောင်း၊ ရေဦးပေါက်ပေါက်ဆုတ် လက္ကားတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ရေဦးပေါက်ပေါက်ဆုတ် လက်လီတစ်ပိဿာလျှင်(၈၅၀၀)ကျပ်နှင့် အသင့်ထုတ်ပြီး တစ်ထုတ်လျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ပျားသလက် ဈေးနှုန်း

     ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် စိုက်ပျိုးရေးကိုလုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိပြီး လယ်ယာလုပ်ငန်းကို ပိုင်ဆိုင်သူများရှိသလို စားဝတ်နေရေးအတွက် နေ့စားအလုပ်သမားအဖြစ် လုပ်ကိုင်နေရသူများ၊ တောတောင်၊ မြစ်ချောင်း၊ အင်း၊ အိုင်များတွင် စားဝတ်နေရေးအတွက် လုပ်ကိုင်နေရသူများလည်း ရှိကြသည်။ တောတောင်များတွင် ပျားရှာသည့်အလုပ်မှာလည်း ထိုက်သင့်သည့် ဝင်ငွေရရှိသည့်အတွက် ဒေသခံအချို့က လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယအပတ် ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ပျားသလက်ဈေးနှုန်းအနေဖြင့် ပျားသလက်မီးကင် တစ်ထုပ်လျှင်(၂၀၀၀)ကျပ်နှုန်း၊ (၃)ထုပ်လျှင် (၅၅၀၀)ကျပ်၊ ပျားသလက် အစိမ်းတစ်ထုပ်လျှင် (၁၅၀၀)ကျပ်ဖြင့်ရောင်းချရပြီး၊ ပျားရည်ပါ ရောင်းချရသည့်အတွက် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ပျားရှာသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော နေကြာစေ့ ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် နေကြာစေ့များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော နေကြာစေ့ ဈေးနှုန်းအနေဖြင့် နေကြာစေ့ လက်က္ကားတစ်ပြည်လျှင်(၇၅၀၀)ကျပ်၊ နေကြာစေ့ လက်လီတစ်ပြည်လျှင်(၇၀၀)ကျပ်၊ နေကြာစေ့ နို့ဆီဘူး(၅)ဘူးလျှင်(၄၂၀၀)ကျပ်နှင့် နေကြာစေ့နို့ဆီဘူး(၁)ဘူးလျှင်(၉၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ရှိကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော စကားဝါပန်းနှင့် စကားဖြူပန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့မဈေးတွင် ဘုရားပန်းအမျိုး၊ အလှဆင်းပန်းအမျိုးမျိုးနှင့် စကားဝါပန်း၊ စကားဖြူပန်းများကို ရောင်းချလျက်ရှိကြောင်း သိရသည်။ စကားဝါ/ဖြူပန်းမျိုးမှာ အပင်ကြီးဖြစ်သော်လည်း စိုက်ပျိုးရေးနည်းပညာများ ခေတ်မီလာသည်နှင့်အညီ စကားဝါ/ဖြူပန်းပင်များကို ကိုင်းကူးမျိုးစပ်ကာ အိမ်တွင်းအလှစိုက်ပင်ဖြစ် စိုက်ပျိုးလာကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊  ဇူလိုင်လ တတိယပတ်တွင် ကန့်ဘလူမြို့၊ မြို့မဈေး၌ ဖြစ်ပေါ်နေသော စကားဝါပန်း ဈေးနှုန်းဖြင့် စကားဝါပန်း(၇)ပွင့်ပါ တစ်ကုံးလျှင် (၅၀၀)ကျပ်၊ စကားဝါပန်း(၃)ကုံးလျှင်(၁၃၀၀)ကျပ် စကားဖြူပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၃၀၀)ကျပ်၊ စကားဖြူပန်း(၃)ကုံးလျှင် (၉၀၀)ကျပ်တို့ဖြင့်လည်း ကောင်း ရောင်းချလျက်ရှိကြောင်း ပန်းမျိုးစုံရောင်းချနေသော လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော ရာသီစာ ကြောင်လျှာသီး

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများသည် မိမိနေအိမ်ခြံဝင်း၌လည်းကောင်း၊ မိမိယာကွက်များ၌လည်းကောင်း စားသုံးသီးနှံပင်များကို စိုက်ပျိုးလျက်ရှိရာ ကြောင်လျှာသီးပင်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့မဈေး၏ ကြောင်လျှာသီး ဈေးနှုန်းအနေဖြင့် ကြောင်လျှာသီး လက္ကားဈေး တစ်တောင့်လျှင်(၁၃၀၀)ကျပ်၊ ကြောင်လျှာသီး လက်လီဈေး တစ်တောင့်လျှင်(၁၁၀၀)ကျပ်၊ ကြောင်လျှာသီး အသေးတစ်တောင့် လျှင်(၈၀၀မှ ၅၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ကြောင်လျှာသီးသည် သုတ်၍စားစား၊ ချက်၍ စားစား၊ ခါးသက်သက်အရသာရှိပြီး ခံတွင်းမြိန်စေသည့် အသီးတစ်မျိုးဖြစ်သောကြောင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးရှိ ကြက်တက်ရွက်နှင့် ကြက်မောက်ဖြူရွက်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရာသီပေါ်ဟင်းသီးဟင်းရွက်များအပြင် ကြက်တက်ရွက်နှင့် ကြက်မောက်ဖြူရွက်တို့ ရောင်းချလျက်ရှိကြောင်း သိရသည်။ ကြက်တက်ရွက်ကို  မိုးဦးကျစအချိန် ရွက်ဟောင်းကြွေပြီး ရွက်နုထွက်ချိန်တွင် ခူးဆွတ်ကာ ရေနွေးနှင့်ပြုတ်ပြီး လက်ဖက်ကဲ့သို့သုတ်စားကြကြောင်း ရှေးလူကြီးများ၏ ပြောပြချက်အရ သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချနေသော  ကြက်တက်ရွက်ပြုတ် တစ်ပိသာလျှင်(၇၅၀၀)ကျပ်၊ ကြက်တက်ရွက်ပြုတ် (၅၀)ကျပ်သားလျှင်(၃၈၀၀) ကျပ်နှင့် ကြက်တက်ရွက်ပြုတ် (၁၀)ကျပ်သားလျှင်(၈၀၀)ကျပ်ဖြင့်လည်းကောင်း ကြက်မောက်ဖြူရွက် ပြုတ်တစ်လုံးလျှင်(၅၀၀)ကျပ်၊ (၄)လုံးလျှင်(၂၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ကြက်တက်ရွက်ကို လက်ဖက်မကြိုက်သူများက စားသုံးကြသလို၊ လက်ဖက်နှင့်ရောနှော၍လည်း စားသုံးကြကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးအတွင်း ရောင်းချနေသော ကန်ဇွန်းဥ ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် အိမ်ခြံဝင်းများနှင့် မိမိယာ ကွက်များတွင် စိုက်ပျိုးကြပြီး ကန့်ဘလူမြို့မဈေးတွင် လာရောက်ရောင်းချကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်တွင် ကန့်ဘလူမြို့၊ မြို့မဈေးအတွင်း ရောင်းချနေသော  ကန်ဇွန်းဥဈေးနှုန်းမှာ လက္ကားဈေး တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ ကန်ဇွန်းဥ လက်လီတစ်ပိဿာလျှင် (၂၇၀၀)ကျပ်နှင့် ၂၅ကျပ်သားလျှင် (၇၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊  ကန်စွန်းဥကို အစိမ်းစားတာ၊ ပြုတ်စားတာနှင့် ကန်စွန်းဥပူတင်းစသည်ဖြင့် အမျိုးမျိုးပြုလုပ်စားသုံးကြကြောင်း၊ ဝယ်ယူစားသုံး သူများပြီး အရောင်းအဝယ်သွက်နေကြောင်း ကန်စွန်းဥ ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း