ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မန်ကျည်းသီးများစတင်ထွက်ရှိမှုအခြေအနေ

          မိုးရာသီကာလများတွင် မန်ကျည်းသီးအကင်းများ စတင်ထွက်ရှိလာနေပြီး ဖြစ်ပါသည်။ မန်ကျည်းပင်သည် မုန်သုတ်ရာသီတွင်ပေါက်မြောက်သောအပင်ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် အလွန်ပေါများသည့်အတွက် လူတိုင်းမြင်ဖူးကြပါသည်။ မန်ကျည်းပင်သည် အမြဲစိမ်းလန်းသောအပင်ဖြစ်၍ မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြသလို အထက်အညာဒေသတွင် မန်ကျည်းပင်ကို အကြီးအကျယ် စိုက်ပျိုး ကြသည်။ လယ်ကွင်းများ၊ ခြံများ၊ ဥယျာဉ်များ၊ ကျွဲနွားစားကျက်များ၌ စိုက်ပျိုးကြပါသည်။

             အလွန်းကြီးခဲသော အပင်မျိုးဖြစ်ပြီး အစေ့မှအလွယ်တကူပေါက်ရောက်နိုင်သော အပင်မျိုးလည်း ဖြစ်ပါသည်။ မန်ကျည်းပင်သည် တစ်ပင်လုံးအသုံးဝင်သောအပင်ဟုဆိုနိုင်သလို၊ အသီးသည်လည်း ဟင်းချက်ရာတွင် အလွန်အသုံးဝင်ပြီး၊ ဆေးဖော်စပ်ရာတွင်လည်းကောင်း၊ အလှကုန်များ ဖော်စပ်ရာတွင်လည်း အသုံးဝင်သောပါသည်။

            ယခုအချိန် ဈေးကွက်အနေဖြင့် ပုသိမ်မြို့အနီးအနားမှ ထွက်ရှိသော မန်ကျည်းသီးအကင်းများကို ရောင်းချနေပြီး ဈေးနှုန်းအနေဖြင့် လက်ကားဈေးနှုန်းမှာ တစ်ပိဿာကို (၁၇၀ဝိ/-)နှုန်း ရောင်းချကြပြီး၊ လက်လီဈေးနှုန်းအနေဖြင့် တစ်ဆယ်သားကို (၂ဝ၀ဝိ/-)နှုန်းဖြင့် ရောင်းချနေကြပါသည်။

DOCA(ဧရာဝတီ)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ကုလားပဲဆံ နှင့် ပဲတီဆံဈေးနှုန်း

    ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ကုလားပဲဆံနှင့် ပဲတီဆံများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ကုလားပဲဆံဈေးနှုန်းအနေဖြင့် ကုလားပဲဆံ တစ်ပြည့်လျှင်(၈၈၀၀)ကျပ်၊ ကုလားပဲဆံ နို့ဆီဘူး(၄)ဘူးလျှင်(၄၄၀၀)ကျပ်နှင့် ကုလားပဲဆံ နို့ဆီ(၁)ဘူးလျှင်(၁၁၀၀)ကျပ်နှင့် ပဲတီဆံ တစ်ပြည်လျှင် (၈၈၀၀)ကျပ်၊ ပဲတီဆံ နို့ဆီဘူး(၄)ဘူးလျှင်(၄၄၀၀)ကျပ်နှင့် ပဲတီဆံ နို့ဆီဘူး(၁)ဘူးလျှင်(၁၁၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ကုန်မျိုးစုံရောင်းချသူထံမှ သိရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၏ ကြက်သား ဈေးနှုန်း

    ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးနှင့် သစ်ရာမြိုင်ဈေးများတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ အသား/ငါး ဈေးနှုန်းများထဲမှ ကြက်သား ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

    ကြက်သားများသည် မွေးမြူးရေးကြက်နှင့် ဗမာကြက်ဟူ၍ နှစ်မျိုးရောင်းချရာ  မွေးမြူရေးကြက် အကောင်များကိုဒေသတွင်းနှင့် ရွှေဘိုမြို့တို့မှ ဖောက်သည်ဝယ်ယူရောင်းချလျက်ရှိရာ ကြက်သား ဈေးနှုန်းများမှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ် မွေးမြူရေးကြက်သားဈေးနှုန်း လက်လီဈေး (၂၅၀၀၀)ကျပ်၊ လက္ကားဈေး(၂၃၀၀၀)ကျပ်၊ ဗမာကြက်သား ဈေးနှုန်း လက်လီဈေး (၃၃၀၀၀)ကျပ်၊ ကြက်မြစ် ကြက်သဲ တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်နှင့် ကြက်အရိုးအစုံဖြစ်သည့် လည်ပင်းရိုး၊ တောင်ပံရိုး၊ ခြေထောက်ရိုးတို့၏ ဈေးနှုန်းအနေဖြင့်  တစ်ပိဿာလျှင် လက်လီဈေး (၁၈၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကြက်သားကို ထမင်းဆိုင်များ၊ စားသောက်ဆိုင်များနှင် အကင်ဆိုင်များမှ အများဆုံးအသုံးပြုကြသည့်အတွက် ရောင်းအားကောင်းလျက်ရှိပါကြောင်း  ကြက်သားရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၏ ကြံသကာနှင့် သကြားခွေ ဈေးနှုန်း

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တာဝန် ခံရုံးအနေဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှု  ခရိုင်းစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံအထွက်နှုန်းများ၊ သီးနှံဈေးနှုန်းများ၊ တစ်ဧကုန်ကျစရိတ်များ နှင့် ရာသီ ပေါ်အစားအစာများ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေတို့အား ရေးသားတင်ပြလျက်ရှိကြောင်း သိရသည်။

     ကျွန်းလှမြို့ပေါ်ရပ်ကွက်များရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကြံသကာများကို မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ် ဇူလိုင်လ တတိယပတ်တွင် ရောင်းချနေသော ကြံသကာလက္ကားဈေးနှုန်းမှာ တစ်ပိဿာလျှင် (၆၅၀၀) ကျပ် ကြံသကာ လက်လီ ဈေးနှုန်းမှာ တစ်ပိဿာလျှင်(၇၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် ၃၅၀၀ ကျပ်နှင့် (၂၅)ကျပ်သားလျှင် ၁၈၀၀ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း သကြားခွေ ဈေးနှုန်း အနေဖြင့် သကြားခွေ လက်က္ကား တစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ သကြားခွေ လက်လီ တစ်ပိဿာ လျှင် (၇၅၀၀)ကျပ်၊ သကြားခွေ(၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ်နှင့် သကြားခွေ(၂၅)ကျပ်သား လျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချကြောင်း ကြံသကာသည် ယခုကာလတွင် အနည်းငယ် ရှားပါးသည့်အတွက် ဈေးအနည်းငယ်တက်လာကြောင်း ကုန်မျိုးစုံရောင်းချသူထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ကျောက်ဖရုံယို နှင့် ချစ်တီးမုန့် ဈေးနှုန်း

      ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များနှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် ကျောက်ဖရုံ ယိုများကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံ ရောင်းချသည့်ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ကျောက်ဖရုံယို ဈေးနှုန်းအနေဖြင့် ကျောက်ဖရုံယို တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ ကျောက်ဖရုံယို(၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ်နှင့် ကျောက်ဖရုံယို(၂၅) ကျပ်သားလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ချစ်တီးမုန့် ဈေးနှုန်းအနေဖြင့် ချစ်တီးမုန့်  လက္ကား တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ ချစ်တီးမုန့် လက်လီတစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ ချစ်တီးမုန့် (၅၀)ကျပ်သားလျှင်(၉၀၀၀)ကျပ်နှင့် ချစ်တီးမုန့်(၂၅)ကျပ်သားလျှင်(၄၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိကြောင်း ကျောက်ဖရုံယိုကို ဒံပေါက်ဖောက်ရာတွင်လည်းကောင်း၊ နနွင်းမကင်း ဖုတ်ရာတွင် လည်း ကောင်း၊ ထိုးမုန့်ထိုးရာတွင်လည်းကောင်း၊ ရွှေရင်အေး၊ ဖာလူဒါတို့ထဲတွင် ထည့်သုံးသည့်အတွက် ဈေးကြီး သော်လည်း ရောင်းအားကောင်းလျက်ရှိကြောင်း  ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသည့် လုပ်ငန်းရှင်များ ထံမှ သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်အတွင်းမှ ထွက်ရှိသည့် ကင်းမုံသီး နှင့် ပဲသီးတောင့်ရှည် ဈေးနှုန်း

 

          ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် စားဖိုဆောင် သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ကင်းမုံသီးကို ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ ကင်းမုံသီးပင်ကို စင်ထိုးပြီး စိုက်ပျိုးကြသလို ခြံစည်းရိုးပေါ်တင်ပြီး စိုက်ပျိုးကြကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ပိတောက်မြိုင် ဈေး၊  သစ်ရာမြိုင်ဈေးများအတွင်း ရောင်းချလျက်ရှိသည့် ကင်းမုံသီး ဈေးနှုန်းများမှာ ကင်းမုံသီး လက္ကား တစ်ပြည်လျှင်(၃၇၀၀)ကျပ်၊ ကင်းမုံသီး လက်လီ တစ်ပြည်လျှင်(၄၀၀၀)ကျပ်၊ ကင်းမုံသီးနို့ဆီ(၂)ဘူးလျှင် (၁၀၀၀)ကျပ် နှင့် ကင်းမုံသီး နို့ဆီ(၁)ဘူးလျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့်လည်းကောင်း ပဲတောင့်ရှည်သီး ဈေးနှုန်းများမှာ ပဲတောင့်ရှည်သီး လက္ကားဈေး(၁၀)စီး တစ်ထုံးလျှင် (၃၀၀၀)ကျပ်၊ ပဲတောင့်ရှည်သီး လက်လီဈေး(၇)တောင့်ပါ ၁စီးလျှင်(၄၀၀)ကျပ်၊ (၃)စီးလျှင်(၁၀၀၀)ကျပ်နှင့် ပဲတောင့်ရှည်သီး(၇) တောင့်ပါ၂စီးလျှင်(၇၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကုန်စိမ်း ဈေးသည် ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ပန်းဈေးကွက်ရှိ နှင်းပန်းနှင့် ပန်းတိမ်ငိုပန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ပန်းမျိုးစုံရောင်းချခြင်းလုပ်ငန်းများ လုပ်ကိုင်ကြ ရာနှင်းဆီပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ အောင်သပြေပန်း၊ အာစီယံသပြေပန်း၊ စံပါယ်ပန်း၊ ဇွန်ပန်း၊ စသည်တို့ကို စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ဖြစ်ပေါ်နေသော နှင်းပန်း ဈေးနှုန်းအနေဖြင့် နှင်းပန်းတစ်စီးလျှင် (၈၀၀)ကျပ်နှင့် နှင်းပန်း(၃)စီးလျှင်(၂၂၀၀)ကျပ်ဖြင့်လည်းကောင်း ၊ပန်တိမ်ငို  အခက်ကြီးတစ်ခက်လျှင်(၃၀၀)ကျပ်၊ (၃)ခက်တစ်စည်းလျှင်(၉၀၀)ကျပ်၊ ပန်တိမ်ငိုပန်း(၁၀) စည်းလျှင်(၈၀၀၀)ကျပ်နှုန်းဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပန်းထိမ်းငိုပန်းသည် အထားခံ သည့်အပြင် လှပသည့်အသွင်သဏ္ဍာန်ကြောင့် လူကြိုက်များကာ အရောင်းသွက်လျက်ရှိကြောင်း ပန်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချနေသော မုန်ညှင်းထုတ် ဈေးနှုန်းအနည်းငယ်ကျဆင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရာသီပေါ်ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုန်ညှင်းထုပ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး၊ ခါကြက်ဥနှင့် မုန်ညှင်းထုပ်ကိုတို့ကို ရောင်းချလျက်ရှိရာ မန္တလေးမြို့နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရှိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်တွင် ကန့်ဘလူမြို့၊ မြို့မဈေးအတွင်း ရောင်းချလျက်ရှိသည့် မုန်ညှင်းထုတ်ဈေးနှုန်းမှာ မုန်ညှင်းထုတ် လက္ကားတစ်ပိဿာလျှင်(၇၅၀၀)ကျပ်၊ မုန်ညှင်းထုတ်လက်လီ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၄၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိရာ ဇူလိုင်လ ဒုတိယပတ်နှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရာသီပေါ်ကုန်စိမ်းသီးနှံ ရောင်းချသူများထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို၌ ရောင်းချလျက်ရှိသော မျှစ်ချဉ်နှင့် မျှစ်ချို ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ဒေသအတွင်းမှ ထွက်ရှိသည့်မျှစ်များကို မျှစ်စိမ်းနှင့် မျှစ်ပြုတ်အဖြစ်ရောင်းချသလို မျှစ်ချဉ်သိပ်၍ သိုလှောင်ထားကြပြီး ဈေးကွက်အတွင်းသို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ဖြစ်ပေါ်နေသော မျှစ်ချိုနှင့် မျှစ်ချဉ်ဈေးနှုန်းမှာ မျှစ်ချို တစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၅၀၀)ကျပ်နှင့် မျှစ်ချဉ် တစ်ပိဿာလျှင်(၅၃၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၇၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင်(၅၅၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခုလိုမိုးရာသီတွင် မျှစ်များလှိုင်လှိုင်ပေါ်နေသောကြောင့် နောက်နှစ်အတွက် မျှစ်ခြောက်လှန်းအတွက် ဝယ်ယူကြသလို၊ မျှစ်ချဉ်ပြုလုပ်ရန်အတွက် ဝယ်ယူကြသည့်အတွက် မျှဉ်ချိုသည် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ မျှစ်ချဉ်သည် မျှစ်ချိုရှားပါးလာသည့်အချိန်၌သာ အရောင်းသွက်လေ့ရှိကြောင်း မျှစ်ချိုနှင့် မျှစ်ချဉ် အရောင်းဆိုင်များမှ သတင်းရရှိပါသည်။ 

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော အသားမျိုးစုံ ဈေးနှုန်း/ဈေးကွက်

၂၀၂၅ ခုနှစ်၊ ဇူလိုင်‌လ တတိယပတ်တွင် ကန့်ဘလူမြို့၊ မြို့မဈေး၌ ဖြစ်ပေါ်နေသော အသားမျိုးစုံ ရောင်းချလျက်ရှိရာ ဈေးနှုန်းအနေဖြင့် ဝက်သား(အသားရှယ်)တစ်ပိဿာ(၃၅၀၀၀)ကျပ်၊ ဝက်သားပေါင် တစ်ပိဿာ(၃၃၀၀၀)ကျပ်၊ ဝက်သားနံကိုင်းသား(၃၃၀၀၀)ကျပ်၊ ဝက်အသည်း တစ်ပိဿာ(၃၅၀၀၀)ကျပ် ဝက်ကလီစာ တစ်ပိဿာ(၂၅၀၀၀)ကျပ်၊ နှင့် ဝက်သွေးခဲတစ်ပိဿာ (၄၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်း ကောင်း၊ ကြက်သားဈေးနှုန်းအနေဖြင့် မွေးမြူရေးကြက်သား လက်လီဈေး(၂၃၀၀၀)ကျပ်၊ လက္ကားဈေး (၂၂၀၀၀)ကျပ်၊ ဒေသကြက်သား လက်လီဈေး (၃၀၀၀၀)ကျပ်  ဈေးနှုန်းများဖြင့်လည်းကောင်း၊ အမဲသား ဈေးနှုန်းအနေဖြင့် အမဲသားရှယ် (အသားသန့်) လက္ကားတစ်ပိဿာလျှင်(၂၆၀၀၀)ကျပ်၊ အမဲသားရှယ် (အသားသန့်) လက်လီတစ်ပိဿာလျှင်(၂၇၀၀၀)ကျပ်၊ အမဲပုဆိုးကြမ်း တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ် နှင့် အမဲရိုးတစ်ပိဿာ(၆၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း