ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆိပ်ဖြူကြက်သွန်နီ နိုဝင်ဘာလ(တတိယပတ်) ဈေးနှုန်းဈေးကွက်နှင့်စီးဆင်းမှု

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ ယခုနိုဝင်ဘာလ(တတိယပတ်)တွင် မိုးရွာ သွန်းမှုများခြင်းကြောင့် ကြက်သွန်နီကုန်စည်ဒိုင်သို့ကုန်ဝင်နည်းကြောင်း၊ တစ်ပတ်အတွင်း ကြက်သွန်နီ ပျမ်းမျှကုန်ချိန် ပိဿာ(၁)သိန်းခန့်သာဝင်ရောက်ပြီး နိုဝင်ဘာလ(တတိယပတ်)အတွင်း ဆိပ်ဖြူမြို့မှ ကုန်စည်စီးဆင်းမှုမှာ ပိဿာ(၄)သိန်းခန့်စီးဆင်းကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှသိရှိရသည်။

          ဆိပ်ဖြူကြက်သွန်နီသည် ဈေးကွက်အနေဖြင့် နိုဝင်ဘာလ(တတိယပတ်)အစောပိုင်းတွင်  အမြင့်ဈေးတစ်ပိဿာလျှင် ကျပ်(၂၉၀၀)၊ အနိမ့်ဈေးတစ်ပိဿာလျှင် ကျပ်(၂၄၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး အလယ်ပိုင်းတွင် အမြင့်ဈေး တစ်ပိဿာလျှင် ကျပ်(၂၈၇၅)၊ အနိမ့်ဈေးတစ်ပိဿာလျှင် ကျပ် (၂၃၀၀)၊ (တတိယပတ်)နှောင်းပိုင်းတွင် အမြင့်ဈေးတစ်ပိဿာလျှင် ကျပ်(၂၉၂၅)၊ အနိမ့်ဈေး တစ်ပိဿာလျှင် ကျပ်(၂၆၅၀)ဖြစ်ပြီး ယခင် နိုဝင်ဘာလ(ဒုတိယပတ်)အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၃၁၀၀)၊ ယခု(တတိယပတ်)တွင် ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၂၉၂၅)ဖြစ်၍ ကျပ်(၁၇၅)ဈေးကျပြီး အလတ်စနှင့်အသေးစတို့မှာလည်း ကျပ်(၁၅၀)ခန့်စီ ဈေးကျ၍ အရောင်းအဝယ် ဖြစ်ကြောင်း ဈေးကွက်မှသိရှိရသည်။

          ယခု နိုဝင်ဘာလ(တတိယပတ်)တွင် ဆိပ်ဖြူကြက်သွန်နီသည် ဒေသတွင်း၊ ပြည်တွင်း ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကုန်ချိန်(၂)သိန်းခွဲခန့်၊ မြဝတီမြို့သို့ ကုန်ချိန်ပိဿာ(၁)သိန်းခွဲ၊ ပြည်မြို့သို့ ကုန်ချိန်ပိဿာ(၃)သောင်း၊ စုစုပေါင်း ကုန်ချိန်ပိဿာ(၄)သိန်းခန့်၊ တန်ချိန်(၆၅၃)ခန့် စီးဆင်းခဲ့ပြီး ယခု တစ်ပတ်အတွင်း ပြည်ပဝယ်လက်နည်း၍ ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ကြောင်း ဈေးကွက်မှ  သိရှိရသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့မစည်ပင်သာယာဈေး၌ နိုဝင်ဘာလ(တတိယပတ်)တွင် ရောင်းချနေသော ငါးခြောက် ဈေးနှုန်းဈေးကွက်

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်သာယာဈေး၊ အမှတ်(၂)ဈေး နှင့် ပျံကျ ဈေးတို့တွင် မြန်မာပြည်အောက်ပိုင်းဒေသမှ ဧရာဝတီတိုင်းဒေသကြီးရှိနယ်များ၊ ရခိုင်ပြည်နယ်ရှိ ငပိ၊ ငါးခြောက်၊ ပုစွန်ခြောက်များထွက်ရှိရာမြို့နယ်များမှ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။ အရောင်းအဝယ်ဖြစ်လျက်ရှိသော ငါးခြောက်များမှာ ငါးနီတူးခြောက်၊ ငါးပုတ်သင်ခြောက်၊ အာဗြဲခြောက် (ခေါ်)ငါးဖေါင်ရိုးခြောက်၊ မီးတန်သွယ်ခြောက်၊ ငါးစင်းလုံးခြောက်၊ ငါးရံ့ခြောက်၊ငါးရခွန်ခြောက်နှင့် ပုဇွန် ခြောက်အမျိုးမျိုးတို့ အရောင်းဝယ်ဖြစ်လျက်ရှိပါသည်။

          ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)တွင်ရောင်းချနေသော ငါးခြောက်အမျိုးမျိုး၏ဈေးနှုန်း များမှာ ငါးနီတူးခြောက်တစ်ပိဿာလျှင် ကျပ်(၂၁၀၀၀)၊ ငါးပုတ်သင်ခြောက်(အကြီး) တစ်ပိဿာလျှင် ကျပ်(၁၁၀၀၀)၊ ပုတ်သင် ခြောက်(အသေး)တစ်ပိဿာလျှင် ကျပ်(၈၀၀၀)၊ အာဗြဲခြောက်(ခေါ်) ငါးဖေါင် ရိုးခြောက်(အကြီး)တစ်ပိဿာလျှင် ကျပ်(၂၄၀၀၀)၊ အာဗြဲခြောက်(ခေါ်) ငါးဖေါင်ရိုးခြောက်(အသေး) တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ မီးတန်သွယ် ခြောက် တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ငါးစင်းလုံး ခြောက်တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀/ ၁၄၀၀၀)၊ ငါးရံ့ခြောက်တစ်ပိဿာလျှင် ကျပ်(၃၆၀၀၀ မှ ၄၅၀၀၀)၊ ငါးတံခွန်ခြောက်တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)နှင့်  ပုဇွန်ခြောက်အမျိုးမျိုးဈေးနှုန်းများမှာ ပုဇွန်ခြောက်အကြီးတစ်ပိဿာလျှင် ကျပ်(၇၅၀၀၀)၊ ပုဇွန်ခြောက်အလတ်တစ်ပိဿာလျှင် ကျပ်(၅၀၀၀၀)၊ ပုဇွန်အသေး အသားခြောက်တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ မျှင်ငါးပိတစ်ပိဿာလျှင် ကျပ်(၄၂၀၀ မှ ၈၂၀၀)၊ ငံပြာရည်(၅၀)သားတစ်ပုလင်းလျှင် ကျပ်(၁၂၀၀)ဖြင့် ရောင်းချလျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့ပေါ်ရှိ အိမ်သုံးဆေးဝါး ဈေးကွက်အခြေအနေ

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော အိမ်သုံးဆေးဝါးများ၏ဈေးနှုန်းများမှာ Decolgen (၁၀)လုံးပါ(၁)ကတ် ကျပ်(၁၇၀၀)၊ Civit အလုံး(၁၀၀)ပါ(၁)ဘူးလျှင် ကျပ်(၃၀၀၀)၊ Paracetamol (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၄၀၀)၊ Biogesic(၁၀) လုံးပါ(၁)ကတ်လျှင် ကျပ်(၁၁၀၀)၊ Amoxicillin (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၈၀၀)၊ Enervon-C (၄)လုံးပါ(၁)ကတ်လျှင် ကျပ်(၁၆၀၀)၊ Burmeton အလုံး(၁၀၀)ပါ(၁)ဘူးလျှင် ကျပ်(၂၆၀၀)၊ Cetirizine (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၃၀၀)၊ ဓာတ်ဆား MPF (၁)ထုပ်လျှင် ကျပ် (၄၀၀)၊ သီးစုံဓာတ်ဆား Royal-D (၁)ထုပ်လျှင် ကျပ်(၃၅၀)၊ Oramin-G (၅)လုံးပါ(၁)ကတ်လျှင် ကျပ်(၃၅၀၀)၊ Becozinc (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၄၅၀၀)၊ Vitahome (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၂၀၀၀)၊ SaRa (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၉၀၀)၊ Vitacee (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၄၅၀၀)၊ Flemex (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၃၄၀၀)၊ Solmux (၄)လုံးပါ (၁)ကတ်လျှင် ကျပ်(၁၃၀၀)၊ Woods' (၁)ဘူးလျှင် ကျပ်(၉၀၀၀)၊ Alaxan (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၂၄၀၀)၊ Mixagrip (၄)လုံးပါ(၁)ကတ်လျှင် ကျပ်(၁၂၀၀)၊ Vitamin-C 100 mg (၁)လုံးလျှင် ကျပ်(၃၀၀)၊  Zinc (၁၀)လုံးပါတစ်ကတ်လျှင် ကျပ်(၇၀၀)၊ Zincovit(၁၀)လုံးပါတစ်ကတ်လျှင် ကျပ်(၆၃၀၀) ဈေးနှုန်း အသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

             ယခင်အောက်တိုဘာလနှင့်ဈေးနှုန်းနှိုင်းယှဉ်ချက်အရ ယခုနိုဝင်ဘာလအတွင်းတွင် Civit၊ Decolgen ၊ Paracetamol နှင့် Biogesic တို့မှာ ကျပ် (၁၀၀) ဈေးနှုန်းကျဆင်းပြီး  Burmeton မှာ ကျပ် (၁၀၀)ဈေးတက်၍ ကျန်ဆေးဈေးနှုန်းများမှာ ဈေးငြိမ်ပြီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆေးနှင့်ဆေးပစ္စည်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ဘားအံမြို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

    ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ဘားအံမြို့တွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ပေါ်ဆန်းဆန်တစ်ပြည်လျှင် ၅၅၀၀ကျပ်၊ ဧည့်မထဆန် (ရွှေသွယ်) တစ်ပြည်လျှင် ၂၉၀၀ကျပ်၊ ဧည့်မထဆန် (မနောသုခ) တစ်ပြည်လျှင် ၃၄၀၀ကျပ်၊ ဆန်ကွဲတစ်ပြည်လျှင် ၂၁၀၀ကျပ်ဖြင့် ဆန်ဈေးနှုန်းမှာ ယခင်အပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ(ယိုးဒယား)တစ်ပိဿာလျှင် ၇၂၀၀ကျပ်၊ စားအုန်းဆီ(ရည်ညွှန်းဈေး) တစ်ပိဿာလျှင် ၅၆၀၀ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် ၁၆၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကြက်သွန်နီတစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်နှင့် ကြက်သွန် ဖြူ(ရှမ်းစ)တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊ အာလူးတစ်ပိဿာလျှင် ၃၈၀၀ကျပ်၊ ချင်းတစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ ငရုပ်သီးခြောက်တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊ ပဲနီလေးတစ်ပိဿာလျှင် ၉၅၀၀ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် ၆၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိါသည်။

   အသားငါးဈေးနှုန်းများမှာ ဝက်သားတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ ကြက်သား(CP) တစ်ပိဿာလျှင် ၁၀၅၀၀ကျပ်၊ ချောင်းငါးကြင်းတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ မွေးမြူရေးငါးခူတစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ ပုစွန်(ဘော့ချိတ်)တစ်ပိဿာလျှင် ၂၂၀၀၀ကျပ်ဖြင့် ငါးဈေးများမှာ ယခင်အပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်နေပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

  ကြက်ဥလက်လီဈေးနှုန်းမှာ ကြက်ဥ(ကြီး)တစ်လုံးလျှင် ၂၇၀ကျပ်၊ ကြက်ဥ(သေး) တစ်လုံးလျှင် ၂၅၀ကျပ်၊ ဘဲဥ(ကြီး)တစ်လုံးလျှင် ၃၈၀ကျပ်၊ ဘဲဥ(သေး)တစ်လုံးလျှင် ၃၀၀ကျပ်၊  ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ဂေါ်ဖီထုပ် ၁ထုပ်လျှင် ၁၅၀၀ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၁၈၀၀ကျပ်၊ ပဲတောင့်ရှည်သီးတစ်စည်းလျှင် ၇၀၀ကျပ်၊ ကန်စွန်းရွက်တစ်စည်းလျှင် ၂၅၀ကျပ်၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ၂၅၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ကရင်)

           

 

ဘားအံမြို့၏ ရုံးပတီသီးဈေးကွက်

   ဘားအံမြို့ရှိ ကျေးရွာများမှ ဒေသခံတောင်သူများအနေဖြင့် မိသားစုအပိုဝင်‌ငွေရရှိစေရေး ရုံးပတီသီးများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။ ဒေသခံတောင်သူများသည် မိမိတို့စိုက်ခင်းမှထွက်ရှိလာသော ရုံးပတီသီးများအား ဘားအံမြို့ပေါ်ရှိဈေးများတွင် လာရောက်ရောင်းချလျက်ရှိကြောင်းသိရသည်။ ဒေသခံများလာရောက်ရောင်းချသော ရုံးပတီသီးများ၏ဈေးနှုန်းများမှာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ သုံးဆယ်ကျပ်သားလျှင် ၁၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ ငါးတောင့်ပါ (၁)စည်းလျှင် ၃၀၀ကျပ်၊ (၂)စည်းလျှင် ၅၀၀ကျပ်နှုန်းဖြင့်လည်းကောင်း  ဈေးကောင်းရရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

  ရုံးပတီသီးကိုပုံမှန်စားသုံးခြင်းဖြင့် ခန္ဓာကိုယ်တွင်း၌ ပြောင်းလဲမှုများစွာဖြစ်ပေါ်စေနိုင်သည်။ ရုံးပတီသီးသည် အမျှင်ဓာတ်အလွန်ကြွယ်ဝစွာပါဝင်သည့်အတွက် အစာခြေစနစ်ကောင်းမွန်စေခြင်း၊ ဆီးချိုသမားများအတွက်လည်း Glucose level ကိုထိန်းချုပ်ပေးခြင်း၊ သွေးတွင်းသကြားဓာတ်ကို လိုအပ်သည်ထက် ပိုမများအောင်ထိန်ချုပ်ပေးခြင်း၊ ဖောလစ်အက်ဆစ်ကြွယ်ဝစွာပါဝင်သည့်အတွက် ကိုယ်ဝန်ဆောင်များစားသုံးပေးပါက သားအိမ်တွင်းရှိ သန္ဓေသားကို ကိုယ်လက်အင်္ဂါချို့ယွင်းမှုများမဖြစ်အောင်စွမ်းဆောင်နိုင်ခြင်း၊ ဗီတာမင် K နှင့် ဖောလစ်အက်ဆစ်တို့က အရိုးပွခြင်းမဖြစ်အောင်ကာကွယ်ပေးနိုင်ခြင်း၊ ဗီတာမင် C ပါဝင်သည့်အတွက် ကင်ဆာဖြစ်စေနိုင်သောဓာတ်များမှကာကွယ်ပေးပြီး ပန်နာရင်ကြပ်သမားများကို အထူးသက်သာစေနိုင်သည့်အတွက် ကျန်းမာရေးနှင့်ညီညွတ်ပြီး စားသုံးပေးသင့်သော သီးနှံတစ်မျိုးကြောင်းသိရှိရပါသည်။

     ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသည့်ရုံးပတီသီးကို စျေးများတွင် အလွယ်တကူဝယ်ယူ၍ ကြော်စားခြင်း၊ ချဉ်ဟင်းချက်စားခြင်း၊ ပြုတ်ပြီး အတို့အမြုပ်အဖြစ်စားသုံးခြင်း၊ ကင်၍သော်လည်းကောင်း၊ ဆီပူထိုး၍သော်လည်းကောင်း၊ အချဉ်ရည်တို့နှင့်တို့စား၍သော်လည်းကောင်း စသည်ဖြင့် အမျိုးမျိုးပြုလုပ်၍  စားသုံးသင့်ကြောင်းရေးသားဖော်ပြလိုက်ရပါသည်။

DOCA(ကရင်)

         

ပခုက္ကူမြို့တွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ 

         မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန် ပေးလျက်ရှိပါသည်။

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် စက်သုံးဆီအရောင်းဆိုင်(၁၅)ဆိုင်ရှိရာ နေ့စဉ်ဖွင့်လှစ် ရောင်းချ လျက်ရှိပြီး နိုဝင်ဘာလ(ဒုတိယပတ်)တွင် စက်သုံးဆီဈေးနှုန်းများမှာ 92 တစ်လီတာလျှင် ကျပ်(၂၁၈၀) ၊ 95 တစ်လီတာလျှင် ကျပ်(၂၃၀၀)၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် ကျပ် (၂၁၉၀) ၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် ကျပ်(၂၂၉၅) ဈေးနှုန်းများဖြင့်ရောင်းချခဲ့ပြီး နိုဝင်ဘာလ(တတိယပတ်)တွင် 92 တစ်လီတာလျှင် ကျပ် (၂၂၆၀)၊ 95 တစ်လီတာလျှင် ကျပ်(၂၄၀၀)၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် ကျပ်(၂၁၇၀)၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် ကျပ်(၂၂၆၀)ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပါသည်။

       နိုဝင်ဘာ(ဒုတိယပတ်)နှင့် (တတိယပတ်) နှိုင်းယှဉ်လျှင် 92 တစ်လီတာလျှင် ကျပ် (၈၀)၊ 95 တစ်လီ တာလျှင် ကျပ်(၁၀၀)ဖြင့် ဈေးနှုန်းအနည်းကယ်မြင့်တက်၍ ဒီဇယ်ရိုးရိုးတစ်လီတာလျှင်  ကျပ်(၂၀)၊ ပရီ မီယမ်ဒီဇယ်ဈေးမှာ တစ်လီတာလျှင် ကျပ်(၃၅)ဖြင့် ဈေးအနည်းငယ်ကျဆင်းပြီး အရောင်းအဝယ်ဖြစ် ကြောင်းနှင့် စက်သုံးဆီအနေဖြင့် ပြတ်လပ်မှုမရှိကြောင်း  စက်သုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့တွင် ဆန်ဈေးနှုန်းများတည်ငြိမ်လျက်ရှိ

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် စပါးစိုက်ဧကနည်းပြီး ဆန်လိုဒေသဖြစ် သောကြောင့် အခြားတိုင်းဒေသကြီးများနှင့် မြို့နယ်များမှဆန်တင်သွင်းရသောမြို့ဖြစ်ပါသည်။ ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်၊ မြောင်းမြမြို့များမှ ရေလမ်းကြောင်းဖြင့်လည်းကောင်း၊ ရွှေဘိုခရိုင်၊ ဆင်ဖြူ ကျွန်း၊ စလင်းဒေသများမှ ကုန်းလမ်းကြောင်းဖြင့်လည်းကောင်း နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။

         ပခုက္ကူဒေသ၌ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလဆန်းပိုင်းတွင် အရောင်းအဝယ်ဖြစ်ခဲ့သော ဆန် ဈေးနှုန်းများသည် ယခုနိုဝင်ဘာလ(တတိယပတ်)အထိအတက်အကျမရှိဘဲ တည်ငြိမ်နေသည်ကို တွေ့ရှိ ရပါသည်။ အများသုံးဆန်ဖြစ်သော မြောင်းမြဧရာပဒေသာဆန်ဈေးနှုန်းမှာ တစ်အိတ်လျှင် ကျပ် (၁၂၅၀၀၀ မှ ၁၃၀၀၀၀)၊ စလင်းမြို့နယ်၊ ရှောက်တောမှလာသော ဧရာပဒေသာတစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ ဧည့်မထဆန်မျိုးဖြစ်သော ချန်ဧရာတစ်အိတ်လျှင် ကျပ်(၈၃၀၀၀၀)၊ အောင်သုခဆန် တစ်အိတ်လျှင် ကျပ် (၈၄၀၀၀၀)၊ လိပ်မလေးဆန် တစ်အိတ်လျှင် ကျပ်(၉၀၀၀၀)၊ ဝန်ကြီးပဒေသာဆန်တစ်အိတ်လျှင် ကျပ် (၁၃၀၀၀၀)၊ ဧရာမင်းဆန်တစ်အိတ်လျှင် ကျပ်(၈၇၀၀၀)၊ မနောသုခတစ်အိတ်လျှင် ကျပ်(၈၃၀၀၀)၊ ရက်(၉၀)ဆန်တစ်အိတ်လျှင် ကျပ်(၇၁၀၀၀)ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိ ရပါသည်။

          ပေါ်ဆန်းမွှေးမှာ ဒုတိယအများဆုံး စားသုံးသော ဆန်ဖြစ်ပြီး မြောင်းမြဒေသမှ ဝင်ရောက်သလို ရွှေဘိုဒေသမှလည်း အများဆုံးဝင်ရောက်ပါသည်။ ရွှေဘိုပေါ်ဆန်းမွှေးမှာ ပိုမိုအရည်အသွေးကောင်း မွန်ပြီး နိုဝင်ဘာလ(တတိယပတ်)တွင် တစ်အိတ်လျှင် ကျပ်(၁၃၅၀၀၀)၊ မြောင်းမြပေါ်ဆန်းမှာ တစ်အိတ် လျှင် ကျပ်(၁၂၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရှိ ရပါသည်။

DOCA(မကွေး)

သိမ်ဖြူဈေးတွင်ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ၊ ကြက်သွန်နီ လက်ကားဈေးနှုန်းများ

   ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာ‌တောင်ညွန့်မြို့နယ်၊ သိမ်ဖြူဈေးကြီးသို့ ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ ကြက်သွန်ဖြူ၊ ကြက်သွန်နီများမှာ ကား/ရထားတို့ဖြင့် နေ့စဉ်ဝင်ရောက်လျက်ရှိပြီး လက်လီ/လက်ကားပြန်လည်ရောင်းချလျက်ရှိရာ (၂၃-၁၁-၂၀၂၃) ရက်နေ့မှ (၂၉-၁၁-၂၀၂၃) ရက်နေ့အတွင်း ကြက်သွန်နီ(ဆိပ်ဖြူ) အဝင် ၂၈၁၀၀ပိဿာနှင့် ကြက်သွန်ဖြူ (ကြူကုတ်) ၇၂၀၀ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ) လက်ကားဈေးမှာ တစ်ပိဿာလျှင်  ၂၃၀၀/-ကျပ်မှ ၄၀၀၀/-ကျပ်ထိဖြစ်ပြီး  ကြက်သွန်ဖြူ (ကြူကုတ်) လက်ကားဈေးမှာ တစ်ပိဿာလျှင်  ၁၁၀၀၀/-ကျပ်မှ ၁၇၀၀၀/-ကျပ်ထိဖြစ်ပေါ်ခဲ့ကြောင်းသိရှိရပါသည်။    

DOCA(ရန်ကုန်)                 

အောင်လံကုန်စည်ဒိုင်၏သီးနှံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

         အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းဖြူ(၄၅)ပိဿာ(၁)အိတ်လျှင် ယခင် အပတ် (၂၂-၁၁-၂၀၂၃)ရက်နေ့တွင် ကျပ်(၃၁၀၀၀၀)ဖြစ်ပြီး ယခုအပတ်(၂၈-၁၁-၂၀၂၃)ရက်နေ့တွင် ကျပ် (၂၉၀၀၀၀-၃၀၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀-၂၀၀၀၀)ဈေးလျော့ခဲ့ပါသည်။ နှမ်းနက်(စမုံ)မှာ ယခင်အပတ်တွင် ကျပ်(၂၈၀၀၀၀-၃၂၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၈၀၀၀၀-၃၂၀၀၀၀)၊ နှမ်းပြာ ယခင်အပတ် တွင်  ကျပ်(၂၈၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၈၀၀၀၀)၊ နှမ်းနီ ယခင်အပတ်တွင် ကျပ်(၂၈၀၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၈၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၄၅)ပိဿာ ဝင်အိတ်များဖြင့် နှမ်းနက်(စမုံ)(၃၅၀၀)အိတ်၊ နှမ်းနီ(၁၁၅)အိတ်၊ နှမ်းဖြူ(၁၈၀)အိတ်၊ နှမ်းပြာ(၉၀၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

           ပဲမျိုးစုံဈေးကွက်အနေဖြင့် မတ်ပဲ(၂၀)ပိဿာ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၉၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၈၆၀၀၀)ဖြစ်၍ ကျပ်(၄၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ ပဲတီစိမ်း ယခင်အပတ်တွင် ကျပ်(၅၃၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၂၅၀၀)ဖြစ်၍ ကျပ်(၁၀၀၀) ဈေးလျော့ခဲ့ကြောင်း၊ ဘိုကိတ်ပြာ ယခင်အပတ်တွင် ကျပ်(၆၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၄၀၀၀)ဖြစ်၍ ကျပ်(၆၀၀၀) စသည့်ဖြင့် အသီးသီးဈေးလျော့ခဲ့ပါသည်။ ကုလားပဲ(H-L) ယခင်အပတ်တွင် ကျပ်(၈၈၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၀၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ကုလားပဲ(မြကြေး) ယခင်အပတ်တွင် ကျပ်(၈၇၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၈၉၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀)ဈေးမြင့်ခဲ့ပါသည်။ ပဲကြီးမှာ ယခင်အပတ်တွင် ကျပ်(၁၂၈၀၀၀-၁၃၂၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၁၂၈၀၀၀-၁၃၂၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်း လဲမှုမရှိဘဲ  အရောင်းအဝယ်ပမာဏအနေဖြင့်  (၃၀)ပိဿာဝင်အိတ်များဖြင့် မတ်ပဲ(၁၂၀)အိတ်၊ ဘိုကိတ်ပြာ (၁၉၀)အိတ်၊ ကုလားပဲ(H-L) (၁၁၀၀)အိတ်၊ ကုလားပဲ(မြကြေး)(၄၅၀)အိတ်၊ ပဲကြီး(၃၂၀)အိတ်၊ ပဲတီစိမ်း (၈၀၀)အိတ်တို့ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

       မြေပဲလုံးဆံဖြူ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၅၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၅၆၀၀)ဖြစ်၍ ကျပ်(၁၀၀)ဈေးမြင့်ခဲ့ပါသည်။ မြေပဲတောင့်အစို(၁)တင်းလျှင် ယခင်အပတ်တွင်  ကျပ် (၁၈၀၀၀-၂၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၁၈၀၀၀-၂၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်များဖြင့် မြေပဲလုံးဆံဖြူ(၁၀၀၀)အိတ်၊ မြေပဲတောင့် အစို တင်း(၄၈၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ပါကြောင်း၊ အပတ်စဉ်ပုံမှန်ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ဝါသီးနှံမှာ ယခင်အပတ်တွင် ကျပ်(၃၀၀၀-၃၀၅၀)ဖြစ်ပြီး ယခုအပတ် တွင်လည်း ကျပ်(၃၀၀၀-၃၀၅၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ဝါပိဿာချိန် (၂၇၀၀၀)ပိဿာ အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

ပြည်ပဆန်သတင်း ( ၂၁-၁၁-၂၀၂၃) ရက်နေ့မှ (၂၇-၁၁-၂၀၂၃) ရက်နေ့အထိ

  ထိုင်းဆန်စျေးနှုန်းများမှာ ၁၀၀မှတ်ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၆၁၇ဖြင့်လည်းကောင်း၊  ၂၅မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၇၇ဖြင့်လည်းကောင်း စျေးနှုန်းအနည်းငယ်မြင့်တက်သွားခဲ့ပြီး ပေါင်းဆန်စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ၆၀၂ဖြင့် စျေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်းသိရှိရသည်။

    ဗီယက်နမ်ဆန်ဈေးနှုန်းများမှာ ၅မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၆၇ဖြင့်လည်းကောင်း၊ ၂၅မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၆၅၂ဖြင့်လည်းကောင်း စျေးနှုန်းမြင့်တက်လျက်ရှိပြီး ဆန်ကွဲစျေးနှုန်းတို့ကိုဖော်ပြထားခြင်းမရှိပါ။

    အိန္ဒိယဆန်စျေးနှုန်းများမှာ ၅မှတ်ဆန်နှင့် ၂၅မှတ်ဆန်ဈေးနှုန်းတို့ကိုဖော်ပြထားခြင်းမရှိပါ။ ပေါင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၀၂ဖြင့် ကျဆင်းနေကြောင်းသိရှိရပါသည်။

   ပါကစ္စတန်ဆန်စျေးနှုန်းများမှာ ၅မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၈၂ဖြင့်လည်းကောင်း၊ ၂၅မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၆၅၂ဖြင့်လည်းကောင်း၊ ပေါင်းဆန်စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ၅၅၀ဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး ဆန်ကွဲစျေးနှုန်းတို့ကိုဖော်ပြထားခြင်းမရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း