ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တစ်ပတ်အတွင်း ကျဆင်းလျက်ရှိသော မျှစ်ဈေးနှုန်း

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား မျှစ်စိမ်းများကို  ရှာဖွေ၍ ဈေးကွက် အတွင်းသို့ ရောင်းချကာ ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ ယခင် ဇူလိုင်လ ပထမပတ်အတွင်း သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ် နေသော မျှစ်စိမ်း ဈေးနှုန်းမှာ လက္ကား တစ်ပိဿာလျှင်(၆၅၀၀)ကျပ်၊ လက်လီ တစ် ပိဿာလျှင်(၇၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၅၀၀)ကျပ်၊ မျှစ်စိမ်း(၂၅)ကျပ်သားလျှင်(၂၀၀၀) ကျပ် နှင့် မျှစ်ပြုတ် လက္ကား တစ်ပိဿာလျှင်(၈၀၀၀ )ကျပ်နှင့် မျှစ်ပြုတ် လက်လီ တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ မျှစ်ပြုတ်(၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့် မျှစ်ပြုတ်(၂၅)ကျပ်သားလျှင် (၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး  ယခု ဇူလိုင်လ တတိယပတ်တွင် မျှစ်စိမ်း ဈေးနှုန်းမှာ လက္ကား တစ်ပိဿာလျှင်(၄၅၀၀) ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် မျှစ်ပြုတ် လက္ကား တစ်ပိဿာလျှင်(၆၀၀၀)ကျပ်နှင့် လက်လီ တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင် အပတ်ထက် မျှစ်ဈေးနှုန်း ဆက်လက်ကျဆင်း လာပြီး အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၏ ရာသီစာ မန်ကျည်းသီးစိမ်း ဈေးနှုန်း

      ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြရာတွင် စားဖိုဆောင်သီးနှံပင်များ နှစ်ရှည်သီးနှံပင်များကို မိမိတို့ နေအိမ် ခြံစည်းရိုးများတွင်လည်းကောင်း တောင်ယာများတွင်လည်းကောင်းစိုက်ပျိုးကြပြီး  မန်ကျည်းပင်ကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်နေသော မန်ကျည်းသီးစိမ်း ဈေးနှုန်းအနေဖြင့် မန်ကျည်သီးစိမ်း လက္ကားတစ်ပြည်လျှင်(၅၀၀၀)ကျပ်၊ လက်လီ တစ်ပြည်လျှင် (၅၆၀၀)ကျပ်၊ နို့ဆီ()ဘူးလျှင်(၇၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ပန်းဈေးနှုန်းများ

     ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော  ဂန္ဓာမာပန်း၊ သစ္စာပန်း၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း(ကြက်လည်ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များ၊ ရှင်မွေးလွန်းပန်း၊ ခရေပန်း၊ စံပါယ်ပန်း၊ စကားဖြူပန်း၊ စကားဝါပန်းနှင့် အာစီယံသပြေ တို့ကို ရောင်းချနေကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင်  ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော ဘုရားပန်းအမျိုးမျိုး၏ ဈေးနှုန်းဖြင့် ခရေပန်း တစ်ကုံးလျှင်(၂၅၀)ကျပ်၊ ခရေပန်း(၂)ကုံးလျှင်(၅၀၀)ကျပ်  ဇွန်ပန်း တစ်ကုံးလျှင်(၃၀၀)ကျပ် (၂)ကုံးလျှင်(၅၀၀)ကျပ်၊ စကားဖြူပန်း ဈေးနှုန်းအနေဖြင့် စကားဖြူပန်း (၃)ပွင့်ပါ တစ်ကုံးလျှင်(၃၅၀)ကျပ်၊ စကားဖြူပန်း(၃)ကုံးလျှင်(၁၀၀၀)ကျပ် ၊ ရှင်မွေးလွန်းပန်း တစ်ကုံး လျှင်(၃၀၀)ကျပ်၊ (၂)ကုံးလျှင်(၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် လည်းကောင်း စကားဝါပန်း ဈေးနှုန်းအနေဖြင့် စကားဝါပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၂၀၀)ကျပ်၊ (၃)ကုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် လည်းကောင်း၊ ဇီဇဝါပန်း (၁၀)ပွင့်ပါ တစ်စီးလျှင်(၁၀၀၀)ကျပ်၊ဂန္ဓမာပန်းဈေးနှုန်းအနေဖြင့် ဂန္ဓမာ(အပွင့်ကြီး) တစ်စီး လျှင်(၃၅၀၀)ကျပ်၊ ဂန္ဓာမာပန်း(အပွင့်သေး) တစ်စီး လျှင်(၁၀၀၀)ကျပ်ဈေးနှုန်းဖြင့်လည်းကောင်း၊ သပြေ ပန်းဈေးနှုန်း အနေဖြင့် သပြေပန်းအငုတ်(အသေး၊ အကြီး) အရွယ်အစားအလိုက် (၂၅၀၀/၃၀၀၀/ ၄၀၀၀ /၅၀၀၀)ကျပ်၊  နှင်းဆီပန်း ဈေးနှုန်းအနေဖြင့် နှင်းဆီပန်း အပွင့်ကြီး တစ်ပွင့်လျှင်(၇၀၀)ကျပ်၊ နှင်းဆီပန်း အပွင့်(အလတ်) တစ်ပွင့်လျှင်(၅၀၀)ကျပ် နှင်းဆီပန်း အပွင့် (အသေး)တစ်ပွင့်လျှင်(၄၀၀)ကျပ်၊ အောင် သပြေ အခက် တစ်စီးလျှင်(၁၅၀၀)ကျပ် နှင့် အာစီယံသပြေ အခက်တစ်စီးလျှင်(၅၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့၏ သရေစာ နှမ်းပျစ်ယိုနှင့် ဇီးပြား ဈေးနှုန်း

    ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များနှင့် မြို့တွင်းရပ်ကွက်ဈေးများတွင်နှမ်းပျစ်ယိုများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဇီးပြားသည် ချဉ်ပြုံးပြုံး အရာသာရှိပြီး အလွန်ကောင်းမွန်ကာ ခံတွင်းရှင်းစေသော သရေစာ တစ်မျိုးဖြစ်ပြီး ပူပြင်လှသည့် နွေရာသီမှာ စိတ်ကိုကြည်လင်လန်းဆန်းစေပြီး ခန္ဓာကိုယ်အတွက် ခွန်အားကိုလည်း ဖြစ်စေသလို ဗီတာမင် ဓါတ်ကြွယ်ဝစွာပါဝင်ပြီး ရင်ထဲကိုအေးမြလန်းဆန်းစေသည့်အတွက် နွေရာသီတွင် ဇီးပြားကိုပိုပြီး စားသုံး ကြသည်ကိုတွေ့ရှိရပါသည်။ နှမ်းယိုကို စားလိုက်လျှင်ကြွတ်ရွပြီး မွေးကြိုင်နေသည့်အတွက် လူကြီး လူငယ် မရွေးကြိုက်နှစ်သက်ပါကြောင်း၊ စားပီးလျှင် အမှင်မဖြတ်နိုင်အောင် စားပီးရင်း စားချင်ရင်းဖြစ် စေပါသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံ ရောင်းချသည့်ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော နှမ်းပျစ်ယိုဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၁၂၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၆၅၀၀)ကျပ်နှင့်(၂၅)ကျပ်သားလျှင်(၃၅၀၀)ကျပ် (၂၀)ကျပ်သား လျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ဇီးပြားဈေးနှုန်းအနေဖြင့် ဇီးပြား လက်က္ကားဈေးနှုန်း တစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ဇီးပြား လက်လီဈေး တစ်ပိဿာလျှင်(၇၅၀၀)ကျပ်၊ ဇ(၅၀)ကျပ် သားလျှင်(၄၀၀၀)ကျပ်နှင့် ဇီးပြား(၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံ ရောင်းချ နေသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျန်းမာရေးအတွက် အရေးပါသော နနွင်းတက်နှင့် နနွင်းမှုန့်အစစ် ဈေးနှုန်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာ ဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများကိုပါဆောင်ရွက်လျက်ရှိရာ ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင်တစ်နိုင်အနေဖြင့် မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံများဖြစ်သော ကြက်သွန်၊ ငရုတ်အပြင် နနွင်းပင်များကိုလည်း စိုက်ပျိုးကြပါသည်။

    နနွင်းပင်များကို  တောင်ယာမြေများတွင် သီးသန့်စိုက်ပျိုးကြ၍ နှစ်ရှည်ပင်များဖြစ်သည့် သရက်ပင်၊ ဇီးချိုပင်နှင့် လျှော်ဖြူပင်များအကြားတွင်လည် သီးညှပ်စိုက်ပျိုးပါကြောင်း နနွင်းသည် ဈေးကွက်ဝင် အပင် တစ်မျိုးဖြစ်သည့်အပြင် နနွင်းတက်အပေါ်မီ နနွင်းဖူးများကိုလည်း ခူးဆွတ်ရောင်းချလျက်ရှိပါကြောင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော နနွင်းတက်ဈေးနှုန်း တစ်ပိဿာလျှင်(၁၇၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၅၀၀)ကျပ်နှင့် နနွင်းတက် (၂၅)ကျပ်သားလျှင် (၄၅၀၀)ကျပ်၊ နနွင်းမှုန့်အစစ်ဈေးနှုန်း တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၁၀၀၀၀) ကျပ်နှင့် နနွင်းမှုန့်အစစ် (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အ‌‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဇူလိုင်လ တတိယပတ်တွင် မြင့်တက်လျက်ရှိသော စက်သုံးဆီဈေးနှုန်း

        မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေ ဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်သတ်မှတ် ထုတ်ပြန် ပေးလျက်ရှိပါသည်။

          စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်()ဆိုင် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိကာ စက်သုံးဆီ ပြတ်လတ်မှုမရှိစေရေ (PPRD) စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  နေ့စဉ်သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချရန် အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်စွာရောင်းချလျက်ရှိကြောင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင် (၃၁၄၀)ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၃၁၉၄)ကျပ် ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင် (၂၈၁၃)ကျပ်နှင့် ဒီဇယ်(ပရီမီယမ်)PHSD တစ်လီတာလျှင်(၃၄၄၆)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး  ဇူလိုင်လ တတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင် (၃၁၅၄)ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၃၂၀၁)ကျပ် ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင် (၂၈၆၄)ကျပ်နှင့် ဒီဇယ်(ပရီမီယမ်)PHSD တစ်လီတာလျှင်(၃၅၀၈)ကျပ်တို့ဖြင့် ရောင်းချ လျက်ရှိသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ကြည့်ပါက စက်သုံးဆီဈေးနှုန်း အနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင်ရောင်းချလျက်ရှိသော ခရမ်းသီးခြောက် ဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြရာတွင် နှစ်ရှည်သီးနှံပင်များ၊ ဆီထွက်သီးနှံများနှင့် စားဖိုဆောင်သီးနှံပင် များကို မိမိတို့ နေအိမ်ခြံဝင်များတွင်လည်းကောင်း တောင်ယာများတွင်လည်းကောင်း စိုက်ပျိုးကြသည့်အပြင် ခရမ်းသီးပင်ကိုလည်း စိုက်ပျိုးပါကြောင်း စိုက်ပျိုးပြီး ရရှိလားအသီးများကို ရှားပါးသော ရာသီတွင် ရောင်းချရန်အတွက်အသီးမျိုးစုံကို  အခြောက်လှမ်းထားပြီး  ဈေးများရှိရာသို့ လာရောက် ရောင်းချကြောင်း သိရသည်။

     ခရမ်းသီးခြောက်ကို မြို့ပေါ်ရပ်ကွက်များနှင့် အနီးနားရှိကျေးရွာများဖြစ်သည့် ရှမ်းစုကျေးရွာ ပေးကုန်ကျေးရွာတို့မှ လာရောက်ရောင်းချပါကြောင်း၊ ခရမ်းသီးခြောက်အပြင် ရာသီအလိုက် သီးနှံများဖြစ်သည့် ဇီးဖြူသီးခြောက်၊ ဘူးသီးခြောက်၊ ကြောင်လျှာသီးခြောက်တို့ကိုပါ အခြောက် လှမ်းထားပြီး ရောင်းချလျက်ရှိပါကြောင်း၊  ခရမ်းသီးခြောက်ကို ပိန္နဲသီးပြုတ်၊ ဆူပုတ်ရွက် တို့ဖြင့် ရောနှောချက်စားခြင်း၊ မျှစ်သို့၊ မျှစ်ခြောက်တို့ဖြင့် ရောနှောချက်စားခြင်း၊ အသီးခြောက် အမျိုးမျိုးတို့ဖြင့်   ချက်ပြုတ်စားသောက်ကြပါသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ခရမ်းသီးခြောက် လက္ကား()ပိဿာလျှင်(၃၅၀၀)ကျပ်၊ ခရမ်းသီးခြောက် လက်လီ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ခရမ်း သီးခြောက်(၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်၊ ခရမ်းသီးခြောက် (၂၅)ကျပ်သား လျှင် (၁၀၀၀)ကျပ်နှင့် ခရမ်းသီးခြောက် (၁၀)ကျပ်သားခန့် တစ်ပုံလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးနှုန်းကျဆင်းလျက်ရှိသော ခရမ်းချဉ်သီး

    ကျွန်းလှမြို့နယ်ရှိ သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာ တို့မှထွက်ရှိသည့် ဒေသထွက် ခရမ်းချဉ်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု နည်းပါးလာသည့်အတွက် မန္တလေးမြို့နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရပါသည်။

      ဇူလိုင်လ ဒုတိယပတ်တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၊ သစ်ရာမြိုင်ဈေးတို့တွင် ‌ရောင်းချလျက် ရှိသည့် ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ခရမ်းချဉ်သီး(အင်းသီး) အလုံး အကြီး/ အသေးပေါ် မူတည်၍ လက္ကားဈေး တစ်ပိဿာလျှင်(၅၈၀၀)ကျပ်၊ လက်လီဈေးတစ်ပိဿာလျှင်(၆၀၀၀)ကျပ် (၅၀)ကျပ်သားလျှင် (၃၀၀၀)ကျပ်နှင့်(၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု ဇူလိုင်လ တတိယပတ်တွင် ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ခရမ်းချဉ်သီး(အင်းသီး) အလုံး အကြီး/ အသေးပေါ် မူတည်၍ လက္ကားဈေး တစ်ပိဿာလျှင်(၄၈၀၀)ကျပ်၊ လက်လီဈေးတစ်ပိဿာလျှင်(၅၀၀၀)ကျပ် (၅၀)ကျပ်သားလျှင် (၂၅၀၀)ကျပ် နှင့်(၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်ထက်  ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၁၀၀၀)ကျပ် ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင်ရောင်းချလျက်ရှိ ခရမ်းကြွပ်သီး ဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြရာတွင် နှစ်ရှည်သီးနှံများ၊ ဆီထွက်သီးနှံနှင့် စားဖိုဆောင် သီးနှံပင်များကို မိမိတို့နေအိမ်ခြံဝင်များတွင်လည်းကောင်း တောင်ယာများတွင် လည်းကောင်း စိုက်ပျိုးကြသည့်အပြင် ခရမ်းကြွပ်သီးပင်ကိုလည်း စိုက်ပျိုးကြပြီး ကျွန်းလှမြို့နယ်ဈေးများတွင် ရောင်းချလျက်ရှိပါကြောင်း သိရသည်။

    ခရမ်းကြွပ်သီးများကို မြို့ပေါ်ရပ်ကွက်များနှင့် အနီးနားရှိကျေးရွာများဖြစ်သည့် ရှမ်းစုကျေးရွာ ပေးကုန်ကျေးရွာတို့မှ လာရောက်ရောင်းချလျက်ရှိပါကြောင်း ခရမ်းကြွပ်သီးကို ချက်ပီးလည်း စားကြသလို ငပိရည်နှင့် တို့စရာအဖြစ်စားသောက်ပါကြောင်း၊ ထမင်းဆိုင်များတွင် အသုံးများသည့် အတွက် ရောင်းအားကောင်းလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ခရမ်း ကြွပ်သီး လက္ကား()ပိဿာလျှင်(၃၅၀၀)ကျပ်၊ ခရမ်းကြွပ်သီး လက်လီ တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ခရမ်းကြွပ်သီး(၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်နှင့် ခရမ်းကြွပ်သီး(၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ထမင်းမြိန်စေသော ချဉ်ပေါင်ရွက် နှင့် ကင်ပလင်းရွက် ဈေးနှုန်း

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖို ဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့်ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ချဥ်ပေါင်ရွက်နှင့် ကင်ပလင်းရွက်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရရှိသည်။

     ချဉ်ပေါင်ရွက်သည် ရာသီမရွေး ပေါများသော အရွက်တစ်မျိုးဖြစ်သော်လည်း ကင်ပလင်းရွက်သည် မိုးရာသီတွင်သာ ပေါများလှပါကြောင်း ချဉ်ပေါင်ရွက်နှင့် ကင်ပလင်းရွက်တို့ကို အိမ်ရှင်မများအနေဖြင့် နေ့စဉ် အရန်ဟင်းအရည်သောက်အဖြစ်  ချက်ပြုတ်စားသောက်ပါကြောင်း၊ ချဥ်ပေါင်ရွက်ကဲ့သို့ ကြော်စားရလိုရပါကြောင်းနှင့် အချဉ်ကြော်တာအပြင် ပြုတ်၍လည်းသုပ်စားနိုင်ပါကြောင်း သိရပါသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးနှင့်ပိတောက်မြိုင်ဈေးများတွင် ဖြစ်ပေါ်နေသော ချဉ်ပေါင်ရွက် ဈေးနှုန်းများမှာ ချဉ်ပေါင်ရွက် လက္ကားဈေး တစ်ပိဿာလျှင်(၁၅၀၀)ကျပ်၊ ချဉ်ပေါင်ရွက် လက်လီဈေး တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ ချဉ်ပေါင်ရွက်(၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်နှင့် ချဉ်ပေါင်ရွက်(၂၅)ကျပ်သားလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း  ကင်ပလင်းရွက် တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ကင်ပလင်းရွက်()ပုံလျှင်(၃၀၀)ကျပ်၊ ကင်ပလင်းရွက် ()ပုံလျှင်(၅၀၀)ကျပ်၊ ကင်ပလင်းရွက်()ပုံလျှင်(၁၀၀၀)ကျပ် ‌အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရ သည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း