ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သိမ်ဖြူဈေးတွင် ဒီဇင်ဘာလတွင်ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ/ကြက်သွန်နီလက်ကားဈေးနှုန်းများ

          ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူဈေးကြီးသို့ ဘုရင့်နောင် ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ ကြက်သွန်ဖြူ၊ ကြက်သွန်နီများသည် ကား/ရထားတို့ဖြင့် နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီ/လက်ကားပြန်လည်ရောင်းချလျက်ရှိရာ ဒီဇင်ဘာလ ပထမပတ်တွင် ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် ၃၃၄၀၀ ပိဿာနှင့် ကြက်သွန်ဖြူ (ကြူကုတ်) ၈၇၀၀ ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ) လက်ကားဈေးမှာ ၁ ပိဿာလျှင် ၂၀၀၀/- ကျပ်မှ ၄၀၀၀/- ကျပ်ထိ ဖြစ်ပြီး ကြက်သွန်ဖြူ (ကြူကုတ်) လက်ကားဈေးမှာ ၁ ပိဿာလျှင် ၁၂၀၀၀/- ကျပ်မှ ၁၇၀၀၀/- ကျပ်ထိ ဖြစ်ပေါ်ခဲ့ပါသည်။ ဒီဇင်ဘာလ ဒုတိယပတ်တွင် ကြက်သွန်နီ(ဆိပ်ဖြူ) အဝင် ၃၂၂၀၀ ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) ၈၁၀၀ ပိဿာဝင်ရေက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ) လက်ကားဈေးမှာ ၁ ပိဿာလျှင် ၂၇၀၀/- ကျပ်မှ ၅၂၀၀/- ကျပ်ထိဖြစ်ပြီး ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ ပိဿာလျှင် ၁၂၀၀၀/- ကျပ်မှ ၁၇၀၀၀/- ကျပ်ထိဖြစ်ပေါ်ခဲ့ပါသည်။ ဒီဇင်ဘာလ တတိယပတ်တွင် ကြက်သွန်နီ(ဆိပ်ဖြူ) အဝင် ၃၂၀၀၀ ပိဿာနှင့် ကြက်သွန်ဖြူ (ကြူကုတ်) ၈၇၀၀ ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကား ဈေးမှာ ၁ ပိဿာလျှင် ၃၀၀၀/- ကျပ်မှ ၄၆၀၀/- ကျပ်ထိဖြစ်ပြီး ကြက်သွန်ဖြူ (ကြူကုတ်)လက်ကားဈေးမှ ၁ ပိဿာလျှင် ၁၄၀၀၀/- ကျပ်မှ ၂၀၀၀၀/- ကျပ်ထိဖြစ်ပေါ်ခဲ့ပါသည်။ ဒီဇင်ဘာလစတုတ္ထပတ်အနေဖြင့် ကြက်သွန်နီ (ဆိပ်ဖြူ)အဝင် ၃၂၀၀၀ ပိဿာနှင့် ကြက်သွန်ဖြူ (ကြူကုတ်) ၈၇၀၀ ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကား ဈေးမှာ ၁ ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၄၆၀၀ ကျပ်ထိဖြစ်ပြီး ကြက်သွန်ဖြူ (ကြူကုတ်)လက်ကားဈေးမှ ၁ ပိဿာလျှင် ၁၄၀၀၀/- ကျပ်မှ ၂၀၀၀၀/- ကျပ်ထိ ဖြစ်ပေါ်ခဲ့ပါသည်။

DOCA (YGN)

ကမ္ဘာ့အကြီးမားဆုံးပြောင်းတင်ပို့သည့်နိုင်ငံဖြစ်လာသည့် ဘရာဇီး

          အမေရိကန်နိုင်ငံ စိုက်ပျိုးမွေးမြူရေးဌာန၏ အချက်အလက်များအရ ဘရာဇီးနိုင်ငံသည် ဩဂုတ်လ ၂၀၂၃ ခုနှစ်တွင် ပြီးဆုံးခဲ့သည့် ကောက်ရိတ်သိမ်းရာသီအပြီးတွင် အမေရိကန်နိုင်ငံကို ကျော်လွန်ပြီး ကမ္ဘာ့ပြောင်းတင်ပို့မှုအများဆုံးနိုင်ငံဖြစ်လာခဲ့ကြောင်း သိရပါသည်။

          ဘရာဇီးနိုင်ငံသည် ကမ္ဘာ့ဈေးကွက်၏ ၃၂% ပမာဏရှိသည့် ပြောင်းတန်ချိန် ၅၆ သန်းကို တင်ပို့နိုင်ခဲ့ပြီး ယခင်တင်ပို့မှုအများဆုံး အမေရိကန်နိုင်ငံမှာ ကမ္ဘာ့ဈေးကွက်၏ ၃၂% ပမာဏရှိသည့် ပြောင်းတန်ချိန် ၄၁.၃ သန်းကို တင်ပို့ခဲ့ကြောင်း သိရပါသည်။

          ဘရာဇီးနိုင်ငံမှ အမေရိကန်နိုင်ငံကို ပြောင်းတင်ပို့မှုတွင် ကျော်ဖြတ်နိုင်ခဲ့သည့် နောက်ဆုံး ခုနှစ်မှာ ၂၀၁၃ ခုနှစ်ဖြစ်ပြီး အဆိုပါနှစ်တွင် အမေရိကန်နိုင်ငံ၌ ဆိုးရွားသည့် မိုးခေါင်မှုဖြစ်ပွား ခဲ့သောကြောင့် ပြောင်းထုတ်လုပ်မှုတွင် အခက်အခဲများရှိခဲ့သောကြောင့် ဖြစ်ကြောင်း သိရှိရပါ သည်။

          ဘရာဇီးနိုင်ငံပြောင်းထုတ်လုပ်သူများအသင်း၊ ဒုတိယဥက္ကဌမှလည်း ဘရာဇီးနိုင်ငံတွင် ပြောင်းထုတ်လုပ်မှုကို ထပ်မံမြှင့်တင်ရန်အတွက် စိုက်ပျိုးနိုင်သည့် မြေနေရာများစွာ ကျန်ရှိသေး ကြောင်း ပြောကြားခဲ့ပါသည်။

          အချို့အကြောင်းအရင်းများကလည်း ဘရားဇီးနိုင်ငံကို ယခုလို နံပါတ်တစ်ပြောင်းတင်ပို့ သည့် နိုင်ငံဖြစ်လာစေကြောင်း သိရပါသည်။

       ပထမအချက်အနေနှင့် အမေရိကန်နိုင်ငံ၏ နံပါတ်တစ် ပြောင်းတင်သွင်းသူ တရုတ်နိုင်ငံ သည် ပြောင်းတင်သွင်းနိုင်မည့်နေရာများကို ချဲ့ထွင်ရှာဖွေနေပြီး ဘရာဇီးနိုင်ငံ၏ ထောက်ပံ့ပို့ဆောင် ရေးလမ်းကြောင်း တိုးတက်လာမှုကြောင့် တောင်အမေရိကနိုင်ငံများနှင့် အာရှနိုင်ငံများအကြား ကုန်တင်ပို့မှုလမ်းကြောင်းမှာ စရိတ်စကသက်သာလာလျက်ရှိပါသည်။

          ထို့အပြင် အမေရိကန်နိုင်ငံသည် ၎င်းတို့၏ ပြောင်းထုတ်လုပ်မှုများကို ဘိုင်အိုလောင်စာ ထုတ်လုပ်ခြင်း၊ ဖွဲနုထုတ်ယူခြင်းနှင့် ဟင်းသီးဟင်းရွက်ဆီထုတ်လုပ်ခြင်းတို့တွင် ပိုမိုခွဲဝေအသုံးပြု နေမှုကြောင့် ပြောင်းတင်ပို့မှုကဏ္ဍလျော့နည်းသွားရကြောင်း သိရပါသည်။

          ယူကရိန်းစစ်ပွဲနှင့် အမေရိကန်-တရုတ်တင်းမာမှုများမြင့်တက်လာခြင်းတို့ကြောင့် ဖြစ်ပေါ် လာသော ကမ္ဘာ့စားသောက်ကုန် ကုန်သွယ်မှုကွက်လပ်ကို ဘရာဇီးနိုင်ငံမှ ဖြည့်တင်းပေးပြီး ကမ္ဘာ့ အကြီးမားဆုံး စားသောက်ကုန်ထုတ်လုပ်ရာနိုင်ငံဖြစ်လာစေရန်အတွက် ရှေ့သို့တက်လှမ်းနေကြောင်း သိရှိရပါသည်။

DOCA (YGN)

Source : Global Finance Magazine

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၈.၁၂.၂၀၂၃ )

    ၂၈.၁၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ဟင်္သာတဆိပ်ကမ်းမှ ဆန်တန်ချိန် ၁၅၀၀ အား ပြည်ပပို့ရန် သင်္ဘောတင်

     ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ဆိပ်ကမ်းမှပြည်ပပို့ရန် ဧည့်မထ ၂၅ % ဆန်အိတ်များ သင်္ဘောတင်ခြင်းကို(၁၇.၁၂.၂၀၂၃) နေ့မှ စ၍  ဆောင်ရွက်လျက်ရှိပြီး ဆန်တန်ချိန် ၁၅၀၀၊ အိတ်ရေအားဖြင့် ၃၀၀၀၀ အိတ်ကို တင်ပို့မှာဖြစ်ပါသည်။ ဧရာဟင်္သာကုမ္ပဏီက ဧည့်မထ ဆန်  ၂၅ % ၊ ပေါင် ၁၁၀ တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်ဖြင့် ဟင်္သာတမြို့ပေါ်ရှိ ဆန်စက်များမှ  ဝယ်ယူတင်ပို့ခြင်းဖြစ်ပြီး၊ အာဖရိကတိုက်ရှိ အိုင်ဗရီကိုစ့်နိုင်ငံသို့ တင်ပို့မှာဖြစ်ပါတယ်။

     ဟင်္သာတဆိပ်ကမ်းမှ သံ ၁၀၀၃ CB တွဲဖြင့် သင်္ဘောတင်ခြင်းကို (၁၇.၁၂.၂၀၂၃)  မှ (၂၁.၁၂.၂၀၂၃) ထိဆောင်ရွက်မှာဖြစ်ပြီး၊(၂၂.၁၂.၂၀၂၃)နေ့ နံနက်(၁၀:၃၀)တွင် ဟင်္သာတဆိပ်ကမ်းမှ ထွက်ခွာကာ (၂၅.၁၂.၂၀၂၃) နေ့တွင် ရန်ကုန်မြို့၊ ဆူးလေဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် ဆန်တန်ချိန် ၂၀၀၀၀ တင်ဆောင်မည့် နိုင်ငံခြားသင်္ဘောပေါ်သို့ ရွှေ့ပြောင်းပို့ဆောင်မှာဖြစ်ပါသည်။ ပြည်ပတင်ပို့မည့် ဧည့်မထ ၂၅ % ဆန်များ၏ အရည်အသွေး စစ်ဆေးခြင်းကို SGS ကုမ္ပဏီနှင့် COTECNA ကုမ္ပဏီတို့မှ လာရောက်စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

တောင်ငူမြို့မှ ဒေသထွက်ဟင်းသီးဟင်းရွက်များ

       တောင်ငူမြို့ အနီးဝန်းကျင် တပိုင်တနိုင်စိုက်ပျိုးရေးလုပ်ငန်းများမှ စိုက်ပျိုးသော ဟင်းသီးဟင်းရွက်များမှာ ထွက်ရှိလာပြီဖြစ်ရာ ညောင်ပင်ဈေးတွင် လာရောက် ရောင်းချ ကြပါသည်။ ဒေသထွက် နံနံပင်မှာ ၁၀ စည်းပါ တစ်ကုံးလျှင် ၄၀၀ ကျပ်၊ ၃ ကုံးလျှင် ၁၀၀၀ ကျပ် ပေးရပါသည်။ ရှမ်းနံနံမှာ ယခင်က ၁၀ ကျပ်သားလျှင် ၂၀၀၀ ကျပ်အထိ ရှိခဲ့သော်လည်း ယခုအခါ တစ်ဆယ် ကျပ်သားလျှင် ၅၀၀ ကျပ်အထိ ဈေးနှုန်းလျော့သွားပါသည်။

        ရှမ်းပြည်မှလာသော မုန်လာဥဖြူများမှာ တစ်ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၂၂၀၀ ကျပ်အထိ ရှိသော်လည်း ဒေသထွက်မုန်လာဥများမှာ ၅ လုံးတစ်တွဲလျှင် ဥသေး ၁၅၀ ကျပ်၊ ဥလတ် ၂၅၀ ကျပ် နှင့် ဥသေး ၃၅၀ ကျပ် ရှိပါသည်။

     ဒေသဘူးသီးမှာ အသေးတစ်လုံးလျှင် ၅၀၀ ကျပ်၊ အလတ် တစ်လုံးလျှင် ၇၅၀ ကျပ် နှင့် အကြီးတစ်လုံးလျှင် ၁၀၀၀ ကျပ်ရှိပါသည်။ ဘူးညွန့်မှာ ၅ ညွန့်ပါ တစ်စည်းလျှင် ၂၀၀ ကျပ်၊ ၁၀ စည်းလျှင် ၁၅၀၀ ကျပ်ဖြင့် ရောင်းချကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့ ညောင်ပင်ဈေးမှ ပြောင်းဖူးနှင့်ဆီးသီး

       တောင်ငူမြို့ အနီးဝန်းကျင် ပြောင်းဖူးစိုက်ခင်းများမှ ပြောင်းဖူးများ စတင်ထွက်ရှိလာပြီ ဖြစ်သဖြင့် ညောင်ပင်ဈေးတွင် ရောင်းချနေပြီဖြစ်ပါသည်။ သကြားပြောင်းဖူး အသေးမှာ တစ်ဖူးလျှင် ၃၀၀ ကျပ်၊ ၁၀ ဖူးယူလျှင် ၂၅၀၀ ကျပ်၊ အကြီး တစ်ဖူးလျှင် ၅၀၀ ကျပ်၊ ၁၀ ဖူးယူလျှင် ၄၀၀၀ ကျပ်ဖြင့် ရောင်းချပါသည်။

       ဒေသထွက် ဇီးပဲလှော်(ခေါ်) ဇီးချဉ်သီးများလည်း ပေါ်နေပြီဖြစ်ရာညောင်ပင် ဈေးတွင် ဇီးသီးများလည်း ရောင်းချနေပြီ ဖြစ်ပါသည်။ ပေါ်ခါစက ဇီးသီး နို့ဆီတစ်ဗူးလျှင် ၅၀၀ ကျပ် ရောင်းချသော်လည်း ယခုအခါ နို့ဆီ တစ်ဗူးလျှင် ၃၅၀ ကျပ်၊ တစ်ပြည်လျှင် ၂၅၀၀ ကျပ်ဖြင့် ရောင်းချပါသည်။

        ပြောင်းဖူးနှင့် ဇီးသီးများမှာ နောက်ပိုင်း လှိုင်လှိုင်ပေါ်သည့်အခါတွင် ယခုထက် ဈေးနှုန်းကျဆင်းနိုင်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ် ကုက္ကိုလ်ပေါက်ကျေးရွာမှ ကြက်မွေးမြူရေးလုပ်ငန်း

      တောင်ငူမြို့နယ်၊ ဒိုးအင်းကျေးရွာအုပ်စု၊ ကုက္ကိုလ်ပေါက်ကျေးရွာမှ ဒေါ်သန္တာကျော်အေး ၏ ကြက်မွေးမြူရေးလုပ်ငန်းသည် အောင်မြင်လျက်ရှိပြီး တစ်ကြိမ်လျှင် စီပီအသားတိုးကြက်အကောင် ၁၀၀၀၀ ကို မွေးမြူထားရှိပါသည်။ တစ်ခြံလျှင် အကောင် ၂၅၀၀ ဖြင့် ခြံ ၄ ခြံရှိပါသည်။

      ကြက်ပေါက်များကို တစ်ကောင်လျှင် ၁၃၀၀ ကျပ် ဖြင့် De Heus GEL GA Ltd မှ ဝယ်ယူပါသည်။ စတင်မွေးမြူသည့်နေ့မှ ရက် ၄၀ ရှိလျှင် အလေးချိန် ၁ ပိဿာ ၈၀ ကျပ်သားမှ ၂ ပိဿာခန့်ရှိသည့် ရောင်းတန်းဝင်အရွယ်ကို ရရှိပါသည်။ ကြက်ပေါက်အစာဈေးမှာ တစ်အိတ်လျှင် ၈၈၀၀၀ ကျပ်ရှိပါသည်။ ကြက်ကြီးအစာမှာ တစ်အိတ်လျှင် ၇၀၀၀၀ ကျပ်မှ ၈၅၀၀၀ ကျပ်အထိ ရှိပါသည်။

      လုပ်သားလေးဦး ငှားရမ်းလုပ်ကိုင်ပါသည်။ ရောင်းတန်းဝင်ကြက်များကို တစ်ပိဿာ လျှင် ၆၄၅၀ ကျပ်နှုန်းဖြင့် တောင်ငူမြို့ရှိ ကြက်ဒိုင်များက ခြံအရောက်လာရောက် ဝယ်ယူကြောင်း၊ ကြက်များ‌ရောင်းချပြီးနောက် ခြံသန့်ရှင်းရေးပြုလုပ်ပြီး ၁၀ ရက်ခန့်ကြလျှင် ကြက်ကောင်ပေါက်များ မှာယူ၍ နောက်တစ်ကြိမ် မွေးမြူကြောင်း လုပ်ငန်းရှင် ဒေါ်သန္တာ ကျော်အေး၏ ပြောပြချက်အရ သိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းမြို့နယ်တွင်ဖြစ်ပေါ်နေသောစက်သုံးဆီဈေးနှုန်း အခြေအနေ

         မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

       ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် စက်သုံးဆီ ဆိုင်(၈)ဆိုင်ရှိရာ     ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (စတုတ္တ)ပတ်တွင် စက်သုံးဆီဈေး နှုန်းများမှာ ဓာတ်ဆီ (92)တစ်လီတာလျှင်(၂၁၉၃) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၃၂၃) ကျပ် ၊ ဒီဇယ်ရိုးရိုး တစ်လီတာ လျှင်(၂၂၃၃) ကျပ် ၊  ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၃၁၈) ကျပ် ၊  ဖြင့်ရောင်းချလျက်ရှိကြောင်း သိရပါသည်။ 

        ၂၀၂၃ခုနှစ် ၊  ဒီဇင်ဘာလ (တတိယ) ပတ်တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်း များမှာ ဓာတ်ဆီ(92) တစ်လီတာလျှင်(၂၄၇၈) ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာလျှင် (၂၅၇၃) ကျပ် ၊ ဒီဇယ်ရိုးရိုး တစ်လီတာ လျှင်(၂၂၁၈) ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၂၇၈) ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း သိရပါသည်။

       ယခုအပတ်နှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ (92) တစ်လီတာလျှင် (၂၈၅) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၅၀) ကျပ်ဈေးမြင့်တက်သွားခဲ့ပြီး ဒီဇယ်ရိုးရိုးတစ်လီတာလျှင် (၁၅)ကျပ်၊ ဒီဇယ် (ပရီမီယမ်)  တစ်လီတာလျင်(၄၀)ကျပ် ဈေးကျဆင်းသွားကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ပြည်စားတော်ပဲနှစ်စဉ်ဈေးကောင်းရလျက်ရှိပြီး လက်လီသမားများဖြင့်အရောင်းအဝယ်ဖြစ်နေ

          ပြည်ပဲဈေးကွက်မှာ လက်လီသာအရောင်းအဝယ်ဖြစ်သော်လည်း ဈေးကောင်းရနေသည့်သီးနှံမှာ စားတော်ပဲသီးနှံဖြစ်ပါသည်။ စားတော်ပဲသီးနှံဆိုလျှင် ပဲပြုတ်ရောင်းချ သူများနှင့် အခြား လက်လီသမားများဝယ်ယူမှုရှိသောကြောင့် တစ်ရက်လျှင်၁၅အိတ်၊ ၂၀ ကျော်ရောင်းချမှုဖြစ်ပြီး ပဲဈေးနှုန်းမှာ ပိဿာ၂၀ တစ်တင်း ၁၂၅၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ စားတော်ပဲ သီးနှံသည် နှစ်စဉ်လိုလိုဈေးကောင်းရလျက်ရှိလို့ ဈေးကွက် အတွင်း ဈေးကောင်းဝင်သီးနှံ အမျိုးအစားထဲပါဝင်နေခဲ့ပါသည်။ ယခင်နှစ်ကလည်း စားတော်ပဲသီးနှံတစ်တင်း ( ၁၂၀၀၀၀) ကျပ် ကျော်အထိ အရောင်းအဝယ်ဖြစ်ခဲ့၍ ပဲဈေးကွက် အတွင်းဈေးအမြင့်ဆုံး သီးနှံဖြစ်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ပဲကြီးသီးနှံ ဈေးကောင်းရလျက်ရှိကာပဲကြော်ဖိုလုပ်ငန်းသမားများပုံမှန်ဝယ်ယူ

      ပြည်ပဲဈေးကွက်မှာ ဈေးအမြင့်ဖြင့် နေ့စဉ်ရောင်းဝယ်လျက်ရှိသောပဲကြီးသီးနှံမှာ ဒေသတွင်း ပဲကြော်ဖိုသမားများ ဝယ်ယူမှုရှိတယ်လို့ သိရပါသည်။ တစ်ရက်လျှင် အိတ်၂၀၀/၂၅၀ ကျော် အရောင်းအဝယ်ဖြစ်ပြီး ပဲဟောင်းလက်ကျန်များဖြင့် ရောင်းဝယ်မှုရှိကြပါသည်။ ပဲသစ်ဝင်ရောက်မှု မရှိသေးဘဲ ပဲဟောင်းများဖြင့်သာ ရောင်းဝယ်နေကြသည့်အတွက် ပဲအရည်အသွေး ဈေးလိုက်၍ ဈေးကွာခြားမှုရှိပါသည်။ ပဲကြီး (ရွှေကျွန်း) တစ်တင်း (၁၃၀၀၀၀)ကျပ်၊ ကမ်းနားအထိဆင်း (၁၂၅၀၀၀) ကျပ် တို့ဖြင့် ရောင်းဝယ်နေကြပြီး ပဲဈေးကွက်မှာ ပြည်ပဝယ်လိုအားကောင်းသော မတ်ပဲ၊ပဲစဉ်းငုံ၊ပဲတီစိမ်းသီးနှံများ တက်ဈေး ရှိကာ ဈေးကွက်အတွင်းဈေးကောင်းရနေသော သီးနှံ တစ်မျိုးဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း