ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့၌ မြေဩဇာဈေးနှုန်းတည်ငြိမ်

    တောင်ငူမြို့တွင် ယူရီးယားလုံးကြီး ဓာတ်မြေဩဇာများဖြစ်သော နေရွက်လှေတံဆိပ်မှာ တစ်အိတ်လျှင် ၇၇၀၀၀ကျပ်၊ Good Luck တံဆိပ်မှာ ၇၈၀၀၀ကျပ်၊ Rainbow တံဆိပ်မှာ ၈၁၀၀၀ကျပ်၊ ရွှေကောမတ် 10:20:20 ကွန်ပေါင်းဓာတ်မြေဩဇာမှာ တစ်အိတ်လျှင် ၆၈၀၀၀ကျပ်၊ 15:15:15 ကွန်ပေါင်းဓာတ်မြေဩဇာမှာ တစ်အိတ်လျှင် ၁၁၅၀၀၀ကျပ်ဖြင့် ယခင်လအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။.

      ယခင်မိုးစပါး စိုက်ပျိုးစဉ်ကာလက မြင်းပျံ၊ CP, MC, အာမို၊ ဩဘာ စသည့်ဓာတ်မြေဩဇာများမှာ အရောင်းသွက်ခဲ့ပါသည်။ ယခုအခါ မိုးစပါးစိုက်ပျိုးပြီးစီးပြီးဖြစ်ပါသဖြင့် ၎င်းမြေဩဇာများမှာ ဝယ်ယူမှုမရှိသလောက်ဖြစ်နေသဖြင့် ဓာတ်မြေဩဇာအရောင်းဆိုင်များက ဝယ်ယူသိုလှောင်ခြင်းမရှိသဖြင့် ပစ္စည်းပြတ်လပ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ဘိလပ်မြေဈေးနှုန်းအနည်းငယ်တက်၍ ငါးမူးလုံးသံချောင်းဈေးကျ

    တောင်ငူမြို့တွင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်း၌ ဘိလပ်မြေတစ်အိတ်ဈေးနှုန်းမှာ ကြံ့နှစ်ကောင် (အနီ) ၈၆၀၀ကျပ်၊ ကြံ့နှစ်ကောင်(အစိမ်း) ၈၄၀၀ကျပ်၊ ထိုင်းဆင် ၈၅၀၀ကျပ်၊ Alpha ၈၃၀၀ကျပ်၊ Apache ၈၂၀၀ကျပ်၊ Rhino ၈၁၀၀ကျပ်၊ Max ၇၉၀၀ကျပ်ရှိပါသည်။

     ယခုနိုဝင်ဘာလ လကုန်ပိုင်းတွင် ဘိလပ်မြေတစ်အိတ်ဈေးနှုန်းမှာ ကြံ့နှစ်ကောင် (အနီ) ၈၅၀၀ကျပ်၊ ကြံ့နှစ်ကောင်(အစိမ်း) ၈၄၀၀ကျပ်၊ ထိုင်းဆင် ၈၅၀၀ကျပ်၊ Alpha ၈၇၀၀ကျပ်၊ Apache ၈၃၀၀ကျပ်၊ Rhino ၈၂၀၀ကျပ်၊ Max ၈၅၀၀ကျပ်ရှိပါသည်။

     သို့ဖြစ်ပါ၍ ကြံနှစ်ကောင်(အနီ)မှာ ၁၀၀ကျပ်ဈေးနှုန်းကျပြီး  Alpha မှာ  တစ်အိတ်လျှင် ၄၀၀ကျပ်၊ Apache မှာ တစ်အိတ်လျှင် ၁၀၀ကျပ်၊ Rhino တစ်အိတ်လျှင် ၁၀၀ကျပ်နှင့် Max မှာ တစ်အိတ်လျှင် ၆၀၀ကျပ်ဈေးတက်ခဲ့ပါသည်။

    ငါးမူးလုံး သံချောင်းမှာ ယခင်လကုန်ပိုင်းတွင် တစ်တန်လျှင် ၁၇၀၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်တန်လျှင် ၁၅၀၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ဟင်းသီးဟင်းရွက်တချို့ ဈေးအတက်အကျရှိ

   တောင်ငူမြို့ ၊ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်း၌ ငရုတ်သီးစိမ်း (ကျောက်စိမ်းသီး)မှာ တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ ကျပ်၊ ငရုတ်သီးစိမ်း (မိုးထောင်သီး)မှာ တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်၊ ငရုတ်သီးစိမ်း(ကုလားအော်သီးမှာ)  တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     ခရမ်းသီး (အဖြူ)မှာ တစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၆၀၀ကျပ်၊ ခရမ်းသီး(အညို)မှာ  တစ်ပိဿာလျှင်  ၁၆၀၀ကျပ်မှ ၁၈၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဒေသသခွားသီးမှာ တစ်ပိဿာလျှင် ၉၀၀ကျပ်မှ ၁၀၀၀ကျပ်၊ ရှမ်းပြည် သခွားသီးမှာ တစ်ပိဿာလျှင် ၁၀၀၀ကျပ်မှ ၁၂၀၀ ကျပ်အထိဖြင့် ဈေးနှုန်းကျဆင်းခဲ့ပါသည်။

       ခရမ်းချဉ်သီး (ရှမ်းပြည်သီး)မှာ တစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၈၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ခရမ်းချဉ်သီး (ဒေသသီး)မှာ တစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၄၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်းကျဆင်းခဲ့ပါသည်။

    ဂေါ်ဖီမှာ တစ်ပိဿာလျှင် ၉၀၀ကျပ်မှ ၁၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး  နံနံပင်မှာ တစ်ဆယ်ကျပ်သားလျှင် ၅၀၀ကျပ်မှ ၆၀၀ကျပ်ဖြင့် ဈေးနှုန်းကျဆင်းခဲ့ပါသည်။ မုန်ညင်းဖြူမှာ တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်၊ မုံလာဥနီမှာ တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၄၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး မုံလာဥဖြူမှာ တစ်ပိဿာလျှင် ၂၂၀၀ကျပ်မှ ၂၅၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

       ကန်စွန်းရွက်မှာ တစ်စည်းလျှင် ၃၀၀ကျပ်၊ ၅စည်းယူလျှင် ၁၂၀၀ကျပ်၊ ချဉ်ပေါင်ရွက်မှာ တစ်စည်းလျှင် ၁၅၀ကျပ်၊ ၁၀စည်းယူလျှင် ၁၅၀၀ကျပ်၊ ကင်မွန်းချဉ်ရွက်မှာ တစ်စည်းလျှင် ၃၀၀ကျပ်၊ ၂စည်းယူလျှင် ၅၀၀ကျပ်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် တရုတ်ကြက်သွန်ဖြူနှင့်ကုလားပဲခြမ်းဈေးနှုန်းအနည်းငယ်တက်

     တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ ဒီဇင်ဘာလဆန်းပိုင်းတွင်  တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီကို တစ်ပိဿာလျှင် ၅၅၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိပါသည်။

   ကြက်သွန်နီမှာ တစ်ပိဿာလျှင် အသေး ၃၂၀၀ကျပ်၊ အလတ် ၃၅၀၀ကျပ်၊ အကြီး ၄၀၀၀ကျပ်နှင့် တရုတ်ကြက်သွန်နီတစ်ပိဿာလျှင် ၄၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

   ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် အသေး ၁၀၀၀၀ကျပ်၊ အလတ် ၁၁၀၀၀ကျပ်၊ အကြီး ၁၃၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ယခင်အပတ်တွင် တရုတ်ကြက်သွန်ဖြူတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၄၅၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ခဲ့သည်။

        အာလူးမှာ တစ်ပိဿာလျှင် အသေး ၂၅၀၀ကျပ်၊ အလတ် ၂၈၀၀ကျပ်၊ အကြီး ၃၂၀၀ကျပ်၊ တရုတ်အာလူးတစ်ပိဿာလျှင် ၃၂၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    ငရုတ်သီးခြောက် အပု/အရှည်မှာ တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်အထိ၊ ငရုတ်သီးခြောက်အပွမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၂၃၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်ထိ၊ ၂၀၀၀၀ကျပ်မှ ၂၃၀၀၀ကျပ်ထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    မြေပဲဆံ(အဖြူ)မှာ တစ်ပိဿာလျှင် ၆၆၀၀ကျပ်၊ မြေပဲဆံ(အနီ)မှာ တစ်ပိဿာလျှင် ၆၆၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ကုလားပဲခြမ်းမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၆၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၂၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၀.၁၂.၂၀၂၃ )

   ၁၀.၁၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

နတ်တလင်းမြို့နယ်အတွင်း ကြက်ဥ၊ ဘဲဥဈေးနှုန်းများ အနည်းငယ်ကျဆင်း

    နတ်တလင်းမြို့နယ်အတွင်းရှိ ကြက်ဥ၊ ဘဲဥအရောင်းဆိုင်များတွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် ကြက်ဥ၊ ဘဲဥဈေးနှုန်းများ   အနည်းငယ်ကျဆင်းနေပါသည်။ နိုဝင်ဘာလ ပထမပတ်တွင် ကြက်ဥတစ်လုံးလျှင် အသေး (၂၃၀)ကျပ်၊ အလတ် (၂၅၀)ကျပ်၊ အကြီး (၂၈၀)ကျပ်၊ ဘဲဥတစ်လုံးလျှင် အသေး (၂၉၀)ကျပ်၊ အလတ် (၃၂၀)ကျပ်၊ အကြီး (၃၅၀)ကျပ်နှုန်းရှိရာ နိုဝင်ဘာလ တတိယပတ်တွင် ကြက်ဥတစ်လုံးလျှင် အသေး (၂၀၀)ကျပ်၊ အလတ် (၂၃၀)ကျပ်၊ အကြီး (၂၅၀)ကျပ်၊ ဘဲဥတစ်လုံးလျှင် အသေး (၂၈၀)ကျပ်၊ အလတ် (၃၀၀)ကျပ်၊ အကြီး (၃၂၀)ကျပ်နှုန်းရှိသဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်းသိရသည်။

  ကြက်ဥသည် အလွယ်တကူချက်ပြုတ်စားသုံးနိုင်ပြီး အချိန်ကုန်သက်သာခြင်း၊ မုန့်များပြုလုပ်ရာတွင် အသုံးများခြင်းတို့ကြောင့် ဈေးနှုန်းကျဆင်းသွားသော်လည်း အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၉.၁၂.၂၀၂၃ )

   ၉.၁၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၈.၁၂.၂၀၂၃ )

     ၈.၁၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၇.၁၂.၂၀၂၃ )

    ၇.၁၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Palm Oil Wholesale Reference Price announced that Ks 4,815 per Viss

   The Supervisory Committee on Import, Storage and Distribution of Edible Oil under the Ministry of Commerce has been closely observing the FOB prices in Malaysia including transportation cost, tariff and banking service charges, and issuing the wholesale market reference rate for edible oil on weekly basis.

    According to market condition and prices in the world's palm oil producing and exporting countries during this week, the reference prices of palm oil in the Yangon market is announced at Ks 4,815 per Viss for the period from 11 December 2023 to 17 December 2023.

    If those retailers and wholesalers are found overcharging, storing inventory intentionally and attempting unscrupulous action to manipulate the market, they will be taken by legal action under the Essential Goods and Services Law.

  The palm oil reference prices can be found on Department of Consumer Affairs’ website: www.doca.gov.mm, its Facebook page and the Facebook page of the Myanmar Edible Oil Dealers’ Association.

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း