ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

  အောက်တိုဘာလနောက်ဆုံးပတ်ရှိဆီနေကြာစျေး

        နေကြာသီးနှံမှာ ပြည်တွင်းစားဆီကြိတ်ခွဲခြင်းနှင့်ဆီစက်လုပ်များအတွက် အရေးပါသည့် စျေးကောင်းရသည့်အမယ်ဖြစ်ပြီး၊ ကျန်းမာရေးနှင့်ညီညွှတ်သည့် မပြည့်ဝဆီတစ်မျိုးဖြစ်ကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် နေကြာသီးနှံ ကို မိုးနေကြာ နှင့် ဆောင်းနေကြာ အဖြစ် စိုက်ပျိုးလျက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်နေကြာစိုက်ပျိုးမှု ၁၈၆၁၉၅ ဧက၊ ရိတ်သိမ်းမှု ၁၈၄၂၂၇ ဧက၊ အထွက် ၂၄.၂၆တင်းနှုန်းနှင့် အထွက် ၄၄၆၉၃၅၁တင်း ဖြစ်ကြောင်းသိရပါသည်။ မန္တလေး ပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလနောက်ဆုံးပတ် အတွင်း ဖြစ်ပေါ်လျက်ရှိသည့်ဆီနေကြာသီးနှံပေါက်စျေးမှာ၃တင်းဝင်(၂၇ပိဿာပါ) တစ်အိတ်လျှင် ၁၉၀၀၀၀ကျပ်နှင့် ၂၀၀၀၀၀ကျပ်၊တစ်ပိဿာလျှင် ၇၀၃၇ ကျပ်နှင့် ၇၄၀၇ ကျပ်၊ နေကြာဖတ် တစ် ပိဿာလျှင် ၃၀၀ဝကျပ်နှင့် ၃၂၀၀ကျပ်ဖြစ်ပြီး၊ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်းတစ်အိတ် လျှင် ၂၃၀၀၀၀ ကျပ်၊ တစ်ပိဿာလျှင် ၈၅၁၈ကျပ်တို့ဖြစ်ကြောင်းသိရပါသည်။ ယခုနှစ်နှင့်ယခင်နှစ် ပေါက်စျေး နှိုင်းယှဉ်ပါက ဆီနေကြာစျေးအနည်းငယ်လျော့နည်းသွားပြီး၊နေကြာကြိတ်ဖတ်စျေးမှာ စျေးကောင်း ရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

နှမ်းစျေးအနည်းငယ်ကျဆင်း

    ၂၀၂၅ ခုနှစ်အောက်တိုဘာလနောက်ဆုံးပတ်အတွင်း နှမ်းအမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်အိတ် (၄၅ပိဿာပါ) တစ်အိတ်လျှင် နှမ်းဖြူ (ဂျပန်) ၃၀၅၀၀၀ကျပ်နှင့် ၃၁၀၀၀၀ကျပ်၊နှမ်းဖြူ(ဗမာ) ၂၆၅၀၀ဝ ကျပ်နှင့်၂၇၀၀၀၀ ကျပ်၊ နှမ်းညို ၂၈၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ နှမ်းဖြူ (ဂျပန်)၆၇၇၈ကျပ်နှင့် ၆၈၈၉ ကျပ်၊ နှမ်းဖြူ (ဗမာ) ၅၈၈၉ ကျပ်နှင့် ၆၀၀၀ ကျပ်၊နှမ်းညို ၆၂၂၂ ကျပ် စျေးတို့ဖြစ်ပေါ် လျက်ရှိ ကြောင်းသိရပါသည်။ ယခင် နှစ်ကာလတူ ပေါက်စျေးမှာ တစ်ပိဿာလျှင် နှမ်းဖြူ(ဂျပန်) ၁၁၀၀၀ကျပ်နှင့် ၈၈၈၉ကျပ်၊ နှမ်းဖြူ (ရိုးရိုး) ၇၅၅၆ ကျပ်နှင့် ၇၇၇၇ ကျပ်၊နှမ်းညို ၆၄၄၄ကျပ်၊နှမ်းနီ ၇၁၁၁ ကျပ် ၇၃၃၃ ကျပ်တို့ ဖြစ် ပေါ်ခဲ့ပြီး၊ ယခုနှစ်နှင့်ယခင်နှစ်ကာလတူ စျေးနှိုင်းယှဉ်ပါက နှမ်းစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့၏ဈေးနှုန်းကျဆင်းလာသောရုံးပတီသီးဈေးနှုန်း

               ရုံးပတီသီးသည် မြန်မာနိုင်ငံတွင် အိမ်တွင်းစိုက်ပျိုးမှုများပြီး စီးပွားဖြစ်စိုက်ပျိုးမှု များလုပ်ကိုင် ကြသည်။ ရုံးပတီသီးကို မိုးရာသီနှင့် ဆောင်းရာသီတွင်စိုက်ပျိုးကြကြောင်း၊ မျိုးစေ့မှ တစ်ဆင့်စိုက်ပျိုး နိုင်ပြီး တစ်ပတ်အတွင်း အညောင့်ပေါက်၍ ၄၅-၆၀ ရက်အတွင်းအသီး များစတင်ခူးဆွတ်နိုင်သည်။ ရုံးပတီသီးသည် အပူပိုင်းနှင့်သမပိုင်းရာသီဥတုတွင် ကောင်းစွာဖြစ် ထွန်းပြီး ရေသွင်း၊ ရေထုတ် ကောင်း သော သဲနုန်းမြေကိုနှစ်သက်ကြောင်းသိရှိရသည်။

             မြင်းခြံမြို့ရှိ အေးမြသီတာဈေး၌ ရောင်းချနေသော ယခု၂၀၂၅ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်တွင် ရုံးပတီသီး ၂၅ ကျပ်သားလျှင် ၁၀၀၀ ကျပ် တစ်ပိဿာလျှင် ၄၀၀၀ ကျပ်ပေါက် ဈေးများဖြင့်ရောင်းချလျက်ရှိကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါက ယခုလတွင် ရုံးပတီသီး ၂၅ ကျပ်သားလျှင် (၃၀၀)ကျပ်၊ တစ်ပိဿာလျှင် (၁၀၀၀)ကျပ်ခန့်ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း၊ ရာသီမရွေးစိုက်ပျိုးနိုင်သောအပင်ဖြစ်ပြီး ယခုအချိန်တွင် ဒေသထွက်ရုံးပတီများ ထွက်ပေါ်နေပြီဖြစ်သောကြောင့် ဈေးနှုန်းများကျဆင်းခြင်းဖြစ်ကြောင်း၊ဒေသတွင်းကျေးရွာများဖြစ်သောလေးအိမ်တန်းကျေးရွာ၊နဘူးအိုင်ကျေးရွာများနှင့်ဒါးကျွန်းကျေးရွာတို့မှတောင်သူများကိုယ်တိုင်လာရောက်ရောင်းချပြီးအကျိုးအမြတ်လည်းရရှိကြောင်းသိရှိရသည်။

DOCA (မန္တလေး)

မြင်းခြံမြို့၏ ဈေးနှုန်းမြင့်တက်လာသော ပဲဇီးကွက်

           မြင်းခြံမြို့နယ်အတွင်းရှိ ကုန်စည်ဒိုင်တွင် နေ့စဉ်ပဲမျိုးစုံအရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိရာ ပဲဇီးကွက်  ပဲများကိုလည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရသည်။ ယခု ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် ပဲဇီးကွက် တစ်တင်းလျှင် (၁၀၄၅၀၀)ကျပ်ခန့် ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ယခင်လ စက်တင်ဘာလ တတိယပတ်တွင် ပဲဇီးကွက် တစ်တင်းလျှင် (၉၁၂၀၀)ကျပ်ဝန်းကျင်ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ကာလတူ နှိုင်းယှဉ်ပါက ယခင်လထက် ယခုလတွင် ပဲဇီးကွက်တစ်တင်းလျှင် (၁၃၃၀၀)ကျပ် ခန့်ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ထိုသို့မြင့်တက်ခဲ့ခြင်းမှာ ဈေးကွက်တွင် ပဲဇီးကွက်လက်ကျန် အိတ်များ နည်းလာပြီဖြစ်၍ ရောင်းလိုအားနည်းပြီး ဝယ်လိုအားများသောကြောင့် ဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း၊ ပွဲရုံများတွင် နေ့စဉ် အရောင်းအဝယ်ဖြစ်မှုအနေဖြင့် (၁၀၀-၁၅၀) အိတ်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နှင့် ရွှေပြည်သာမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း ပွဲရုံလုပ်ငန်း လုပ်ကိုင်သူ၏ ပြောပြချက်အရသိရှိရသည်။

DOCA (မန္တလေး)

 

ဇီးကုန်းမြို့နယ်တွင် ဆောင်းသီးနှံပဲကြီးအား စားဖိုဆောင်သီးနှံအဖြစ်စိုက်ပျိုး

          ပဲခူးတိုင်း‌ဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိ ကျေးရွာအများစုရှိ တောင်သူများမှာ မိုးစပါးရိတ်သိမ်းပြီး ဆောင်းသီးနှံအဖြစ် မတ်ပဲ၊ ပဲတီစိမ်းတို့အား အဓိကထားစိုက်ပျိုးကြပြီး  ပဲကြီးသီးနှံအား စားဖိုဆောင်သီးနှံအဖြစ် လယ်ကန်သင်းများ ချောင်းဘေး၊ မြေပြန့်၊ မြေလွတ်များတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်းသိရပါသည်။

             ဒေသတွင်း တောင်သူများမှာ ပဲကြီးသီးနှံအား  စက်တင်ဘာလတွင် စတင်စိုက်ပျိုးကြောင်း သိရပါသည်။ အများအားဖြင့် ပဲကြီးဆွပ်ပဲမျိုး ကိုသာစိုက်ပျိုး၍ ပဲကြီးမျိုး ပိဿာ (၂၀)တစ်တင်း လျှင် ငွေကျပ် (၁၃၀၀၀၀)၊ တစ်ပိဿာလျှင် ငွေကျပ် (၆၅၀၀)ဖြင့် ဝယ်ယူစိုက်ပျိုး ရပါကြောင်း စိုက်ပျိုးနည်းမှာ ကန်သင်းများတွင် ပေါက်ပြားဖြင့် ကျင်းပြုလုပ်ပြီးစိုက်ပျိုးရကြောင်း၊ ဧကလိုက် စိုက်ပျိုးမှုနည်းပြီး  အများအားဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြစ်ပြီး ယခုနှစ်တွင်  ဇီးကုန်း မြို့နယ် အနေဖြင့် ပဲကြီးစိုက်ဧက  (၁၅)ဧကခန့်ရှိကြောင်း သက်ဆိုင်ရာဦးစီးဌာနမှ သိရပါသည်။

            ပဲကြီးသီးနှံအား နှစ်စဉ် မီးဖိုချောင်သုံး ဟင်းတစ်မယ်အဖြစ် ပဲကြီးရေစိမ်၊ ပဲသုပ်၊ ပဲဟင်းစသည်ဖြင့် နှစ်ပတ်လည် စားသုံးမှုအတွက် နှစ်စဉ် ဆောင်းသီးနှံ အဖြစ် မြေလွတ်များတွင် စိုက်ပျိုးကြပြီး ပိုလျှံရောင်းချမှု အပေါ် မြို့နယ်ပဲအဝယ်ဒိုင်များမှ ဝယ်ယူမှုရှိပြီး ယခင်နှစ် ပဲကြီးပေါ်ချိန် ဈေးနှုန်းမှာ ပိဿာ(၂၀)တစ်တင်းလျှင် ငွေကျပ် (၉၀၀၀၀)ခန့် ရှိသဖြင့် စားသုံးရန်အပြင် အပိုဝင်ငွေရ သီးနှံ ဖြစ်သဖြင့် မြေလွတ်နှင့် ကန်သင်းများတွင် စိုက်ပျိုးဖြစ်ထွန်း လျက်ရှိ ကြောင်းသိရသည်။

DOCA (ပဲခူး)

ဗူးသီး၊ ဗူးညွန့် ရောင်းချခြင်းဖြင့် တောင်သူများ ဝင်ငွေရရှိနေ

             ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြိုနယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာ စိုက်ပျိုခြင်း လုပ်ငန်းအပြင် သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံ အဖြစ်ဗူးသီးကို လက်ပံပင်လေးရွာ၊ ကံနှစ်ဆင့်ရွာနှင့် သပြေလှရွာများတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပါသည်။ ဗူးသီးကို နွေ၊မိုး၊ ဆောင်း ရာသီးသုံးမျိုးစလုံး စိုက်ပျိုးကြပါသည်။

             ဗူးစိုက်တောင်သူ အများစုမှာ ထိုင်ဝမ်မျိူးများကို အများဆုံးစိုက်ပျိုးကြပြီး စိုက်ပျိုးပြီး (၄၅) ရက်ကြာပါ စတင်ခူးဆွတ်နိုင်ပါကြောင်း ရေမြေအနေထားနှင့် ပြုပြင်ဂရုစိုက်နိုင်မှု အပေါ်မှုတည်၍ အထွက်နှုန်းများလည်းကွာခြားပါကြောင်း ဗူးပင်သည် အသီးသာမက အညွန့်ကိုရောင်းချနိုင်သဖြင့် ဝင်ငွေများရရှိနိုင်သည့် သီးနှံလည်းဖြစ်ပါကြောင်း ၂၀၂၅ခု အောက်တိုဘာလ တတိယပတ်တွင် သဲကုန်းမြို့နယ် ဈေးကွက်အတွင်း ဗူးသီးတစ်လုံးလျှင် အရွယ်အစားကိုလိုက်၍ (၅၀၀ကျပ်မှ၁၅၀၀)ကျပ်၊ ဗူးညွှန်၁၀ညွှန်ပါတစ်စီး (၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျှက်ရှိပြီး ပြည်မြို့နှင့် ရန်ကုန်မြို့များကိုပါ တင်ပို့ ရောင်းချကြောင်းသိရသည်။

DOCA (ပဲခူး)

သာယာဝတီခရိုင်အတွင်းဆန်ရောင်းချမှုအခြေအနေ

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၄ခုနှသ် ဇွန်လ ၂၄ရက်နေ့ မှစတင်၍ ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန်းရှင်များမှ ဆန်တစ်ပြည်လျှင် ၂၅၀၀ ကျပ်၊ (ဧည့်မထဆန်)များကို ရောင်းချပေးလျက်ရှိရာ ယနေ့အထိပင်ဖြစ်ပါသည်။ယနေ့ (၁၀.၁၁.၂၀၂၅)ရက် နေ့တွင် ဆန်ရောင်းချနေမှု့အား အိတ်(၂၅) အိတ်ဖြစ်ပြီး ဆန်ဆိုင်များမှ (၉) အိတ်၊ဆန်စက်များမှ (၁၆)အိတ် စုစုပေါင်းဆန်အိတ် (၂၅)အိတ်ကို လူတစ်ဦးလျှင် (၂)ပြည်နှုန်းဖြင့် လူဦးရေ (၃၀၀)ကို ဒေသတွင်းရှိ ပြည်သူများအတွက် ရောင်းချပေးခဲ့ခြင်းဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(ပဲခူး)

ပေါင်းတည်မြို့တွင်ဒေသထွက် ပြောင်ဖူးများနှင့် အခြားသီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိ

            ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပေါင်းတည်မြို့နယ်နှင့် နတ်တလင်း မြို့နယ်ကြား ရန်ကုန်-ပြည် အဝေးပြေး ကားလမ်းဘေးတွင် ယာယီဆိုင်ခန်းများ ဆောက်လုပ်ကာ ဒေသထွက်ပြောင်းဖူးများနှင့် အခြားသီးနှံများ၊ ပဲလှော်၊ ပဲကြော်၊ မုန့်ပဲသရေစာများ ကို ၁၂ ရာသီ ရောင်းချလျက်ရှိရာနေ့စဉ်ဈေးဝယ်သူများဖြင့် စည်ကားလျက်ရှိပါသည်။

         ပေါင်းတည်မြို့နယ်တွင် ဖူးစားပြောင်းကို သုံးသီးစား စိုက်ပျိုးကြောင်း ယခု မိုးပြောင်းကို ဧကသုံးထောင်းကျော်စိုက်ပျိုးကြောင်း၊  သန့်ရှင်းလက်ဆက်၍ ဈေးနှုန်းချိုသာသော ဒေသထွက်ပြောင်းဖူးများနှင့်အခြားရာသီပေါ်သီးနှံများနှင့်မုန့်ပဲသရေစာများကိုခရီးသွားပြည်သူများကခရီးတစ်ထောက် နားရင်း ဝယ်ယူစားသုံးကြဖြင့် ရောင်းသူဝယ်သူ အဆင်ပြေလျက်ရှိရာ ဒေသခံပြည်သူများမှာလည်း အလုပ်အကိုင် အခွင့် အလမ်းများရရှိစေပါသည်။

        အဆိုပါဈေးတန်းတွင် ၂၀၂၅ခု အောက်တိုဘာလ တတိပတ်တွင် ပြောင်းဖူးစိမ်း တစ်ဖူးလျှင် (၅၀၀-၄၀၀)ကျပ်နှုန်း၊ ပြောင်းဖူးမီးဖုတ် တစ်ဖူး(၇၀၀-၈၀၀)ကျပ်၊ ပြောင်ဖူးစေ့ကြော် နို့ဆီဗူးတစ်ဗူး  (၈၀၀)ကျပ် (၁၀)ပြည် တစ်ပြည် (၇၀၀၀)ကျပ်၊ ပြောင်းဖူးစေ့လှော် နို့ဆီဗူးတစ်လုံး(၇၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ ခရီးသွားပြည်သူများက ကိုယ်တိုင်စားသုံးရန်နှင့် လက်ဆောင်ပေးရန်အတွက် ဝယ်ယူကြကြောင်းသိရသည်။

DOCA (ပဲခူး)

ပေါင်းတည်မြို့တွင်ဒေသထွက် ပြောင်ဖူးများနှင့် အခြားသီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိ

            ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပေါင်းတည်မြို့နယ်နှင့် နတ်တလင်း မြို့နယ်ကြား ရန်ကုန်-ပြည် အဝေးပြေး ကားလမ်းဘေးတွင် ယာယီဆိုင်ခန်းများ ဆောက်လုပ်ကာ ဒေသထွက်ပြောင်းဖူးများနှင့် အခြားသီးနှံများ၊ ပဲလှော်၊ ပဲကြော်၊ မုန့်ပဲသရေစာများ ကို ၁၂ ရာသီ ရောင်းချလျက်ရှိရာနေ့စဉ်ဈေးဝယ်သူများဖြင့် စည်ကားလျက်ရှိပါသည်။

         ပေါင်းတည်မြို့နယ်တွင် ဖူးစားပြောင်းကို သုံးသီးစား စိုက်ပျိုးကြောင်း ယခု မိုးပြောင်းကို ဧကသုံးထောင်းကျော်စိုက်ပျိုးကြောင်း၊  သန့်ရှင်းလက်ဆက်၍ ဈေးနှုန်းချိုသာသော ဒေသထွက်ပြောင်းဖူးများနှင့်အခြားရာသီပေါ်သီးနှံများနှင့်မုန့်ပဲသရေစာများကိုခရီးသွားပြည်သူများကခရီးတစ်ထောက် နားရင်း ဝယ်ယူစားသုံးကြဖြင့် ရောင်းသူဝယ်သူ အဆင်ပြေလျက်ရှိရာ ဒေသခံပြည်သူများမှာလည်း အလုပ်အကိုင် အခွင့် အလမ်းများရရှိစေပါသည်။

        အဆိုပါဈေးတန်းတွင် ၂၀၂၅ခု အောက်တိုဘာလ တတိပတ်တွင် ပြောင်းဖူးစိမ်း တစ်ဖူးလျှင် (၅၀၀-၄၀၀)ကျပ်နှုန်း၊ ပြောင်းဖူးမီးဖုတ် တစ်ဖူး(၇၀၀-၈၀၀)ကျပ်၊ ပြောင်ဖူးစေ့ကြော် နို့ဆီဗူးတစ်ဗူး  (၈၀၀)ကျပ် (၁၀)ပြည် တစ်ပြည် (၇၀၀၀)ကျပ်၊ ပြောင်းဖူးစေ့လှော် နို့ဆီဗူးတစ်လုံး(၇၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ ခရီးသွားပြည်သူများက ကိုယ်တိုင်စားသုံးရန်နှင့် လက်ဆောင်ပေးရန်အတွက် ဝယ်ယူကြကြောင်းသိရသည်။

DOCA (ပဲခူး)

ဒေသထွက် ကလားဝါးဥ(ခေါ်)ဝါးဥ ဈေးနှုန်းအခြေအနေ

           ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့အတွင်း ကျေးရွာများတွင် ကလားဝါးဥ (ခေါ်)ဝါးဥကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပါသည်။ ယခုအချိန် အောက်တိုဘာလတွင် ဝါးဥရာသီချိန် ဖြစ်၍ ဝါးဥများစတင်ထွက်ရှိနေပြီး မြို့နယ်ဈေးကွက်အတွင်း ဝါးဥ တစ်ပိဿာလျှင် ငွေကျပ် (၅၀၀၀) ကျပ် ၊(၅၀)ကျပ်သား(၂၅၀၀)ကျပ်၊(၂၅)ကျပ်သား (၁၂၅၀) ကျပ်ဖြင့် ဈေးတွင် ရောင်းချလျှက် ရှိရာ စားသုံးသူများ ကြိုက်နှစ်သက်၍ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။

          ဝါးဥသည် ပရိုတင်းဓာတ်နှင့် သန်ဓာတ်ကိုလည်း  အားဖြည့်ပေးပါသည်။ ဝါးဥကိုစားသုံး ပေးခြင်းဖြင့် ကျန်းမာရေးအတွက် ကောင်းကျိုးများကို ရရှိစေပါသည်။ ဝါးဥပင်ကို စိုက်ပျိုးရာတွင် တကူးတက စိုက်ပျိုးစရာ မလိုဘဲ ဝါးဥကို တူးဖော်စဉ်က အပင်တက်ထွက်ရာ ဝါးဥ၏ အမြီးပိုင်းကို လက်တစ်ဆစ်ခန့်ချိုး၍ တူးယူသောကျင်း၌ ပြန်လည်မြေဖို့၍ စိုက်ပျိုးခဲ့ပါသည်။ မိုးဦးကျမှသာ အပင်တက်များ ပြန်လည်ထွက် ပေါ်ခြင်းဖြင့် ဖြစ်ပါသည်။ အပင်အမြင့်မှာ (၃ - ၄) ပေခန့် အမြင့်ရှိပြီး မိုးအကုန်တူးဖော်ရာတွင် တစ်ပင်ကို ဥပွားများ (၃ - ၄) ဥပြန်လည်ထွက်ရှိပါသည်။

         ဝါးဥသည် အထိအခိုက် အထားခံ၍ သယ်ရလွယ်ကူသောကြောင့် ဒေသမရွေးမှာပင်ဝယ်ယူ ရရှိနိုင်ပါသည်။ဓာတုဆေးဝါးလည်း ကင်းလွတ်သော အော်ဂဲနစ် သီးနှံလည်းဖြစ်၍ ရာသီပေါ် ကလားဝါးဥ (ခေါ်) ဝါးဥကို စားသုံးသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။

DOCA (ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း