ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူခရိုင်တွင် ရောင်းချနေသော ဒီဇင်ဘာလ ဒုတိယပတ် ရေထွက်ကုန်ပုဇွန်ခြောက်၊ငါးခြောက် ဈေးနှုန်းအခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ “မြို့မဈေး”တွင် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများရောင်းချလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ရောင်းချနေသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းများမှာ ယခင်ပထမပတ်နှင့် နှိုင်းယှဉ်လျှင် အနည်းငယ်ပြောင်းလဲမှုရှိပြီး ပုဇွန်ခြောက်(အချို) (၁)ပိဿာလျှင် ကျပ်(၅၀၀၀၀)၊ ငါးပုတ်သင်ခြောက် (အကြီး) (၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ငါးပုတ်သင်(အသေး)(၁)ပိဿာလျှင် ကျပ် (၁၁၅၀၀)၊ ငါးကြီးသားခြောက် (၁)ပိဿာလျှင် ကျပ်(၄၂၀၀၀)၊ မြီးဆံသွယ်ခြောက်(၁)ပိဿာ လျှင် ကျပ်(၁၂၀၀၀)၊ မိသားစုခြောက် (၁)ပိဿာလျှင် ကျပ် (၁၇၅၀၀)၊ လသာခြောက်(အချို)(၁) ပိဿာလျှင် ကျပ်(၁၂၅၀၀)၊ လသာခြောက်(အငံ) (၁)ပိဿာလျှင် ကျပ် (၁၀၀၀၀)၊ ငါးရောင်ခြောက် (၁)ပိဿာလျှင် ကျပ်(၂၂၀၀၀)၊ ပလာတူးခြောက် (၁)ပိဿာလျှင် ကျပ် (၁၂၀၀၀)နှင့် ငါးရံ့ခြောက် အကောင်သေး(၁)ပိဿာလျှင် ကျပ် (၁၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးခြောက် ရောင်းချသည့် ဈေးဆိုင်လုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်တွင် ရောင်းချနေသော ဒီဇင်ဘာလ ဒုတိယပတ် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းအခြေအနေ

   စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

   ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိသော စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ပန်းဖူး(50)kg တစ်အိတ်လျှင် (၈၈၀၀၀)ကျပ်၊ မျှားကမ္ဘာ(50)kg တစ်အိတ်လျှင် (၇၇၀၀၀)ကျပ်၊ ကွန်ပေါင်း(10:10:5) (50)kg တစ်အိတ်လျှင်(၇၇၀၀၀)ကျပ်၊ ကွန်ပေါင်း (15:15:15) (50)kg တစ်အိတ်လျှင်(၁၆၅၀၀၀)ကျပ်၊ ပိုတက် (50)kg တစ်အိတ်လျှင် (၁၂၃၀၀၀)ကျပ်နှင့် ရွှေတောနစ် (၅၀၀)စီစီ တစ်ဘူးလျှင် (၁၂၀၀၀)ကျပ်၊ မိုရယ်လ်မုန်း (၅၀၀)စီစီ တစ်ဘူးလျှင် (၂၅၅၀၀) ကျပ်၊ ဟတ်ကာ(၅၀၀)စီစီ တစ်ဘူးလျှင် (၂၄၅၀၀)ကျပ် ၊ AP ဇာပြာ (၅၀၀)စီစီ တစ်ဘူးလျှင် (၂၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးရေးသုံးဆေးနှင့် ဆေးပစ္စည်း ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့ရှိ ပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာ ဆက်လက်ရောင်းချပေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ကန့်ဘလူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့စသည့်  တာဝန်ရှိသူများ၏ကြီးကြပ်မှုဖြင့်  ဆီကုန်သည်များနှင့် ပူးပေါင်းကာ (၈.၁၂.၂၀၂၃) ရက်နေ့ နံနက် ၀၈:၀၀ နာရီက ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ စားအုန်းဆီများကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

  အဆိုပါ စားအုန်းဆီများရောင်းချပေးရာတွင် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဝယ်ယူရရှိစေရန်  လူတစ်ဦးလျှင်(၅၀)ကျပ်သားကို ၂၇၀၀ ကျပ်ဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးပြီး လူဦးရေ(၁၅၀၀)ဦးအတွက် စားအုန်းဆီ ၇၅၀ ပိဿာရောင်းချပေးခဲ့ကြောင်း ဆီလုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ဘီးလင်းမြို့နယ်တွင် စားအုန်းဆီရောင်းချနေမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော  ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် မွန်ပြည်နယ်ဆီ ကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဘီးလင်းမြို့နယ်အတွက် ခွဲဝေရရှိထားသော (၁၁) ကြိမ်မြောက် စားဆီပေပါ (၁၄) ပေပါ (၁၅၄၀ ပိဿာ) အား ဘီးလင်းမြို့နယ်လုပ်ငန်းရှင်များက  ဘီးလင်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများတွင် (၄-၁၂-၂၀၂၃) ရက်နေ့မှ (၆-၁၂-၂၀၂၃) ရက်နေ့အထိ  ဆီရောင်းချနေမှုအား ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

   ထိုသို့ကြီးကြပ်ဆောင်ရွက်ရာတွင် မွန်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှခွဲဝေရရှိသော ဆီများအား ဘီးလင်းမြို့နယ်လုပ်ငန်းရှင်များက ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများအားရောင်းချရာတွင် တစ်ပိဿာလျှင် (၅၅၀၀) ကျပ်ဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့်ရောင်းချခဲ့ရာ စားသုံးသူများ စိတ်ကျေနပ်စွာဝယ်ယူခွင့်ရရှိခြင်းရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ်အရေအတွက်အတိုင်း ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အစီအစဉ်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီများရောင်းချပေး

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးတင့်ထူးနှင့် မစဖအဖွဲ့ဝင်များ ၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင် အရာရှိ ဦးစိုးထိုက်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင် တို့ပူးပေါင်း ကာ (၁.၁၂.၂၀၂၃) ရက်နေ့ နံနက်(၀၉:၀၀)နာရီ အချိန်မှ နေ့လယ်(၁၂:၀၀)အချိန်ထိ  ကျွန်းလှမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးဝင်းအတွင်း စားအုန်းဆီများကို နိုင်ငံ့ဝန်ထမ်းများ၏ လက်ဝယ်အရောက် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ စားအုံးဆီများ ရောင်းချရာတွင် နိုင်ငံ့ဝန်ထမ်းများ သက်သာသောဈေးနှုန်းဖြင့် စားအုံးဆီများ ဝယ်ယူရရှိစေရန်နှင့် စားဝတ်နေရေးအဆင်ပြေစေရန်အတွက် စားအုန်းဆီ (၁)ပိဿာလျှင် (၅၄၀၀)ကျပ်နှုန်း ၊ နိုင်ငံ့ဝန်ထမ်း (၁)ဦးလျှင် စားအုန်းဆီ(၁)ပိဿာနှုန်းဖြင့် ငံ့ဝန်ထမ်းဦးရေး(၅၅၀) တို့အား စားအုန်းဆီ (၅၅၀) ပိဿာတို့အား ရောင်းချပေးခဲ့ကြောင်း၊ စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော စားအုန်းဆီ တစ်ပိဿာ ရည်ညွှန်းဈေးဖြင့် ရရှိသည့်အပေါ် မူတည်၍ ဆက်လက်ရောင်းချပေးနိုင်ရေးအတွက် ကန့်ဘလူခရိုင်ဆီကုန်သည်များနှင့် ပူးပေါင်းစီမံဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အမှတ်(၁)ဈေးကြီးရှိ ငါးခြောက်ဈေးနှုန်းအခြေအနေ

     ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အမှတ်(၁)ဈေးကြီး၌ရောင်းချလျက်ရှိသော ငါးခြောက်အမယ်များမှာ ငါးနှပ်ခြောက်(အာဗြဲခြောက်)၊ ငါးပုပ်ခြောက်၊ ငါးနီတူခြောက်၊ ငါးလိပ်ကျောက်ခြောက်၊ ငါးရွှေခြောက်၊ ငါးအူမြင်းခြောက်၊ ငါးကွင်းဆက်ခြောက်၊ ငါးတံခွန်ခြောက် (အကောင်သေး)၊ ငါးတံခွန်ခြောက်ခွဲခြမ်း၊ ငါးဖောင်ရိုးခြောက်၊ ငါးစာပြက်၊ ငါးစင်ရိုင်းခြောက်၊ ပုစွန်ခြောက်(အကြီး)၊ ပုစွန်ခြောက်(အလတ်)၊ ပုစွန်ခြောက်(အသေး)၊ ပုစွန်ခြောက် အခွံပါအမှုန့်ခြောက်တို့ဖြစ်သည်။

     ၎င်းငါးခြောက်အမယ်စုံ၏ဈေးနှုန်းများမှာ ငါးနှပ်ခြောက်(အာဗြဲခြောက်)(အကြီး)တစ်ပိဿာလျှင် ကျပ်၄၀၀၀၀၊ ငါးနှပ်ခြောက်(အာဗြဲခြောက်)(အလတ်) တစ်ပိဿာလျှင် ကျပ်၃၂၀၀၀၊  ငါးနှပ်ခြောက်(အာဗြဲခြောက်)(အသေး) တစ်ပိဿာလျှင် ကျပ်၂၃၀၀၀၊ ငါးပုပ်ခြောက်တစ်ပိဿာလျှင် ကျပ်၂၅၀၀၀၊   ငါးနီတူခြောက်တစ်ပိဿာလျှင် ကျပ်၂၀၀၀၀၊   ငါးလိပ်ကျောက်ခြောက် တစ်ပိဿာလျှင် ကျပ်၂၄၀၀၀၊  ငါးရွှေခြောက်တစ်ပိဿာလျှင် ကျပ်၁၈၀၀၀၊  ငါးအူမြင်းခြောက်တစ်ပိဿာလျှင် ကျပ်၂၀၀၀၀၊   ငါးကွင်းရှပ်ခြောက်(အကြီး) တစ်ပိဿာလျှင် ကျပ်၄၂၀၀၀၊ ငါးကွင်းရှပ်ခြောက်(အလတ်)တစ်ပိဿာလျှင် ကျပ်၃၇၀၀၀၊ ငါးကွင်းဆက်ခြောက် (အသေး) တစ်ပိဿာလျှင် ကျပ်၂၂၀၀၀မှ ၃၀၀၀၀ကျပ်အတွင်း၊ ငါးတံခွန်ခြောက်(အကောင်သေး) တစ်ပိဿာလျှင် ကျပ်၁၂၀၀၀မှ ကျပ်၁၃၀၀၀အတွင်း၊ ငါးတံခွန်ခြောက်ခွဲခြမ်းတစ်ပိဿာလျှင် ကျပ်၁၂၀၀၀၊  ငါးဖောင်ရိုးခြောက်တစ်ပိဿာလျှင် ကျပ်၁၈၀၀၀၊ ငါးစာပြက်တစ်ပိဿာလျှင်  ကျပ်၂၁၀၀၀မှ ကျပ်၂၂၀၀၀အတွင်း၊ ငါးစင်ရိုင်းခြောက်တစ်ပိဿာလျှင် ကျပ်၂၂၀၀၀၊ ပုစွန်ခြောက် (အကြီး) တစ်ပိဿာလျှင် ကျပ် ၇၀၀၀၀၊  ပုစွန်ခြောက် (အလတ်) တစ်ပိဿာလျှင် ကျပ်၆၀၀၀၀၊  ပုစွန်ခြောက် (အသေး)တစ်ပိဿာလျှင် ကျပ်၅၄၀၀၀၊ ပုစွန်ခြောက်အခွံပါ အမှုန့်ခြောက်တစ်ပိဿာလျှင် ကျပ်၂၂၀၀၀တို့ဖြစ်သည်။ အဆိုပါငါးခြောက်ဈေးနှုန်းများမှာ အပတ်စဉ်လိုက် အနည်းငယ်အပြောင်းအလဲရှိနိုင်ကြောင်းသိရှိရပါသည်။

DOCA(မွန်)

 

ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အစီအစဉ်ဖြင့် စားအုန်းဆီများရောင်းချပေး

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏အစီအစဉ်ဖြင့် ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးတင့်ထူးနှင့် မစဖ အဖွဲ့ဝင်များ ၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးစိုးထိုက်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင် တို့ပူးပေါင်းကာ (၂၈.၁၁.၂၀၂၃) ရက်နေ့၊ (၂၉.၁၁.၂၀၂၃)ရက်နေ့၊ (၃၀.၁၁.၂၀၂၃) နှင့် (၅.၁၂.၂၀၂၃) ရက်နေ့ များတွင် နံနက်(၀၇:၀၀)နာရီအချိန်မှ (၀၈:၃၀)အချိန်ထိ  ပိတောက်မြိုင်ရပ်ကွက်၊ ပိတောက်မြိုင်ဈေးနှင့်  သစ်ရာမြိုင်ရပ်ကွက်၊ သစ်ရာမြိုင်ဈေး၊ ပျဉ်းမမြိုင်ရပ်ကွက် ၊ ပျဉ်းမမြိုင်ဈေးတို့တွင် စားအုန်းဆီများကို စားသုံးသူ ပြည်သူများ လက်ဝယ်အရောက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါစားအုန်းဆီများရောင်းချရာတွင် စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဝယ်ယူရရှိစေရန်နှင့် စားဝတ်နေရေးအဆင်ပြေစေရန်အတွက် စားအုန်းဆီ (၁)ပိဿာလျှင် (၅၄၀၀)ကျပ် နှုန်း၊ အိမ်ထောင်စု (၁)စုလျှင် စားအုံးဆီ(၅၀)ကျပ်သားနှုန်းဖြင့် အိမ်ထောင်စု(၁၃၀၀) ၊ လူဦးရေး(၁၃၀၀)ဦးတို့အား စားအုန်းဆီ(၆၅၀)ပိဿာရောင်းချပေးခဲ့ကြောင်း၊ စားအုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော စားအုန်းဆီ တစ်ပိဿာ ရည်ညွှန်းဈေးဖြင့် ရရှိသည့် အပေါ်မူတည်၍ ဆက်လက်ရောင်းချပေးနိုင်ရေးအတွက် ကန့်ဘလူခရိုင်ဆီကုန်သည်များနှင့် ပူးပေါင်းစီမံ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မှ ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မော်လမြိုင်မြို့၊ အေးသာယာဈေးရှိ ကုန်စိမ်းဈေးနှုန်းအခြေအနေ

   မော်လမြိုင်မြို့ အေးသာယာဈေး၌ ဒီဇင်ဘာလ (ပထမပတ်)တွင် ရောင်းချသည့်အမယ်မျိုးစုံများမှာ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ အာလူး၊ မုန်လာဥနီ၊ မုန်လာဥဖြူ၊ ရွှေဖရုံသီး၊ ဘူးသီး၊ သခွားသီး၊ ရုံးပလေသီး၊ ကြက်ဟင်းခါးသီး၊ ပဲထောင့်ရှည်၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ မြင်းခွာရွက်၊ မုန်ညှင်း၊ ခရမ်းသီး၊ သံပရာသီး၊ ပန်းသီး၊ နဂါးမောက်သီး၊ လိမ္မော်သီး၊ ကန်စွန်းဥ၊ ပိန်းဥ၊ အာတာလွတ်တို့ရောင်းချလျက်ရှိသည်။

    အဆိုပါကုန်စည်များ၏ ဈေးနှုန်းအခြေအနေမှာ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်၂၀၀၀၊ ဂေါ်ဖီထုပ်တစ်ထုပ်လျင် ကျပ်၂၀၀၀၊ အာလူးတစ်ပိဿာလျှင် ကျပ်၃၅၀၀၊ မုန်လာဥနီ တစ်ပိဿာလျှင် ကျပ်၅၀၀၀၊ ရွှေဖရုံသီးတစ်လုံးလျှင် ကျပ်၁၅၀၀၊ ဘူးသီးတစ်လုံးလျှင် ကျပ်၂၀၀၀၊ မုန်ညင်းတစ်ထုပ်လျှင် ကျပ်၁၂၀၀၊ ရုံးပတီသီးတစ်ပိဿာလျှင် ကျပ်၃၀၀၀၊ ကြက်ဟင်းခါးသီးတစ်ပိဿာလျှင် ကျပ်၂၀၀၀၊ ပဲထောင့်ရှည်တစ်စည်းလျှင် ကျပ်၂၅၀၀၊ ကန်စွန်းရွက်တစ်စည်းလျှင် ကျပ်၂၀၀၊ မြင်းခွာရွက်တစ်စည်းလျှင် ကျပ်၂၀၀၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် ကျပ်၁၀၀၊ ခရမ်းသီးတစ်ပိဿာလျှင် ကျပ်၃၀၀၀၊ ပန်းသီးတစ်လုံးလျှင် ကျပ်၁၀၀မှ ကျပ်၁၅၀၀အတွင်း၊  နဂါးမောက်သီးတစ်လုံးလျှင် ကျပ်၂၅၀၀၀မှ ကျပ်၃၅၀၀၊ သံပရာသီး တစ်လုံးလျှင် ကျပ်၂၀၀မှ ကျပ်၃၅၀အတွင်း၊ လိမ္မော်သီးတစ်ကီလိုလျှင် ကျပ်၄၀၀၀မှ ကျပ်၇၀၀၀အတွင်း၊ ကန်စွန်းဥတစ်ပိဿာလျှင် ကျပ်၂၅၀၀၊ ပိန်းဥတစ်ပိဿာလျှင် ကျပ်၄၀၀၀၊  အာတာလွတ်တစ်ပိဿာလျှင် ကျပ်၂၀၀၀ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မွန်)

 

  

ဒီဇင်ဘာလ ဒုတိယအပတ် ကျွန်းလှမြို့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

    မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား  နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည် ။

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင် (၃)ဆိုင် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိပြီး ဒီဇင်ဘာလ ပထမအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင်    (၂၅၉၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာ(၂၇၁၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာ(၂၂၉၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာ(၂၃၉၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

   ယခု ဒီဇင်ဘာလ ဒုတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင်    (၂၇၁၀)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာ(၂၈၄၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာ(၂၄၁၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာ(၂၅၀၅)ကျပ်ဖြင့် ရောင်းချသောကြောင့်  ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာ လျှင်(၁၂၀)ကျပ် ၊ ဓါတ်ဆီ(95) တစ်လီတာလျှင်(၁၂၅)ကျပ် ၊  ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင်(၁၁၅)ကျပ် နှင့် ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင်(၁၁၅)ကျပ် မြင့်တက်လျက်ရှိကြောင်း ကျွန်းလှမြို့ စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့ ကုန်းဘောင်ဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

    ရွှေဘိုမြို့ ၊အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် ဒီဇင်ဘာလ ပထမပတ်တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံ ဈေးနှုန်းများမှာ တောင်ကြီးမြို့နှင့်  ပြင်ဦးလွင်မြို့မှ ထွက်ရှိသည့် ထောပတ်သီး တစ်လုံးလျှင် (၅၀၀)ကျပ်မှ (၁၃၀၀)ကျပ်ထိ၊ ပန်းသီးတစ်လုံးလျှင် (၈၀၀)ကျပ်မှ (၃၀၀၀)ကျပ်ထိ၊ ပန်းသစ်တော်သီး တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ မန္တလေး ပွဲရုံများမှ မှာယူရောင်းချသည့် ပျားလိမ္မော် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ရွှေလိမ္မော် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ကျွဲကောသီး တစ်လုံးလျှင် (၂၅၀၀)ကျပ်၊ ဩဇာသီး တစ်လုံးလျှင် (၃၀၀)ကျပ်မှ (၅၀၀)ကျပ်ထိ၊ ဇီးပန်းသီး တစ်လုံး (၂၅၀)ကျပ်၊ သခွားမွှေး တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ ရမည်းသင်း မြို့မှ ထွက်ရှိသည့် စပျစ်သီး အချွန်းသီး(အစေ့လွတ်) တစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ စပျစ်သီး အဝိုင်းသီး တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ သလဲသီး တစ်လုံးလျှင် (၇၀၀) ကျပ်မှ (၁၃၀၀)ကျပ်ထိ၊ပင်မှည့်သီး တစ်လုံးလျှင် (၂၀၀)ကျပ်၊ ကဗ္ဗလာသီး တစ်လုံးလျှင် (၂၅၀)ကျပ်၊ ဆားတောင်မြို့ နှင့် ရွှေပန်းကုန်းရွာမှ ထွက်ရှိသည့် ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင် (၂၀၀၀)ကျပ်၊ ဖရဲသီး တစ်လုံးလျှင် (၁၃၀၀)ကျပ်မှ (၂၀၀၀)ကျပ်ထိ၊ မာလကာသီး တစ်လုံးလျှင် (၃၅၀)ကျပ်၊ ဗန်းမော်မြို့မှ မှာယူရောင်းချသည့် သစ်ကြားသီး တစ်လုံးလျှင် (၁၅၀)ကျပ်ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်းဘောင်ဈေးအတွင်း ရောင်းချသော သစ်သီးဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

                                     

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း