ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကုန်စည်ဒိုင်၏ ဆန်ဈေးနှုန်းအခြေအနေ

     မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဆန်ဈေးနှုန်းမြင့်တက်လာကြောင်းနှင့် ဒီဇင်ဘာလဆန်းတွင် ဧည့်မထဆန်(အသစ်)ထွက်ရှိလာကြောင်းသိရှိရသည်။

  မော်လမြိုင်မြို့ကုန်စည်ဒိုင်တွင် ဒီဇင်ဘာလ(ပထမပတ်)တွင် ဆန်ဈေးနှုန်းအခြေအနေမှာ ပေါ်ဆန်းမွှေးအနိမ့်ဈေး(၁၀၈ပေါင်)တစ်အိတ်လျှင် ကျပ်၁၁၅၀၀၀၊ ပေါ်ဆန်းမွှေးတစ်အိတ်လျှင် အနိမ့်ဈေး(၁၀၈)ကျပ်၁၁၈၀၀၀၊ ပေါ်ကျွဲ အမြင့်ဆုံး (၁၀၈ပေါင်) တစ်အိတ်လျှင် ကျပ်၉၈၅၀၀၊ ပေါ်ကျွဲ အနိမ့်ဈေး(၁၀၈ပေါင်) တစ်အိတ်လျှင် ကျပ်၁၀၁၅၀၀၊ ဧည့်မထ (အသစ်)အနိမ့်ဆုံး(၁၀၈ပေါင်) တစ်အိတ်လျှင်ကျပ်၆၅၀၀၀ ဧည့်မထ(အသစ်)အမြင့်ဆုံး (၁၀၈ပေါင်) တစ်အိတ်လျှင် ကျပ်၆၉၀၀၀ဖြစ်ကြောင်းသိရပါသည်။

     နိုဝင်ဘာလ(ပထမပတ်)အတွင်းဖြစ်ပေါ်ခဲ့သော ဆန်ဈေးနှုန်းမှာ ပေါ်ဆန်းမွှေး အနိမ့်ဈေး(၁၀၈ပေါင်) တစ်အိတ်လျှင်    ကျပ်၁၀၄၀၀၀၊ ပေါ်ဆန်းမွှေး အနိမ့်ဈေး (၁၀၈) ကျပ်၁၀၇၀၀၀၊ ပေါ်ကျွဲ အမြင့်ဆုံး (၁၀၈ပေါင်)တစ်အိတ်လျှင် ကျပ်၉၆၅၀၀၊ ပေါ်ကျွဲ အနိမ့်ဈေး(၁၀၈ပေါင်) တစ်အိတ်လျှင် ကျပ်၉၉၅၀၀၊ ဧည့်မထအနိမ့်ဆုံး (၁၀၈ပေါင်) တစ်အိတ်လျှင် ကျပ်၇၃၀၀၀ ဧည့်မထအမြင့်ဆုံး(၁၀၈ပေါင်) တစ်အိတ်လျှင် ကျပ်၇၆၀၀၀ဖြစ်၍ နှိုင်းယှဉ်မှုအရ ယခုလတွင် ဆန်ဈေးနှုန်းမှာ ကျပ်၁၀၀၀၀ကျော်ခန့်မြှင့်တက်လာကြောင်း၊ သို့သော်   အဆိုပါဆန်ဈေးနှုန်းများမှာ အပတ်စဉ်ပြောင်းလဲမှုရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)

 

 

 

 

စားသုံးဆီဈေးများ အနည်းငယ်ကျဆင်း

  စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ်မေးမြန်း တင်ပြလျက်ရှိရာ ဒီဇင်ဘာလ ပထမပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီ ဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။

  ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး နိုဝင်ဘာလ နောက်ဆုံးပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၅၁၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၄၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခုဒီဇင်ဘာလ ပထမပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၅၁၀၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၃၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေသဖြင့် စားသုံးဆီ တစ်ပိဿာဈေးနှုန်း နှိုင်းယှည်ကြည့်ပါက စားအုန်းဆီဈေးနှုန်းမှာ ယခင်ပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး၊  ပဲဆီသန့်နှင့် နှမ်းဆီသန့်မှာ  တစ်ပိဿာလျှင် (၁၀၀၀) ကျပ် ဈေးနှုန်း အနည်းငယ်ကျဆင်းလျက်ရှိကြောင်း စားသုံးဆီလက်ကားအရောင်းဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ သီရိရတနာဈေးရှိ သစ်သီးဝလံဈေးနှုန်းများအခြေအနေ

    မုံရွာမြို့ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

   ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၈၀၀၀)ကြား၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၉၀၀၀)ကြား၊ လိမ္မော်(ရိုးရိုး) (၁)ပိဿာလျှင် ကျပ်(၉၀၀၀မှ ၁၀၀၀၀) ကြား၊ စတော်ဘယ်ရီ(၁)ပိဿာလျှင် ကျပ်(၈၀၀၀မှ ၉၅၀၀)ကြား၊  ပန်းသစ်တော် (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ ပန်းသီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ ကျွဲကောသီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ တယ်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၀၀၀)ကြား၊ သခွားမွှေး (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(ကြီး) (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၂၅၀၀)ကြား၊ ဖရဲသီး(သေး) (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ နာနတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ နှင်းသီး(၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀)ကြား၊ နဂါးမောက်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ မင်းဂွတ်သီး(၁)လုံးလျှင် ကျပ်(၁၅၀မှ ၃၀၀)ကြား၊ ငှက်ပျောသီး ဖီးကြမ်းတစ်ဖီးလျှင် ကျပ်(၁၅၀၀မှ ၂၅၀၀)ကြား၊ ငှက်ပျောသီးမွှေးတစ်ဖီးလျှင် ကျပ်(၁၅၀၀မှ ၂၀၀၀)ကြား၊ စပျစ်သီး (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀မှ ၁၃၀၀၀)ကြားဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

                                               

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင်ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

   မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌ ရောင်းချနေသော ပုစွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုစွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့်ဒေသအ‌ပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ဈေးနှုန်းကွာခြားလျက်ရှိပါသည်။

     ယခုဒီဇင်ဘာလ ပထမပတ်တွင်ရောင်းချနေသော ဈေးနှုန်းများမှာ ပုစွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၆၅၀၀၀)မှ ကျပ်(၈၅၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၆၀၀၀၀မှ ၈၀၀၀၀)၊ ငါးပုတ်လုံးခြောက်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၁၈၅၀၀)၊  ငါးပုတ်သင်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၈၀၀၀)၊ အာဗြဲခြောက်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၂၂၀၀၀)၊ ငါးကျည်း ခြောက်(၁)ပိဿာလျှင် ကျပ်(၃၅၀၀၀မှ ၄၅၀၀၀)၊ ငါးနီတူးခြောက် (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀ မှ ၁၄၀၀၀)၊ ငါးဖန့်ဝိုင်း(ငါးပိကောင်) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၇၅၀၀)ရှိကြောင်း ချင်းတွင်းရတနာဈေးတွင်ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှသိရပါသည်။

DOCA(စစ်ကိုင်း)

အထက်မင်းလှမြို့၊ ပန်းတော်ပြင်ကျေးရွာ၌ ဥယျာဉ်ခြံမြေစိုက်ပျိုးမှုအခြေအနေ

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့ပတ်ဝန်းကျင်ရှိကျေးရွာများဖြစ်သော ဥယျာဉ်၊ ပန်းတော်ပြင်၊ မယ်ဇလီတော၊ ရွာတော်‌ကျေးရွာများသည် စိုက်ပျိုးရေးကိုအဓိကထား လုပ်ကိုင်ကြပါသည်။ ပန်းတော်ပြင်ကျေးရွာ၌ ဥယျာဥ်ခြံမြေလုပ်ကိုင်သူတောင်သူ ဦးသိန်းထိုက်၏ စိုက်ပျိုးမြေဧကမှာ (၃) ဧကနီးပါးရှိပြီး ခရမ်းချဉ်သီး၊ ငရုတ်၊ ကြက်သွန်နီ၊ ခရမ်းသီး၊ မုန်လာဥ၊ ပဲသီး၊ ပြောင်း၊ ဆလပ်ရွက်၊ ဆူးပုပ်ရွက်၊ နံနံပင်စသောသီးပင်များနှင့် နှစ်ရှည်သီးပင်များဖြစ်သော မာလကာပင်၊ သလဲပင်၊ ပိန္နဲပင်၊ သရက်ပင်အပါအဝင် သင်္ဘောပင်၊ ငှက်ပျောပင်များကို ရာသီအလိုက် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

   စိုက်ပျိုးသည့်မျိုးပင်အများစုကို ရန်ကုန်၊ မန္တလေးနှင့် ကျောက်ပန်းတောင်မြို့တို့မှ အများဆုံးဝယ်ယူပြီး ရေသွင်းစိုက်ပျိုးခြင်းဖြစ်ကြောင်း၊  ခရမ်းချဉ်သီးမှာတိုင်ထောင်စနစ်ဖြင့် ထိုင်ဝမ်မျိုးကို စိုက်ပျိုးထားပြီး ယခု ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် (၁) ပိဿာလျှင် ကျပ်(၁၅၀၀) ရရှိကြောင်း၊  ဆူးပုပ်ပင်မှာ ဆူးပုပ်ကြီးမျိုးဖြစ်ပြီး မျိုးစေ့တစ်ဘူးလျှင် ကျပ် (၄၀၀၀) ပေးရပြီး အပင် (၁၀၀) နီးပါးစိုက်ပျိုးထားကြောင်း၊ ပေါ်ဦးပေါ်ဖျားအချိန်တွင် (၁) ပိဿာလျှင် ကျပ် (၈၀၀၀) ရရှိပြီး ယခု ဒီဇင်ဘာလ(ပထမပတ်)တွင် (၁)ပိဿာလျှင် ကျပ် (၅၀၀၀ မှ ၆၀၀၀) ကြားသာ ရရှိကြောင်း၊ ခရမ်းသီးမှာ ယခင်နှစ်ကမျိုးဖြစ်သော ထောပတ်မျိုးနှင့်ဆင်ဆွယ်မျိုးကို စိုက်ပျိုးပြီး (၁) ပိဿာလျှင် ကျပ် (၁၅၀၀) ရရှိကြောင်း၊ ပဲသီးမှာ ထိုင်ဝမ်မျိုးကိုတိုင်ထောင်စနစ်ဖြင့် စိုက်ပျိုးထားပြီး အသီးဝင်စအချိန်သာရှိသေးကြောင်း၊ ကြက်သွန်နီ၊ ပြောင်း၊ ငရုတ်တို့လည်း စိုက်ပျိုးထားဆဲဖြစ်ကြောင်း၊ နှစ်ရှည်သီးပင်များဖြစ်သော မာလကာမျိုးမှာ ကီလိုမျိုးဖြစ်ပြီး  မျိုးပင်တစ်ပင်လျှင် ကျပ် (၂၅၀၀) ဖြင့်ဝယ်ယူရကြောင်း၊ အပင်မှာ (၁၅၀) နီးပါး စိုက်ပျိုးထားရှိကာ ယခုလက်ရှိဒီဇင်ဘာလ (ပထမပတ်) တွင် မာလကာသီး (၁) လုံးလျှင် အလုံးအကြီးအသေးပေါ်မူတည်၍ ကျပ် (၅၀၀ မှ ၁၀၀၀) ရရှိကြောင်း၊ ငှက်ပျောပင်မှာ ဖီးကြမ်းမျိုးဖြစ်ပြီး အပင် (၅၀) နီးပါးရှိကြောင်း၊ တစ်ဖီးလျှင် ကျပ် (၂၀၀၀-၂၅၀၀) ရရှိကြောင်း၊ သင်္ဘောပင်မှာထိုင်ဝမ်မျိုးဖြစ်ပြီး  မျိုးစေ့တစ်ထုပ်လျှင် ကျပ် (၆၀၀၀၀) ပေးရပြီး အပင် (၂၀) ကျော် စိုက်ပျိုးထားရှိကြောင်း၊ အလုံးအကြီး၊ အသေးခွဲ၍ (၁) ပိဿာလျှင် ကျပ် (၁၅၀၀-၂၀၀၀) ရရှိကြောင်း၊ သလဲသီးမှာ ထိုင်ဝမ်မျိုးဖြစ်ပြီး အပင် (၂၀) နီးပါးစိုက်ပျိုးထားရှိကြောင်း၊ ပိန္နဲပင်နှင့်သရက်ပင်တို့မှာ  မြန်မာမျိုးများကိုသာစိုက်ပျိုးထားရှိကြောင်း၊ ယခုနိုင်ငံတော်အစိုးရမှ နိုင်ငံစီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် တောင်သူ (၃) ဦး တစ်စုလျှင်  ချေးငွေတစ်စုစီထုတ်ချေးခဲ့ရာ ဆိုလာဝယ်ယူ၍ ဆိုလာစနစ်ဖြင့်ရေသွင်းသည့်အတွက် စက်သုံးဆီစရိတ်မှာသက်သာလာ၍ ဥယျာဉ်ခြံကုန်ကျစရိတ်မှာ လျော့နည်းလာကြောင်း၊ ဥယျာဉ်ခြံမြေ လုပ်ငန်းအတွက် ကုန်ကျစရိတ်မှာ မျိုးစရိတ်၊ သွင်းအားစု၊ လုပ်အားခ အပါအဝင် တစ်နှစ်လျှင် ခန့်မှန်းခြေမှာ ကျပ်သိန်း ( ၂၀ မှ ၂၅ ) သိန်းကြား ကုန်ကျပါကြောင်း၊ ထွက်ရှိသောသီးနှံများကို မလွန်ဈေး၊ မင်းလှဈေး၊ ဘက်စုံဈေး၊ မန်းသံပုရာကန်ရေနံချက်စက်ရုံ(PIC)ဈေးများသို့ တင်သွင်းရောင်းချကြောင်း၊ မိမိအနေဖြင့် သီးပင်၊ စားပင်လုပ်ငန်းအပြင် ပန်းပင်စသောပျိုးပင်များ ရောင်းချနိုင်ရန် အတွက်လည်း ရည်ရွယ်၍ စတင်စိုက်ပျိုးလျက်ရှိကြောင်း ပန်းတော်ပြင်ကျေးရွာနေဥယျာဉ်ခြံစိုက်ပျိုးလုပ်ကိုင်သူဦးသိန်းထိုက်ထံမှ သိရှိရပါသည်။

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်းရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများအခြေအနေ

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဈေးများတွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)အတွင်း၌ ရွှေဘိုပေါ်ဆန်း (တစ်အိတ်)လျှင် ၁၂၅,၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(တစ်အိတ်)လျှင် ၁၄၅,၀၀၀ကျပ်၊ ဧည့်မထ ဆန် (တစ်အိတ်)လျှင် ၁၀၅,၀၀၀ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ကျပ်၊ နှမ်းဆီ (တစ်ပိဿာ) လျှင် ၁၂၅၀၀ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၅၅၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၆၀၀ကျပ်မှ ၇၀၀ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) လျှင် ၁၃၀၀၀ကျပ်မှ ၁၄၀၀၀ ကျပ်၊ ကြက်သွန်နီ (တစ်ပိဿာ) လျှင် ၃၀၀၀ကျပ်မှ ၃၂၀၀ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) (တစ်ပိဿာ)လျှင် ၁၂၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ)လျှင် ၁၄၅၀၀ကျပ်မှ ၁၅၀၀၀ကျပ်၊ အာလူး (တစ်ပိဿာ)လျှင် ၃၂၀၀ကျပ်မှ ၃၅၀၀ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၃၂၀၀ကျပ်မှ ၃၅၀၀ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၉၂၀၀ကျပ်မှ ၉၅၀၀ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ)လျှင် ၂၀၀၀ကျပ်၊ ဂေါ်ဖီထုပ် (တစ်ထုပ်) လျှင် ၁၀၀၀ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)(တစ်စည်း)လျှင် ၆၀၀ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် ၁၀၀၀၀ကျပ်မှ ၁၁၀၀၀ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၈၀၀၀ကျပ်မှ ၁၉၀၀၀ကျပ်၊ အမဲသား (တစ်ပိဿာ) လျှင် ၁၆၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင် ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၁၁၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၅၀ကျပ်၊ ဘဲဥ (၁)လုံးလျှင် ၃၅၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်၊ ဖရဲသီး (၂၁၁) (၁)လုံးလျှင် (၁၀၀၀-၃၀၀၀) ကျပ်အတွင်း စသည်ဖြင့် ဈေးနှုန်းအသီသီးရှိကြောင်းသိရသည်။

  ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက အခြေခံစားသောက်ကုန်များဖြစ်သည့် အမဲသားဈေးနှုန်းအနည်းငယ်တက်နေပြီး  စားအုန်းဆီဈေးနှုန်းများမှာ ရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီ/ လက်ကား ရောင်းဝယ်ဖောက်ကားရောင်းချနေသော ကုန်သည်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)     

စစ်ကိုင်းတိုင်းဒေသကြီးတွင်ဖြစ်ပေါ်နေသော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်း၊ ဈေးကွက်အခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ပဥ္စမပတ်တွင် ဓာတ်မြေသြဇာဈေးနှုန်းများမှာ အာမို (၁၀:၁၀:၅) တစ်အိတ်လျှင် (၈၅,၀၀၀)ကျပ်၊ ‌ရွှေကောမတ်(၂၀:၁၂:၁၂)တစ်အိတ်လျှင် (၁၂၅,၀၀၀) ကျပ်၊ ယူရီးယား (ရွှေတောင်)တစ်အိတ်လျှင် (၉၀,၀၀၀)ကျပ်၊ တီစူပါ၄၆% သံကွင်း(တရုတ်) တစ်အိတ်လျှင် (၈၅,၀၀၀) ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ်လျှင် (၈၇၀၀၀)ကျပ်၊ မျှားကမ္ဘာ(တရုတ်) တစ်အိတ်လျှင် (၇၇,၀၀၀)ကျပ်၊ ပုလဲ(ရွှေတောင်)တစ်အိတ်လျှင် (၈၀,၀၀၀)ကျပ်၊ တီစူပါတစ်အိတ်လျှင် (၇၄,၀၀၀) ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ)တစ်အိတ်လျှင် (၁၆၀,၀၀၀)ကျပ်၊ ပန်းဖူး(မြန်မာ့သြဘာ) တစ်အိတ်လျှင် (၇၂,၀၀၀) ကျပ်၊ အာမို(၁၅: ၁၅:၁၅)တစ်အိတ်လျှင် (၁၃၅,၀၀၀)ကျပ်၊ သံဂွန်း (၁၅:၁၅:၁၅)တစ်အိတ်လျှင် (၉၀,၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅)တစ်အိတ်လျှင် (၁၅၄,၀၀၀)ကျပ်၊ MC(ကွန်ပေါင်း) တစ်အိတ်လျှင် (၁၄၀,၀၀၀)ကျပ်၊ ဇာမဏီ (ကွန်ပေါင်း) တစ်အိတ်လျှင် (၇၁,၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး ပိုးသတ်ဆေးအမျိုးအစားများဖြစ်သည့် စတား(အာမို) (100CC)တစ်ဘူးလျှင် (၅,၅၀၀)ကျပ်၊ လန်ဒါ (ဝိစာရ) (500CC)တစ်ဘူးလျှင် (၁၇,၅၀၀) ကျပ်၊ ဘက်တား (100CC)တစ်ထုပ်လျှင် (၂၁,၅၀၀)ကျပ်၊ ဆန်နာဂျီ(100CC) တစ်ထုပ်လျှင် (၁၈,၀၀၀) ကျပ်၊ ရွှေတောနစ် (မြင်းကြား) (500CC)တစ်ဘူးလျှင် (၁၁,၅၀၀)ကျပ်၊ မိုရယ်မုန် (500CC)တစ်ဘူးလျှင် (၂၅,၅၀၀)ကျပ်၊ ဖို့စတင်း(သြဘာ) (1Liter)တစ်ဘူးလျှင် (၃၄,၀၀၀) ကျပ်၊ ဒါနာဒင်(ဩဘာ) (1Liter)တစ်ဘူးလျှင် (၅၁၀၀၀) ကျပ်၊ အစီဖိတ် (ဩဘာ)(500g)တစ်ဘူးလျှင် (၂၅,၀၀၀)ကျပ်၊ ရွှေစိုက်ပါ(1Liter)တစ်ဘူးလျှင် (၂၈,၀၀၀)ကျပ်၊ အီမာ(1Liter) တစ်ဘူးလျှင် (၃၄,၀၀၀) ကျပ်၊ သန်းဒါး(10CC) တစ်ဘူးလျှင် (၁,၈၀၀)ကျပ်၊ ဒိုဇာ(10g)တစ်ဘူးလျှင် (၂,၀၀၀)ကျပ်၊ ထိသေ/စားသေ (1Liter)တစ်ဘူးလျှင် (၁၃၃၀၀)ကျပ်၊ ပင်လုံးပြန့်(1Liter) တစ်ဘူးလျှင် (၂၉,၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရသည်။

   ဒီဇင်ဘာလ ပထမပတ်တွင် ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် အာမို (၁၀:၁၀:၅) တစ်အိတ်လျှင် (၈၅,၀၀၀)ကျပ်၊ ‌ရွှေကောမတ်(၂၀:၁၂:၁၂)တစ်အိတ်လျှင် (၁၂၅,၀၀၀)ကျပ်၊ ယူရီးယား (ရွှေတောင်)တစ်အိတ်လျှင် (၉၀,၀၀၀)ကျပ်၊ တီစူပါ၄၆% သံကွင်း(တရုတ်) တစ်အိတ်လျှင် (၈၅,၀၀၀) ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ်လျှင် (၈၇၀၀၀)ကျပ်၊ မျှားကမ္ဘာ(တရုတ်) တစ်အိတ်လျှင် (၇၇,၀၀၀)ကျပ်၊ ပုလဲ(ရွှေတောင်)တစ်အိတ်လျှင် (၈၂,၀၀၀)ကျပ်၊ တီစူပါတစ်အိတ်လျှင် (၇၄,၀၀၀) ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ)တစ်အိတ်လျှင် (၁၆၀,၀၀၀)ကျပ်၊ ပန်းဖူး(မြန်မာ့သြဘာ) တစ်အိတ်လျှင် (၇၂,၀၀၀) ကျပ်၊ အာမို(၁၅: ၁၅:၁၅)တစ်အိတ်လျှင် (၁၃၅,၀၀၀)ကျပ်၊ သံဂွန်း (၁၅:၁၅:၁၅)တစ်အိတ်လျှင် (၉၀,၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅)တစ်အိတ်လျှင် (၁၅၄,၀၀၀)ကျပ်၊ MC(ကွန်ပေါင်း) တစ်အိတ်လျှင် (၁၄၀,၀၀၀)ကျပ်၊ ဇာမဏီ (ကွန်ပေါင်း) တစ်အိတ်လျှင် (၇၁,၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး ပိုးသတ်ဆေးအမျိုးအစားများဖြစ်သည့် စတား(အာမို) (100CC)တစ်ဘူးလျှင် (၅,၅၀၀)ကျပ်၊ လန်ဒါ (ဝိစာရ) (500CC)တစ်ဘူးလျှင် (၁၇,၅၀၀) ကျပ်၊ ဘက်တား (100CC)တစ်ထုပ်လျှင် (၂၁,၅၀၀)ကျပ်၊ ဆန်နာဂျီ(100CC) တစ်ထုပ်လျှင် (၁၈,၀၀၀) ကျပ်၊ ရွှေတောနစ် (မြင်းကြား) (500CC)တစ်ဘူးလျှင် (၁၂၀၀၀)ကျပ်၊ မိုရယ်မုန် (500CC)တစ်ဘူးလျှင် (၂၅,၅၀၀)ကျပ်၊ ဖို့စတင်း(သြဘာ) (1Liter)တစ်ဘူးလျှင် (၃၄,၅၀၀) ကျပ်၊ ဒါနာဒင်(ဩဘာ) (1Liter)တစ်ဘူးလျှင် (၅၁၀၀၀) ကျပ်၊ အစီဖိတ် (ဩဘာ)(500g)တစ်ဘူးလျှင် (၂၅,၀၀၀)ကျပ်၊ ရွှေစိုက်ပါ(1Liter)တစ်ဘူးလျှင် (၂၈,၀၀၀)ကျပ်၊ အီမာ(1Liter) တစ်ဘူးလျှင် (၃၄,၀၀၀) ကျပ်၊ သန်းဒါး(10CC) တစ်ဘူးလျှင် (၁,၈၀၀)ကျပ်၊ ဒိုဇာ(10g)တစ်ဘူးလျှင် (၂,၀၀၀)ကျပ်၊ ထိသေ/စားသေ (1Liter)တစ်ဘူးလျှင် (၁၃၃၀၀)ကျပ်၊ ပင်လုံးပြန့်(1Liter) တစ်ဘူးလျှင် (၂၉,၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်အပတ်နှင့် ယခုအပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ဈေးနှုန်းများအနည်းငယ်ပြောင်းလဲမှုရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် ဒီဇင်ဘာလ ပထမပတ်၌ ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

   မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

    ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၅၇၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၇၀၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၂၈၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၃၇၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

    ယခု ဒီဇင်ဘာလ ပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာ လျှင် (၂၅၂၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၆၃၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၂၇၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၃၃၅)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၄၅)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၆၅)ကျပ် ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၁၀)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၄၀)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူခရိုင်၏ ဒီဇင်ဘာလ ဒုတိယပတ် စပါး၊ဆန်ဈေးနှုန်း အခြေအနေ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရန် ဒေသတွင်းရှိ စက်ပိုင်များ၊ ကုန်သည်များ၊ တောင်သူမျာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း စပါး၊ ဆန်ဈေးနှုန်းမှာ ယခင်အပတ်ထက် အနည်းငယ်ကျဆင်းနေကြောင်း ကန့်ဘလူခရိုင်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော စပါး၊ ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် ကျပ် ၃၅၅၀၀၀၀၊ ဧရာမင်း စပါးတင်း (၁၀၀)လျှင် ကျပ် ၂၉၀၀၀၀၀ နှင့် နွေစပါးရွှေဝါထွန်း စပါးတင်း(၁၀၀)လျှင် ကျပ် ၁၆၁၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်(၂၄)ပြည်တစ်အိတ်လျှင် ကျပ် ၁၂၅၀၀၀၊ ဧရာမင်းဆန်(၂၄)ပြည် တစ်အိတ်လျှင် ကျပ် ၁၂၅၅၀၀ နှင့် ရွှေဝါထွန်းဆန်(၂၄)ပြည်တစ်အိတ်လျှင် ကျပ် ၆၉၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်နှင့် ချိတ်ဆက်မေးမြန်းမှုအရ သိရသည်။       

DOCA(စစ်ကိုင်း)

ပေါက်မြို့နယ်၊ အောက်ကျင်းကျေးရွာ၌ ဧရာပဒေသာစပါးများရိတ်သိမ်းလျက်ရှိ

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ယောချောင်းဘေးရှိကျေးရွာများသည် စိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်ကြပြီး ပျဉ်းချောင်း၊ အောက်ကျင်း၊ ဆယ်ဝ၊ ဆင်သေ၊ ဆူးလေကုန်းကျေးရွာများ၌ ဧရာပဒေသာစပါးများ ရိတ်သိမ်းလျက်ရှိကြောင်းသိရှိရပါသည်။

   အောက်ကျင်းကျေးရွာတွင် ဧရာပဒေသာစပါးစိုက်တောင်သူ(၁၅၀)နီးပါးရှိပြီး စိုက်ပျိုးမြေ လယ်ဧကမှာ(၈၀ မှ ၁၀၀)နီးပါးကြားရှိကြောင်းသိရှိရပါသည်။ မိမိတို့မြို့နယ်အတွင်း ဆန်ဖူလုံမှုရှိစေ ရေးအတွက် တောင်သူများမှတစ်နိုင်တစ်ပိုင်အဖြစ် ဧရာပဒေသာစပါးကိုစိုက်ပျိုးကြပါကြောင်း၊ ဧရာ ပဒေသာ စပါးမျိုး(၁၂)ပြည်(၁)အိတ်လျှင် ကျပ်(၄၅၀၀၀)ဖြင့် ကျောက်ဆည်ဒေသဘက်မှဝယ်ယူ ကြောင်း၊ ပျိုးထောင်စနစ်ဖြင့် (၁)ဧကလျှင်မျိုး(၆)ပြည်ခန့်အသုံးပြုရပြီး ဇူလိုင်လနှင့်ဩဂုတ်လတို့ တွင်စတင်စိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီးရက်ပေါင်း(၁၂၀)အကြာတွင် ရိတ်သိမ်းရကြောင်း၊ စတင် စိုက်ပျိုးချိန်မှ စပါးရိတ်သိမ်းခါနီးအချိန်ထိ ရေပုံမှန်သွင်းပေးရကြောင်း၊ ရိတ်သိမ်းချိန်တွင် လုပ်အားခ အနေဖြင့် အလုပ်သမားတစ်ဦးလျှင် ကျပ်(၁၀၀၀၀ မှ ၁၂၀၀၀)ကြားပေးရပါကြောင်း၊  (၁)ဧကလျှင် စတင်ရိတ်သိမ်းချိန်မှ ရိတ်သိမ်းပြီးသည်အထိ ကုန်ကျစရိတ်မှာ စုစုပေါင်းကျပ် (၅၀၀၀၀၀)နီးပါး ရှိကြောင်း၊ ယခင်နှစ်တွင် ဧရာပဒေသာစပါးစိုက်(၁)ဧကလျှင် တင်း(၈၀)နီးပါးရရှိပြီး ယခုနှစ်တွင် မုန်းတိုင်းဝင်ရောက်၍ မိုးများသွားသောကြောင့် မျိုးမအောင်ခြင်းဖြစ်၍ စပါး(၁)ဧကလျှင် အထွက် နှုန်းမှာ တင်း(၄၀ မှ ၅၀)ကြားသာရှိကြောင်း၊ ဧရာပဒေသာစပါးစိုက်ဧက(၄)ဧကရှိပြီး ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)မှ စတင်ရိတ်သိမ်းလျက်ရှိရာ ယခုဒီဇင်ဘာလဆန်းပိုင်းတွင် အကုန် ရိတ်သိမ်းပြီးဖြစ်ပါကြောင်း၊ ထွက်ရှိသောစပါးများကို ရွာရှိဆန်စက်တွင် တစ်အိတ်လျှင် ကျပ်(၁၅၀၀) ပေး၍ကြိတ်ရပါကြောင်း၊ ယခင်နှစ်က ဧရာပဒေသာဆန်ပေါ်စတွင် တစ်အိတ်လျှင် ကျပ်(၅၀၀၀၀ မှ ၆၀၀၀၀)ကြားရရှိပြီး ယခု ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလတွင် ဆန်သစ်တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀) ထိရရှိပါကြောင်း၊ ယခင်နှစ်လက်ကျန်ဧရာပဒေသာဆန်‌အဟောင်းတစ်အိတ်လျှင် ကျပ်(၁၂၀၀၀၀) ထိဈေးရကြောင်း၊  ထွက်ရှိသောဧရာပဒေသာဆန်များကို မိမိတို့မြို့နယ်အတွင်း၌သာ ရောင်းချပါ ကြောင်း စပါးစိုက်တောင်သူတစ်ဦးဖြစ်သည့် အောက်ကျင်းကျေးရွာနေ ဒေါ်အေးချိုထံမှ သိရှိရပါသည်။

DOCA(မကွေး) 

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း