ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့နယ် ကံလှကျေးရွာ ထန်းလက်ကုလားထိုင်လုပ်ငန်း

          တောင်ငူမြို့နှင့် အနီးတဝိုက်တွင် ထန်းပင်ထန်းတောများ ပေါများစွာရှိရာ ထန်းပင်များကို အမှီပြု၍ အပိုဝင်ငွေရရှိသော လုပ်ငန်းများအနက် ထန်းလက်ကုလားထိုင်လုပ်ငန်းလည်း တစ်ခု အပါ အဝင်ဖြစ်ပါသည်။

           တောင်ငူမြို့ အနောက်ဖက် ကံလှကျေးရွာနေ တောင်သူလယ်သမား မိသားစုများသည် လယ်ယာလုပ်ငန်းခွင်မှ အားလပ်သည့် အချိန်များတွင် ထန်းလက်ကုလားထိုင်ပြုလုပ်ရောင်းချခြင်း ဖြင့် အပိုဝင်ငွေရရှိကြပါသည်။

      ထန်းလက်ကုလားထိုင်ပြုလုပ်ရန်အတွက် ထန်းကြီးလက်များကို ထန်းပင်များမှ ခုတ်ယူပြီး နေပူခံကာ အခြောက်လှန်းထားရပါသည်။ ယင်းသို့ နေပူခံကာ အခြောက်လှန်းထားသော ထန်းလက်များဖြင့် ပြုလုပ်သော ပက်လက်ကုလား ထိုင်များသည် ရေရှည်ခိုင်ခန့်မှုရှိပါသည်။ ထန်းလက်ကုလားထိုင် ၁ လုံးတွင် ထန်းလက် ၂၀ ခန့်အသုံးပြုရကြောင်း သိရပါသည်။ ထန်းလက် ကုလားထိုင်များကို ထန်းသားများဖြင့် သီးသန့်ပြုလုပ်ကာ ရောင်းချသူများရှိသလို ထန်းသားနှင့် ဝါးရော၍ ပြုလုပ်ပြီး ရောင်းချသူများလည်းရှိပါသည်။

              ထန်းသားသီးသန့်ဖြင့် ပြုလုပ်ထားသော ကုလားထိုင်များသည် ဝါးနှင့်ရော၍ ပြုလုပ်ထား သည့် ကုလားထိုင်များထက် ပိုမိုခိုင်ခံ့ပြီး  ဈေးပိုရကြကြောင်း၊ ထန်းလက်ကုလားထိုင်များကို မှာယူ သူများသို့ ၁ လုံးလျှင် ငွေ ၁၀၀ဝဝ ကျပ်ဖြင့်ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဒီဇင်ဘာလ (ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ရွှေဘိုနှမ်းဈေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ၊ ပထမပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံဈေးနှုန်း အခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းခဲ့ပါသည်။ ဆက်သွယ်မေးမြန်းမှုအရ  နှမ်းဖြူနှင့် နှမ်းနက်များမှာ နိုဝင်ဘာလ၊ တတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း၊ ဒီဇင်ဘာလ၊ ပထမပတ်တွင် အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းမှာ နှမ်းဖြူ တစ်တင်းလျှင် (၁၀၀၅၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၉၀၀၀)တင်း/ (၂၂၀)တန် ဖြစ်ကြောင်း၊  နှမ်းနက်တစ်တင်းလျှင် (၁၁၂၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၁၃၅၀၀) တင်း/(၃၃၁)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ နှမ်းဖြူတစ်တင်းလျှင် (၁၀၃၃၀ဝိ/-)ကျပ်နှင့် နှမ်းနက်တစ်တင်းလျှင် (၁၀၅၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့ သဖြင့် ယခုအပတ်၌ ယခင်အပတ်အောက် နှမ်းဖြူတစ်တင်းလျင်(၂၈၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ပြီး  ယခင်အပတ်ထက် နှမ်းနက်တစ်တင်းလျှင် (၇၀၀ဝိ/-)ကျပ် ဈေးပိုရရှိခဲ့ကြောင်း၊  ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူတွင် နှမ်း(နက်)တစ်မျိုးတည်းသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်တင်းလျှင်(၈၁၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့်ယခုနှစ်တွင် ယခင်နှစ် ကာလတူထက် နှမ်း(နက်)တစ်တင်းလျှင် (၃၀၅၀ဝိ/-)ကျပ်ဈေးပိုရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့၏ ဒီဇင်ဘာလ၊ ပထမပတ်တွင် ရောင်းချသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးများ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါသည်။

   ရွှေဘိုခရိုင်အနေဖြင့် စိုက်ပျိုးရေးကို အဓိကဆောင်ရွက်သော ခရိုင်တစ်ခုဖြစ်သဖြင့် စိုက်ပျိုးရေး လုပ်ငန်းတွင် အဓိကအသုံးပြုရသည့် ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများကို အရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဒီဇင်ဘာလ၊ ပထမပတ်တွင် ရွှေဘိုမြို့၌ ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာ 50kgတစ်အိတ်လျှင်(၁၅၄၀၀ဝိ/-)၊ MCတံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၁၄၆၀၀ဝိ/-)၊ ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာ50kg တစ်အိတ်လျှင်(၇၅၀၀ဝိ/-)၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင်(၈၄၀၀ဝိ/-)၊ ပန်းဖူးတံဆိပ် ဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင်(၇၃၀၀ဝိ/-)ဖြစ်ပြီး ပိုးသတ်ဆေးဈေးနှုန်းများမှာ ရှောင်လင်တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 500cc တစ်ဗူးလျှင် (၁၃၀၀ဝိ/-)၊ ဒီမွန် 1.8 တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 500cc တစ်ဗူးလျှင် (၁၃၃၀ဝိ/-)၊ ငှက်ကြီးတောင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 250ccတစ်ဗူးလျှင် (၃၉၅၀ဝိ/-)၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့် 1Liter တစ်ဗူးလျှင်(၂၄၀၀ဝိ/-)ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့ ပြည်ထောင်စု‌‌ဈေးရှိသစ်သီးဝလံဈေးနှုန်းများ

    မုံရွာမြို့၊ လယ်တီရပ်ကွက်ရှိ ပြည်ထောင်စုဈေးတွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (ဒုတိယပတ်)အတွင်း ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ရွှေလိမ္မော် တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ပျားလိမ္မော် တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ စပျစ်သီး တစ်ပိဿာ ၁၅၀၀၀ ကျပ်၊ စတော်ဘယ်ရီ တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ ပန်းသီး တစ်လုံး ၇၀၀ကျပ်မှ ၁၀၀၀ ကျပ်၊ ပန်းသစ်တော် တစ်လုံး ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်၊ ထောပတ်သီး တစ်လုံး ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်၊ မာလကာသီး တစ်လုံး ၃၀၀ ကျပ်မှ ၅၀၀ ကျပ်၊ ဖရဲသီး တစ်လုံး ၁၀၀၀ ကျပ်မှ ၂၀၀၀ ကျပ်၊ သခွားမွှေး တစ်လုံး ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်၊ နာနတ်သီး တစ်လုံး ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်၊ ဖီးကြမ်းငှက်ပျောသီး တစ်ဖီး ၁၀၀၀ ကျပ်မှ ၂၀၀၀ ကျပ်၊ သီးမွှေးငှက်ပျောသီး တစ်ဖီး ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်၊ ရခိုင်ငှက်ပျောသီး တစ်ဖီး ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်၊ နဂါးမောက်သီးတစ်လုံး ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်၊  နှင်းသီးတစ်ပိဿာ ၇၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်၊ သင်္ဘောသီးတစ်လုံး ၇၀၀ ကျပ်မှ ၁၅၀၀ ကျပ်၊ သံပုရာသီး (၂၅) လုံးလျှင် ၂၀၀၀ ကျပ်၊ ရှောက်သီး တစ်လုံး ၂၀၀ ကျပ်မှ ၃၀၀ ကျပ်၊ အုန်းသီး(အစိမ်း) တစ်လုံး ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်၊  ကျွဲခေါင်းသီး တစ်ပြည်လျှင် ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်၊ ပိန်းဥတစ်ပိဿာ ၂၂၀၀ ကျပ်၊ ကန်စွန်းဥ တစ်ပိဿာ ၂၀၀၀ ကျပ်၊ အာတာလွတ်ဥ တစ်ပိဿာ ၂၀၀၀ ကျပ်၊ မျောက်ဥတစ်ပိဿာ ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်၊ ပဲမြစ်တစ်ပိဿာ ၃၀၀၀ ကျပ်နှင့် ထန်းပင် မြစ်တစ်စည်း ၁၀၀၀ ကျပ်မှ ၂၀၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ရှမ်းပြည်ဒေသထွက် ယာကွန်ဥ (ခေါ်) ရေကန်စွန်းဥ

   ယာကွန်ဥ (ခေါ်) ရေကန်စွန်းဥသည် ယခုလို မိုးအကုန်ဆောင်းအကူးတွင် ထွက်ရှိသော ရှမ်းပြည်ဒေသထွက် ပေါ်ဦးပေါ်ဖျား ရာသီစာတစ်မျိုးဖြစ်သည်။ ယာကွန်ဥ၏ ထူးခြားချက်မှာ ရိုးရိုးကန်စွန်းဥများကဲ့သို့ ပြုတ်စားစရာမလိုဘဲ အခွံခွာ၍အစိမ်းစားရသော ဥတစ်မျိုး ဖြစ်သည်။ ထိုယာကွန်ဥ၏ အရသာမှာ သစ်တော်သီးအစေ့လွတ် (သို့မဟုတ်) ပဲစီမ်းစားဥ ကဲ့သို့ အရသာဆင်ပေသည်။ အရည်ရွှမ်းပြီးချိုသောအရသာရှိသောကြောင့် အသားအရည်စိုပြေစေပြီး၊ ယခုလို အသားအရည်ခြောက်ကပ်စေသော ဆောင်းရာသီနှင့်အလိုက်ဖက်ဆုံးသော ဆေးဖက်ဝင်ဥတစ်မျိုးဖြစ်ပေသည်။ ထိုဥသည် ကျန်းမာရေးအတွက်လည်းများစွာ အထောက်အကူပြုပေသည်။ ယာကွန်ဥ (ခေါ်) ရေကန်စွန်းဥကို စားသုံးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ သွားပိုးစားခြင်းကို ကာကွယ်ပေးခြင်း၊ ဝမ်းမှန်/ ဆီးမှန်စေခြင်း၊ ခန္ဓာကိုယ်အတွင်းရှိ မကောင်းသော အဆီဓါတ်များကို ဖယ်ရှားပေးခြင်း၊ သွေးအတွင်းရှိ အချိုဓါတ်များကို လျော့နည်းစေခြင်း၊ အမျှင်ဓါတ်ပါ၍ အူမကြီးကင်ဆာဖြစ်စေခြင်းမှ ကာကွယ်ပေးခြင်း၊ အရွက်ကို (လက်ဖက်ခြောက်) အနေဖြင့် သောက်သုံးပါက သွေးသန့်စေခြင်း၊ သွေးတိုး၊ ဆီးချိုသမားများအတွက် သင့်တော်သော ရာသီစာ သစ်ဥသစ်ဖုဖြစ်သောကြောင့် အစာလည်းဆေး၊ ဆေးလည်းအစာအဖြစ် စားသုံးနိုင်ပေသည်။ ဈေးကွက်အနေဖြင့် တစ်ပိဿာ (၂၅ဝဝိ/-)ကျပ်မှ (၃၀၀ဝိ/-)ကျပ် အထိရောင်းချလျက်ရှိကြပေသည်။ ယာကွန်ဥကို ရှမ်းပြည်နယ် (တောင်ပိုင်း) နောင်တရားမြို့နယ်တွင် အများဆုံးစိုက်ပျိုးကြောင်း သိရှိရပါသည်။ ဒေသခံများအနေဖြင့် ဈေးထဲတွင်လည်ကောင်း၊ Online ရောင်းချသူများထံတွင်လည်ကောင်း အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီး ကျန်မြို့များမှ မှာယူလိုပါက ကားဂိတ်များမှတစ်ဆင့် ရောင်းချပေးလျက်ရှိကြပေသည်။ ထိုကြောင့် ယခုလိုဆောင်းရာသီတွင် စားပေးသင့်သော ဆေးဖက်ဝင်ရာသီစာ တစ်မျိုးဖြစ်သည်ဟု အကြံပြုရေးသားတင်ပြလိုက်ရပေသည်။

DOCA(ရှမ်း)

 

 

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၁၃.၁၂.၂၀၂၃)

  ၁၃.၁၂.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း (၁၃.၁၂.၂၀၂၃)

   ၁၃.၁၂.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၃.၁၂.၂၀၂၃ )

     ၁၃.၁၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ကန့်ဘလူ၊ ကျွန်းလှမြို့တို့၌ ဒီဇင်ဘာလ ဒုတိယ အပတ်တွင်  ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

      ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် (၅၂၀၀)ကျပ်၊ ဧရာမင်း တစ်ပြည် (၅၂၀၀)ကျပ်ဖြင့် တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီဈေးမှာ အကြီး /အသေးပါ်မူတည်၍ တစ်ပိဿာလျှင်(၄၈၀၀/၅၀၀၀)ကျပ် ၊ကြက်သွန်ဖြူ လက်လီဈေးမှာ(ဗမာ) အလုံးကြီး တစ်ပိဿာ(၁၅၀၀၀)ကျပ် ၊ အလုံး သေး တစ်ပိဿာ (၁၄၀၀၀)ကျပ် ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ (၁၅၀၀၀) ကျပ် ၊ဂျင်း တစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ ငရုတ်သီးခြောက် တစ်ပိဿာ (၁၅၀၀၀)ကျပ် ၊ အာလူး အသေး/အကြီး အမျိုးအစား အလိုက် တစ်ပိဿာ (၃၅၀၀/၃၀၀၀)ကျပ် ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိ ပါသည်။

      ငရုတ်သီးစိမ်း တစ်ပိဿာ (၄၅၀၀)ကျပ် ၊ ခရမ်းချဉ်သီး တစ်ပိဿာအကြီး/ အသေးပေါ်တူတည်ပြီး (၂၀၀၀/၂၂၀၀)ကျပ် ၊ ခရမ်းသီး  တစ်ပိဿာ (၈၀၀) ကျပ် ၊ ပန်းဂေါ်ဖီ တစ်ပွင့်  (၁၈၀၀/၁၅၀၀) ကျပ် ၊ ဂေါ်ဖီထုတ် တစ်ထုတ် လျှင် (၁၈၀၀/၂၀၀၀) ကျပ် ၊ ခါကြက်ဥ(တရုတ်) တစ်ပိဿာ (၆၀၀၀)ကျပ် ၊ ခါကြက်ဥ (ဗမာ) တစ်ပိဿာလျှင် (၄၀၀၀)ကျပ် ၊ သံပုရာသီး တစ်လုံးလျှင် (၁၅၀) ကျပ် မှ (၃၀၀) ကျပ် ၊ ကန်ဇွန်းရွက် တစ်စီးလျှင် (၁၅၀) ကျပ်၊ ပဲတောင့်ရှည် တစ်စီးလျှင်(၂၀၀/၂၅၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရ ပါသည် ။

      ကြက်ဥ လက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံး (၂၅၀)ကျပ်၊ (အသေ)တစ်လုံး (၂၃၀) ကျပ် ၊ ဘဲဥ တစ်လုံ (၂၅၀)ကျပ်ရှိသည်။  ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏ အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(cp) (၁၂၀၀၀) ကျပ် ၊ ကြက်သား(ဗမာ) (၁၃၀၀၀)ကျပ်  ၊ ဝက်သား တစ်ပိဿာ (၁၆၅၀၀) ကျပ် ၊ အမဲသား တစ်ပိဿာ (၁၄၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ငါးကြင်း အကောင်လိုက် တစ်ပိဿာ (၉၀၀၀) ကျပ်၊ ငါးကြင်းခုတ်သားဈေးမှာ တစ်ပိဿာ  (၁၆၀၀၀) ကျပ်၊ တီလားဗီးယားငါး အသေး တစ်ပိဿာ (၆၀၀၀)ကျပ် ၊ အကြီး တစ်ပိဿာ (၈၀၀၀)ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး စားသုံးဆီဈေးနှုန်းများအနေဖြင့် မြေပဲဆီသန့် တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် (၅၈၀၀) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

    ဒီဇင်ဘာလ ဒုတိယပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများအား ယခင်အပတ်ဈေးနှုန်းများ နှင့် နှိုင်းယှဉ်ကြည့်လျှင် အခြားအခြေခံစားကုန်ဈေးနှုန်းများ ကွာဟမှုမရှိကြောင်းနှင့် အသားဈေးများ တည်ငြိမ်လျက်ရှိနေပြီး၊ ငါးဈေးနှုန်းများ အနည်းငယ်လျော့ကျလာသည်။ ကြက်သွန်နီ/ကြက်သွန်ဖြူဈေးနှုန်း အနည်းငယ် မြင့်တက်လာကာ အသီးအနှံဈေးများ အနည်းငယ်လျော့ကျလျက်ရှိကြောင်း ကန့်ဘလူမြို့မဈေး ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

   ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် ၆၁၀၀ ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၆၂၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်နီလက်လီဈေးမှာ (ကြီး) တစ်ပိဿာ ၃၇၀၀ကျပ်၊ (လတ်) တစ်ပိဿာ ၃၀၀၀ကျပ်၊ (သေး)တစ်ပိဿာ ၂၅၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ ကျပ် ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၇၀၀၀ ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၁၅၀၀၀ ကျပ်မှ ၁၇၀၀၀ ကျပ်ထိ၊ ချင်းတစ်ပိဿာ ၅၀၀၀ ကျပ်၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၇၀၀၀ ကျပ် မှ ၁၈၀၀၀ ကျပ်ထိ အာလူး တစ်ပိဿာ ၂၈၀၀ ကျပ်မှ ၃၆၀၀ ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၂၂၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

   ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၃၀၀ကျပ်၊ (သေး) တစ်လုံး ၂၅၀ ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၃၅၀)ကျပ်၊ (သေး)တစ်လုံး (၃၀၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)တစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိ၊ကြက်သား(ဗမာ) တစ်ပိဿာ ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၇၅၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၇၀၀၀ ကျပ်ဖြင့် ရောင်းဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

    စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊  စားအုန်းဆီ တစ်ပိဿာလျှင် ၅၁၀၀ ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း