ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချနေသော ကန်ဇွန်းဥ ဈေးနှုန်း

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် အိမ်ခြံမြေများနှင့် မိမိပိုင်ယာမြေများတွင်သာ စိုက်ပျိုးကြပြီး စားသုံးသူပြည်သူများနှင့် စည်ကားလျက်ရှိသည့် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက် အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကြပါသည်။

    ကန်ဇွန်းဥကိုပြုတ်စားတာဘဲဖြစ်ဖြစ် ကြော်စားတာဘဲဖြစ်ဖြစ် သာကူနဲ့ကျိုစားတာဘဲဖြစ်ဖြစ် ပဲဟင်းချိုထဲထည့်တာဘဲဖြစ်ဖြစ် စားလိုရပြီး ဒီလိုအမျိုးမျိုးလုပ်စားလိုရတဲ့ ကန်ဇွန်းဥက စားကောင်းရုံတင်မကပဲ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတာကိုလည်း တွေ့ရှိရပါသည်။ ကန်ဇွန်းဥမှာ အဟာရဓါတ် များစွာပါဝင်သည့်အတွက် ကိုယ်ခံအားကောင်းမွန်စေခြင်း၊ အမြင်အာရုံ ကောင်းမွန်စေခြင်း၊ ဦးနှောက်လုပ်ဆောင်မှုကို ကောင်းမွန်စေခြင်း၊ ကိုယ်အလေးချိန်ကျစေခြင်းနှင့် လေးဘက်နာကြောင့် နာကျင်မှုကို သက်သာစေခြင်း စသည့် အကျိုးကျေးဇူးတွေရရှိနိုင့်သည့်အတွက် ကန်ဇွန်းဥကို  စားသုံး သင့်ကြောင်းသိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ်နေသော  ကန်ဇွန်းဥ ဈေးနှုန်းမှာ ကန်ဇွန်းဥ တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ၂၅ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးသူများပြီး အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)

 ဇူလိုင်လ စတုတ္ထပတ်တွင် ရောင်းချနေသော ဆူးပုတ် ကြီး/ သေးဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်နှင့် အနီးတစ်ဝိုက်ဒေသများဖြစ်သော ကျွဲရဲ၊ မအူ၊ ဘုမ္မနိုး၊ ညောင်ဖြူပင်၊ အမြင့်ကျေးရွာများမှ သီးနှံစိုက်တောင်သူများသည် စားဖိုဆောင် သီးနှံဖြစ်သည့် ဆူးပုတ်သေးနှင့် ဆူးပုတ်ကြီးပင်များကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိပါသည်။  ၂၀၂၅ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်၌ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ ဗန္ဓုလဈေး၊ သာစည်ဈေး၊ ပြည်ထောင်စု ဈေးနှင့်  ဝန်ထမ်း အိမ်ရာရှိ နန္ဒဝန် ဈေးသစ်တို့တွင် ရောင်းချနေသော ဆူးပုတ်သေးများအနေဖြင့် (၁၀) ကျပ်သားလျှင် ( ၉၀၀) ကျပ်ဖြင့်လည်းကောင်း၊ ( ၁ )ပိဿာလျှင် (၈၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ဆူးပုတ်ကြီး( ၃) စည်းပါ တစ်ထုံးလျှင် ( ၅၀၀) ကျပ်ဖြင့် လည်းကောင်း ရောင်းချလျက်ရှိကြောင်း ကုန်စိမ်း ရောင်းချသူ ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ဇူလိုင်လ စတုတ္ထပတ်တွင် ရောင်းချနေသော ခရမ်းသီးနှင့် ခရမ်းကျွပ်သီး ဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်နှင့် အနီးတစ်ဝိုက်ဒေသများဖြစ်သော ကျွဲရဲ၊ မအူ၊ ဘုမ္မနိုး၊ ညောင်ဖြူပင်၊ အမြင့်ကျေးရွာများမှ သီးနှံစိုက်တောင်သူများသည် စားဖိုဆောင် သီးနှံဖြစ်သည့် ခရမ်းပင်များကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိပါသည်။  ၂၀၂၅ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်၌ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ ဗန္ဓုလဈေး၊ သာစည်ဈေး၊ ပြည်ထောင်စုဈေးနှင့်  ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန် ဈေးသစ်တို့တွင် ရောင်းချနေသော ခရမ်းသီးဈေးနှုန်းများအနေဖြင့် (၂၅) ကျပ်သားလျှင် ( ၅၀၀) ကျပ်ဖြင့်လည်းကောင်း၊ ( ၁ )ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ခရမ်းသီးများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိသောကြောင့် ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းကျဆင်းလာကြောင်း၊ ခရမ်းကျွပ်သီး( ၁၀) ကျပ်သားလျှင် ( ၅၀၀)ကျပ်ဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း ကုန်စိမ်း ရောင်းချသူ ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

သာစည်မြို့နယ်၌ မြေပဲစိုက်ပျိုးမှုအခြေအနေ

     မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်သည် လယ်ယာထွက် ကုန်သီးနှံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မြေပဲကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယအပတ်တွင် စတင်စိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးဧက (၁၇၃)ဧက ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။ ဇူလိုင်လတွင် စတင်စိုက်ပျိုးသော မြေပဲမှာ တစ်ဧကလျှင် အတောင့် (၆) တင်းစိုက်ပျိုးကာ လုပ်သားခ၊ ထယ်ထွန်စသည့် စိုက်စရိတ်များနှင့် စုစုပေါင်း တွက်ချက်ပါက တစ် ဧက ကုန်ကျစရိတ်အနေနှင့် (၃၆၀၀၀၀) ဝန်းကျင်ကုန်ကျကာ ထွက်ရှိလာသည့် သီနှံအပေါ်တစ်တင်း လျှင် နှုတ်/ဆွတ်ခ အနေနှင့် ရိတ်သိမ်းခအပေါ် တစ်တင်းလျှင် (၄) ပြီ လုပ်သားခပေးရပါသည်။ ယခုလက်ရှိပေါက် ဈေးမှာ မြေပဲအတောင့်တစ်ပိဿာလျှင် (၄၅၀၀) ကျပ် နှင့် မြေပဲဆံ တစ်ပိဿာလျှင် (၈၅၀၀) ကျပ် ရှိကြောင်း ဈေးကွက်မှ သိရသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့ ကြက်ဥ ဈေးနှုန်းဈေးကွက်

      မိတ္ထီလာ ဈေးကွက်အတွင်း ကြက်ဥ၊ ဘဲဥများကို မန္တလေးမြို့၊ တောင်ကြီး၊ ပုသိမ်ကြီးမြို့နယ်များ မှ တင်သွင်းရောင်းချကြကြောင်း သိရပါသည်။ ဇူလိုင်လစတုတ္တပတ်တွင် ဖြစ်ပေါ်ခဲ့သော ကြက်ဥလက္ကား ဈေးနှုန်းမှာ ကြက်ဥ(၃၀လုံးပါ ၁၀ကဒ်) တစ်ဆွဲလျှင် ၁၂၆၀၀၀ - ၁၃၅၀၀၀ကျပ်၊ လက်လီဈေးနှုန်း အနေ ဖြင့် ကြက်ဥတစ်လုံးလျှင်  ၄၂၀ - ၄၅၀ကျပ်၊ ဘဲဥတစ်လုံးလျှင် ၅၅၀ - ၅၇၀ကျပ်၊ ငုံးဥ(၁၀) လုံးလျှင် ၁၁၀၀ ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကြက်ဥ၊ ဘဲဥနှင့် ငုံးဥဈေးနှုန်းများမှာ အရွယ်အစား ပေါ်မူတည်၍ ဈေးအနည်းငယ် ကွာခြားမှုရှိကြောင်း၊ ယခင်လနှင့် ယခုလ ကာလတူနှိုင်းယှဉ်လျှင် ကြက်ဥဈေး အနည်းငယ်ကျဆင်းလာကြောင်း၊ ဈေးနှုန်းအနည်းငယ်ကျဆင်းလာရခြင်းမှာ ကြက်စာဈေး အနည်း ငယ်ကျဆင်းခြင်းနှင့် ဥထွက်ကောင်းမွန်ခြင်းတို့ကြောင့် ဖြစ်သည်ဟု ကြက်မွေးမြူရေး လုပ်ငန်း မှ သိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာကုန်စည်ဒိုင်တွင်ဖြစ်ပေါ်နေသော သီးနှံဈေးနှုန်းများ

          မိတ္ထီလာကုန်စည်ဒိုင်တွင် ယခုဇူလိုင်လစတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော ဆီထွက် သီးနှံဈေးနှုန်း များမှာ နှမ်းညိုတစ်တင်းလျှင် (၈၇၀၀၀-၈၉၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၉၂၀၀၀- ၉၅၀၀၀)ကျပ်၊ နေကြာစေ့တစ်ပိဿာလျှင်(၆၂၀၀-၆၃၀၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၇၀၀၀-၁၈၀၀၀)ကျပ်၊ နှမ်းဆီ(၁၃၀၀၀-၁၆၀၀၀)ကျပ်၊ နေကြာဆီတစ်ပိဿာ လျှင်(၁၈၀၀၀-၁၉၀၀၀) ကျပ်၊ နှမ်းဖတ် တစ်ပိဿာလျှင်(၂၈၀၀-၂၈၅၀)ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် (၄၄၅၀-၄၅၀၀)ကျပ်၊ နေကြာဖတ် တစ်ပိဿာလျှင်(၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် နှမ်းညိုတစ်တင်းလျှင် (၁၁၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၂၀၀၀)ကျပ်၊ နေကြာစေ့ တစ်ပိဿာ လျှင်(၇၀၀)ကျပ်၊ နှမ်းဖတ်တစ်ပိဿာ လျှင်(၁၃၅၀)ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် (၄၀၀)ကျပ်၊ နေကြာဖတ် တစ်ပိဿာလျှင်(၃၀၀)ကျပ်ခန့်ဈေးနှုန်းကျဆင်းလာကြောင်း၊ဈေးနှုန်းကျဆင်းလာရခြင်းမှာ မိုးနှမ်းများ ဈေးကွက်သို့ဝင်ရောက်လာခြင်းကြောင့်ဖြစ်ကြောင်း၊ ပဲဆီ၊နှမ်းဆီဈေးနှုန်းမှာ တည်ငြိမ်နေ ကြောင်းသိရပါသည်။

          ပဲမျိုးစုံဈေးကွက်တွင် V2ကုလားပဲတစ်တင်းလျှင် (၈၅၀၀၀-၈၆၀၀၀)ကျပ်၊929တစ်တင်းလျှင် (၈၃၀၀၀) ကျပ်၊ပဲစဉ်းငုံသစ်တစ်တင်းလျှင်(၈၅၀၀၀-၈၆၀၀၀)ကျပ်၊ပဲတီစိမ်းတစ်တင်းလျှင်(၁၁၀၀၀၀- ၁၁၅၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် V2ကုလား ပဲတစ်တင်းလျှင် (၂၀၀၀)ကျပ်၊929တစ်တင်းလျှင် (၂၀၀၀) ကျပ်ခန့်ဈေးကျဆင်းလာပြီး ပဲစဉ်းငုံသစ် တစ်တင်းလျှင်(၂၀၀၀)ကျပ်ခန့်မြင့်တက်လာကြောင်းသိရပါသည်။

        စားဖိုဆောင်သီးနှံဈေးနှုန်းများမှာ ကြက်သွန်နီတစ်ပိဿာလျှင်(၉၀၀-၁၀၀၀)ကျပ်၊ ငရုတ်သစ် တစ်ပိဿာလျှင်(၁၀၀၀၀-၁၂၀၀၀)ကျပ်ဈေးဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့် ကာလတူနှိုင်းယှဉ်လျှင် ငရုတ်သစ် တစ်ပိဿာလျှင်(၁၅၀၀-၃၀၀၀)ကျပ်ခန့်ဈေးနှုန်းမြင့်တက်လာပြီး ကြက်သွန်နီဈေးမှာတည်ငြိမ်နေကြောင်းသိရပါသည်။

DOCA(မန္တလေး)

သာစည်မြို့နယ်တွင် ပဲတီစိမ်းစတင်ရိတ်သိမ်း

      မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ၊ သာစည်မြို့နယ်သည် လယ်ယာထွက်ကုန် သီးနှံများ စိုက်ပျိုးဖြစ်ထွန်းရာ ပဲတီစိမ်းကို ၂၀၂၅ ခုနှစ် မေလက စိုက်ပျိုးခဲ့ရာ ဇူလိုင်လ ပထမအပတ်တွင် ရိတ်သိမ်း ခဲ့ကြောင်း၊ပဲတီစိမ်း (၇၀၉၉)ဧက စိုက်ပျိုးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

     ၂၀၂၅ခုနှစ်၊ ဇူလိုင်လ၊ စတုတ္ထပတ်တွင် ပဲတီစိမ်း ၁ တင်းလျင် ၁၁၀၀၀၀/-ကျပ် ၊ အလုံးအဆံ လှပါက ၁၂၀၀၀၀/-၊ ၃ တင်းဝင် တစ်အိတ်လျင် ၃၆၀၀၀၀/-ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ဈေးကွက်အနေဖြင့် မိတ္ထီလာ၊ ရန်ကုန်၊ မန္တလေးမြို့တို့ရှိ ပွဲရုံနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

မလှိုင်မိုးနှမ်းဈေးကွက်

        မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် ယခုနှစ်မိုးနှမ်းအထွက်နှုန်းမှာ ကောင်းမွန်ကြောင်း၊ ပေါ်ချိန် တွင် နှမ်းတစ်တင်းလျင် ၈၇၀၀၀/- မှ ၈၉၀၀၀/-ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ယခုအခါ အဝင်မြိုင် လျက်ရှိပြီး ရာသီဥတုကြောင့် အစိုဓါတ်ရှိသည့်အတွက် မြို့ပေါ်ပွဲရုံများမှ တစ်တင်းလျင် ၆၈၀၀၀/- ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး အခြောက်ခံကာ မန္တလေးသို့ တင်ပြရောင်းချကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ပဲစင်းငုံနီလှောင်လက်သမားများ တက်ဈေးမျှော်

    မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်သည် ပဲစင်းငုံသီးနှံမှ အဓိကစိုက်ပျိုးထွက်ရှိသော ဒေသဖြစ် သဖြင့် ယခုအခါ ပဲစင်းငုံနီ လက်ကျန်များမှာ လှောင်လက်သမားများထံတွင်သာ ရှိကြောင်း၊ ပဲစင်း ငုံနီကို ရန်ကုန်ဝယ်လက်မှ ယခင် တစ်တင်းလျင် ၈၇၀၀၀/-ကျပ်ဖြင့် ဝယ်ယူရာ ယခုတစ်ပတ်အတွင်း တစ်တင်းလျင် ၈၈၀၀၀/-ကျပ်ဖြင့် ပေး၍ ဝယ်ယူလျက်ရှိသော်လည်း အရောင်းအဝယ်အေးလျက် ရှိပါသည်။ လှောင်လက်သမားအချို့မှာ ငွေလိုသလောက်သာ ရောင်းချပြီး လှောင်လက်သမားကြီး များမှာ တက်ဈေးမျှော်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ပခုက္ကူမန်ကျည်းသီးမှည့်ဈေးမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိ

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် မန်ကျည်းသီးမှည့်များဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အဓိကအားဖြင့် ယောနယ်ဒေသများနှင့် ကျောက်ပန်းတောင်းမြို့၊ ဆိပ်ဖြူမြို့၊ မြိုင်၊ ကမ္မနှင့် မြစ်ခြေမြို့များမှ ထွက်ရှိ၍ နေ့စဉ်ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

            ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် မန်ကျည်းသီးများ ဈေးမြင့်တက်၍ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ မန်ကျည်းသီးမှည့် အစေ့ပါ တစ်ပိဿာလျှင် ကျပ်(၅၀၀၀-၄၀၀၀)၊ အစေ့လွတ် တစ်ပိဿာလျှင် ကျပ်(၁၁၀၀၀-၁၀၀၀၀)ဖြစ်ပြီး ယခင်ဇူလိုင်လ(ပထမပတ်)နှင့်ဈေးနှုန်း နှိုင်းယှဉ်ပါက မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် ကျပ်(၃၀၀၀)ခန့် ဈေးမြင့်တက်၍ အရောင်းအဝယ်ဖြစ် ကြောင်း ဈေးကွက်မှ သိရသည်။

            မန်ကျည်းသားများကို ပခုက္ကူမြို့ပေါ်ရှိ စားသောက်ကုန်လုပ်ငန်းရှင် လှောင်လက်သမား များမှ ကုန်ဝင်မှုရှိသော်လည်း ဝယ်ယူထားရှိပြီး ပြန်လည်ရောင်းချကြကြောင်း၊ အကြော်ဆိုင်၊ အကင် ဆိုင်များမှ မန်ကျည်းသီး အချဉ်ရည်များ ပြုလုပ်ရန်အတွက် ဝယ်ယူခြင်း၊ မန်ကျည်းဖျော်ရည် လုပ်ငန်းများနှင့် မန်ကျည်းတော်ဖီ လုပ်ငန်းရှင်များမှလည်း အများအပြားဝယ်ယူသည့်အပြင် ရန်ကုန် မြို့နှင့် မန္တလေးမြို့များသို့လည်း တင်ပို့လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း