ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့၏ ငရုပ်သီးစိမ်း နှင့် ပန်းငရုပ်ပွသီး ဈေးနှုန်း

      ကျွန်းလှမြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို တစ်ပိုင်တစ်နိုင်အနေဖြင့် စိုက်ပျိုးကြရာတွင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကန်ဇွန်း၊ ချဉ်ပေါင်၊ ကြက်ဟင်းခါး၊ ငရုပ်သီး၊ ခဝဲ၊ ခဆော့သီး၊ ကင်းမုံသီး၊ ပဲတောင့်ရှည်သီး ၊ ရုံးပတီသီး နှင့် သခွားသီး စသည်တို့ကို စိုက်ပျိုးသည့်အနက် ငရုပ်သီးစိမ်းများဖြစ်သည့် မိုးထော်ငရုပ် (ကျောက်စိမ်းမျိုး)နှင့် ကုလားအော် ငရုပ်သီးစိမ်း တို့ကိုပါ စိုက်ပျိုးရောင်းချကြပါသည်။

     ၂၀၂ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်တွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်နေသော ငရုပ်သီးစိမ်း ၏ ဈေးနှုန်း /ဈေးကွက်အနေဖြင့် မိုးထော်ငရုပ်(ကျောက်စိမ်းသီး) တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၁၈၀၀)ကျပ်၊ ကုလားအော်  ငရုပ်သီးစိမ်း တစ်ပြည်လျှင်(၁၀၀၀၀)ကျပ်၊ နို့ဆီတစ်ဘူးလျှင် (၁၃၀၀)ကျပ်နှင့် ကုလားအော် ငရုပ်သီးစိမ်း တစ်ပုံလျှင်(၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

‌ရွှေဘိုမြို့ရှိ သစ်သီးဝလံဈေးနှုန်းများ

    ရွှေဘိုမြို့ရှိ ဈေးများတွင် သစ်သီးဝလံများ၊ စားစရာမုန့်များကို ဈေးဆိုင်များတွင်လည်းကောင်း၊ ဆိုင်ခန်းများတွင်လည်းကောင်းရောင်းချကြသည့်အပြင် အများပြည်သူများသွားသည့် လမ်းများ၊ ကားဂိတ်များတွင် ခေါင်းရွက်ဗျက်ထိုးဈေးဗန်းများဖြင့် ရောင်းချသူများလည်းရှိကြောင်း၊ ခေါင်းရွက်ဗျက်ထိုးဈေးသည်များမှာ ပြောင်းဖူးပြုတ်၊ တညင်းသီးပြုတ်နှင့် ဖရဲသီးစိတ်များကိုလည်း ရောင်းချကြကြောင်း၊ ရောင်းချသည့်ဈေးနှုန်းများမှာ ပြောင်းဖူးပြုတ်(၁)ဖူးလျှင်(၈၀ဝိ/-)ကျပ်၊ တညင်းသီးပြုတ်(၁)လုံးလျှင်(၃၀ဝိ/-)ကျပ်နှင့် (၁)ထောင်ဖိုးဝယ်ယူလျှင်(၄)လုံး၊ ဖရဲသီးစိတ် (၁)စိတ်လျှင်(၅၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ခေါင်းရွက်ဗျက်ထိုးရောင်းချသည့် ဈေးသည်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်ရှိ ဈေးများတွင် ရောင်းချနေသည့် ဖရဲသီးဈေးနှုန်း

      ရွှေဘိုမြို့ရှိဈေးများတွင် ရာသီပေါ်အသီးအနှံဖြစ်သည့် ဖရဲသီးများကို ရောင်းချလျက်ရှိရာ ဖရဲပင်ကို မိမိတို့အိမ်ရှိမြေကွက်လပ်များတွင်လည်းကောင်း၊ ခြံများတွင်လည်းကောင်း စိုက်ပျိုးကြ ကြောင်း၊ ဖရဲသီးကိုရွှေဘိုမြို့ နယ်အပြင် အခြားဒေသမှလည်း လာရောက်ရောင်းချကြကြောင်း၊ ဖရဲသီး၏ အရသာမှာ ချို၍ အသီးမှာ နူးညံ့သဖြင့် ထမင်းမြိန် စေသော ဟင်းတစ်ခွက်ဖြစ်သည့်အပြင် ဖရဲသီးကို မျှစ်ဖြင့် ချက်စား၍ သော်လည်းကောင်း၊ အသားဟင်းများနှင့်ချက်စား၍သော်လည်းကောင်း၊ အတို့အမြုပ်ဖြင့်ပြုလုပ်၍ သော်လည်းကောင်း ၊ အချဉ်တည်၍ သော်လည်းကောင်း စားသုံးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (တတိယ)ပတ်တွင်ဖြစ်ပေါ်နေသော ဖရဲသီးဈေးနှုန်းမှာ အရွယ်အစား အကြီးအသေးပေါ် မူတည်၍ (၁)လုံးလျှင် (၄၀ဝိ/-)ကျပ်မှ (၇၀ဝိ/-)ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့်လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 ခရမ်းချဉ်သီး ဈေးနှုန်းဈေးကွက်

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  ၂၀၂၅ ခုနှစ် ဇူလိုင်လ တတိယအပတ်အတွင်း  ခရမ်းချဉ်သီးများ အရောင်းသွက်လျှက်ရှိကြောင်းသိရပါသည်။  ခရမ်းချဉ်သီးသီးနှံသည် ဒေသမရွေး လွယ်ကူစွာစိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ပြီး ခရမ်းချဉ်သီးအား ဟင်းချက်ရာတွင် ဟင်းအနှစ်ရရှိရန်နှင့် အခြားသီးနှံ၊အသားများဖြင့် ရောကြော် ခြင်း စသည်ဖြင့်ပုံစံ အမျိုးမျိုးဖြင့် စားသုံးကြပါသည်။ ခရမ်းချဉ်သီး ကြိုက်နှစ်သက်သူများသည် လက်ဖက်နှင့်သော်လည်းကောင်း၊ အချို့သောသူများသည်ရေဆေး၍ အလုံးလိုက်ပင် စားသုံး တတ်ကြပါသည်။

      ယခုဇူလိုင်လ တတိယအပတ်အတွင်း ရောင်းချနေသော ခရမ်းချဉ်သီးစျေးနှုန်းမှာ တစ်ပိဿာ လျှင် (၅၆၀၀) ကျပ် ခရမ်းချဉ်သီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

လက်ဖက်အစားထိုး ကြက်တက်ရွက်ပြုတ် နှင့် ကြက်မောက်ဖြူရွက်ပြုတ်ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ကြက်တက်ရွက်ပြုတ်နှင့် ကြက်မောက်ဖြူရွက်ပြုတ်တို့ကို ရောင်းချလျက်ရှိပါသည်။ ကြက်တက်ရွက် နှင့် ကြက်မော်ဖြူရွက်တို့မှာ မိုးဦးကျစတွင် စတင် ပေါက်ရောက်လေ့ရှိသော အရွက်မျိုးလည်းဖြစ်ပါသည်။ ကြက်တက် ရွက် နှင့် ကြက်မောက်ဖြူရွက်များကို တောထဲ၌သွားခူးကာ ပြုတ်၍ အလေးချိန်နှင့်ရော လက်တွင်းတစ်ဆုတ်စာ အလုံးလေးများလုံပြီး ဈေးထဲတွင် ရောင်းချကြပါသည်။ ရာသီစာ ကြက်တက်ရွက်ပြုတ်သည် လူကြိုက်များသော လက်ဖက်အစားထိုး သရေစာတစ်မျိုး ဖြစ်ပါသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ကြက်တက်ရွက်ပြုတ်  ဈေးနှုန်းအနေဖြင့်  ကြက်တက်ရွက်ပြုတ် တစ်ပိသာလျှင် (၀၀၀)ကျပ်၊ ကြက် တက်ရွက်ပြုတ်(၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ်နှင့်ကြက်တက်ရွက်ပြုတ်(၁၀)ကျပ်သားလျှင်(၈၀၀)ကျပ်ဈေးနှုန်းဖြင့်လည်းကောင်း ကြက်မောက်ဖြူရွက်ပြုတ် တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်နှင့် ကြက်မောက်ဖြူရွက်ပြုတ်(၁၀)ကျပ်သားခန့် တစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကြက်မောက်ဖြူရွက်သည် အမျိုးသမီးများအတွက် ဆေးဘက်ဝင် အရွက်တမျိုး ဖြစ်သည့်အတွက် လူကြိုက်များပြီး အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးရှိ ဟင်းရွက်ပြုတ် ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မိတ္ထီလာခရိုင် နှမ်းသီးနှံများ စတင်ရိတ်သိမ်းလျက်ရှိ

       မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း နှမ်းသီးနှံသီးနှံများကို မေလနှင့်ဇွန်လများတွင် စတင်စိုက်ပျိုးခဲ့ရာ  ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင် ဆီထွက်သီးနှံတစ်မျိုး ဖြစ်ပါသည်။ မိုးနှမ်းသီးနှံစိုက်ပျိုးဧက စိုက်ပျိုးခဲ့ရာ ယခုဆိုလျှင် စတင်ရိတ်သိမ်း နေပြီးဖြစ် ကြောင်း၊ မိတ္ထီလာမြို့နယ် အလည်ရွာအုပ်စုရှိ ကျေးရွာများတွင် ယခုနှစ် တွင် နှမ်းသီးနှံကို အဓိကထား စိုက်ပျိုးခဲ့ကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှု များသည့်အတွက် လယ်ကွက်များတွင် စိုက်သော နှမ်းများမှာ ပျက်စီးခဲ့ကြောင်း၊ ကုန်းကျသော ယာမြေများတွင်သာ ရေမဝပ်သည့် အတွက် နှမ်းများ အောင်မြင်ဖြစ်ထွန်းကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် (၂၅၀၀၀၀-၃၀၀၀၀၀) ခန့် ကုန်ကျကြောင်း၊ ယခုနှစ်တွင် ပျက်စီးမှုမရှိသော သီးနှံများမှာ ယခင်နှစ်များထက် အထွက်နှုန်းပိုနိုင်ကြောင်း၊ အထွက်နှုန်း (၆)တင်း မှ (၈) တင်း အထိ ထွက်ရှိနိုင် ကြောင်း၊ နှမ်းတစ်တင်းလျှင် (၈၈၀၀၀-၉၀၀၀၀) ဈေး ပေါက်ဈေးရှိသဖြင့် တစ်ဧက အကျိုးအမြတ် အနေဖြင့် (၄၀၀၀၀၀) ကျပ်ခန့် ရရှိနိုင်ကြောင်း တောင်သူများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

ရမည်းသင်းမြို့မဈေးအတွင်း၌ ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ အခြေအနေ

        ရမည်းသင်းမြို့မဈေးအတွင်း ဇူလိုင်လစတုတ္ထပတ်၌ ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း တစ်ပြည်လျှင် (၇၅၀၀) ကျပ်၊ မနောသုခ တစ်ပြည်လျှင်(၂၉၀၀) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၁၅၀၀) ကျပ်၊ ကြက်သွန်ဖြူ(ဗမာ) တစ်ပိဿာလျှင်(၁၂၀၀၀) ကျပ်၊ ငရုတ်ခြောက် (အရှည်) တစ်ပိဿာလျှင်(၁၅၀၀၀) ကျပ်၊ အာလူးတစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ကြက်ဥ တစ်လုံးလျှင် (၄၅၀) ကျပ်၊ ဘဲဥ တစ်လုံးလျှင်  (၆၅၀) ကျပ်၊ ဟူ၍ အသီးသီးရောင်းချလျက်ရှိပါသည်။

          အခြေခံစားကုန်ဖြစ်သော အသားငါးဈေးနှုန်းများမှာ ကြက်သား(စီပီ) တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ ဒေသ ကြက်တစ်ပိဿာလျှင် (၃၆၀၀၀) ကျပ်၊ အမဲသား တစ်ပိဿာလျှင် (၃၆၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၃၂၀၀၀) ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၃၆၀၀၀) ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ် အသီးသီးရောင်းဝယ်လျက်ရှိကြောင်း၊ စားသုံးဆီဈေးနှုန်းများမှာ ပဲဆီတစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၇၀၀၀)ကျပ် ဈေးများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ရွှေဘိုမြို့တွင် ရောင်းချသည့် ကြက်ဥ၊ ငုံးဥဈေးနှုန်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ်တင်ပြလျက်ရှိပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ရောင်းချသည့် ကြက်ဥ၊ ငုံးဥများကို ယခင်က ဒေသတွင်းအပြင် ကန့်ဘလူခရိုင် ဇီးကုန်းမြို့နှင့် မန္တလေးမြို့တို့မှ သယ်ယူရောင်းချကြသော်လည်း ယခုအချိန်တွင် ဒေသတွင်း ဥစားကြက်များ မွေးမြူနိုင်ခြင်းမရှိသည့်အပြင် ကန့်ဘလူခရိုင် ဇီးကုန်းမြို့မှလည်း ဝင်ရောက်မှုမရှိသဖြင့် မန္တလေးမြို့မှ အဓိကမှာယူရောင်းချကြပါသည်။ ရွှေဘိုမြို့၌ ဇူလိုင်လ၊ စတုတ္ထအပတ်တွင် ရောင်းချသည့် ကြက်ဥဈေးနှုန်းများမှာ အရွယ်အစား အကြီး၊ အသေးပေါ်မူတည်၍ တစ်လုံးလျှင် (၄၃ဝိ/-)ကျပ်၊ (၄၅ဝိ/-) ကျပ်၊ (၅၀ဝိ/-)ကျပ်နှင့် (၅၅ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ငုံးဥ(၂၅)လုံးလျှင်(၂၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချကြကြောင်း၊ တစ်ခါတစ်ရံတွင် ရွှေဘို၊ မန္တလေးကားလမ်းပိတ်ခြင်းများရှိသဖြင့် လမ်းခရီတွင် အချိန်ကြန့်ကြာမှုရှိ၍ ကြက်ဥ၊ ငုံးဥ ပုတ်ခြင်းများရှိကြောင်း၊ ကြက်ဥ၊ ငုံးဥများမှာ ဒေသတွင်းစားသုံးမှုများသဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရောင်းချသူများထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မိတ္ထီလာမြို့မဈေးအတွင်း၌ ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ အခြေအနေ

       မိတ္ထီလာမြို့မဈေးအတွင်း ဇူလိုင်လစတုတ္ထပတ်၌ ရောင်းချလျက်ရှိသော အခြေခံစား သောက်ကုန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း တစ်ပြည်လျှင် (၆၂၅၀) ကျပ်၊ ဧည်မထ တစ်ပြည် လျှင်(၃၃၅၀) ကျပ်၊ ငစိန်တစ်ပြည်လျှင်(၃၀၀၀)ကျပ်၊  ကြက်သွန်နီ တစ်ပိဿာလျှင် (၁၃၀၀) ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာလျှင်(၅၅၀၀) ကျပ်၊ ကုလားပဲ တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ ငရုတ်ရှည်တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ငရုတ်ပုတစ် ပိဿာလျှင်(၁၈၀၀၀)၊ ငါးတံခွန်ခြောက် တစ်ပိဿာ(၁၅၀၀၀)ကျပ်၊  ကြက်ဥ တစ်လုံးလျှင်(၄၀၀) ကျပ် ၊ ဘဲဥတစ်လုံးလျှင်(၅၀၀)ကျပ် ဟူ၍ အသီးသီးရောင်းချလျက်ရှိပါသည်။

          အခြေခံစားကုန်ဖြစ်သော အသားငါးဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာလျှင် (၁၆၅၀၀) ကျပ်၊ ဒေသ ကြက်တစ်ပိဿာလျှင် (၃၀၀၀၀) ကျပ်၊ အမဲသား တစ်ပိဿာလျှင် (၃၈၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၃၈၀၀၀) ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၃၈၀၀၀) ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၁၈၀၀၀) ကျပ် အသီးသီးရောင်းဝယ်လျက်ရှိကြောင်း၊ စားသုံးဆီဈေးနှုန်းများမှာ ပဲဆီတစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ် ဈေးများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ယခင်လနှင့် ကာလတူနှိုင်းယှဉ်လျှင် ကြက်သွန်နီ၊ ကြက်ဥ၊ ဘဲဥနှင့် ပဲဆီဈေးနှုန်းများအနည်းငယ်ကျဆင်းလျက်ရှိကြောင်း ဈေးကွက် မှသိရပါသည်။

DOCA(မန္တလေး)

ကျွန်းလှမြို့၌ ရောင်းချနေသော ကျောက်သခွားမွှေးသီး နှင့် စပျစ်သီး ဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ဩဇာသီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ သင်္ဘောသီး၊ မင်းဂွတ်သီး၊  ဒညှင်းသီး  နှင့် ဖရဲသီးများကို  မိမိတို့ ဒေသထွက် နှင့် မန္တလေးမြို့၊ လားရှိုးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ကျောက်သခွားမွှေး သီး၏ ဈေးနှုန်းများမှာ ကျောက်သခွားမွှေးသီး အကြီး(၁)လုံးလျှင်(၅၅၀၀)ကျပ်၊ ကျောက်သခွားမွှေးသီး အသေး(၁)လုံးလျှင်(၃၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်လည်းကောင်း စပျစ်သီး ဈေးနှုန်းများမှာ စပျစ်သီး ထိုင်ဝမ် အလုံးကြီး တစ်ပိဿာ(၃၃၀၀၀)ကျပ်၊ စပျစ်သီး အလုံးသေး တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ စပျစ်သီး(၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်‌ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း