အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ဖြစ်ပေါ်နေသော သစ်သီးဈေးနှုန်းအခြေအနေ

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ပန်းသီး၊ ထောပတ်သီး၊ ဖရဲသီးနှင့် စပျစ်သီးတို့ကို မကွေးမြို့၊ မန္တလေးမြို့နှင့် ရှမ်းပြည်နယ်၊ တောင်ကြီး၊ အောင်ပန်းမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယပတ်)တွင် ဇေယျာသီရိဈေးအတွင်းဖြစ်ပေါ်နေသော သစ်သီး ဈေးနှုန်းများမှာ ပန်းသီး()လုံးလျှင် (အလုံး၊ အကြီး၊ အသေး)အလိုက် ကျပ်(၂၅၀၀-၅၅၀၀) ထောပတ်သီး()လုံးလျှင် ကျပ်(၁၅၀၀-၂၀၀၀) ဖရဲသီး()လုံးလျှင် ကျပ်(၇၀၀၀) စပျစ်သီး (အလုံးကြီး မျိုး) ()ပိဿာလျှင် ကျပ်(၄၅၀၀၀)ဈေးဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။ ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ပန်းသီး ကျပ်(၅၀၀)နှင့် စပျစ်သီး ကျပ်(၂၀၀၀)ဈေးနှုန်း မြှင့်တက်လာကြောင်း၊ ဖရဲသီးဈေးနှုန်းမှာ ပြောင်းလဲမှုမရှိကြောင်း၊ ထောပတ်သီး မှာ ယခုတစ်ပတ်မှ စတင်၍ ဇေယျာသီရိဈေးအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ပန်းသီးနှင့် စပျစ်သီးကို မန္တလေး မြို့မှ အဓိကမှာယူရောင်းချသည့်အတွက် ယခုအချိန်တွင် သယ်ယူစရိတ် အနည်းငယ်မြင့်မားလာသည့် အတွက် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း၊ မင်းလှမြို့နယ်အတွင်း၌ အလှူပွဲကာလဖြစ်သည့် အတွက် သစ်သီးဈေးကောင်းသော်လည်း အရောင်းအဝယ်မှာ သွက်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)