ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ငါးခြောက်ဈေးကွက်အရောင်းသွက်

     ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ် ယခုနှစ်မတ်လပထမပတ်မှစ၍အလှူအတန်း များပေါများသဖြင့် ငါးခြောက်ဈေးကွက်များ အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးကြီး အတွင်းငါးခြောက်ကုန်သည်ကြီးများထံမှ သိရှိရပါသည်။ အများအားဖြင့်ငါးအသားခြောက်၊ငါးတံခွန် ခြောက်များ ပိုမိုရောင်းရပြီး ငါးခြောက်ထောင်းပြုလုပ်ရန် ဝယ်ယူလျက်ရှိကြကြောင်း ရန်ကုန်မှမှာယူ ရောင်းချကြောင်းသိရှိရပါသည်။

      ငါးခြောက်ဈေးများအနေဖြင့် ငါးအသားမြှောင်းခြောက် ၄၆၀၀၀၊ငါးတံခွန်ခြောက် ၂၈၀၀၀ ကျပ် မှ၃၀၀၀၀ ကျပ်၊ငါးပုလွေခြောက် ၂၇၀၀၀၊ငါးပုတ်သင်အလုံး ၂၆၀၀၀ ကျပ်၊ငါးပုတ်သင်အခြမ်း ၃၀၀၀၀ ငါးဝက်မခြောက် ၂၄၀၀၀ ကျပ်၊ပုဇွန်ခြောက် ၆၀၀၀၀ကျပ်မှ၇၅၀၀၀ကျပ်၊အာဗြဲခြောက် ၂၀၀၀၀ကျပ် ငါးနီတူခြောက် ၁၈၀၀၀ ကျပ်ဖြင့် တစ်ပိဿာဈေးနှုန်းရောင်းချကြပြီး  ဖောက်သည်ဈေးအနေဖြင့် ပိဿာ(၁၀)အထက်ဝယ်ပါက ၁၀%လျော့ပေးပြီး ရောင်းဝယ်ကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

လက်ပံတန်းမြို့ဈေးကွက်အတွင်း၌ကျဆင်းနေတဲ့ဂျင်းနှင့်ကြက်သွန်ဖြူ

          ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊လက်ပံတန်းမြို့ စည်ပင်သာယာဈေးတွင်းရှိသော ဂျင်း ဈေးနှုန်းများမှာ ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် ဂျင်း (၁၀)ကျပ်သားလျှင် ၁၀၀၀ ကျပ်ရှိခဲ့ပြီး မတ်လဒုတိယပတ်တွင်လည်း ၈၀၀ ကျပ်ရှိနေပါသည်။ ဂျင်းဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်းသိရှိ ရပါသည်။     

          ကြက်သွန်ဖြူဈေးနှုန်းများအနေဖြင့် ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ ကျပ်သားလျှင် ၁၈၀၀ ကျပ်၊ယခု  မတ်လဒုတိယပတ်တွင် ၁၆၀၀ ကျပ်ဈေးနှုန်းဖြင့် ဈေးအနည်းငယ်ကျဆင်းလျက်ရှိပါသည်။

          ကြက်သွန်ဖြူ(ရှမ်းစ) ဈေးနှုန်းအနေဖြင့်  ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် (၁၀) ကျပ်သား လျှင် ၁၅၀၀/ ကျပ်ပေါက်ဈေးရှိနေပြီး ယခုမတ်လဒုတိယပတ်တွင် ကြက်သွန်ဖြူ (ရှမ်းစ) ၁၀ကျပ်သားလျှင် ၁၃၀၀/ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။ ကြက်သွန်ဖြူဥ တစ်လုံးဈေးကွက်လည်းရှိ နေပြီး တစ်ဆယ်ကျပ်သားလျှင် ၂၀၀၀ ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဈေးနှုန်းကျဆင်းနေသောကြက်သွန်နီနှင့်အာလူးဈေးကွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းများမှာ ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် (၅၀၀၀/ ၄၀၀၀/ ၃၀၀၀) ကျပ်၊ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ရှိနေခဲ့ပြီးမတ်လဒုတိယပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် (၃၀၀၀/၂၅၀၀/၂၀၀၀/)ဈေးနှုန်းတို့အသီးသီးရှိနေကြပါသည်။

အာလူးဈေးကွက်ရောင်းချမှုအနေဖြင့် အာလူးတစ်ပိဿာလျှင် ဖေဖော်ဝါရီလနောက်ဆုံး ပတ် တွင်  အာလူးဈေးနှုန်းမှာ(၆၀၀၀/၇၀၀၀) ကျပ် ဈေးရှိနေခဲ့ရာယခုမတ်လ ဒုတိယပတ် တွင်လည်း အာလူးဈေးနှုန်းမှာ ၄၅၀၀/၅၀၀၀  ကျပ် ဖြင့်အရောင်း ဝယ်ဖြစ်နေပြီး ယခုမတ်လဒုတိယပတ်တွင် ဈေးကွက်အတွင်း၌ ကြက်သွန်နီအသစ်များ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး ကြက်သွန်နီဈေးနှုန်း များလည်း ကျဆင်းလာကြောင်း၊ကြက်သွန်နီများကို ပြည်ဘက်မှကားများဖြင့် ဝယ်ယူရောင်းချ လျက်ရှိကြောင်းသိရပြီး၊အာလူးဈေးနှုန်းမှာလည်း ကျဆင်းသွားကြောင်း သိရှိရ သည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့မဈေးအတွင်းရှိ ပန်းရောင်းချမှုဈေးကွက်

          ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီခရိုင်  ၊ လက်ပံတန်းမြို့ရှိ  မတ်လတွင် ရောင်းချနေ သော ပန်းဈေးနှုန်းများကတော့ သစ်ခွပန်း (၁)ခက် ၁၀၀၀ ကျပ်၊ကြယ်တာယာပန်း (၁)စည်း ၂၀၀၀ ကျပ်၊ နှင်းဆီအပွင့်ကြီး (၁)စည်း ၃၀၀၀ ကျပ်၊နှင်းဆီပန်းအပွင့်သေး(၁)စည်း ၁၅၀၀ ကျပ်၊အောင် သပြေ(၁)စည်း ၅၀၀ ကျပ်၊ ဂန္ဓာမာပန်းအပွင့်ကြီး (၁)စည်း ၅၀၀၀ ကျပ်၊ဂန္ဓာမာပန်း အဖြူ(၁)စည်း ၃၀၀၀ကျပ်၊ဂန္ဓာမာအပွင့်သေးအဝါ (၁)စည်း ၂၀၀၀ ကျပ်၊မေမြို့ပန်းတစ်စည်း ၁၅၀၀ကျပ်၊ သစ္စာပန်းတစ်စည်း ၁၅၀၀  ကျပ်၊ ဇော်ကြားပန်း (၁)စည်း ၁၀၀၀ ကျပ်၊ ဇော်လုံး(၁)စည်း ၁၅၀၀ ကျပ်၊ စိန်ချယ်(၁)စည်း ၁၀၀၀ကျပ်၊ အာဆီယံ သပြေ (၁)စည်း ၅၀၀ ကျပ် စသည့်ဈေးနှုန်းများဖြင့် ရောင်းချနေကြကြောင်း မေးမြန်းသိရှိရ ပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့မဈေးအတွင်းရောင်းချနေသော ငပိ၊ငခြောက်၊ပုဇွန်ခြောက်များဈေးကွက်

          ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ငပိ၊ ငခြောက်၊ ပုဇွန်ခြောက်ဈေးနှုန်းများမှာ ပုဇွန်ငပိ တစ်ဆယ်ကျပ်သားလျှင် ၁၆၀၀/၁၇၀၀ ကျပ်ဈေးနှုန်း များဖြင့် ရောင်းချလျက်ရှိပါသည်။ မြိတ်ဒေသထွက်ကုန် မျှင်ငပိဗူး ၂၅ ကျပ်သား တစ်ဗူးလျှင် ၄၀၀၀/ကျပ်၊ဈေးနှုန်းတို့ဖြင့် ဈေးကွက်အတွင်း ရောင်းချလျှက်ရှိပါသည်။ ငပုတ်သင်ခြောက် တစ်ဆယ် ကျပ်သားလျှင် ၃၅၀၀/၄၀၀၀ ကျပ်၊အာဗြဲခြောက် အချိုခြောက်တစ်ဆယ် ကျပ်သားလျှင် ၃၅၀၀/၄၅၀၀ /၆၀၀၀ ကျပ်ထိ အသေးအကြီးပေါ်မူတည်၍ ဈေးနှုန်းမြင့်တက် ရောင်းချလျက် ရှိပါသည်။ အသားမြှောင်း ခြောက်တစ်ဆယ်ကျပ်သားလျှင် ၂၈၀၀/၃၀၀၀ ကျပ်၊SP ခြောက် (ငဖီးမ) ခြောက် တစ်ဆယ်ကျပ်သား လျှင် ၁၆၀၀ ကျပ်၊ ငတံခွန်ခြောက် တစ်ဆယ် ကျပ်သားလျှင် ၂၀၀၀/ ၂၅၀၀/၂၈၀၀ ကျပ်၊ ငနီတူခြောက် တစ်ဆယ်ကျပ်သားလျှင် ၃၂၀၀ ကျပ်၊ငရံ့လုံးခြောက်တစ်ဆယ် ကျပ်သားလျှင် ၄၀၀၀/၅၀၀၀/၆၀၀၀ကျပ်၊ ငဇင်းပြားခြောက် တစ်ဆယ် ကျပ်သားလျှင် ၁၅၀၀/၂၀၀၀ ကျပ်ဈေးတို့ဖြင့် ပုံမှန်ရောင်းချလျက် ရှိပါသည်။

          ပုဇွန်ခြောက်ဈေးနှုန်းများအနေဖြင့် ပုဇွန်ခြောက်တစ်ဆယ်ကျပ်သားလျှင် အနည်းဆုံး ၅၀၀၀ ကျပ်မှစတင်၍  ၁၅၀၀၀ ကျပ်ထိ ဈေးနှုန်းများရှိနေပါသည်။အများဆုံးဝယ်ယူလျက် ရှိသော ပုဇွန် ခြောက်မှာ ၈၀၀၀ /၉၀၀၀/၁၀၀၀၀ /ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော ပုဇွန်ခြောက်များ ဖြစ်ပါ သည်။ ပုဇွန်ခြောက်ဈေးနှုန်းများမှာ ယခင်လနှင့်ယခုလနှိုင်းယှဉ်ပါက ဈေးနှုန်းကျဆင်း သွားခြင်းမရှိပဲ ပုံမှန်ဈေးတို့ဖြင့်ရောင်းချလျှက်ရှိကြောင်း ဈေး အတွင်းငပိ၊ငခြောက်၊ပုဇွန်ခြောက် ရောင်းချသူ တစ်ဦးထံမှ သိရှိရပါ သည်။

DOCA(ပဲခူး)

ရွှေတောင်မြို့နယ်၊ ကျီးသဲမြို့ရှိ ကျေးရွာများတွင် သစ္စာပန်းများစိုက်ပျိုးထွက်ရှိ

 ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျီးသဲမြို့သို့ သွားရာလမ်းတလျှောက်တွင် သစ္စာပန်းပင် များကို စီးပွားဖြစ်ရော၊ တစ်နိုင်၊ တစ်ပိုင်ပါ စိုက်ပျိုးရှိတာတွေ့ရပါသည်။ စိုက်ပျိုးသော မျိုးများမှာ မြန်မာမျိုးနှင့် ဟော်လန်မျိုးတို့ဖြစ်ပါသည်။ ယခုအချိန်ဖြစ်သော မတ်လတွင် သစ္စာပန်းများ စတင်ထွက်ပေါ် လာချိန်ဖြစ်၍ ကျေးရွာများတွင် အဝယ်ဒိုင်များဖွင့်လှစ်ပြီး ရွှေမြို့ရှိ ပန်းဒိုင်များ သို့တင်ပို့ရောင်းချသည်ဟု သိရပါသည်။ ရွှေတောင်မြို့မှ ရွှေနတ်တောင် ဘုရားသို့သွားရာလမ်းဖြစ်သော ရွှေနတ်တောင်ဘုရား ကျော်လျှင် တွေ့ရသော ကျေးရွာများဖြစ်သော ရွှေမြင်တင်ရွာ၊ ရွှေကျွန်း ကုန်းရွာ၊ လိပ္ပုတ်ကုန်း ကျေးရွာများတွင် အများအပြား စိုက်ပျိုးကကြပါသည်။  ရောင်းချသော ဈေးနှုန်းအနေဖြင့် (၅)တံစည်းတစ်စည်းလျှင် ဖောက်သည်ဈေး ၁၀၀၀-၁၅၀၀ကျပ်ဖြင့် ရောင်းချကြ ပါသည်။ ရွှေတောင်မြို့ ပန်းဒိုင်များမှတစ်ဆင့် နယ်စုံသို့တင်ပို့ ရောင်းချသလို ရန်ကုန်မြို့ရှိ ဈေကွက်များသို့ တင်ပို့ရောင်းချ ကြပါသည်။ ပြည်မြို့ရှိဈေးကွက်များသို့လည်း ရွှေတောင်မြို့ထွက် သစ္စာပန်းများတင်ပို့ရောင်းချသဖြင့် ဈေးကွက်တွင်ရောင်းချသော ဈေးမှာ (၅)တံပါတစ်စည်းလျှင် ၂၀၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိပါသည်။

          သစ္စာပန်းရောင်းချသူများအနေဖြင့်လည်း အရင်းအနှီးကြီးသဖြင့် ပန်းဈေးများလည်း မြင့်တက် လာသော်လည်း ဝယ်ယူသူများကလည်း ဝယ်ယူမှုရှိသဖြင့် အကျိုးအမြတ်များလည်း ရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ကုန်စည်ဒိုင်၏ မတ်လဒုတိယပတ် ပဲမျိုးစုံဈေးနှုန်းဈေးကွက်

ပြည်ကုန်စည်ဒိုင်သည်လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသော မြို့ဖြစ်၍ ပဲမျိုးစုံ အရောင်း အဝယ်သွက်လျက်ရှိပါသည်။ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်ပဲများ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

          မတ်လဒုတိယပတ်တွင် မတ်ပဲအသစ်များအဝင်ရှိပြီး ကုန်းပဲနှင့် လယ်ပဲများပါ အဝင်ရှိနေ ပါသည်။ မတ်ပဲ(ကုန်းပဲ) တစ်တင်းလျှင် ၉၂၅၀၀-၉၃၀၀၀ကျပ်၊ မတ်ပဲ (လယ်ပဲ)တစ်တင်းလျှင် ၉၅၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့် ရန်ကုန်အဝယ်ရှိပါသည်။ ပဲစင်းငုံ(သစ်) တစ်တင်းကို ၉၂၅၀၀-၉၃၀၀၀ကျပ်ဖြင့် ရန်ကုန်သို့တင်ပို့မှု (၂၅၀)ခန့်ရှိပါသည်။

          ကုလားပဲ(HL) တစ်တင်းကို ၈၀၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၉၀၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲ စက်သမားနှင့် နယ်စုံအဝယ်တစ်ရက်ကို အိတ် ၃၀၀ခန့်ရှိပါသည်။ ပဲကြီး (ရွှေကျွန်း) တစ်တင်းကို ၈၁၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ)တစ်တင်းကို ၇၆၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်ကိုအိတ် ၂၀၀ခန့် အဝယ်ရှိပါသည်။ ဘိုကိတ်ပဲတစ်တင်းကို ၇၃၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ် တစ်ရက်ကိုအိတ် ၁၀၀-၁၅၀ခန့် အဝယ်ရှိပါသည်။

          ပြည်ကုန်စည်ဒိုင်တွင် ပဲသစ်နှင့်ပဲဟောင်း (၂)မျိုးစလုံးအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

DOCA(ပဲခူး)

နွေဦးရာသီနှင့်လိုက်ဖက်သော ဟင်းထုပ်နှင့်အခြားသရေစာများ

ဆောင်းအကုန်နွေအကူး လေရူးထသည့် နွေဦးကာလတွင် ရာသီဥတုပူပြင်းသဖြင့် အချို၊ အချဉ်၊ အငန်၊အစပ် အရသာများကို စားသုံးလေ့ရှိကြပါသည်။ တောင်ငူမြို့ပေါ်ရှိ လမ်းမများတွင် ရာသီဥတု ဒဏ်ကို အံတု၍ ဝမ်းရေးအတွက် လှုပ်ရှားနေကြသည့် ခေါင်းရွက်စျေးသည်လေးများသည် ဟင်းထုပ်၊ သရက်သီးစိတ်၊ကန်စွန်းဥ၊ပဲမြစ်၊ဆီးသီးနှင့် မြေပဲပြုများ ရောင်းချလျှက်ရှိပါသည်။

ဟင်းထုပ်ကို ကြက်သားဟင်းထုပ်၊ ငါးဟင်းထုပ်နှင့် သက်သက်လွတ်ဟင်းထုပ် (၃) မျိုး ရောင်းချ လျှက်ရှိပြီး ကြက်သားဟင်းထုပ်နှင့် ငါးဟင်းထုပ်တစ်ထုပ်လျှင် ၅၀၀ ကျပ်၊ သက်သက်လွတ်ဟင်းထုပ် (၃)ထုပ်လျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချလျှက် ရှိပါသည်။ သရက်သီးစိတ်၊ ကန်စွန်းဥ၊ ပဲမြစ်၊ ဆီးသီးနှင့် မြေပဲပြုများကို ၁ထုပ်လျှင် ၅၀၀ ကျပ်ဖြင့် ‌ရောင်းချလျှက်ရှိပြီး တစ်ရက်လျှင် ဟင်းထုပ် ၂၀၀ ထုပ်ခန့် ရောင်းချရပြီး အခြားသရေစာများလည်း အရောင်းသွက်ကြောင်း ဟင်းထုပ်နှင့် အခြားသရေစာ ရောင်းချ သည့် စျေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့တွင် ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ပန်းဂေါ်ဖီ၊ သခွားသီး နှင့် ဂေါ်ဖီစျေးကျ

          တောင်ငူမြို့ ညောင်ပင်ဈေးတွင် ခရမ်းချဉ်သီး (ဒေသသီး)မှာ ယခင်လက ၁၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၈၀၀ ကျပ်အထိ စျေးနှုန်းကျဆင်းသွားပါသည်။    

သခွားသီးမှာ ယခင်လက ၂၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၁၈၀၀ ကျပ်ဖြင့် ရောင်းချလျက် ရှိသည်။ ဂေါ်ဖီမှာ တစ်ပိဿာလျှင် ၁၀၀၀ ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ်နေပါသည်။ ပန်းဂေါ်ဖီပွင့် စျေးနှုန်းအနေဖြင့် အပွင့်ကြီး တစ်ပွင့်လျှင် ၁၀၀၀ ကျပ် ဖြစ်ပြီး၊ အပွင့်အသေး တစ်ပွင့်လျှင် ၈၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

ခရမ်းသီးအညိုမှာ ယခင်လက တစ်ပိဿာလျှင် ၂၅၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၂၀၀၀ ကျပ်၊ ခရမ်းသီးအဖြူမှာ ယခင်လက ၁၅၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၁၂၀၀ ကျပ်၊ ခရမ်းသီးအဝိုင်းမှာ ယခင်လက တစ်ပိဿာလျှင် ၃၅၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၃၀၀၀ ကျပ် အထိ ဈေးနှုန်း ကျဆင်း သွားပါသည်။

          ဒေသတွင်းစိုက်ပျိုးသည့် ဒေသထွက်အသီးအနှံများဖြစ်ပြီး လတ်ဆတ်သည့်အပြင် စျေးနှုန်း လည်းချိုသာသဖြင့် အ‌ရောင်းအဝယ်ကောင်းကြောင်း ညောင်ပင်စျေးရှိ ဟင်းသီးဟင်းရွက် အ‌ရောင်းဆိုင် များမှ သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် အိမ်မွေးကြက်သား စျေးအနည်းငယ်တက်

          တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ကြက်သား (အိမ်မွေးကြက်)မှာ ယခင်လက တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၃၂၀၀၀ ကျပ်ဖြင့် စျေးနှုန်း ၂၀၀၀ ကျပ် တက်ပြီး စီပီကြက်သားမှာ တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်ဖြင့် စျေးနှုန်းတည်ငြိမ်နေပါသည်။

          ဘော့ပုဇွန်မှာ ယခင်လက တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၂၃၀၀၀ ကျပ်ဖြင့် စျေးနှုန်း ၃၀၀၀ တက်ပြီး ချောင်းပုဇွန်မှာ တစ်ပိဿာလျှင် ၄၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

          ငါးဖယ်ခြစ်မှာ ယခင်လက တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၃၂၀၀၀ ကျပ်ဖြင့် စျေးနှုန်း ၂၀၀၀ ကျပ် တက်သွားကြောင်း ညောင်ပင်စျေးရှိ အသား၊ငါး အ‌ရောင်းဆိုင်များမှ သိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း