ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရေစကြိုမြို့နယ်၌ မိုးစိုက်ဝါသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ကို သဘာဝပထဝီအနေအထားအရ ကုန်းပိုင်း၊ ကုန်းတစ်ပိုင်းကျွန်းတစ်ပိုင်း၊ ကျွန်းပိုင်းဟူ၍ အပိုင်း (၃)ပိုင်းဖြင့် ပိုင်းခြားထားကြောင်း၊ ရေစကြို /ပခုက္ကူ ကားလမ်းမ၏အနောက်ဘက်ခြမ်းကို ကုန်းပိုင်း၊ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်၏ အနောက်ဘက်ခြမ်းနှင့် ရေစကြို/ ပခုက္ကူကားလမ်းမ၏ အရှေ့ဘက်ခြမ်းတို့ကို ကုန်းတစ်ပိုင်း ကျွန်းတပိုင်း၊ ချင်းတွင်းမြစ်၏အရှေ့ဘက် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့ပေါင်းစုံရာနေရာကို ကျွန်းပိုင်းဟုခေါ်ဆိုကြပါသည်။ ကုန်းပိုင်းတွင် မိုးသီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ငရုတ်နှင့်ဝါသီးနှံများစိုက်ပျိုးကြပါသည်။ မိုးသီးနှံများထဲတွင် တောင်သူများတွက်ခြေကိုက်သည့် ဝါသီးနှံများကို စိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။ ဝါသီးနှံများကို အဓိကထား၍စိုက်ပျိုးသည့် မြေဖြူ၊ ဂွေးချို၊ စည်သာကျေးရွာများတွင် ဧက(၁၀၀)ခန့်စိုက်ပျိုးထားရှိကြောင်း မြေဖြူကျေးရွာနေ တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

   ဝါသီးနှံများကို ပဲစင်းငုံသီးနှံခင်းတွင် ကြားညှပ်စိုက်ပျိုးခြင်းနှင့် သီးသန့်စိုက်ပျိုးခြင်းဟူ၍ စိုက်ပျိုးကြပါသည်။ မျိုးများအနေဖြင့် ဒေသမျိုး ငွေချည်-၉၊ ရွှေတောင်-၁၀ မျိုးများကိုစိုက်ပျိုးကြပြီး ဩဂုတ်လတွင် စတင်စိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် (၁)ဧကလျှင် မျိုးစေ့(၅)ပိဿာခန့်ကုန်ကျပြီး ထွန်ယက်ခ၊ မျိုးစေ့၊ စိုက်စရိတ်၊ သွင်းအားစု၊ ခူးဆွတ်ရိတ်သိမ်းခြင်းတို့အတွက် စုစုပေါင်းကုန်ကျစရိတ်မှာ (၃)သိန်းခန့်ကုန်ကျကြောင်း၊  အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင်   ပိဿာ(၂၀၀မှ ၃၀၀)ထွက်ရှိနိုင်ကြောင်း၊ (၁)ပိဿာလျှင် ကျပ် (၂၈၀၀)ခန့်ရရှိပါက ကျပ်(၄)သိန်းခန့် အကျိုးအမြတ်ရရှိနိုင်ကြောင်း၊ ဝါသီးနှံမှာ မိုးသီးနှံဖြစ်သည့်အတွက် ၎င်းကို မိုးတွင်းကာလတွင် စိုက်ပျိုးကြောင်း၊ မိုးကြိုက်သောသီးနှံဖြစ်ပြီး မိုးကောင်းသောနှစ်များတွင် ပိုမိုထွက်ရှိပါကြောင်း၊ သွင်းအားစုဖြစ်သည့် မြေဩဇာနှင့်ပိုးသတ်ဆေးများကို စနစ်တကျသုံးစွဲမည်ဆိုလျှင် ပိုမိုထွက်ရှိနိုင်ကြောင်း၊ အခြားသီးနှံများကဲ့သို့ အလုပ်မရှုပ်ဘဲ သက်သာသောကြောင့် တောင်သူများအနေဖြင့် ပိုမိုစိုက်ပျိုးသင့်ကြောင်း၊ ယခင်နှစ်တွင် ဝါသီးနှံ(၁)ဧကစိုက်ပျိုးလျှင် ပျှမ်းမျှကုန်ကျစရိတ်မှာ ကျပ်(၁၈၀၀၀၀/-) ခန့်ကုန်ကျခဲ့ပြီး (၁) ဧကလျှင် ပိဿာ(၃၀၀) ထွက်ရှိကြောင်း၊ (၁)ပိဿာဈေးနှုန်းမှာ ကျပ်(၁၂၀၀/-) ဖြစ်သည့်အတွက် ကျပ်(၃၆၀၀၀၀/-) ရရှိသောကြောင့် ပျှမ်းမျှအကျိုးအမြတ်မှာ ကျပ်(၁၈၀၀၀၀/-)ခန့်ရရှိပါကြောင်း၊ ယခုနှစ်တွင် ကုန်ကျစရိတ်များပြားပြီး ဈေးနှုန်းမှာလည်းမြင့်မားကြောင်း၊ ရာသီဥတုအခြေအနေမှာ ကောင်းမွန်သဖြင့် ယခုနှစ်တွင် ဝါသီးနှံများကို နိုဝင်ဘာလမှစတင်၍ ဇန်နဝါရီလထိခူးဆွတ်ရမည်ဖြစ်သဖြင့်  ခန့်မှန်းအထွက်နှုန်း ပိဿာ (၃၀၀)ခန့်ရရှိနိုင်ပြီး တောင်သူများမျှော်လင့်နေသည့် အကျိုးအမြတ်ရရှိမည်ဖြစ်ကြောင်း  တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(မကွေး)

                                     

ကန့်ဘလူမြို့၏ နိုဝင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်လျက်ရှိသော အိမ်သုံးဆေးဝါးဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော အိမ်သုံးဆေးဝါးများ၏ ဈေးနှုန်းများမှာ Decolgen (၁၀)လုံးပါ (၁) ကတ်လျှင် (၂၂၀၀)ကျပ်၊ Paracetamol (၁၀)လုံးပါ (၁) ကတ်လျှင် (၄၀၀) ကျပ်၊ Civit အလုံး (၁၀၀)ပါ(၁)ဘူးလျှင် (၃၀၀၀)ကျပ်၊ Burmeton အလုံး(၁၀၀)ပါ (၁)ဘူးလျှင် (၂၈၀၀)ကျပ်၊ Biogesic (၁၀)လုံးပါ (၁)ကဒ်လျှင် (၁၂၅၀)ကျပ်၊ Cetirizine (၁၀)လုံးပါ (၁)ကဒ်လျှင် ( ၄၀၀)ကျပ်၊ ဓာတ်ဆား MPF (၁)ထုပ်လျှင် (၄၀၀)ကျပ်၊ သီးစုံဓာတ်ဆား Royal-D (၁)ထုပ်လျှင် (၃၅၀)ကျပ်၊ Oramin –G (၅)လုံးပါ (၁)ကတ်လျှင် (၃၇၀၀)ကျပ်၊ Enervon –c (၄)လုံးပါ (၁) ကတ်လျှင် (၁၈၀၀) ကျပ်၊ Solmux (၄)လုံးပါ (၁) ကတ်လျှင် (၁၅၀၀)ကျပ်၊ Becozin (၁၀)လုံးပါ (၁)ကတ်လျှင် (၃၀၀၀) ကျပ်၊ Hepto Pep (၁)ဘူးလျှင် (၆၃၀၀)ကျပ်၊  Ascoril (၁)ဘူးလျှင် (၅၇၀၀)ကျပ်၊ Chericof (၁)ဘူး လျှင် (၆၅၀၀)ကျပ်၊ Vifex (၁)ဘူးလျှင် (၅၅၀၀)ကျပ်၊ Baby Cough (၁)ဘူးလျှင် (၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          အိမ်သုံးဆေးဝါးဈေးနှုန်းများအား နိုဝင်ဘာလ ဒုတိယပတ်နှင့်နှိုင်းယှဉ်ပါက အိမ်သုံးဆေးဝါး ဈေးနှုန်းများမှာ ပုံမှန်အတိုင်း ရောင်းချလျက်ရှိကြောင်း ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူခရိုင်အတွင်း ရောင်းချနေသော နိုဝင်ဘာ တတိယပတ် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းအခြေအနေ

  စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရှိရပါသည်။

   ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိသော စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ နိုဝင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ပန်းဖူး(50)kg တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်၊ မျှားကမ္ဘာ(50)kg တစ်အိတ်လျှင် (၇၇၀၀၀)ကျပ်၊ ကွန်ပေါင်း(10:10:5) (50)kg တစ်အိတ်လျှင်(၇၆၅၀၀)ကျပ်၊ ကွန်ပေါင်း (15:15:15) (50)kg တစ်အိတ်လျှင်(၁၆၀၀၀၀)ကျပ်၊ ပိုတက် (50)kg တစ်အိတ်လျှင် (၁၄၀၀၀၀)ကျပ်နှင့် ရွှေတောနစ် (၅၀၀)စီစီ တစ်ဘူးလျှင် (၁၁၀၀၀)ကျပ်၊ မိုရယ်လ်မုန်း (၅၀၀)စီစီ တစ်ဘူးလျှင် (၂၅၅၀၀) ကျပ်၊ ဟတ်ကာ(၅၀၀)စီစီ တစ်ဘူးလျှင် (၂၄၅၀၀)ကျပ် ၊ AP ဇာပြာ (၅၀၀)စီစီ တစ်ဘူးလျှင် (၁၇၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးရေးသုံးဆေးနှင့် ဆေးပစ္စည်းရောင်းချသည့်လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူခရိုင်၏ နိုဝင်ဘာလ တတိယပတ် စပါး၊ဆန်ဈေးနှုန်း အခြေအနေ

    စားသုံးသူရေးရာဦးစီးဌာန၊“ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ကန့်ဘလူခရိုင်အနေဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်းဖြစ်ပေါ်ခဲ့သော စပါး၊ ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် ကျပ် ၃၄၈၀၀၀၀၊ ဧရာမင်း စပါးတင်း (၁၀၀)လျှင် ကျပ် ၃၀၀၀၀၀၀ နှင့် နွေစပါးရွှေဝါထွန်း စပါးတင်း(၁၀၀)လျှင် ကျပ် ၁၆၅၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်(၂၄)ပြည်တစ်အိတ်လျှင် ကျပ် ၁၂၅၀၀၀၊ ဧရာမင်းဆန်(၂၄)ပြည် တစ်အိတ်လျှင် ကျပ် ၁၂၄၀၀၀ နှင့် ရွှေဝါထွန်းဆန်(၂၄)ပြည်တစ်အိတ်လျှင် ကျပ် ၆၃၀၀၀ ဖြစ်ကြာင်း၊ ဒေသခံ ဆန်စက်လုပ်ငန်းရှင်နှင့် ချိတ်ဆက်မေးမြန်းမှုအရ သိရှိရပါသည်။   

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ် ၊ ရှမ်းစုကျေးရွာတွင် မြေအောက်ရေတင်စနစ်ဖြင့် တိုင်ထောင်သခွားသီး စိုက်ပျိုး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင်တစ်နိုင်အနေဖြင့် လည်းကောင်း ၊ မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန်အတွက် လည်းကောင်း တိုင်ထောင်သခွားပင်ကို စိုက်ပျိုးလျက်ရှိပါသည်။

    တိုင်ထောင်သခွားပင်ကို တော်သလင်းလတွင် စိုက်ပျိုးကာ တိုင်ထောင်သခွားပင်ကို တစ်ကျင်းလျှင် (၁)ပင်ခန့် စိုက်ပျိုးပြီး တစ်ဧကလျှင် အပင်ရေ (၃၀၀)ခန့် စိုက်ပျိုးရပါကြောင်း၊ တိုင်ထောင်သခွားပင်ကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကာ တိုင်ထောင်သခွားပင်၏ စတင်စိုက်ပျိုးရန် မျိုးစေ့ဖိုး၊ မြေပြုပြင်ခ၊ တိုင်ထောင်ခ၊ ဓါတ်မြေဩဇာနှင့် ရေသွင်းခြင်း စသည်တို့၏ စုစုပေါင်းကုန်ကျစရိတ် မှာ ကျပ်(၂၅၀၀၀)ခန့် ကုန်ကျကြောင်း၊တိုင်ထောင်သခွားသီးကို တန်ဆောင်မုန်းလတွင် စတင်ခူးဆွတ်ရပြီး တစ်လုံးလျှင်(၃၀၀)ကျပ်နှုန်း ရောင်းချလျက်ရှိပါကြောင်း၊ တိုင်ထောင် သခွားပင်ကို စတင်ခူးဆွတ်သည့်နေ့မှ တရက်ခြား အလုံး(၃၀၀)ခန့် ခူးဆွတ်ရပြီး ၊ တစ်ခါစိုက်ပျိုးလျှင်(၂)လကြာအောင် ခူးဆွတ် ရောင်းချရပါသည်။

      ထို့ကြောင့် တိုင်ထောင်သခွားပင်ကို ဆောင်းရာသီတွင်အများဆုံး စိုက်ပျိုးနိုင်ပြီး တစ်ရက်ခြား ခူးဆွတ် ရောင်းချရသော သီးနှံပင်ဖြစ်ကြောင်းနှင့် တိုင်ထောင်သခွားပင်ကို ရိုးရိုးဗမာသခွားသီး မပေါ်ခင်ထိ စိုက်ပျိုးကြကာ ၊ဖောက်သည်များထံ ရောင်းချခြင်း၊ မိမိကိုယ်တိုင် ဈေးသို့သွားရောက်ရောင်းချခြင်းဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ကျွန်းလှမြို့နယ် ၊ ရှမ်းစု ကျေးရွာအတွင်းရှိ  တိုင်ထောင်သခွားစိုက်တောင်သူ ဦးကျော်မျိုးဟန်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

ပခုက္ကူခရိုင်အတွင်း နိုဝင်ဘာလ(ဒုတိယပတ်)တွင်ဖြစ်ပေါ်နေသော မြေပဲဆံနှင့်မြေပဲဆုံဆီဈေးနှုန်းဈေးကွက်

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သော မြေပဲနှင့်နှမ်းကို အဓိကစိုက်ပျိုးကြပါသည်။ ယခုအခါတွင် သုံးလမြေပဲများဖြိုင်ဖြိုင်ပေါ်နေပြီး မြေပဲဆံဈေးမှာလည်း အနည်းငယ်ကျဆင်းကြောင်းသိရှိရပါသည်။ ပခုက္ကူခရိုင်အတွင်းသို့ မြိုင်မြို့နယ်ရှိရွာများ၊ ရေတောင်ဘက်ရှိရွာများ၊ ပခုက္ကူမြို့အနောက်ဘက်ရှိရွာများမှ သုံးလမြေပဲများမှာ အရောင်းအဝယ်ဖြစ်နေပါသည်။  ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် သုံးလမြေပဲဈေးနှုန်းများမှာ  အခွံပါမြေပဲအတောင့် (ပဲလေး) တစ်ပိဿာလျှင် ကျပ်(၂၂၀၀-၃၄၀၀-၃၆၀၀)၊ အခွံပါမြေပဲအတောင့် (ပဲကြီး) တစ်ပိဿာလျှင် လက်ကားဈေးမှာ ကျပ်(၂၅၀၀-၃၅၀၀-၃၆၀၀)ဖြစ်ပြီး နိုဝင်ဘာလ(ဒုတိယပတ်)တွင် အခွံပါမြေပဲအတောင့် (ပဲလေး)ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၃၀၀၀-၃၅၀၀-၃၆၀၀)၊ အခွံပါမြေပဲအတောင့် (ပဲကြီး)တစ်ပိဿာလျှင် လက်ကားဈေးမှာ ကျပ်(၂၄၀၀-၃၅၀၀-၃၆၅၀)၊  မြေပဲဆံ (ပဲလေး) အလုံးအသေး/အကြီးပေါ်မှုတည်၍  တစ်ပိဿာလျှင်  ကျပ် (၅၂၀၀-၅၈၀၀ )မှစတင်၍  ကျပ် (၆၁၀၀ -၆၁၅၀)၊ မြေပဲဆံပြန့်ရှယ်တစ်ပိဿာလျှင် ကျပ် (၅၇၀၀-၅၈၀၀-၆၀၀၀)၊ မြေပဲဖြူလုံးဆံတစ်ပိဿာလျှင် ကျပ်(၅၇၀၀-၅၈၀၀-၅၉၀၀)၊ မြေပဲဆံရွေးကျ(ခွဲခြမ်း) တစ်ပိဿာလျှင် ကျပ် (၄၂၀၀-၄၃၀၀ ဖြင့်  အရောင်းအဝယ်ဖြစ်နေပါသည်။

     မြေပဲဆံ(၃)လပဲများဖြိုင်ဖြိုင်ပေါ်သည့်အလျောက် မြေပဲဆုံဆီလုပ်ငန်များလည်း တွင်ကျယ်စွာလည်ပတ်လျက်ရှိပြီး ပခုက္ကူမြိုနယ်တွင် ဆုံဆီလုပ်ငန်းများကို ယခင်ထက် တွင်ကျယ်စွာလုပ်ကိုင်လာကြပါသည်။ မြေပဲဆုံဆီကြိတ်ရာတွင် မြေပဲဆံများကို ပြာတီးသန့်စင်ခြင်း၊ မြေပဲအပုပ်စေ့များကို ရွေးထုတ်ပြီးမှာသာ မြေပဲဆံကြိတ်ရကြောင်း၊ မြေပဲဆံ(ပဲလေး)တစ်ပိဿာကြိတ်လျှင်  ဆီ (၄၀-၄၂) ကျပ်သားထွက်ရှိကြောင်း၊  မြေပဲတစ်စုံကြိတ်လျှင် (၅) ပိဿာကြိတ်ရပြီး ဆီထွက်ရှိမှုမှာ  (၂)ပိဿာ၊ (၁၀) ကျပ်သားထွက်ရှိကြောင်း၊ မြေပဲဆုံကြိတ်ခမှာ တစ်စုံလျှင် ကျပ် (၇၀၀)ဖြစ်ပြီး  မြေပဲစုံ (၇) စုံရှိကြောင်း မြေပဲစုံကြိတ်သူထံမှသိရှိရပါသည်။ မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ်(၁၃၅၀၀)မှ ကျပ် (၁၄၀၀၀)၊ စက်ပဲဆီသန့်တစ်ပိဿာလျှင် ကျပ်(၁၁၀၀၀-၁၂၀၀၀)ဖြစ်ပြီး ဆုံပဲခွေဖတ်တစ်ပိဿာလျှင် ကျပ် (၂၄၅၀) ဖြင့်ရောင်းချနေကြောင်းနှင့် ဈေးကွက်အနေဖြင့်  ရန်ကုန်နှင့်မန္တလေးတိုင်းဒေသကြီးသို့တင်ပို့နေကြောင်း  ပခုက္ကူမြို့နယ်၊ ဆုံဆီလုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(မကွေး)

                  

ပခုက္ကူမြို့၌ နိုဝင်ဘာလ(ဒုတိယပတ်)တွင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းသီးဈေးနှုန်းများ မြင့်တက်လျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ မြို့မစည်ပင်သာယာဈေး၊ အမှတ်(၂)ဈေးနှင့် အနောက်ပန်းခြံဈေးတို့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းနှင့် ပုပ္ပါးနယ်ဘက်တို့မှလာသော ခရမ်းချဉ်သီးများနှင့် ရှမ်းပြည်နယ်၊ အင်းလေးဒေသမှလာသော ထိုင်ဝမ်ခရမ်းချဉ်သီးများကို ဆောင်းရာသီအချိန်သို့ ရောက်ရှိလာသည့်အခါ ပခုက္ကူမြို့နယ်နှင့် ပတ်ဝန်းကျင်ရှိကျွန်းများ၊ ကျေးရွာများမှ လာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင်ဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ လက်ကားဈေးတစ်ပိဿာလျှင် ကျပ်(၁၄၀၀)၊ လက်လီဈေးတစ်ပိဿာလျှင် ကျပ်(၁၆၀၀)ရှိခဲ့ပြီး နိုဝင်ဘာလ (ဒုတိယပတ်)တွင် လက်ကားဈေးတစ်ပိဿာလျှင် ကျပ်(၁၈၀၀)၊ လက်လီဈေးတစ်ပိဿာလျှင် ကျပ်(၂၀၀၀)ဖြစ်၍ တစ်ပိဿာလျှင် ကျပ်(၄၀၀) ဈေးနှုန်းမြင့်တက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပြီး ခရမ်းချဉ်သီး(ကျွန်းသီး) လက်ကားဈေးမှာ တစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ လက်လီဈေးမှာ တစ်ပိဿာလျှင် ကျပ်(၂၈၀၀) ဈေးနှုန်းရှိကြောင်း  မြို့မဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

 

                            

ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အစီအစဉ်ဖြင့် စားအုံးဆီများရောင်းချပေး

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးတင့်ထူးနှင့် မစဖအဖွဲ့ဝင်များ ၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးစိုးထိုက်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင် တို့ပူးပေါင်းကာ (၁၄.၁၁.၂၀၂၃) ရက်နေ့နှင့် (၁၅.၁၁.၂၀၂၃) ရက်နေ့ နံနက်(၀၇:၀၀)နာရီအချိန်မှ (၀၈;၃၀)အချိန်ထိ  ပိတောက်မြိုင်ရပ်ကွက်၊ ပိတောက်မြိုင်ဈေးနှင့်  သစ်ရာမြိုင်ရပ်ကွက်၊ သစ်ရာမြိုင်ဈေးတို့တွင် စားအုန်းဆီများကို စားသုံးသူပြည်သူများ လက်ဝယ်အရောက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

  အဆိုပါ စားအုံးဆီများရောင်းချရာတွင် စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် စားအုံးဆီ များဝယ်ယူရရှိစေရန်နှင့် စားဝတ်နေရေးအဆင်ပြေစေရန်အတွက် စားအုန်းဆီ (၁)ပိဿာလျှင် (၅၂၀၀)ကျပ် နှုန်း၊ အိမ်ထောင်စု (၁)စုလျှင် စားအုံးဆီ(၅၀)ကျပ်သားနှုန်းဖြင့် အိမ်ထောင်စု(၆၀၀) ၊ လူဦးရေ(၆၀၀)ဦးတို့အား စားအုံးဆီ(၃၀၀)ပိဿာရောင်းချပေးခဲ့ကြောင်း၊ စားအုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော စားအုံးဆီ တစ်ပိဿာ ရည်ညွှန်းဈေးဖြင့် ရရှိသည့် အပေါ်မူတည်၍ ဆက်လက်ရောင်းချပေးနိုင်ရေးအတွက် ကန့်ဘလူခရိုင်ဆီကုန်သည်များနှင့် ပူးပေါင်းစီမံဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ ပြောကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

သရက်မြို့၊ မြို့မစည်ပင်သာယာဈေး၌ နိုဝင်ဘာလ(ဒုတိယပတ်)အတွင်း ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်း၌ အသီးအရွက်နှင့်အသားငါးများကို အောင်လံမြို့မှတစ်ဆင့် ဝယ်ယူရောင်းချကြောင်း၊ ဆန်နှင့်ဆီတို့မှာ ရန်ကုန်၊ ပြည်၊ ဥသျှစ်ပင်မြို့တို့မှဝင်ရောက်လျက်ရှိပြီး နေ့စဉ် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

   သရက်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်း၌ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယပတ်)အတွင်း ဖြစ်ပေါ်လျက်ရှိသောအခြေခံစားကုန်ဈေးနှုန်းများမှာ ဆန်(၁)ပြည်လျှင် ပေါ်ဆန်းမွှေး(ပုသိမ်) ကျပ်(၄၄၀၀မှ ၄၈၀၀)၊ ဧရာပဒေသာ(ပုသိမ်) ကျပ်(၄၁၀၀မှ ၄၂၀၀)၊ မနောသုခ ကျပ်(၃၂၀၀မှ ၃၃၀၀)၊ မှော်ဘီ ကျပ်(၃၅၀၀မှ ၃၆၀၀)၊ ဆီ(၁)ပိဿာလျှင် ပဲဆီ ကျပ်(၁၃၀၀၀မှ ၁၄၀၀၀)၊ နှမ်းဆီ ကျပ်(၁၄၅၀၀မှ ၁၅၀၀၀)၊ အာလူး(အကြီး၊ အသေး) အရွယ်အစားအလိုက် (၁)ပိဿာလျှင် ကျပ်(၂၇၀၀မှ ၃၃၀၀)၊ ကြက်သွန်ဖြူ(အကြီး၊ အသေး) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၆၀၀၀)၊ ကြက်သွန်နီ (အသေး၊ အလတ်၊ အကြီး) (၁)ပိဿာလျှင် ကျပ်(၃၅၀၀၊ ၃၈၀၀၊ ၄၀၀၀)၊ ကုလားပဲခွဲခြမ်း (၁)ပိဿာလျှင် ကျပ် (၆၅၀၀မှ ၆၈၀၀)၊ ငရုတ်စို(အမှည့်)(၁)ပိဿာလျှင် ကျပ် (၄၅၀၀မှ ၄၈၀၀)၊ ငရုတ်ခြောက်(၁)ပိဿာလျှင် ကျပ်(၁၈၀၀၀မှ ၂၀၀၀၀)၊ သရက်မြို့နယ်အတွင်း ကျေးရွာများမှထွက်ရှိသော ခရမ်းချဉ်သီး (တိုင်ထောင်သီး) (၁)ပိဿာလျှင် ကျပ်(၂၀၀၀မှ ၂၂၀၀)၊ ကြက်သား(CP) (၁)ပိဿာလျှင် ကျပ် (၁၀၀၀၀မှ ၁၂၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၁၈၀၀၀)၊ ဝက်သား(၁) ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆိတ်သား(၁)ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ ငါးကြင်း(၁)ပိဿာလျှင် အကောင်အကြီး/အသေးအလိုက် ကျပ်(၁၀၀၀၀မှ ၁၅၀၀၀) အသီးသီးရှိခဲ့ပါကြောင်းနှင့် အာလူး၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူဈေးနှုန်းများမှာ နိုဝင်ဘာလ (ပထမပတ်) ထက် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိပြီး အခြားသောအခြေခံစားသောက်ကုန်နှင့် အသားငါးဈေးနှုန်းများမှာ ယခုအပတ်အတွင်း ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး နေ့စဉ် ပုံမှန်အရောင်း အဝယ်ဖြစ်လျက်ရှိပါကြောင်း မြို့မစည်ပင်သာယာဈေးအတွင်းရှိ ဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

အောင်လံကုန်စည်ဒိုင်၏ သီးနှံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

    အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနီမှာ (၄၅)ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ်(၈-၁၁-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၈၅၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်(၁၄-၁၁-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၇၅၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀)ဈေးနှုန်းလျော့နည်းခဲ့ကြောင်း၊ နှမ်းဖြူ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၃၀၀၀၀၀-၃၁၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၃၀၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀) စသည်ဖြင့် အသီးသီးဈေးနှုန်းလျော့နည်းခဲ့ပါသည်။ နှမ်းနက်(စမုံ)မှာ ယခင်အပတ်တွင် ကျပ်(၂၇၀၀၀၀-၃၁၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၇၀၀၀၀-၃၁၀၀၀၀)၊ နှမ်းပြာ(၁)အိတ်လျှင် ယခင်အပတ်တွင်  ကျပ်(၂၇၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၇၀၀၀၀)ဖြစ်၍  ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၄၅)ပိဿာဝင်ဝင်အိတ်များဖြင့် နှမ်းနက်(စမုံ)(၂၈၀၀)အိတ်၊ နှမ်းနီ(၁၉၀)အိတ်၊ နှမ်းဖြူ(၁၂၅)အိတ်၊ နှမ်းပြာ(၁၀၀၀) အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

  ပဲမျိုးစုံဈေးကွက်အနေဖြင့် မတ်ပဲ(၂၀)ပိဿာဝင်(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၉၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၈၉၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးနှုန်းလျော့နည်းခဲ့ကြောင်း၊ ကုလားပဲ(H-L) (၁)တင်းလျှင် ယခင်အပတ်တွင် ကျပ် (၉၁၅၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၈၈၀၀၀)ဖြစ်၍ ကျပ်(၃၅၀၀)ဈေးနှုန်းလျော့နည်းခဲ့ကြောင်း၊ ကုလားပဲ (မြကြေး) ယခင်အပတ်တွင် ကျပ်(၉၀၅၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၈၇၀၀၀)ဖြစ်၍ ကျပ်(၃၅၀၀) စသည်ဖြင့် အသီးသီးဈေးနှုန်းလျော့နည်းခဲ့ပါသည်။ ပဲကြီး(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၁၂၂၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၁၃၀၀၀၀-၁၃၂၀၀၀)ဖြစ်၍ ကျပ်(၈၀၀၀-၁၀၀၀၀)ဈေးနှုန်းမြင့်မားခဲ့သည်။ ပဲတီစိမ်းမှာ ယခင်အပတ်တွင် ကျပ်(၅၃၅၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၅၃၅၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ  အရောင်းအဝယ်ပမာဏအနေဖြင့်  (၃၀)ပိဿာဝင်အိတ်များဖြင့် မတ်ပဲ(၂၃၀)အိတ်၊ ကုလားပဲ (H-L) (၁၁၀၀)အိတ်၊ ကုလားပဲ(မြကြေး)(၇၅၀)အိတ်၊ ပဲကြီး(၉၀၀)အိတ်၊ ပဲတီစိမ်း(၂၇၀၀)အိတ်တို့ အရောင်း အဝယ်ဖြစ်ခဲ့ပါသည်။

   မြေပဲလုံးဆံဖြူ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၅၆၀၀-၅၉၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ် (၅၆၀၀)ဖြစ်၍ ကျပ်(၃၀၀)ဈေးလျော့ခဲ့ပါသည်။ မြေပဲတောင့်အစို(၁)တင်းလျှင် ယခင်အပတ်တွင်  ကျပ်(၂၂၀၀၀-၂၃၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၃၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးမြင့်ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်များဖြင့် မြေပဲလုံးဆံဖြူ(၁၂၀၀)အိတ်၊ မြေပဲတောင့်အစို တင်း(၃၈၀၀)ခန့်အရောင်းအဝယ်ရှိခဲ့ပါကြောင်း၊ အပတ်စဉ် ပုံမှန် ရန်ကုန်မြို့နှင့်မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ဝါသီးနှံမှာ ယခင်အပတ်တွင် ကျပ်(၂၈၀၀-၂၉၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၉၅၀-၃၀၀၀)ဖြစ်၍ ကျပ်(၁၀၀-၁၅၀)ဈေးနှုန်းမြင့်မားခဲ့ပြီး ဝါပိဿာချိန် (၂၃၀၀၀)ပိဿာအရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း