ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကံမမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ဖို့ဆောင်းသီးနှံစိုက်ပျိုးစို့

    မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ ကံမမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေး ခန်းမ၌ (၈-၁၂-၂၀၂၃)ရက်နေ့ နေ့လယ်(၁၄း၀၀)နာရီအချိန်တွင် မြို့နယ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များပါဝင်သောအဖွဲ့မှ ဦးဆောင်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၃-၂၀၂၄ခုနှစ် ဆောင်းသီးနှံ သီးသန့်စိုက်တောင်သူများအား မြေပဲတစ်ဧကလျှင်ကျပ်(၃)သိန်း၊ နှမ်းတစ်ဧကလျှင် ကျပ်(၁.၅)သိန်း၊ နေကြာတစ်ဧကလျှင်ကျပ်(၂)သိန်းနှင့် ညီမျှသည့်သွင်းအားစု (မျိုးစေ့၊ ကွန်ပေါင်း ဓါတ်မြေသြဇာ၊ ယူရီးယားဓါတ်မြေသြဇာ)များကိုဖြန့်ဖြူးပေးမည့် ဝယ်ယူကြိတ်ခွဲ၊ တင်ပို့သူအစုအဖွဲ့၊ သွင်းအားစုအစုအဖွဲ့၊ တောင်သူအစုအဖွဲ့သုံးဦးသုံးဖလှယ် သဘောတူစာချုပ် ချုပ်ပွဲအား ကျင်းပဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ကျင်းပဆောင်ရွက်ရာတွင် ဆောင်းဆီထွက်သီးနှံစိုက်ပျိုးမည့် လျာထားဧက(၈၅၀)ဧကအတွက် ကံမမြို့နယ်အတွင်းရှိ အလပ်လယ်‌ကျေးရွာ၊ ခြောက်ပင်ကျေးရွာ၊ အုပ်ရှစ်ချိုကျေးရွာ၊ ကျောက်မဲကျေးရွာ၊ အလယ်ကျေးရွာအုပ်စု(၅)အုပ်စုများမှ တောင်သူ(၃၃၇)ဦးအား မြေပဲတစ်ဧက လျှင်ကျပ်(၃)သိန်း၊ နှမ်းတစ်ဧကလျှင်ကျပ်(၁.၅)သိန်း၊ နေကြာတစ်ဧကလျှင်ကျပ်(၂)သိန်းနှင့်ညီမျှ သည့်သွင်းအားစု (မျိုးစေ့၊ ကွန်ပေါင်းဓါတ်မြေသြဇာ၊ ယူရီးယားဓါတ်မြေသြဇာ)များကို ဖြန့်ဖြူးပေးမည်ဖြစ်ပါကြောင်း၊ ချေးယူသည့်ငွေအား ချေးယူသည့်နေ့မှစ၍ (၃)လအတွင်း အရင်း/အတိုး အကျေ ပြန်လည်ပေးဆပ်ရမည်ဖြစ်ပါကြောင်း မြို့နယ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ ဝင်များ ပါဝင်သောအဖွဲ့မှ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

မကွေးမြို့၊ ကန်သာစျေး၌ရောင်းချလျက်ရှိသော ကုန်စျေးနှုန်းအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ကန်သာဈေး၌ မြို့ပေါ်ရှိဈေးသည်များနှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော မြင်းကင်း၊ ချောင်းဖြူ၊ မကြီးကန်ကျေးရွာ၊ နွားကူး၊ သန်းတောကုန်းကျေးရွာ၊ ပုထိုးစမ်းကျေးရွာတို့မှ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

     မကွေးမြို့၊ ကန်သာစျေး၌ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (ဒုတိယပတ်)အတွင်းရောင်းချလျက်ရှိသော ကုန်စျေးနှုန်းများမှာ ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ အာလူး (၁)ပိဿာလျှင် ကျပ်(၂၆၀၀-၂၇၀၀)၊ ငရုတ်သီးစိမ်း (၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ ကြက်သွန်ဖြူ (ရှမ်း) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ကြက်သွန်ဖြူ (ဗမာ) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ချင်းတက် (၁)ပိဿာလျှင် ကျပ်(၆၀၀၀)၊ နနွင်းတက် (၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ပဲသီး (၁)စည်းလျှင် ကျပ်(၄၀၀)၊ မုန်ညင်းရွက် (၁)စည်းလျှင် ကျပ်(၁၀၀)၊ ချဉ်ပေါင်ရွက် (၁)စည်းလျှင် ကျပ်(၅၀)၊ မုန်လာဥ (၁)စည်းလျှင် ကျပ်(၃၀၀)၊ ဂေါ်ါရခါးသီး (၁)လုံးလျှင် ကျပ်(၂၀၀-၄၀၀)၊ ကန်စွန်းရွက် (၁)စည်းလျှင် ကျပ်(၃၀၀)၊ ရုံးပတီသီး (၁၀)ထောင့်လျှင် ကျပ်(၃၀၀)၊ နံနံပင် (၁)စည်းလျှင် ကျပ်(၂၀၀)၊ ကြက်ဥ (၁)လုံးလျှင် ကျပ်(၂၀၀-၂၅၀၀)၊ ဘဲဥ (၁)လုံးလျှင် ကျပ်(၃၅၀)စျေးနှုန်းတို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စျေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

ကံမမြို့၊မြို့မစည်ပင်ဈေးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏လက်လီ ဈေးနှုန်းများအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ မြို့မစည်ပင်ဈေးအတွင်းသို့ ဆန်၊ ဆီ၊ ကြက်သွန်ဖြူ၊ အာလူးစသည့်ကုန်ပစ္စည်းခြေက်များကို ပြည်မြို့နှင့် ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း များကို ကံမမြို့နယ်နှင့် ကြက်သွန်နီကို သရက်မြို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

   ကံမမြို့၊ မြို့မစည်ပင်ဈေး၌  (၆-၁၂-၂၀၂၃)မှ(၁၂-၁၂-၂၀၂၃)ရက်နေ့ အတွင်းရောင်းချလျက် ရှိသော အခြေခံစားကုန်များ၏ လက်လီဈေးနှုန်းများမှာ ပုသိမ်ပေါ်ဆန်းမွှေး တစ်အိတ်လျှင် ကျပ် (၁၂၀၀၀၀)၊ ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်လျှင် ကျပ်(၁၄၀၀၀၀)၊ မနောသုခတစ်အိတ်လျှင် ကျပ် (၈၀၀၀၀)၊ မှော်ဘီတစ်အိတ်လျှင် ကျပ်(၈၀၀၀၀)၊ ရိုးနီတစ်အိတ်လျှင် ကျပ်(၁၀၅၀၀၀)၊ နှမ်းဆီ တစ်ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ပဲဆီတစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ်(၅၇၀၀)၊ Lotus တစ်ပိဿာလျှင် ကျပ်(၉၀၀၀)၊ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၄၀၀၀)၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ကုလားပဲတစ်ပိဿာလျှင် ကျပ်(၆၅၀၀)၊ အာလူး တစ်ပိဿာလျှင် ကျပ်(၃၄၀၀)၊ ဂျင်းတစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊ ဆားတစ်ပိဿာလျှင် ကျပ် (၅၀၀)၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ကျပ်(၂၈၀၀)၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၁၅၀၀)၊ ကြက်သား(စီပီ)တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ကြက် သား(မြန်မာ) တစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ဝက်သားတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ အမဲသား တစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆိတ်သားတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးကြင်းတစ်ပိဿာ လျှင်ကျပ်(၁၀၀၀၀)၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ကျပ်(၈၀၀၀)၊ ကြက်ဥတစ်လုံးလျှင် ကျပ်(၂၀၀)၊ ဈေးဖြင့်ရောင်းချလျက်ရှိရာ ယခင်အပတ်ထက် ပုသိမ်ပေါ် ဆန်းမွှေးကျပ်(၂၄၀၀၀)၊ ရွှေဘိုပေါ်ဆန်းမွှေး ကျပ်(၂၅၀၀၀)၊  ကြက်သွန်ဖြူ ကျပ်(၃၀၀၀)၊ ကုလားပဲ ကျပ်(၅၀၀)၊ ဂျင်း (၂၀၀၀)၊ ငရုတ်သီးစိမ်း ကျပ်(၂၀၀)၊ ခရမ်းချဉ်သီးကျပ်(၂၀၀)၊ ကြက်ဥတစ်လုံးကျပ်(၃၀)အသီးသီး  ဈေးနှုန်းလျော့ပြီး နှမ်းဆီ ကျပ်(၃၀၀၀)နှင့် ပဲဆီကျပ်(၂၀၀၀)တို့မှာ ဈေးနှုန်းမြင့်တက်လာကြောင်း ဈေးရောင်းချသူ ဒေါ်သန်းထွေး ထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

               

သရက်မြို့၌ ဒီဇင်ဘာလ(ဒုတိယပတ်)အတွင်း မြို့မစည်ပင်သာယာဈေး၌ ပလတ်စတစ် Campaignပြုလုပ်ခြင်းနှင့် အခြေခံစားကုန်ဈေးနှုန်းများ

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သရက်မြို့၊ မြို့မစည်ပင်သာယာဈေး၌ (၁၁.၁၂.၂၀၂၃)ရက်နေ့၊ နံနက်(၀၈း၃၀)အချိန်တွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေး စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်စေရန်အတွက် အပတ်စဉ် ပလတ်စတစ် Campaign အသိပညာပေးမှု လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ပလတ်စတစ်အိတ်များအစား သဘာဝအင်ဖက်၊ ငှက်ပျောဖက်များဖြင့် အစားထိုးအသုံးပြုစေရန် စည်ပင်သာယာဈေးအတွင်းရှိ ဈေးသည်များအား အသိပညာပေးပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

   ဆက်လက်၍ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)အတွင်း မြို့မစည်ပင်သာယာဈေး၌ ဖြစ်ပေါ်လျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများအား မေးမြန်းစုံစမ်းရာ ဆီ(၁)ပိဿာလျှင် ပဲဆီ ကျပ်(၁၄၀၀၀)၊ နှမ်းဆီ ကျပ်(၁၄၅၀၀မှ၁၅၀၀၀)၊ အာလူး(အကြီး၊အသေး) အရွယ်အစား အလိုက် (၁)ပိဿာလျှင် ကျပ်(၃၀၀၀မှ ၃၃၀၀)၊ ကြက်သွန်ဖြူ (အကြီး၊အသေး) (၁)ပိဿာလျှင် ကျပ် (၁၃၀၀၀မှ ၁၄၀၀၀)၊ ကြက်သွန်နီ (အသေး၊ အလတ်၊ အကြီး) (၁)ပိဿာလျှင် ကျပ်(၃၅၀၀၊ ၃၈၀၀၊ ၄၀၀၀)၊ ကုလားပဲ (ခွဲခြမ်း) (၁)ပိဿာလျှင် ကျပ်(၆၀၀၀မှ ၆၅၀၀)၊ ငရုတ်စို(အမှည့်)(၁)ပိဿာလျှင် ကျပ်(၃၅၀၀မှ ၄၀၀၀)၊ ငရုတ်ခြောက် (၁)ပိဿာလျှင် ကျပ် (၁၈၀၀၀မှ ၂၀၀၀၀)၊ ခရမ်းချဉ်သီး (ကြာကွက်သီး) (၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ (ရှမ်းသီး) (၁)ပိဿာလျှင် ကျပ်(၂၀၀၀မှ ၂၂၀၀)၊ ကြက်သား(CP) (၁)ပိဿာလျှင် ကျပ် (၁၁၀၀၀မှ ၁၄၀၀၀)၊ ကြက်သား (ဗမာ) (၁)ပိဿာလျှင် ကျပ်(၁၇၀၀၀မှ ၁၈၀၀၀)၊ ဝက်သား (၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ အမဲသား (၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆိတ်သား (၁)ပိဿာ လျှင် ကျပ်(၁၆၀၀၀)၊ ငါးကြင်း(၁)ပိဿာလျှင် အကောင်(အကြီး) ကျပ်(၁၅၀၀၀)၊ အာဗြဲခြောက်(ငါးခြောက်)(၁)ပိဿာလျှင် အကောင်အကြီး၊ အသေးအလိုက် ကျပ်(၂၅၀၀၀မှ ၃၅၀၀၀)ဖြင့် ဈေးနှုန်းအသီးသီးရှိခဲ့ပါကြောင်း၊ ဒီဇင်ဘာလ (ပထမပတ်)ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအတက်အကျမရှိပဲ နေ့စဉ်ပုံမှန် အရောင်းအဝယ် ဖြစ်လျက်ရှိပါကြောင်း မြို့မစည်ပင်သာယာဈေးအတွင်းရှိ ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

တောင်တွင်းကြီးကုန်စည်ဒိုင်၏ နှမ်းနှင့် ပဲမျိုးစုံစျေးနှုန်းစျေးကွက်အခြေအနေ

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့ကုန်စည်ဒိုင်၌ ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ငမင်၊ ပင်ညွန့်၊ ဆိတ်ဖူးကျင်း၊ ကိုးပင်၊ ကံဦး၊ ဂွေးကုန်း၊ ပန်းသွင်းလေ စသောကျေးရွာများမှထွက်ရှိသည့် နှမ်းနှင့် ပဲမျိုးစုံသီးနှံများဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် တောင်တွင်းကြီးကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော သီးနှံဈေးနှုန်းများမှာ နှမ်းနက်စမုံ (၁)ပိဿာလျှင် ကျပ်(၆၃၃၀-၇၃၃၀)၊ နှမ်းပြာ (၁)ပိဿာလျှင် ကျပ်(၆၂၂၀)၊ နှမ်းနီ (၁)ပိဿာလျှင် ကျပ်(၆၃၈၀)၊ နှမ်းဖြူ (၁)ပိဿာလျှင် ကျပ်(၆၄၄၀-၇၃၃၀)၊ မတ်ပဲ (၁)ပိဿာလျှင် ကျပ်(၄၅၀၀)၊ ကုလားပဲ (ဗမာ) (၁)ပိဿာလျှင် ကျပ်(၄၂၀၀)၊ ကုလားပဲ(HL) (၁) ပိဿာလျှင် ကျပ်(၄၅၀၀)၊ ပဲတီစိမ်း (၁)ပိဿာလျှင် ကျပ်(၂၈၂၀)၊ ပဲကြီး (၁)ပိဿာလျှင် ကျပ်(၅၅၀၀-၆၂၅၀)၊ မြေပဲတောင့်နီ (၁)ပိဿာလျှင် ကျပ်(၃၂၀၀)၊ မြေပဲတောင့်ဖြူ (၁)ပိဿာလျှင် ကျပ်(၃၃၀၀)၊ လုံးဆံဖြူ (၁)ပိဿာလျှင် ကျပ်(၅၉၀၀)၊ လုံးဆံနီ (၁) ပိဿာလျှင် ကျပ်(၆၀၀၀)၊ စက်ကျဆံနီ (၁)ပိဿာလျှင် ကျပ်(၅၆၀၀)၊ ရိုးရိုးစပါး (၁)တင်းလျှင် ကျပ်(၁၆၅၀၀-၂၁၀၀၀)၊ ဧရာပဒေသာစပါး(၁)တင်းလျှင် ကျပ်(၂၃၀၀၀-၃၁၀၀၀)စျေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

မကွေးတိုင်းဒေသကြီးတွင်ဖြစ်ပေါ်လျက်ရှိသော စပါး၊ ဆန်ဈေးနှုန်းနှင့် စီးဝင်မှုအခြေအနေ

 မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ဆီအိုးကြီးဟုတင်စားရလောက်အောင် ဆီထွက်သီးနှံ နှမ်း၊ မြေပဲတို့အား အဓိကစိုက်ပျိုးကြသော်လည်း စပါးကိုဆည်ရေရရှိသည့် တောင်တွင်း၊ မြို့သစ်နှင့် မြစ်အနောက်ဘက်ရှိ ပွင့်ဖြူနှင့်စလင်းမြို့များတွင်သာ အများအပြားစိုက်ပျိုးကြပြီး ဆန်လိုတိုင်းဒေသကြီးဖြစ်၍ စပါးအဓိကစိုက်ပျိုးထွက်ရှိရာ အခြားတိုင်း/ ပြည်နယ်များမှ တင်သွင်းရပါသည်။

   မကွေးတိုင်းဒေသကြီးအတွင်း ဧရာပဒေသာစပါးကိုအဓိကစိုက်ပျိုးကြပြီး ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (ဒုတိယပတ်)တွင် ဖြစ်ပေါ်နေသောစပါးဈေးမှာ ဧရာပဒေသာ(၁)တင်းလျှင် ကျပ်(၃၇၀၀၀)၊ ဧည့်မထ နွေ(အဟောင်း)(၁)တင်းလျှင် ကျပ်(၁၉၀၀၀)၊ ဧည့်မထမိုး(အသစ်)(၁)တင်းလျှင် ကျပ်(၁၆၅၀၀) ဖြစ်ပြီး ဆန်ဈေးနှုန်းများမှာ မကွေးခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး)(၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၁၄၄၀၀၀)၊ ဆန်(ဧရာပဒေသာ) (၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၁၄၀၀၀၀)၊ ဆန်(မနောသုခ) (၂၄)ပြည်(၁)အိတ် လျှင်ကျပ်(၈၈၀၀၀)၊ ဆန်(ရတနာတိုး) (၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၇၂၀၀၀)၊ မင်းဘူးခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး) (၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊ ဆန်(ဧရာပဒေသာ) (၂၄)ပြည်(၁) အိတ်လျှင် ကျပ်(၁၃၀၀၀၀)၊ ဆန်(မနောသုခ) (၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၉၀၀၀၀)၊ သရက်ခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး) (၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊ ဆန်(ဧရာပဒေသာ) (၂၄)ပြည် (၁)အိတ်လျှင် ကျပ်(၁၀၀၀၀၀)၊ ဆန်(မနောသုခ) (၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၇၉၀၀၀)၊ အောင်လံခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး) (၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၁၆၈၀၀၀)၊ ဆန်(ဧရာပဒေသာ) (၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၁၂၅၀၀၀)၊ ဆန်(မနောသုခ) (၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၇၀၀၀၀)၊ ဆန် (ရတနာတိုး) (၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၆၅၀၀၀)၊ ချောက်ခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး)(၂၄) ပြည်(၁)အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ ဆန်(ဧရာပဒေသာ) (၂၄)ပြည်(၁)အိတ်လျှင် ကျပ် (၁၅၀၀၀၀)၊ ဆန်(မနောသုခ) (၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၉၀၀၀၀)၊ ဆန်(ရတနာတိုး) (၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၇၀၀၀၀)၊ ပခုက္ကူခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး) (၂၄)ပြည် (၁)အိတ်လျှင် ကျပ်(၁၃၀၀၀၀)၊ ဆန် (ဧရာပဒေသာ) (၂၄)ပြည် (၁)အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊ ဆန်(မနောသုခ) (၂၄)ပြည် (၁)အိတ်လျှင် ကျပ်(၈၉၀၀၀)၊ ဂန့်ဂေါခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး)(၂၄)ပြည် (၁)အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ ဆန် (ဧရာပဒေသ)(၂၄)ပြည် (၁)အိတ်လျှင် ကျပ်(၁၃၁၀၀၀)၊ ဆန်(မနောသုခ)(၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၁၀၀၀၀၀)တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

   မကွေးတိုင်းဒေသကြီး၊ မကွေးမြို့သို့ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလအတွင်း (ဒုတိယပတ်အထိ) အခြားတိုင်းဒေသကြီး/ပြည်နယ်များမှဆန်စီးဝင်မှုမှာ  စပါးအဓိကစိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်းမှ ဆန်(၁၁၉၀၁)အိတ်၊ မန္တလေးတိုင်းမှ (၃၇၀)အိတ်၊ ရန်ကုန်တိုင်းမှ (၂၀၂၉)အိတ်၊ စုစုပေါင်း (၁၄၃၀၀)အိတ်၊ (၇၁၅)တန်နှင့် ပခုက္ကူမြို့သို့ ရေလမ်းခရီးဖြင့် ဧရာဝတီတိုင်းမှ ဆန်(၂၃၀၅၅)အိတ်၊ (၁၁၅၃)တန်စီးဝင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ကရင်ပြည်နယ်ဒေသထွက် ပဲထောပတ်(ခ)ပဲဖြူပြား ဈေးကွက်

  ကရင်ပြည်နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိပါသည်။ စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သော ပဲထောပတ်များကိုလည်း မိသားစု အပိုဝင်ငွေရရှိရေးအတွက် သီးထပ် ၊ သီးညှပ်အဖြစ် စိုက်ပျိုးကြပြီး မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများရှိသလို စီးပွားဖြစ်ဧကအလိုက် စိုက်ပျိူးလာကြသူများလည်းရှိပါသည်။ စိုက်ပျိုးမှု အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပဲထောပတ်(၇၄၆၄)ဧက စိုက်ပျိုးထားရှိကြောင်း လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ ကရင်ပြည်နယ်တွင် ပဲထောပတ်ကို မကျီးကျွန်း၊ ဖားနွဲ့ကျွန်း၊ မုက္ကဒိ၊ တောင်ကြား ကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြပြီး တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ လုပ်သားခ၊ အပါအဝင် စုစုပေါင်း (၃၀၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း သိရှိရပါသည်။

   ဒေသခံပြည်သူများအနေဖြင့် ထွက်ရှိလာသော ပဲဖြူပြား(ခ)ပဲထောပတ်ကို ဘားအံမြို့ပေါ်ရှိ ဈေများတွင် လာရောက်ရောင်းချကြပြီး ပေါ်ဦးပေါ်ဖျားယခုအချိန်တွင် ပဲဖြူပြား (၁)ဗူးလျှင် (၁၀၀၀)ကျပ်၊ တစ်ပြည်လျှင် (၇၀၀၀)ကျပ်ဖြင့် ဈေးကောင်းရ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ပဲထောပတ်ကို  ထမင်းပူပူလေးဖြင့် ဆီဆမ်း၍သော်လည်းကောင်း၊ ကြက်သွန်ဖြင့် သုပ်၍သော်လည်းကောင်း၊ ခရမ်းချဉ်သီးဖြင့် ပဲနှပ်ပြုလုပ်၍သော်လည်းကောင်း အမျိုးမျိုးစားသုံးကြ ပါသည်။

   ပဲထောပတ်တွင် မဂ္ဂနိစ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်တို့ ကြွယ်ဝစွာပါဝင်ပြီး အရိုးများကို ကြံ့ခိုင်သန်စွမ်းစေနိုင်ပြီး အရိုးသိပ်သည်းဆကိုလည်း ကောင်းစေပါသည်။ အရိုးပါးခြင်း၊ အရိုးပွခြင်းများမှလည်း ကာကွယ်ပေးပါသည်။အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်သောကြောင့် အူနံရံကို ရေဓာတ်နဲ့ အာဟာရဓာတ်တွေစုပ်ယူမှုကောင်းစေပြီး သွေးတွင်းသကြားဓာတ်ကို လျင်မြန်စွာ မြင့်တက်စေနိုင်သောကြောင့် ဆီးချိုရှိသူများလည်း စားသုံးရန်သင့်တော်ပါသည်။ အစာခြေစနစ်အတွက် အရေးပါသော သတ္တုဓာတ်တစ်မျိုးဖြစ်သည့် ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်ပြီး အစာခြေစနစ်ကို ကျန်းမာစေသလို နှလုံးကိုလည်း ကျန်းမာစေနိုင်ပါသည်။ ပဲထောပတ်စားသုံးခြင်းသည် ကျန်းမာရေးကောင်းကျိုးများစွာ ရရှိနိုင်ပြီး နူးညံ့၍ အရသာကောင်းမွန်သောကြောင့် ပြည်တွင်းစားသုံးမှုနှင့် လူကြိုက်များသော ပဲအမျိုးအစားဖြစ်ကြောင်း ရေးသားလိုက်ပါသည်။

DOCA(ကရင်)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ငါးဒိုင်မှရောင်းချသည့် ငါးအမယ်နှင့်ငါးဈေးနှုန်းအခြေအနေ

   မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ငါးဒိုင်၌ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)အတွင်း ရောင်းချလျက်ရှိသော ငါးအမယ်များမှာ ငါးတန်၊ ငါးရွှေကြီး၊ ငါးမြစ်ချင်း၊ ငါးသလောက်၊ တီးလားဗီးယား၊ ကင်းမွန်(အကြီး)၊ ကကတစ်၊ ငါးကွမ်းရှပ်၊ ငါးကြင်းဖြူ၊ ပလာတူး၊ ငါးနှပ်၊ ငါးပုလွေ၊ ပုစွန်ပျော့(အကြီး)၊ ပုစွန်ပျော့ (အသေး)၊ ပုစွန်ထုပ်(အစိမ်း)ရေချို၊ ရေဘဝဲ၊ ပလာတူးတို့ရောင်းချကြောင်းသိရသည်။  

    ယင်းအမယ်မျိုးစုံများ၏ ဈေးနှုန်းအခြေအနေမှာ  ငါးတန်တစ်ပိဿာလျှင် ကျပ်၃၆၀၀၊ ငါးရွှေကြီးတစ်ပိဿာလျှင် ကျပ်၁၀၈၀၀၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ကျပ်၅၇၀၀၊ ငါးသလောက် တစ်ပိဿာလျှင် ကျပ်၁၀၀၀၀၊ ကကတစ်တစ်ပိဿာလျှင် ကျပ်၁၃၃၀၀၊ တီးလားဗီးယားတစ်ပိဿာလျှင် ကျပ်၆၅၀၀၊ ကင်းမွန်(အကြီး) တစ်ပိဿာလျှင် ကျပ်၃၀၅၀၀၊ ကင်းမွန်(အလတ်) တစ်ပိဿာလျှင် ကျပ်၂၅၀၀၀၊ ကင်းမွန်(အသေး) တစ်ပိဿာလျှင် ကျပ် ၂၀၀၀၀၊ ကကတစ်တစ်ပိဿာလျှင် ကျပ်၁၅၃၀၀၊ ငါးကွမ်းရှပ်တစ်ပိဿာလျှင် ကျပ်၉၀၀၀၊ ငါးကြင်းဖြူတစ်ပိဿာလလျှင် ကျပ်၁၀၆၀၀၊ ပလာတူးတစ်ပိဿာလျှင် ကျပ်၂၇၀၀၊ ငါးနှပ်တစ်ပိဿာလျှင် (အသေး) ကျပ်၃၂၀၀မှ (အကြီး) ကျပ်၄၀၀၀၊ ငါးပုလွေတစ်ပိဿာလျှင် ကျပ်၇၅၀၀၊ ရွှေငါးတစ်ပိဿာလျှင် ကျပ် ၃၆၀၀၊ ပုစွန်ပျော့(အကြီး) တစ်ပိဿာလျှင် ၂၅၀၀၀၊ ပုစွန်ပျော့ (အသေး) တစ်ပိဿာလျှင် ကျပ်၁၉၃၀၀၊ ပုစွန်ထုပ် (အစိမ်း)ရေချို(အကြီး) တစ်ပိဿာလျှင် ၆၁၅၀၀ကျပ်၊ ပုစွန်ထုပ်(အစိမ်း)ရေချို(အလတ်) တစ်ပိဿာလျှင် ၄၅၂၀၀ကျပ်၊ ပုစွန်ထုပ်(အစိမ်း) ရေချို(အသေး)တစ်ပိဿာလျှင် ၃၉၀၀၀ကျပ်၊ ရေဘဝဲတစ်ပိဿာလျှင် ၂၃၀၀၀ကျပ်၊ ပလာတူးတစ်ပိဿာလျှင် ၄၀၀၀ကျပ်ဖြစ်ကြောင်းသိရသည်။ ၎င်းငါးဈေးနှုန်းများသည် အပတ်စဉ်လိုက် အပြောင်းအလဲရှိနိုင်ကြောင်းသိရှိရပါသည်။

DOCA(မွန်)

 

မော်လမြိုင်မြို့တွင် ဈေးနှုန်းမြင့်တက်လာသည့် ကြက်သွန်နီဈေးနှုန်းအခြေအနေ

     မော်လမြိုင်မြို့တွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)အတွင်း ကြက်သွန်နီဈေးနှုန်းအခြေအနေမှာ မုံရွာကြက်သွန်နီ (အကြီး) တစ်ပိဿာလျှင် ကျပ်၃၇၀၀၊ မုံရွာ ကြက်သွန်နီ (အလတ်) တစ်ပိဿာလျှင် ကျပ်၃၇၀၀၊ မုံရွာကြက်သွန်နီ (အငယ်) တစ်ပိဿာလျှင် ကျပ်၃၃၅၀၊ မိုးကြက်သွန်နီ(အသစ်) (အကြီး) တစ်ပိဿာလျှင် ကျပ်၃၁၀၀၊ မိုးကြက်သွန်နီ(အသစ်) (အလတ်) တစ်ပိဿာလျှင် ကျပ်၃၀၀၀၊ မိုးကြက်သွန်နီ (အသစ်) (အငယ်)တစ်ပိဿာလျှင် ကျပ်၂၅၀၀ဖြစ်ခဲ့သည်။

    ဒီဇင်ဘာလ(ဒုတိယပတ်)အတွင်း ကြက်သွန်နီဈေးနှုန်းအခြေအနေမှာ ကြက်သွန်နီ (အကြီး)တစ်ပိဿာလျှင် ကျပ်၄၄၀၀၊ မုံရွာကြက်သွန်နီ (အလတ်) တစ်ပိဿာလျှင် ကျပ်၄၄၀၀၊ ကြက်သွန်နီ(အငယ်) တစ်ပိဿာလျှင် ကျပ်၄၀၅၀၊  မိုးကြက်သွန်နီ (အသစ်) (အကြီး)တစ်ပိဿာလျှင် ကျပ်၄၁၀၀၊ မိုးကြက်သွန်နီ(အသစ်)(အလတ်) တစ်ပိဿာလျှင် ကျပ်၄၁၀၀၊ မိုးကြက်သွန်နီ(အသစ်)(အငယ်) တစ်ပိဿာလျှင် ကျပ်၃၅၀၀ဖြစ်၍ နှိုင်းယှဉ်မှုအရ ဒုတိယပတ်အတွင်း၌ ကြက်သွန်နီဈေးနှုန်းဈေးမြှင့်တက်လာကြောင်းသိရှိရပါသည်။

DOCA(မွန်)

 

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၁၈.၁၂.၂၀၂၃)

   ၁၈.၁၂.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း