ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဂန္ဓမာပန်း(ဆန်းမားဝါ) စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ အကျိုးအမြတ်ရရှိနေ

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ခရိုင်ရုံး ဝန်ထမ်းများသည် ဒေသတွင်း တစ်ပိုင်တနိုင် စိုက်ပျိုးဖြစ်ထွန်းသော ပန်းစိုက်ပျိုးတောင်သူများနှင့် သွားရောက်တွေ့ဆုံ၍ ပန်းစိုက်ခင်း အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများကို ကွင်းဆင်းလေ့လာဆောင်ရွက်ခြင်း ပြုလုပ်ခဲ့ကြပါသည်။ မအူပင်ခရိုင်နှင့် ၄မိုင်အကွာတွင်ရှိသော အောင်ဟိတ်ကျေးရွာရှိ ခြံစိုက်တောင်သူများနှင့် သွားရောက်တွေ့ဆုံ၍ ၁ဧက ၁၀လန် ၁၂ကွက် ပန်းစိုက်ခင်းအခြေအနေများကို ကွင်းဆင်းလေ့လာခဲ့ကြသည်။ အောင်ဟိတ်ကျေးရွာတွင် အိမ်ခြေ(၁၀၀) ကျော်ရှိပြီး၊ လယ်စိုက်ခြင်း၊ ပန်းစိုက်ပျိုးခြင်းများ လုပ်ကိုင်ဆောင်ရွက်နေကြကြောင်း လေ့လာတွေ့ရှိရသည်။

      ပန်းခြံစိုက်ပျိုးသူ ဦးကျော်ဆန်းနှင့် တွေ့ဆုံ၍ ပန်းစတင်စိုက်ပျိုးမှု ပန်းစိုက်ခြံကုန်ကျစရိတ်၊ မျိုး၊ လုပ်သားခနှင့် အခြားကုန်ကျစရိတ်အခြေအနေများကို မေးမြန်းခဲ့ရာ ပန်းစိုက်ပျိုးသူ ခြံပိုင်ရှင် ဦးကျော်ဆန်းက ပန်းစိုက်ပျိုးခြင်းကို မျိုးဖိုး၊လုပ်သားခ၊ ဆေးဖိုး၊ မြေပြုပြင်ခ၊ ပေါင်ဆွဲခ၊ အခြားကုန်ကျ စရိတ်အပါအဝင် (၄) သိန်းကျပ် ကုန်ကျစရိတ်ရှိကြောင်း ရာသီအလိုက် ပန်းစိုက်ပျိုးခြင်း အကျိုးအမြတ်ဖြစ်ထွန်းသော စိုက်ခင်းများကို ပြသ၍ လက်ရှိ ဂန္မာပန်း(ဆန်းမားဝါ) ပန်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အကျိုးအမြတ်ရရှိနေကြောင်း သိရသည်။

  ဂန္မာပန်း(ဆန်းမားဝါ) စိုက်ပျိုးခြင်းလုပ်ငန်းသည် စနစ်တကျစိုက်ပျိုးရသော လုပ်ငန်းဖြစ်ပြီး၊ ဂန္မာပန်း(ဆန်းမားဝါ)စိုက်ပျိုးရန်အတွက် ပထမဦးစွာ ထယ်ရေးပြင်ခြင်းလုပ်ငန်းကို စနစ်တကျပြုလုပ်ရကြောင်း၊ ပန်းစိုက်ပျိုးနိုင်ရန်အတွက် ထယ်ရေးပြင်ပြီး ပေါင်(၁၀)ပေါင်စီကို စနစ်တကျဖော်ခြင်းပြုလုပ်ရကြောင်း၊ ပေါင်တပေါင်လျှင် အနည်းဆုံး တစ်တောင်ကျော်ပြုလုပ်ရပြီး အတိုင်းအတာအားဖြင့် တစ်တောင်နှင့် လက်ငါးလုံးတိုင်းတာ စိုက်ပျိုးကြကြောင်း၊ ပေါင်တစ်ပေါင်နှင့် တစ်ပေါင်အကြား တစ်တောင်ခန့်ခြားထားကာ ရေပိုက်လမ်းထားရှိပြီး ရေဖြန်းခြင်း လုပ်ငန်းကို မနက်တစ်ကြိမ် ညနေတစ်ကြိမ် ရေဖြန်းပေးရကြောင်း၊ ဂန္ဓမာပန်းပျိုးပင်များကို တောင်ကြီးဘက်မှ မှာယူဝယ်ယူရပြီး၊ ပန်းပျိုးပင် တစ်ပင်လျှင် ငါးကျပ်ဈေးပေး ဝယ်ရကြောင်း၊ လက်ရှိကာလ ပန်းတစ်ပေါင်လျှင် အပင်အရေအတွက် (၈၀၀)ဝင်ဆန့်ပြီး ခြံမြေအနေအထားအလိုက် အတိုအရှည်ပြုလုပ်ကြပြီး ပမာဏအတိုင်းအတာဖြင့် စိုက်ပျိုးထားကြောင်း၊ မြေဆယ်လန်တစ်ကွက်တွင် ပန်းပင်ပေါင်း (၁၀၀၀၀)အထိ စိုက်ပျိုးနိုင်ကြောင်း သိရသည်။

    ပန်းပျိုးပင် စတင်မစိုက်ပျိုးမီ မြေကို ပြာနှင့်နောက်ချေးများဖြင့် မြေဆီခံထားရပြီး စတင်စိုက်ပျိုးသည့်ကာလ စက်တင်ဘာလတွင် စတင်စိုက်ပျိုးမည့်နေ့တွင် ရှေ့မှ ပန်းပေါင်ရေစိုနေသည်အထိ ရေလောင်းကာ နောက်မှ မြေတွင်ထိုးကာ စိုက်ကြသည်။ ပန်းစတင်စိုက်ပျိုးသည့်အချိန်မှ စတင်ကာရေလောင်းကြရသည်။ ရေလောင်းမှုတွင် ရာသီဥတုအပူချိန်ပေါ်မူတည်၍ ကြည့်ရှုရေလောင်းပြီး ပန်းပင်ဖြစ်ထွန်းမှု အောင်မြင်ရန်အတွက် ရက်ပေါင်း(၂၅) ရက်အကြာတွင် မြေဩဇာကျွေးပြီး၊ နောက်ပိုင်းတွင် (၁၀)ခြားအကြာ မြေဩဇာကျွေးရသည်။ ပန်းပင်အတွက်ရွက်ဖြန်းမြေဩဇာအနေဖြင့် (၅)ရက်တစ်ပတ် ခြားကာ ရွက်ဖြန်းဆေး ပတ်ဖြန်းပေးရပါသည်။ စိုက်ပြီး နှစ်လခွဲအကြာတွင် ပန်းများ ဈေးကွက်အတွင်း ရောင်းချနိုင်သည့် အနေအထားသို့ ရောက်ရှိသည်။ လက်ရှိကာလတွင် ဂန္မာပန်း(ဆန်းမားဝါ) ပန်းဈေးကွက်မှာ တစ်ပင်လျှင် (၁၀၀)ကျပ် ဈေးပေါက်ပြီး ပန်းစည်းအထုံးကြီး တစ်ထုံးလျှင် နှစ်ဆယ် ငါးပင်စုစီးပြီး ပန်းထုံးကြီး တစ်ထုံးလျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချရသည်။ ပန်းဈေးကွက်ကောင်းမွန်ပါက တစ်ဧကလျှင် ငွေကျပ် ဆယ်သိန်းထိ ရရှိပြီး အရင်း(၄)သိန်းရှိကာ အကျိုးအမြတ်အနေဖြင့် (၆)သိန်းမြတ်ကြောင်း၊ ဈေးကွက်ကောင်းခြင်း၊ မကောင်းခြင်းပေါ် မူတည်ကာ အကျိုး၊အမြတ် အနည်းအများ ကွာခြားကြောင်း၊ ဂန္မာပန်း(ဆန်းမားဝါ) ဈေးကွက်ကောင်းမွန်ပြီး တစ်ပင်လျှင် အပွင့် ကိုးပွင့်မှ ဆယ်ပွင့်အထိ ပွင့်သည် အပင်သုံးပင်စည်းကာ  တစ်စီးလျှင် ငွေကျပ် ၁၀၀၀ ကျပ်အထိ အရည်အသွေးအလိုက် ရောင်းချလျက်ရှိပြီး ပန်းပေါခြင်း၊ ရှားခြင်းပေါ်မူတည်ကာ ဈေးနှုန်းအတက်အကျရှိကြောင်းနှင့် အချို့ အောင်ဟိတ်ကျေးရွာရှိ လယ်မြေပေါ်တွင် စိုက်သော ပန်းစိုက်သူများသည် တစ်နှစ်လျှင် တစ်ကြိမ်သာ စိုက်ပြီး ခြံမြေပေါ်တွင် ပန်းစိုက်သူများအချို့မှ နှစ်ပြန်စိုက်ပျိုးခြင်းများရှိသည့်အတွက် အကျိုးအမြတ် ပိုမိုရရှိကြောင်း၊ ယခုအချိန်မှာ ပန်းစိုက်ပျိုးဆဲကာလဖြစ်ကြောင်းကို ရှင်းလင်းပြောကြားပြီး ပန်းစိုက်ပျိုးထားရှိမှု အခြေအနေများကို လေ့လာခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ချောက်မြို့မစျေးအတွင်း ရောင်းချနေသော ရေထွက်ပစ္စည်းစျေးနှုန်းအခြေအနေ

   မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်ရှိ မြို့မဈေးသည် ပတ်ဝန်းကျင်ကျေးရွာများမှ နေ့စဉ်လာရောက်သည့်အပြင် ဆိပ်ဖြူနှင့် ယောဒေသမှစားသုံးသူများမှလည်း လာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။ ရေထွက်ကုန်များကို ရန်ကုန်ဘုရင့်နောင်ပွဲရုံမှ မှာယူရောင်းချကြောင်း သိရပါသည်။

    ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)အတွင်း ချောက်မြို့မစျေး၌ ရောင်းချနေသော ရေထွက်ကုန်ပစ္စည်းစျေးနှုန်းများမှာ ပုဇွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၆၅၀၀၀)၊ ငါးပုတ်သင်(အသေး) (၁)ပိဿာလျှင် ကျပ်(၈၅၀၀)၊ ငါးပုတ်သင်(အကြီး) (၁)ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ငါးရံ့လုံး (၁)ပိဿာ လျှင် ကျပ်(၃၇၀၀၀)၊ ငါးတံခွန် (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ငါးမဲလုံး(၁)ပိဿာလျှင် ကျပ်(၁၄၅၀၀)၊ ငါးအသားမျှင် (၁)ပိဿာလျှင် ကျပ်(၂၃၀၀၀)၊ ငါးနီတူခြောက် (၁)ပိဿာလျှင် ကျပ်(၁၆၅၀၀)၊ ငါးကြီးခြောက် (၁)ပိဿာလျှင် ကျပ်(၆၀၀၀၀)၊ ငါးဇင်းလုံး (၁)ပိဿာလျှင် ကျပ်(၉၀၀၀)၊ ငါးဇင်းပြား (၁)ပိဿာ လျှင် ကျပ်(၁၃၅၀၀)၊ မြီးဆံသွယ် (၁)ပိဿာလျှင် ကျပ်(၉၀၀၀)စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

ပြည်ပသီးနှံ ဝင်စွက်လို့ ဒို့သီးနှံ ဈေးကွက် ကယက်ထတော့မှာလား

    ကြက်သွန်ဖြူသည် ရှမ်းပြည်နယ်၏ အဓိက ထွက်ကုန် တမျိုးဖြစ်သည်၊။ မြန်မာကြက်သွန် ဖြူဈေးကွက်တွင် တရုတ်ကြက်သွန်ဖြူ (ကျူကုတ်) ရှမ်းကြက်သွန်ဖြူနှင့် အညာဒေသမှ အနည်း ငယ် ထွက်ရှိရောင်းဝယ်နေကြပြီး အညာဒေသမှာလည်း ရှမ်းကြက်သွန်ဖြူ မျိုးရင်းနှင့် စိုက်ပျိုးနေကြရာ ရှမ်းကြက်သွန်ဖြူပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံ ကြက်သွန်ဈေးကွက်တွင် ရှမ်းကြက်သွန်ဖြူ အရည်အသွေးနှင့်ဈေးနှုန်းအရ ဈေးကွက်ဝေစု ၃ ပုံ ၂ ပုံနှင့် တရုတ်ကြက်သွန်ဖြူ(ကျူကုတ်)သည် ဈေးကွက်ဝေစု ၃ပုံ ၁ပုံခန့် ရရှိနေပါသည်။

          ကြက်သွန်ဖြူသည် မိသားစုတိုင်း စားသုံးကြသည့် စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံ ကြက်သွန်ဖြူ သုံးစွဲမှုအရ လူတစ်ဦးလျှင် တစ်ရက် ၀.၁၂ကျပ်သား၊ တစ်လလျှင် ၀.၀၄ ပိဿာနှင့် တစ်နှစ်လျှင် ၀.၄၃ ပိဿာခန့် စားသုံးနေသည်ဟု လေ့လာသိရှိရပါသည်။ အောင်ပန်းဒေသ ကြက်သွန်ဖြူ ကုန်သည်၊ ပွဲစားများသည် ကြက်သွန်ဖြူပေါ်ချိန်တွင် တစ်ရက်လျှင် ကုန်စည် ပိဿာချိန် (၈၀၀၀) ခန့်နှင့် ရောင်းဝယ်မှုပါးချိန်တွင် တစ်ရက်လျှင် ပိဿာချိန် (၂၀၀၀) ခန့် မြန်မာပြည်အနှံ့ တင်ပို့ရောင်းဝယ်လျက်ရှိပါသည်။

          တရုတ်ကြက်သွန်ဖြူ(ကျူကုတ်)သည် အလုံးဆိုဒ် ကြီး၍ ဈေးနှုန်းသင့်တင့်သဖြင့် စား သောက်ဆိုင်အသေးစားလုပ်ငန်းများတွင် အသုံးများပါသည်။ အနံ့အရသာမှာ ရှမ်းကြက်သွန်ဖြူ လောက်မပြင်းဘဲ အလုံးဆိုဒ်ကြီး၍ အသုံးပြုရာတွင် လက်မဝင်ဘဲ အခွံခွာရလွယ်ကူစေသည့် အတွက် တရုတ်ကြက်သွန်ဖြူ (ကျူကုတ်)သည် ရှမ်းမြောက်မှတဆင့် မြန်မာပြည်တွင်းသို့စီးဆင်း ဝင်ရောက်လာပါသည်။

          ရှမ်းကြက်သွန်ဖြူကို ဩဂုတ်လနှင့် စက်တင်ဘာတို့တွင် စိုက်ပျိုးရန် မြေပြုပြင်ခြင်းပြု လုပ်ကြပါသည်။ အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုး၍ ဒီဇင်ဘာလမှ ဇန်နဝါရီလတို့ တွင်အပင်ပြစုခြင်းဆောင်ရွက်ကြပါသည်။ ဖေဖော်ဝါရီလမှ မေလတို့တွင်ရိတ်သိမ်းတူးဖော်၍ ဈေး  ကွက်သို့ တင်ပို့ရောင်းချကြပါသည်။ တောင်သူများကလည်း သီးနှံ ထွက်ချိန်မှစ၍ သိုလှောင်ပြီး သင့်တင့်သောဈေးနှုန်းရလျှင် ရောင်းချကြပေသည်။ ထို့ကြောင့် နှစ်တစ်နှစ်ကို နှစ်ပိုင်းခွဲလျှင် ဂျူလိုင်လမှ ဒီဇင်ဘာလအထိ (၆)လ ခန့် စိုက်ပျိုးပြုစု ရိတ်သိမ်းချိန်ဖြစ်ပြီး တောင်သူများထံတွင် လက်ကျန်ပါးနေသည့် အချိန်ဖြစ်သည်။ ကျန်သည့် ဇန်နဝါရီမှ မေလအထိ တောင်သူများ ကြက်သွန်ဖြူပေါ်ချိန်တွင် သိုလှောင်၍ ဈေးကောင်းစောင့်ချိန်ဖြစ်ပေသည်။ ထို့ကြောင့် စက်တင်ဘာ- အောက်တိုဘာ-နိုဝင်ဘာလများသည် တောင်သူများထံတွင် သီးနှံလက်ကျန်ပါး၍ ဈေးကွက်သို့ အဝင်ပါးချိန် ဈေးတက်လေ့ရှိချိန် အဖြစ် သုံးသပ်ရပေမည်။ ထိုသို့ ဆောင်းဦးပေါက် ပွင့်လင်းရာသီတွင် မြန်မာပြည်တဝှမ်း အလှူအတန်း ပြုလုပ်ကြရာ ဟင်းအမယ်များတွင် ပါဝင်အသုံးပြုရသော ကြက်သွန်ဖြူသည် ဈေးကွက်လိုအပ်ချက် ဖြစ်လာပါသည်။ ထိုအချိန်အထိ စောင့်နိုင်လျှင် တောင်သူများ ဈေးကောင်း ရပေမည်ဖြစ်ကြောင်း သုံးသပ်မိပါသည်။

          ရှမ်းတောင် ကြက်သွန်ဖြူ စိုက်ဧကမှာ ၂၀၂၂ ခုနှစ်တွင် နယ်မြေဒေသအခြေအနေကြောင့် စိုက်ဧက အနည်းငယ် လျော့ကျသည်ကတကြောင်း အထွက်နှုန်းလျော့ကျသည့် အကြောင်းတို့ ကြောင့် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဈေးကွက်လိုအပ်ချက် ဖြစ်ပေါ်လာပါသည်။

          ထိုဖြစ်စဉ်များအပြင် ယခုနှစ် အောက်တိုဘာလကုန်ပိုင်းနှင့် နိုဝင်ဘာလဆန်းပိုင်းတွင် တရုတ်ကြက်သွန်ဖြူ (ကျူကုတ်)သည်လည်း လမ်းပန်းအခက်ခဲကြောင့် ကုန်စည် ဝင်ရောက်မှု ရပ်ဆိုင်းခဲ့ရသဖြင့် ကျူကုတ် တစ်ပိဿာ (၈၅၀၀) ကျပ်ခန့်မှ (၁၄၀၀၀)ကျပ်ခန့်အထိ မြင့်တက်ခဲ့ ရာ ရှမ်းကြက်သွန်ဖြူ အဝင်ပါးချိန် တရုတ်ကြက်သွန်ဖြူပါ အဝင်မရှိတော့သည့်အတွက် ဈေးနှုန်း၊ ဈေးကွက် ရုတ်တရက် ဂယက်ရိုက်ခဲ့ရာ ရှမ်းကြက်သွန်ဖြူပါ ဈေးကွက်တွင် မြင့်တက်ခဲ့ လေသည်။ ရှမ်းကြက်သွန်ဖြူ၏ လအလိုက် ဈေးနှုန်းဈေးကွက်ကို ဇယား (၁) ဖြင့် တင်ပြရပေသည်။

၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ရှမ်းကြက်သွန်ဖြူ ဈေးနှုန်းစာရင်း

စဉ်

လအမည်

၂၀၁၇

၂၀၁၈

၂၀၁၉

၂၀၂၀

၂၀၂၁

၂၀၂၂

၂၀၂၃

January

၃၀၀၀-၅၅၀၀

၁၄၀၀-၂၇၀၀

၅၀၀-၁၈၀၀

၂၀၀၀-၄၁၀၀

၂၀၀၀-၄၅၀၀

၃၂၀၀-၃၇၀၀

၄၂၀၀-၆၅၀၀

February

၃၀၀၀-၆၀၀၀

၁၇၀၀-၂၇၀၀

၃၀၀-၁၈၀၀

၃၅၀၀-၅၅၀၀

၃၂၀၀-၅၄၀၀

၃၀၀၀-၃၅၀၀

၃၇၀၀-၆၂၀၀

March

၁၀၀၀-၁၈၀၀

၂၅၀-၁၄၀၀

၃၀၀-၁၄၀၀

၂၀၀၀-၂၆၀၀

၂၃၀၀-၃၀၀၀

၁၇၀၀-၂၉၀၀

၅၄၀၀-၇၅၀၀

April

၁၇၀၀-၂၆၀၀

၂၅၀-၁၂၀၀

၃၀၀-၁၆၀၀

၂၀၀၀-၂၆၀၀

၂၀၀၀-၂၉၀၀

၂၀၀၀-၂၈၀၀

၃၅၀၀-၆၀၀၀
၅၇၀၀-၇၈၀၀

May

၁၈၀၀-၃၀၀၀

၄၀၀-၁၄၀၀၀

၈၀၀-၂၄၀၀

၁၀၀၀-၂၄၀၀

၁၂၀၀-၂၅၀၀

၁၇၀၀-၂၈၀၀

၃၅၀၀-၆၆၀၀

June

၁၉၀၀-၂၉၀၀

၄၀၀-၁၅၅၀

၁၁၀၀-၃၀၀၀

၁၂၅၀-၂၃၀၀

၁၄၀၀-၂၇၀၀

၁၄၀၀-၃၅၀၀

၇၂၀၀-၈၉၀၀

July

၁၇၀၀-၂၉၀၀

၄၀၀-၁၅၅၀

၁၁၀၀-၃၁၀၀

၁၂၀၀-၂၄၀၀

၁၃၀၀-၂၆၀၀

၃၀၀၀-၅၅၀၀

၇၅၀၀-၇၈၀၀

August

၁၆၀၀-၂၉၀၀

၃၀၀-၁၃၀၀

၁၁၀၀-၃၁၀၀

၁၂၅၀-၂၃၅၀

၁၃၀၀-၂၆၀၀

၃၂၀၀-၆၀၀၀

၇၅၀၀-၈၃၀၀

September

၂၀၀၀-၄၀၀၀

၃၀၀-၁၄၀၀

၁၁၀၀-၃၁၀၀

၁၅၀၀-၂၆၀၀

၁၃၀၀-၂၁၀၀

၃၅၀၀-၆၅၀၀

၈၄၀၀-၉၀၀၀

၁၀

October

၁၉၀၀-၂၉၀၀

၄၀၀-၁၅၅၀

၁၁၀၀-၃၅၀၀

၁၀၀၀-၂၃၀၀

၁၀၀၀-၁၈၀၀

၂၂၀၀-၂၈၀၀

၄၀၀၀-၆၀၀၀

၁၁

November

၂၀၀၀-၃၀၀၀

၄၀၀-၁၅၀၀

၁၆၀၀-၃၉၀၀

၁၅၀၀-၂၆၀၀

၁၆၀၀-၂၆၀၀

၃၀၀၀-၅၅၀၀

၁၁၀၀၀-၁၅၀၀၀၀

၁၂

December

၂၀၀၀-၃၀၀၀

၃၀၀-၁၅၅၀

၁၇၀၀-၄၀၀၀

၁၅၀၀-၂၉၀၀

၁၇၀၀-၂၉၀၀

၃၅၀၀-၆၀၀၀

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

နှစ်အလိုက် ဈေးနှုန်းဈေးကွက်အရ သီးနှံတောင်သူ လက်ကျန်ပါးချိန် စက်တင်ဘာလ လောက်မှစ၍ သီးနှံပေါ်ချိန် ဇန်နဝါရီလ အထိ ဈေးမြင့်လျှက်ရှိနေကြောင်းသုံးသပ်ရပေမည်။ ရှမ်း ကြက်သွန်ဖြူသည် ပြည်တွင်းဈေးကွက်ကိုသာ ရောင်းဝယ်ဖြန့်ဖြူးလျက်ရှိရာ ဈေးကွက်လိုအပ်ချက် ပြည့်မီရန် တိုးချဲ့စိုက်ပျိုးသင့်ပါသည်။ မြန်မာပြည်တွင် ရှမ်းကြက်သွန်ဖြူ အသုံးများပါသည်။ အနံ့အရသာ ကောင်းမွန်ခြင်း၊ ကျန်းမာရေးအတွက် အထောက်အကူပြခြင်း၊ သိုလှောင်ရာတွင် အလေအလွင့်နည်းခြင်းစသည့် အားသာချက်များကြောင့် အသုံးပြုသူများပြားပါသည်။ စိုက်ပျိုး သူတောင်သူများမှာလည်း သွင်းအားစု စရိတ်ကြီးမာခြင်း၊ မျိူးစေ့အတွက် အရင်းအနှီးများလာခြင်း၊ တစ်ဧက ကုန်ကျစရိတ် မြင့်တက်လာခြင်း၊ စက်သုံးဆီများမှာလည်း ၂၀၂၂ ခုနှစ် ၅လပိုင်းလောက်မှစ၍ တစ်ဖြည်းဖြည်းမြင့်တက်ခဲ့ရာ ဈေးကွက်အရောက် သယ်ယူစရိတ်များ မြင့်မားလာခဲ့ပါသည်။

     အာလူးဈေးကွက်ဆိုပါကလည်း ပြည်ပမှတရုတ်အာလူးအပြင် ဘင်္ဂလားဒေ့ရှ်မှအာလူးသီးနှံများ ဝင်ရောက်မှုကြောင့် ဈေးကွက်မငြိမ်ဖြစ်နေရသည်ကို လေ့လာသိရှိရပါသည်။ ဘယ်သူတွေ နစ်နာသလဲ။ စားသုံးသူများပင်ဖြစ်ပေသည်။

      ဈေးနှုန်း၊ ဈေးကွက် ကြီးမြင့်လာမှုကြောင့် အသေးစားအလတ်စား ထုတ်ကုန်များသည် လည်း ဈေးကွက်တွင် ဆက်လက်ရှင်သန်ဖို့ရာ ကုန်ကြမ်းပစ္စည်းများကို အရည်အသွေးမပြည့်မီသည်များ အသုံးပြုခြင်းအရေအတွက် လျှော့ချ၍ သုံးခြင်းတို့ကြောင့် စားသုံးသူများအတွက် ဘေး ကင်းလုံခြုံသည့် ကုန်စည်များ ရှားပါးလာပေသည်။

      အထက်ပါဖြစ်စဉ် ဖြစ်ရပ်များအရ ကုန်စည်ဈေးနှုန်းကြီးမြင့်ရာတွင် ပွဲစားများပြောစကား များအရ ဈေးကွက်တွင် “အဟုတ်ကြီးနှင့် လုပ်ကြီး”ဟူ၍ ရှိလေသည်။ အမှန်တကယ် ကြက်သွန် သီးနှံ တောင်သူလက်ကျန်နည်း၍ ဈေးကွက်တွင် ကုန်ဝင်ပါးခြင်း၊ ဈေးကွက်လိုအပ်ချက်များလာ ခြင်း၊သယ်ယူပို့ဆောင်စရိတ်မြင့်မားခြင်း၊ ထုတ်လုပ်မှုစရိတ်မြင့်မားလာခြင်းအကြောင်းတို့ကြောင့် ဈေးနှုန်းမြင့်လာခြင်းသည် အမှန်တကယ်ဈေးနှုန်းမြင့်မားခြင်းဖြစ်ပေသည်။ ထို ဖြစ်ရပ်များသည် သီးနှံစိုက်ပျိုးထုတ်လုပ်သူ၊ ကုန်သည်ပွဲစား၊ ရောင်းချဖြန့်ဖြူးသူ မည်သူ့ကိုမျှ ဆိုစရာမရှိပေ။ သို့သော်ဈေးကွက်ဝေစုကို ဦးဆောင်ထားသော်လည်း ကုန်စည်ဖြင့် ကုန်ဈေး နှုန်းကြီးမြင့်အောင် ထိန်းချုပ်ထားခြင်း၊ ဈေးကွက် လိုအပ်ချက်ကို အသုံးပြု၍ ကုန်စည် ဈေးနှုန်းချုပ်ကိုင်ထားခြင်း၊ ပြည်ပသီးနှံ ဝင်ရောက်မှု နည်းပါးခြင်းကို အကြောင်းပြ၍ ဈေးနှုန်ူးကို လိုအပ်သလို ကစားလေ့ရှိခြင်းတို့သည် (လုပ်ကြီး) ဖြစ်ပေသည်။ မလိုလားအပ်ဘဲ ဈေးနှုန်းမြင့် တင်ခြင်းဖြစ်ကြောင်း သုံးသပ်မိပါသည်။

    ပြည်တွင်းသုံးသီးနှံများတွင် စားဖိုဆောင်သီးနှံနှင့် ကုန်စိမ်းသီးနှံများသည် စားသုံးသူတိုင်းကို တိုက်ရိုက်သက်ရောက်မှုရှိသဖြင့် အရောင်းအဝယ်လောကသားတိုင်း အဟုတ်ကြီးသာဖြစ်ပါစေ လုပ်ကြီးမဖြစ်ဖို့ဆင်ခြင်သင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ရှမ်း)

 

 

 

 

အင်္ဂပူမြို့နယ်ရှိ ရပ်ကွက်များအား စားသုံးဆီရောင်းချပေး

   စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၈-၁၁-၂၀၂၃)ရက်နေ့တွင် ဆက်စပ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ရှိ  စားသုံးသူပြည်သူများအား ဈေးကားဖြင့် စားအုန်းဆီများရောင်းချပေးလျက်ရှိပါသည်။

    ထိုသို့ရောင်းချခြင်းကို အင်္ဂပူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ ရပ်ကွက်နေပြည်သူများအား အိမ်ထောင်တစ်စုလျှင် စားအုန်းဆီ ၁ပိဿာလျှင် ၅၀၀၀ကျပ်နှုန်းရောင်းချဖြန့်ဖြူးပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

      စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် နိုဝင်ဘာလ(တတိယ)ပတ်အတွင်း ‌ရွှေဘိုပေါ်ဆန်း (တစ်အိတ်)လျှင် ၁၂၅,၀၀၀ကျပ်၊  ဧရာမင်း(ဆန်) (တစ်အိတ်)လျှင် ၁၂၅,၀၀၀ ကျပ်၊ ဧည့်မထ ဆန် (တစ်အိတ်)လျှင် ၁၀၅,၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ) လျှင် ၁၂၅၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၅၁၀၀ ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၆၀၀ မှ ၇၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၆၀၀၀ မှ ၁၇၀၀၀ ကျပ်၊ ကြက်သွန်နီ (တစ်ပိဿာ) ၂၇၀၀ မှ ၃၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) (တစ်ပိဿာ) ၁၃၅၀၀ မှ ၁၄၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) ၁၃၅၀၀ မှ ၁၄၀၀၀ ကျပ်၊ အာလူး (တစ်ပိဿာ) ၂၄၀၀ မှ ၂၈၀၀ ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၃၂၀၀ မှ ၃၅၀၀ ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၉၅၀၀ မှ ၁၀၀၀၀ ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၂၂၀၀ကျပ်၊ ဂေါ်ဖီထုတ် (တစ်ထုတ်) ၁၀၀၀ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)(တစ်စီး) ၆၀၀ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် ၁၀၀၀၀ မှ ၁၁၀၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၈၀၀၀ မှ ၁၉၀၀၀ ကျပ်၊ အမဲသား(တစ်ပိဿာ)လျှင်၁၂၀၀၀မှ၁၃၀၀၀ကျပ်ဆိတ်သား(တစ်ပိဿာ)လျှင် ၂၀၀၀၀ မှ ၂၂၀၀၀ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၁၁၀၀၀ မှ ၁၂၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၅၀ ကျပ်၊ ဘဲဥ (၁)လုံး လျှင် ၃၅၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ မှ ၂၀၀၀ ကျပ်၊ ဖရဲသီး (၂၁၁) (၁)လုံး လျှင် ၁၀၀၀-၃၀၀၀ ကျပ်အတွင်း အသီသီး ဈေးရှိကြောင်း သိရသည်။

    ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက အခြေခံစားကုန်များဖြစ်သည့် ဧည့်မထဆန် (တစ်အိတ်) ဈေးနှုန်း အနည်းငယ်ကျပြီး ၊ ကြက်သွန်ဖြူ (ရှမ်းစ)၊  ကြက်သွန်ဖြူ (ကြူကုတ်)၊ ဈေးနှုန်းများ အနည်းငယ် ဈေးတက်နေပါကြောင်း၊ စားအုန်းဆီဈေးနှုန်းများ ရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာ ဈေးရှိ လက်လီလက်ကား ရောင်းဝယ်ဖောက်ကား ရောင်းချနေသော ကုန်သည်များထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)

မကွေးမြို့ပေါ်ရှိ အိမ်သုံးဆေးဝါးများ၏ စျေးနှုန်းအခြေအနေ

          မကွေးမြို့ပေါ်ရှိဆေးဆိုင်များတွင် ဆောင်းရာသီကာလဖြစ်၍ နှာစေးချောင်းဆိုးများ၊ ဖျားနာမှုများ ဖြစ်ပွားလျက်ရှိရာ ဖျားနာမှုများအတွက် အိမ်သုံးဆေးဝါးများအဓိကဝယ်ယူလျက်ရှိကြောင်း ဆေးနှင့်ဆေးပစ္စည်း ရောင်းချသည့်သူများထံမှ သိရှိရပါသည်။

      မကွေးမြို့ပေါ်တွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယပတ်)အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော အိမ်သုံးဆေးဝါးများ၏စျေးနှုန်းများမှာ Decolgen(၁၀)လုံးပါတစ်ကတ်လျှင် ကျပ်(၁၅၀၀)၊ Civit အလုံး(၁၀၀)ပါ တစ်ဘူးလျှင် ကျပ်(၂၀၀၀)၊ Paracetamol (၁၀)လုံးပါတစ်ကတ်လျှင် ကျပ်(၃၀၀)၊ Biogesic (၁၀)လုံးပါ တစ် ကတ်လျှင် ကျပ်(၁၀၀၀)၊ Amoxicillin အလုံး(၁၀၀)ပါတစ်ဘူးလျှင် ကျပ်(၆၀၀၀)၊ Bermeton အလုံး(၁၀၀) ပါတစ်ဘူးလျှင် ကျပ်(၁၆၀၀)၊ Cetrine (၁၀)လုံးပါတစ်ကတ်လျှင် ကျပ် (၂၅၀)၊ Enervon-C (၄)လုံးပါ တစ် ကတ်လျှင် ကျပ်(၁၅၀၀)၊ Oramin-G (၅)လုံးပါတစ်ကတ်လျှင် ကျပ်(၃၂၀၀)၊ Becozine (၁၀)လုံးပါ တစ်ကတ် လျှင် ကျပ်(၄၃၅၀)၊ Vitahome (၁၀)လုံးပါတစ်ကတ်လျှင် ကျပ်(၁၇၅၀)၊ Supradyn (၁၀)လုံးပါတစ်ကတ်လျှင် ကျပ် (၁၉၅၀၀)၊ SaRa (၁၀)လုံးပါတစ်ကတ်လျှင် ကျပ်(၁၁၅၀)၊ Vitacee(၁၅)လုံးပါတစ်ကတ်လျှင် ကျပ် (၄၂၅၀)၊ Flemex (၁၀)လုံးပါတစ်ကတ်လျှင် ကျပ်(၃၈၀၀)၊ Solumx (၄)လုံးပါတစ်ကတ်လျှင် ကျပ်(၁၁၅၀)၊ Woods' (၁၅)လုံးပါတစ်ကတ်လျှင် ကျပ်(၈၆၅၀)၊ Alexal(၁၀)လုံးပါ တစ်ကတ်လျှင် ကျပ်(၂၁၅၀)၊ Mexagrip (၄) လုံးပါတစ်ကတ်လျှင် ကျပ်(၇၅၀)၊ ဓါတ်ဆား MPF တစ်ထုပ်လျှင် ကျပ်(၃၅၀)တို့ဖြင့် အသီးသီး ရောင်းချလျက်ရှိကြောင်း ဆေးဆိုင်များမှ လေ့လာသိရှိရပါသည်။

DOCA(မကွေး)

 

 

 

 

 

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်း ပြောင်းလဲမှု အခြေအနေ

     မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများ အရသိရသည်။

မတ်ပဲ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလ(တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၇၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ (တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၉၀၀၀၀ ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် သုံးသောင်းခန့် ပိုမိုခဲ့ပြီး တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလ(တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ(တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၁၂၅၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် ခြောက်သောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလ(တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၄၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ(တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၈၀၀၀ ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် လေးထောင် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၃၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလ(တတိယ)ပတ်တွင် ကုလားပဲဖြူလုံးကြီး တစ်တင်း လျှင် ကျပ် ၆၄၅၀၀၊ 929  တစ်တင်းလျှင် ကျပ် ၆၀၇၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၅၉၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ(တတိယ)ပတ်တွင် ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် ကျပ် ၈၈၀၀၀၊ 929  တစ်တင်းလျှင် ကျပ် ၈၄၀၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၈၅၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် နှစ်သောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀ မှ ၇၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

        မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလ(တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ(တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၄၀၀၀ ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် ကိုးထောင် ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၂၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ထောပတ်ပဲ

        မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလ(တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၇၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ(တတိယ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၁၀၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ခြောက်သောင်းခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

       မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလ(တတိယ)ပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၉၂၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ(တတိယ)ပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၁၉၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် သုံးရာ ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

         မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလ(တတိယ)ပတ်တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၅၅၀၀၊ မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၅၂၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ(တတိယ)ပတ်တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၆၇၀၀၊ မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၆၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကာ တစ်ပိဿာလျှင် ကျပ် တစ်ထောင်ကျော်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀ မှ ၇၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

နှမ်းမျိုးစုံသီးနှံ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလ(တတိယ)ပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၈၂၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၈၇၀၀၀၊ နှမ်းညို တစ်တင်း လျှင် ကျပ် ၇၃၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ(တတိယ)ပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၉၅၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၁၀၆၀၀၀၊ နှမ်းညို တစ်တင်း လျှင် ကျပ် ၈၈၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် တစ်သောင်းသုံးထောင်မှ တစ်သောင်းကိုးထောင်အထိ ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅၀ မှ ၇၀ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းများစာရင်းအရ သိရပါသည်။

DOCA (စစ်ကိုင်း)

ဓာတ်မြေသြဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလ ဒုတိယပတ်တွင် ဓာတ်မြေသြဇာ အမျိုးအစားများဖြစ်သည့် အာမို (၁၀:၁၀:၅) တစ်အိတ် (၈၀,၀၀၀)ကျပ်၊ ‌ရွှေကောမတ် (၂၀:၁၂:၁၂) တစ်အိတ် (၁၂၀,၀၀၀)ကျပ်၊ ယူရီးယား (ရွှေတောင်) တစ်အိတ်(၉၀,၀၀၀)ကျပ်၊ တီစူပါ၄၆% သံကွင်း (တရုတ်) တစ်အိတ် (၈၅,၀၀၀) ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ် (၈၅၀၀၀)ကျပ်၊ မျှားကမ္ဘာ(တရုတ်) တစ်အိတ်(၇၆,၀၀၀)ကျပ်၊ ပုလဲ (ရွှေတောင်) တစ်အိတ် (၈၀,၀၀၀)ကျပ်၊ တီစူပါ တစ်အိတ် (၇၄,၀၀၀) ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ)တစ်အိတ် (၁၅၉,၀၀၀)ကျပ်၊ ပန်းဖူး(မြန်မာ့သြဘာ) တစ်အိတ် (၇၅,၀၀၀) ကျပ်၊ အာမို(၁၅: ၁၅:၁၅)တစ်အိတ် (၁၃၅,၀၀၀)ကျပ်၊ သံဂွန်း (၁၅:၁၅: ၁၅) တစ်အိတ် (၉၀,၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅)တစ်အိတ် (၁၅၄,၀၀၀)ကျပ်၊ MC(ကွန်ပေါင်း) တစ်အိတ် (၁၄၆,၀၀၀)ကျပ်၊ ဇာမဏီ (ကွန်ပေါင်း) တစ်အိတ် (၇၀,၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ပိုးသတ်ဆေး အမျိုး အစားများ ဖြစ်သည့် စတား(အာမို) (100CC)တစ်ဘူး (၅,၅၀၀)ကျပ်၊ လန်ဒါ (ဝိစာရ) (500CC)တစ်ဘူး (၁၇,၅၀၀) ကျပ်၊ ဘက်တား (100CC)တစ်ထုပ် (၂၁,၅၀၀)ကျပ်၊ ဆန်နာဂျီ(100CC) တစ်ထုပ် (၁၈,၀၀၀) ကျပ်၊ ရွှေတောနစ် (မြင်းကြား) (500CC)တစ်ဘူး (၁၁,၅၀၀)ကျပ်၊ မိုရယ်မုန် (500CC)တစ်ဘူး (၂၅,၅၀၀)ကျပ်၊ ဖို့စတင်း(သြဘာ) (1 Liter)တစ်ဘူး (၃၄,၀၀၀) ကျပ်၊ ဒါနာဒင်(ဩဘာ) (1 Liter)တစ်ဘူး (၄၉,၅၀၀) ကျပ်၊ အစီဖိတ် (ဩဘာ) (500 g) တစ်ဘူး (၂၄,၀၀၀)ကျပ်၊ ရွှေစိုက်ပါ(1 Liter)တစ်ဘူး (၂၈,၀၀၀)ကျပ်၊ အီမာ(1 Liter) တစ်ဘူး (၃၄,၀၀၀) ကျပ်၊ သန်းဒါး(10 CC) တစ်ဘူး (၁,၈၀၀)ကျပ်၊ ဒိုဇာ(10 g)တစ်ဘူး (၂,၀၀၀)ကျပ်၊ ထိသေစားသေ (1 Liter)တစ်ဘူး (၁၅,၅၀၀)ကျပ်၊ ပင်လုံးပြန့်(1 Liter) တစ်ဘူး (၂၉,၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။

           ယခုနိုဝင်ဘာလ တတိယပတ်တွင် ဓာတ်မြေသြဇာ အမျိုးအစားများဖြစ်သည့် အာမို (၁၀:၁၀:၅) တစ်အိတ် (၈၀,၀၀၀)ကျပ်၊ ‌ရွှေကောမတ်(၂၀:၁၂:၁၂)တစ်အိတ် (၁၂၀,၀၀၀)ကျပ်၊ ယူရီးယား (ရွှေတောင်) တစ်အိတ် (၉၀,၀၀၀) ကျပ်၊ တီစူပါ၄၆% (သံကွင်း(တရုတ်) တစ်အိတ် (၈၅,၀၀၀) ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ် (၈၅၀၀၀)ကျပ်၊ မျှားကမ္ဘာ(တရုတ်) တစ်အိတ်(၇၆,၀၀၀)ကျပ်၊ ပုလဲ(ရွှေတောင်)တစ်အိတ် (၈၀,၀၀၀)ကျပ်၊ တီစူပါ တစ်အိတ် (၇၄,၀၀၀) ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ)တစ်အိတ် (၁၅၉,၀၀၀)ကျပ်၊ ပန်းဖူး(မြန်မာ့သြဘာ) တစ်အိတ် (၇၅,၀၀၀) ကျပ်၊ အာမို(၁၅: ၁၅:၁၅)တစ်အိတ် (၁၃၅,၀၀၀)ကျပ်၊ သံဂွန်း (၁၅:၁၅:၁၅)တစ်အိတ် (၉၀,၀၀၀) ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅)တစ်အိတ် (၁၅၄,၀၀၀)ကျပ်၊ MC(ကွန်ပေါင်း) တစ်အိတ် (၁၄၀,၀၀၀)ကျပ်၊ ဇာမဏီ (ကွန်ပေါင်း) တစ်အိတ် (၇၁,၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ပိုးသတ်ဆေးအမျိုးအစားများ ဖြစ်သည့် စတား (အာမို) (100CC)တစ်ဘူး (၅,၅၀၀)ကျပ်၊ လန်ဒါ (ဝိစာရ) (500CC)တစ်ဘူး (၁၇,၅၀၀) ကျပ်၊ ဘက်တား (100CC)တစ်ထုပ် (၂၁,၅၀၀)ကျပ်၊ ဆန်နာဂျီ(100CC) တစ်ထုပ် (၁၈,၀၀၀) ကျပ်၊ ရွှေတောနစ် (မြင်းကြား) (500CC) တစ် ဘူး (၁၁,၅၀၀)ကျပ်၊ မိုရယ်မုန် (500CC)တစ်ဘူး (၂၅,၅၀၀)ကျပ်၊ ဖို့စတင်း(သြဘာ) (1 Liter)တစ်ဘူး (၃၄,၀၀၀) ကျပ်၊ ဒါနာဒင်(ဩဘာ) (1 Liter)တစ်ဘူး (၄၉,၅၀၀) ကျပ်၊ အစီဖိတ် (ဩဘာ)(500 g)တစ်ဘူး (၂၄,၀၀၀)ကျပ်၊ ရွှေ စိုက်ပါ (1 Liter)တစ်ဘူး (၂၈,၀၀၀)ကျပ်၊ အီမာ(1 Liter) တစ်ဘူး (၃၄,၀၀၀) ကျပ်၊ သန်းဒါး(10 CC) တစ်ဘူး (၁,၈၀၀)ကျပ်၊ ဒိုဇာ(10 g)တစ်ဘူး (၂,၀၀၀)ကျပ်၊ ထိသေစားသေ (1 Liter)တစ်ဘူး (၁၅,၅၀၀)ကျပ်၊ ပင်လုံးပြန့် (1 Liter) တစ်ဘူး (၂၉,၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ် နှိုင်းယှဉ်ပါက ဈေးနှုန်းများ အနည်းငယ်ပြောင်းလဲမှုရှိကြောင်း လေ့လာသိရှိရသည်။

DOCA (စစ်ကိုင်း)

မြန်အောင်မြို့နယ်ရှိ ကျေးရွာ/ရပ်ကွက်များသို့သွားရောက်၍ စားအုန်းဆီများရောင်းချပေး

    စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်တာဝန်ခံသည် (၉-၁၁-၂၀၂၃)ရက်နေ့နှင့် (၁၀-၁၁-၂၀၂၃)ရက်နေ့တို့တွင် မြန်အောင်မြို့နယ်ရှိ ကျေးရွာ/ရပ်ကွက်များသို့သွားရောက်၍ ဆက်စပ်ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား ဈေးကားဖြင့် စားအုန်းဆီရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်။

   ထိုသို့ရောင်းချခြင်းကို မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြန်အောင်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်း၍ မြန်အောင်မြို့နယ်အတွင်း ကျေးရွာ/ရပ်ကွက်နေပြည်သူများအား အိမ်ထောင်တစ်စုလျှင် စားအုန်းဆီ       ၁ ပိဿာလျှင် ၅၀၀၀ကျပ်နှုန်းဖြင့် ရောင်းချဖြန့်ဖြူးပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများနှင့်စီးထွက်မှုအခြေအနေ

       စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများအနေဖြင့် ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦး ခရိုင်တို့ဖြစ်ပြီး ကလေးခရိုင်တွင် စပါး/ဆန်ဈေးနှုန်းများ အနည်းငယ်ကျဆင်း၍ ရွှေဘိုခရိုင်နှင့် ရေဦးခရိုင်တို့တွင် ဆန် ဈေးနှုန်း အနည်းငယ်မြင့်တက်ပြီး ကျန်ခရိုင်များတွင် ဈေးအေးနေကြောင်း သိရှိရပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလ(တတိယ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)  တင်း ၁၀၀လျှင် ကျပ် ၃,၇၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၂၅,၀၀၀ကျပ်၊ ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၄၀,၀၀၀ ကျပ်၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ် ၁,၈၀၀,၀၀၀၊  နွေစပါး(ရွှေဝါထွန်း) (ဆန်) ၂၄ပြည် ပါတစ်အိတ်လျှင် ကျပ် ၇၃,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ရေဦးခရိုင်၊ ရေဦးမြို့နယ်တွင် ပေါ်ဆန်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၃,၇၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင်ကျပ် ၁၂၅,၀၀၀၊  ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ် ၁၄၀,၀၀၀ ကျပ်၊ နွေစပါး (ရွှေဝါ ထွန်း) စပါးတင်း (၁၀၀)လျှင် ကျပ် ၁,၈၀၀,၀၀၀၊  နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၃,၀၀၀ များဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

     ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၂,၈၀၀,၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၀၅,၀၀၀၊ ငစိန်(စပါး)တင်း၁၀၀လျှင် ၂၈၀၀,၀၀၀၊ ငစိန် (ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ၉၅,၀၀၀၊ ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ကျပ် ၂,၉၀၀,၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၁၀,၀၀၀၊ နွေစပါး(ဒေသမျိုး)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၁,၁၀၀,၀၀၀၊ နွေစပါး (ဒေသမျိုး) (ဆန်) ၂၄ ပြည်ပါ တစ်အိတ်မှာကျပ် ၈၅,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

   ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် ဆင်းဧကရီ(၃)(စပါး)  တင်း၁၀၀ လျှင် ကျပ် ၁,၉၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၉၀,၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၂,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀၊ နွေစပါး(ဆင်း-၃)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၁,၃၀၀,၀၀၀၊ နွေစပါး (ဆင်း-၃)(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာကျပ် ၆၅,၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ် နေကြောင်း သိရပါသည်။

   မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၃,၅၀၀,၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၂၅,၀၀၀၊ ပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၃,၅၀၀,၀၀၀၊  ပေါ်ဆန်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၀,၀၀၀၊ မနောသုခ(စပါး) တင်း ၁၀၀လျှင် ကျပ် ၂,၀၀၀,၀၀၀၊ မနောသုခ (ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၉၀,၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

 ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၃,၀၀၀,၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၂၇,၅၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၃,၅၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်)၂၄ပြည်တစ်အိတ်လျှင် ကျပ် ၁၂၂,၀၀၀၊ နွေစပါး ရွှေဝါထွန်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁,၆၈၀,၀၀၀၊ ရွှေဝါထွန်း(ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၈,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

   နိုဝင်ဘာလ (ဒုတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြား တိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၅,၇၅၀၊ မန္တလေး သို့ အိတ်ရေ ၁၇,၉၀၅၊ မကွေး သို့ အိတ်ရေ ၁,၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၃,၂၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂,၄၀၀၊ ကယားသို့ အိတ်ရေ ၄၀၀၊ ကချင်သို့ အိတ်ရေ (၅၀၀)၊ စုစုပေါင်း အိတ်ရေ (၄၁,၉၆၁) အိတ်၊ တန်အားဖြင့် (၂,၀၉၈) စီးထွက်ခဲ့ပြီး၊ ယခု နိုဝင်ဘာလ(တတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြား တိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၇,၀၀၀၊ မန္တလေး သို့ အိတ်ရေ ၂၂,၂၀၀၊ မကွေး သို့ အိတ်ရေ ၂,၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၄,၃၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂,၈၀၀၊ မွန်သို့ အိတ်ရေ ၈,၃၂၀၊ စုစုပေါင်း အိတ်ရေ (၅၉,၄၇၃) အိတ်၊ တန်အား ဖြင့် (၂,၉၇၃) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၁၇,၅၁၂) အိတ်၊ တန်အားဖြင့် (၈၇၅) ပို၍ စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)               

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း