ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ပျားသလက်နှင့် ပျားရည် ဈေးနှုန်း

        ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိသော ပြည်သူများရှိသလို စာဝတ်နေရေးအတွက် စိုက်ပျိုးရေးမဟုတ်ပဲ ကျရာပင်ပေါက် လုပ်ကိုင်ရသော လက်လုပ်လက်စားသမားလေးများလည်း ရှိပါသည်။ ထိုလက်လုပ်လက်စားလုပ်ငန်းလုပ်ကိုင်ပြီး မိသားစု စားဝတ်နေရေးအတွက် တောတောင်ဒေသကိုအမှီပြု၍ ရာသီအလိုက် ပေါက်ရောက်သော သီးနှံများဖြစ်သည့် မျှစ်ရာသီ မျှစ်ချိုးခြင်း၊ မှိုရာသီ မှိုရှာခြင်းနှင့် နှမ်း၊ အခြားပန်းများနှင့် နေကြာပွင့်ချိန်တွင် ပျားဖွတ်၍ ပျားရည် နှင့် ပျားသလက် ရှာဖွေသည့် လုပ်ငန်းကိုလည်း လုပ်ကိုင်လျက်ရှိသည့်အနက် ပျားသလက်နှင့် ပျားရည်ကို ကျွန်းလှမြို့ဈေးသို့ လာရောက်ရောင်းချကြောင်း သိရသည်။

          အောက်တိုဘာလ တတိယအပတ် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ပျားသလက် ဈေးနှုန်းအနေဖြင့် ပျားသလက် တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်နှုန်း၊ (၁၀)ကျပ်သားခန့် တစ်ပြားလျှင်(၁၅၀၀)ကျပ်နှင့် (၅)ကျပ်သားခန့် တစ်ပြားလျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း အလားတူပင် ပျားရည်ဈေးနှုန်းအနေဖြင့် ပျားရည်(၄၀)ကျပ်သားဝင် တစ်ပုလင်းကို (၂၀၀၀၀)ကျပ်၊ ပျားရည်(၂၀)ကျပ်သားဝင် ဂျပ်ပြား တစ်ပုလင်းကို(၁၀၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မိုးရာသီဖြစ်သည့်အတွက် ပျားသလက်နှင့် ပျားရည်ရှားပါးကြောင်း ပျားသလက်နှင့် ပျားရည်ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပဲငပိအစိုနှင့် ပဲငပိခြောက် ဈေးနှုန်း

   ကျွန်းလှမြို့ရှိ ရပ်ကွက်ဈေးများအတွင်းရှိ ဈေးဆိုင်များတွင် ပဲပုတ် ပဲငပိများကို မိမိတို့ဒေသထွက် ကိုယ်တိုင်လုပ်ရောင်းခြင်းနှင့် ကာဘိုးကျေးရွာတို့ မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်းရှိ ဈေးဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ပဲပုတ် ပဲငပိအစို ဈေးနှုန်းအနေဖြင့် ပဲပုတ် ပဲငပိအစို လက်လီ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် နှင့် ပဲပုတ်ပဲငပိခြောက် ဈေးနှုန်းအနေဖြင့်  ပဲပုတ် ပဲငပိခြောက် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ပဲပုတ် ပဲငပိ ခြောက်(၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့် ပဲပုတ် ပဲငပိခြောက် (၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ပဲပုတ်ပဲငပိအစိုကိုတော့ ယခုရာသီတွင် ခရမ်းသီးပြုတ် ၊ ရုံးပတီသီး၊ သခွားသီး တို့စရာအစုံပေါသည့်အတွက် ရောင်းအား ပိုကောင်း ကြောင်းသိရသည်။

DOCA(စစ်ကိုင်း)

 

ပဲတီပင်ပေါက် နှင့် ပဲတီပင်ပေါက်ချဉ် ဈေးနှုန်း

   ကျွန်းလှမြို့ ရာသီအရွေး ရောင်းချရန် ပဲတီစိမ်းကို ပဲတီပင် ပေါက်ဖောက်၍  ရောင်းချလျက်ရှိပြီး ပဲတီပင်ပေါက်သည် အဟာရဓါတ်ပြည့်ဝကာ ကျန်းမာရေးအတွက် အထောက်အကူပြုသော အစား အစာဖြစ်သည်။ ပဲတီပင်ပေါက်သည် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ ဗီတာမင်စီပါဝင်သောကြောင့် အရေပြားကျန်းမာရေးကို အထောက်အကူပြုခြင်း အမျှင်ဓါတ်နှင့်ပရိုတင်းဓါတ်ပါဝင်သောကြောင့် သွေးတွင်းသကြားဓါတ်ကို တည်ငြိမ်စေပြီး ဆီးချိုရောဂါကို ကာကွယ်ပေးဥ ကယ်လိုရီနည်းပြီး အမျှင်ဓါတ်များသောကြောင့် ကိုယ်အလေးချိန်ကိုပါ ထိန်းညှိပေးသည့်အတွက် စားသုံးသင့်ကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ‌တတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော ပဲတီပင်ပေါက် ဈေးနှုန်းမှာ ပဲတီပင်ပေါက် လက္ကား တစ်ပိဿာလျှင်(၄၅၀၀)ကျပ်၊ ပဲတီပင်ပေါက် လက်လီ တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ (၂၅)ကျပ်သား လျှင်(၁၅၀၀)ကျပ်၊ (၁၀)ကျပ်သားခန့် တစ်ပုံလျှင်(၅၀၀)ကျပ်နှင့် ပဲတီပင်ပေါက်ချဉ် လက္ကား တစ်ပိဿာ လျှင်(၃၀၀၀)ကျပ်၊ ပဲတီပင်ပေါက်ချဉ် လက်လီ တစ်ပိဿာလျှင်(၃၂၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၆၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ပုဇွန်ထုတ် ဈေးနှုန်း

  ကျွန်းလှမြို့နယ်တွင်း ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသား/ငါး ဈေးနှုန်း များထဲမှ ပုဇွန်ထုတ် ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိရာမှပုဇွန်ထုတ်များကို  ဧရာဝတီတိုင်းဒေသ ကြီး၊ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ  တစ်ဆင့်ဝယ်ယူရောင်းချကာ ထမင်း ဆိုင်များ၊ စားသောက်ဆိုင်များ နှင့် စားဖွယ်စုံရောင်းချသည့် ဆိုင်မျာမှ ဝယ်ယူအသုံးပြုနေသည့်အတွက် ဈေးကောင်းရရှိနေကြောင်း သိရသည်။

   ယခု အောက်တိုဘာလ တတိယပတ်တွင် ကျွန်းလှမြို့၏ ပုဇွန်ထုတ် ဈေးနှုန်းများ အနေဖြင့် ပုဇွန်ထုတ် လက္ကားဈေး(၁)ပိဿာလျှင်(၆၈၀၀၀)ကျပ်၊ ပုဇွန်ထုတ် လက်လီဈေး(၁)ပိဿာလျှင်(၇၀၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၅၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၈၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း ငါး/ပုဇွန် အရောင်း အဝယ် လုပ်ကိုင်သူထံမှ သိရ ပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ဈေးမြင့်တက်လာသော ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုတ် ဈေးနှုန်း

      သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ရွှေပဲသီး၊ ဂေါ်ရခါးသီးနှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ပန်းဂေါ်ဖီကို မန္တလေးမြို့နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်လျက်ရှိသော ပန်း‌ဂေါ်ဖီ ဈေးနှုန်းမှာ ပန်းဂေါ်ဖီ အကြီးတစ်ပွင့်လျှင်(၃၅၀၀)ကျပ်နှင့် ပန်းဂေါ်ဖီအသေး တစ်ပွင့်လျှင်(၂၅၀၀/၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ဂေါ်ဖီထုတ်အကြီး တစ်ထုတ်လျှင် (၃၀၀၀/၃၅၀၀)ကျပ်၊ အသေးတစ်ထုတ်လျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ပန်းဂေါ်ဖီနှင့် မုံလာထုတ်များကို စားသောက်ဆိုင်များ၊  ထမင်းဆိုင်များ၊ ကော်ပြန်ကြော်ဆိုင် များနှင့် စားဖွယ်စုံဆိုင်များတွင် မဖြစ်အနေအသုံးများသည့်အတွက် ရောင်းအားကောင်းလျက်ရှိကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ကျောက်ဖရုံယို နှင့် ချစ်တီးမုန့် ဈေးနှုန်း

 ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် ကျောက်ဖရုံ ယိုများကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

   ၂၀၂  ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံ ရောင်းချသည့်ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ကျောက်ဖရုံယို ဈေးနှုန်းအနေဖြင့် ကျောက်ဖရုံယို တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၃၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ချစ်တီးမုန့် ဈေးနှုန်းအနေဖြင့် ချစ်တီးမုန့် တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၄၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသည့် လုပ်ငန်းရှင်များ ထံမှ သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျောက်စိမ်းပန်း(ခေါ်)ဇော်စိမ်းပန်း နှင့် သပြေပန်း ဈေးနှုန်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုး ဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည် ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။ မိမိတို့ ဗုဒ္ဓဘာသာ လူမျိုးများအတွက် ဘုရားပန်းသည်လည်း မိမိတို့ ကိုးကွယ်ယုံကြည်အားထားရာဖြစ်သည့် ဘုရားစင်ပေါ် တွင် ကုသိုလ်ယူရန် နေ့စဉ်ကပ်လှူပူဇော်ရသည့်အတွက် မရှိမဖြစ်သော အရာတစ်မျိုး လည်းဖြစ်ပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(တတိယပတ်)တွင် ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ကျောက် စိမ်းပန်း(ခေါ်)ဇော်စိမ်းပန်း ဈေးနှုန်းအနေဖြင့် ကျောက်စိမ်းပန်း(ခေါ်)ဇော်စိမ်းပန်း()ခက်ပါ တစ်စီးလျှင်(၁၀၀၀)ကျပ်၊ (၁၀)စီးပါ တစ်ထုံးလျှင်(၈၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်လည်းကောင်း သပြေပန်း အခက် တစ်စည်းလျှင်(၁၅၀၀)ကျပ်၊ သပြေပန်း အငုတ်ကြီး()ငုတ်လျှင်(၃၅၀၀ မှ ၅၀၀၀)ကျပ် နှင့် သပြေပန်း အငုတ်သေး()ငုတ်လျှင်(၁၅၀၀ မှ ၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး သပြေပန်း သည်လူကြိုက်များသော ပန်းဖြစ်သည့်အတွက် ဈေးကောင်းရရှိပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း ပန်းရောင်းချသူ များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ‌ပန်းငရုတ်ပွသီး ဈေးနှုန်း

        ကျွန်းလှမြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို တစ်ပိုင်တစ်နိုင်အနေဖြင့် စိုက်ပျိုးကြရာတွင် စာဖိုဆောင်သီးနှံဖြစ်သည့် ပန်ဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုတ်ပွသီး၊ ဂျူးမြစ်၊ ကန်ဇွန်းဥ၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ ပြောင်းဖူး၊ တိုင်ထောင်ဘိုစားပဲသီး၊ ဂေါ်ရခါးသီး၊ ခါကြက်ဥ နှင့် ပန်းငရုပ်ပွသီးတို့ကိုပါ စိုက်ပျိုးရောင်းချကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယအပတ် သစ်ရာမြိုင်ဈေးအတွင်းရှိ ပန်းငရုတ်ပွသီးဈေးနှုန်းမှာ ပန်းငရုတ်ပွသီး လက္ကား တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ပန်းငရုတ်ပွသီး လက်လီ တစ်ပိဿာ လျှင်(၁၂၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၃၀၀၀)ကျပ်နှင့် ပန်းငရုတ်ပွသီး (၁၀)ကျပ်သားလျှင်(၁၂၀၀)ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော နေကြာစေ့လှော် ဈေးနှုန်း

        ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် နေကြာစေ့များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

        ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော နေကြာစေ့လှော် ဈေးနှုန်းအနေဖြင့် နေကြာစေ့လှော်(ရိုးရိုး)လက်က္ကား တစ်ပြည်လျှင်(၉၃၀၀)ကျပ်၊ နေကြာစေ့လှော်(ရိုးရိုး)လက်လီ တစ်ပြည်လျှင်(၉၆၀၀)ကျပ်၊ နို့ဆီဘူး()ဘူး လျှင်(၄၈၀၀)ကျပ်၊ နို့ဆီဘူး(၁)ဘူးလျှင်(၁၂၀၀)ကျပ်နှင့် နေကြာစေ့လှော်(သစ်ကြားသီးအနံ့) တစ်ပြည် လျှင်(၁၂၀၀၀)ကျပ်၊ နို့ဆီ(၄)ဘူးလျှင်(၆၀၀၀)ကျပ်၊ နို့ဆီဘူး(၁)ဘူးလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော နွားနို့၊ နွားနို့ခဲနှင့် ဒိန်ချဉ် ဈေးနှုန်း

          ကျွန်းလှမြို့ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာ ဗမာနွားများနှင့် မေထုံခေါ် နို့စားနွား မွေးမြူရေးလုပ်ငန်းကိုလည်း တစ်ပိုင်တစ်နိုင် မွေးမြူလျက်ရှိပြီး နွားနို့နှင့် ဒိန်ချဉ်များကို ကျွန်းလှမြို့ ဈေးကွက်အတွင်းသို့ ရောင်းချ လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နွားနို့ ဈေးနှုန်းများမှာ နွားနို့(၁)လီတာ တစ်ဘူးလျှင်(၂၂၀၀)ကျပ်၊ နွားနို့ခဲတစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၇၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ဒိန်ချဉ် (၁)လီတာ တစ်ဘူးလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မွေးမြူရေးလုပ်ငန်းလုပ်ပြီး နွားနို့ ရောင်းချနေသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း