ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အထက်မင်းလှမြို့၊ ဇေယျသီရိဈေး၌ မုန်လာဥဖြူဈေးကောင်းရလျက်ရှိ

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများဖြစ်သည့် ညောင်ပင်သာ၊ ပန်းတော်ပြင်၊ ဥယျာဉ်၊ ရွာတော် စသည့် ကျေးရွာများနှင့် မြစ်အရှေ့ဘက်ကမ်းရှိ ကျွန်းရွာကျေးရွာတို့မှ ထွက်ရှိသည့် မုန်လာဥဖြူများသည် အောက်တိုဘာလ (တတိယပတ်)တွင် စတင်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

  ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(တတိယပတ်)တွင် မုန်လာဥဖြူ(၅)ခုပါ (၁)တွဲလျှင် ကျပ် (၁၀၀၀)ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကောင်းရလျက်ရှိပြီး ဈေးကွက်အတွင်း၌ အရောင်းအဝယ်မှာ သွက်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

ပွင့်ဖြူမြို့နယ်၊ ပေါက်ကုန်းရွာသစ်ကျေးရွာ၌ ဧရာပ‌ဒေသာစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ပေတောအုပ်စု၊ ပေါက်ကုန်းရွာသစ် ကျေးရွာသည် စပါး၊ နေကြာ၊ ပဲတီစိမ်း စသည့် သီးနှံများကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိပြီး ဧရာပဒေသာစပါး ကို တောင်သူ(၂၀၀)ဦးမှ ဧက(၃၀၀၀)ခန့်အား ဩဂုတ်လတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

            ပေါက်ကုန်းရွာသစ်ကျေးရွာနေ တောင်သူတစ်ဦးက ၎င်းအနေဖြင့် ဧရာပဒေသာစပါးကို (၁၀) ဧက ခန့်စိုက်ပျိုးထားကြောင်း၊ ကုန်းဇောင်းဧရာပဒေသာမျိုးဖြစ်ပြီး ပွင့်ဖြူမြို့မှ ဝယ်ယူခြင်းဖြစ် ကြောင်း၊ (၁)ဧကလျှင် ပျိုးပင်(၆၀၀)ခန့်ကုန်ကျကြောင်း၊ ပျိုးပင်(၁၀၀)လျှင် ကျပ်(၄၅၀၀၀)ခန့် ပေးရကြောင်း၊ စိုက်ပျိုးပြီး(၄)လအကြာတွင် ရိတ်သိမ်းကြောင်း၊ စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် ပျိုးဖိုး၊ လုပ်အားခ၊ မြေပြုပြင်ခနှင့် အခြားသွင်းအားစု စရိတ်အပါအဝင် စုစုပေါင်း ကျပ်(၆၀၀၀၀၀)ခန့် ကုန်ကျကြောင်း၊ ထွက်ရှိမှုအနေဖြင့် ယခင်နှစ်က မိုးရွာသွန်းမှုနည်းပါး၍ (၁)ဧကလျှင် စပါး(၃၀) တင်းခန့်ထွက်ရှိပြီး (၁)တင်းလျှင် ကျပ်(၃၀၀၀၀)ခန့်ရရှိကာ အကျိုးအမြတ်အနေဖြင့် ကျပ် (၃၀၀၀၀၀)ခန့်ရရှိခဲ့ကြောင်း၊ ရောင်းချမှုအနေဖြင့် ကုန်သည်ပွဲစားများမှ ကျေးရွာအထိလာရောက် ဝယ်ယူကြကြောင်း၊ ယခုနှစ် သီးနှံစိုက်ပျိုးချိန်တွင် မိုးရွာသွန်းမှုကောင်းသောကြောင့် ဧရာပဒေသာ စပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါကြောင်း ပေါက်ကုန်းရွာသစ်ကျေးရွာနေ တောင်သူ တစ်ဦးထံမှ သိရှိရပါ သည်။

DOCA(မကွေး)

ဒေသထွက်ခဝဲသီးဈေးနှုန်းအခြေအနေ

   ရာသီစာဖြစ်သည့် ကရင်ပြည်နယ်ဒေသထွက်ခဝဲသီးကို ဘားအံမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ များမှ ဘားအံမြို့ပေါ်ဈေးများသို့ လာရောက်ရောင်းချကြပါသည်။ ဒေသခံတောင်သူများသည် ခဝဲပင် ကို အပိုဝင်ငွေရရှိရန်အတွက် မိမိတို့၏ အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။ ခဝဲသီးကို ပုဇွန်ခြောက်၊ ကြက်ဥနှင့်အတူ ကြော်စား၍ရသလို ငပိရည်တို့စရာနှင့်လည် ပြုတ်တို့စားပါက ထမင်းမြိန်စေသည်။ ခဝဲသီးမှာပါဝင်သော သံဓာတ်အမြင် ဓာတ် ရေဓာတ်တို့ပါဝင်နေပါသည်။ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်တွင် ခဝဲသီးဈေးနှုန်း မှာ တစ်ပိဿာလျှင် (၄၅၀၀)ကျပ်နှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

ဘားအံမြို့ပေါ် ဆိုင်များရှိသစ်သီးဝလံဈေးနှုန်းအခြေအနေ

  ဘားအံမြို့ပေါ်ဆိုင်များတွင် ရောင်းချလျက်ရှိသော သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ မန္တလေးမြို့၊ ရန်ကုန်မြို့၊ မြဝတီမြို့နှင့်ဘားအံမြို့အနီးကျေးရွာများမှ အသီးသီးဝင်ရောက် ရောင်းချ လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ မိုးရွာသီ အောက်တိုဘာလ ဒုတိယပတ် ဘားအံမြို့ပေါ် ဆိုင်များတွင် ဖြစ်ပေါ်လျက်ရှိ သော သစ်သီးဝလံဈေးနှုန်းများမှာ နဂါးမောက်သီး တစ်လုံးလျှင် (၂၀၀၀)ကျပ်၊စပျစ်သီး(အစေ့လွတ်) တစ်ပိဿာ(၄၀၀၀)ကျပ်၊ စပျစ်သီး(အစေ့ပါ) တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ပန်းသီးရိုးရိုးတစ်လုံး လျှင် (၁၈၀၀)ကျပ်၊ ပန်းသီး(ယိုးဒယား) တစ်လုံးလျှင် (၂၅၀၀)ကျပ်၊ ပန်းသစ်တာ်သီး(ယိုးဒယား) တစ်လုံးလျှင် (၃၅၀၀)ကျပ်၊ လိမ္မော်သီး(မြန်မာ) တစ်လုံးလျှင် (၁၃၀၀၊၁၅၀၀)ကျပ်၊ လိမ္မော်သီး (ယိုးဒယာ) တစ်လုံးလျှင် (၂၀၀၀)ကျပ်၊ သရက်သီး တစ်လုံးလျှင် (၂၀၀၀၊၃၀၀၀)ကျပ်၊ ဩဇာသီးတစ် လုံးလျှင် (၂၀၀၀)ကျပ်၊ မာလာကာသီးတစ်လုံးလျှင် (၁၀၀၀၊၁၅၀၀)ကျပ်၊ ဖရဲသီးတစ်လုံးလျှင် (၃၅၀၀)ကျပ်၊ ကျွဲကောသီး တစ်လုံးလျှင် (၂၀၀၀၊၆၀၀၀)ကျပ်၊ နာနတ်သီး တစ်လုံးလျှင် (၃၀၀၀၊၅၀၀၀)ကျပ်၊ ဖီးကြမ်းငှက်ပျောသီး တစ်လုံးလျှင် (၅၀၀၀)ကျပ်၊ သီးမွှေးငှက်ပျောသီး တစ်ဖီးလျှင်် (၅၀၀၀၊၆၀၀၀)ကျပ်တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင် များထံမှ သိရှိရပါသည်။

DOCA(ကရင်)

ဘားအံမြို့ရှိ ကြံရည်ဈေးနှုန်း

  ၂၀၂၅ ခုနှစ်၊ ကရင်ပြည်နယ် ဘားအံမြို့၏ ဈေးကွက်အတွင်း ကြံရည်ဈေးကွက်မှာလည်း ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။ ကြံကိုဘားအံမြို့အနီးတဝိုက်ကျေးရွာများတွင်တစ် နိုင်တစ်ပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။ ဘားအံမြို့ဈေးကွက်အတွင်း သို့ ဝင်ရောက်လာသော ကြံများမှာ ဘားအံမြို့အနီးရှိကျေးရွာများနှင့် မော်လမြိုင်ဘက် တို့မှဖြစ် သည်။

           ကြံရည်သည် သဘာဝဖျော်ရည်တစ်ခုဖြစ်သည်။ ကြံရည်ကို ရေခဲထည့်ပြီးသောက်လို့ ရသလို သံပုရာသီး၊ ဂျင်း၊ မြင်းခွာရွက်၊ ပူစီနံရွက် နှင့်အခြားအချိုရည် အချိုနဲ့လည်းရောထည့်ပြီးသောက်ရင်း အရသာရှိသလို ရင်အေးသွားစေတဲ့ သောက်စရာသဘာဝ အဟာရအချိုရည် တစ်မျိုးဖြစ်ပါသည်။ အခြားသောက်စရာတွေနဲ့မတူဘဲ သကြားစစ်စစ်ကနေရတဲ့ အချိုရည်ဖြစ်တာကြောင့် ခန္ဓာကိုယ် ရေဓာတ်ကိုလည်းဖြည့်ပေးနိုင်ပါ သည်။

          ကရင်ပြည်နယ်၊ ဘားအံမြို့ဒေသထွက် ကြံဈေးနှုန်းများမှာ၁၀ချောင်းပါ တစ်စည်းဈေးနှုန်း (၁၆၀၀၀)ကျပ်၊ ကြံရည်တစ်ခွက်ဈေးနှုန်း (၁၅၀၀)ကျပ်၊ တို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကရင်)

ဘားအံမြို့ ဒေသထွက် ကျွဲကောသီးဈေးနှုန်း

  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်တွင် ကရင်ပြည်နယ် ဘားအံမြို့ပေါ် ဈေး ကွက်အတွင်း ရာသီသီးနှံဖြစ်သည့် ဒေသထွက်ကျွဲကောသီးနှင့်အခြေားဒေသထွက်ကျွဲကောသီးများ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

          ဘားအံမြို့ အနီးတစ်ဝိုင်ကျေးရွာရှိ ဒေသထွက်ကျွဲကောသီးဈေးနှုန်းများမှာ ကျွဲကောသီးအ လုံးကြီး တစ်လုံးလျှင် (၅၀၀၀)ကျပ်၊ ကျွဲကောသီး အလုံးလတ် တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၁၅၀၀)ကျပ် တို့ဖြစ် ဈေးကောင်းရ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

ဘားအံမြို့ ဒေသထွက် မုန်လာပင်ပေါက်နှင့်မုန်လာဥဖြူဈေးနှုန်း

  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလစတုတ္ထပတ်တွင် ကရင်ပြည်နယ် ဒေသထွက်မုန်လာဥ ဖြူများဈေးကောင်းရလျက်ရှိနေကြောင်း သတင်းရရှိသည်။

          မုန်လာဥဖြူကိုသုံး တက်ရင်သုံးတက်သလိုဟင်းဖြစ်စေသော မြန်မာ့အစားအစာတစ်မျိုးဖြစ် ပါသည်။မုန်လာဥကို ငါးခူ၊ ငါးရံ၊ ငါးမြင်း၊ ငါးကြင်း၊ စသောငါးများဖြင့် ချဉ်ရည်ဟင်း ချက်စားကြသ လို မုန်လာဥပိုးတီချဉ်၊ မုန်လာဥသနပ်သုပ်၊ မုန်လာဥချဉ်ဖက်တို့ကလည်း ထမင်းမြိန်စေပါသည်။ မုန်လာဥဖြူတွင်ပါရှိသော ဗီတာမင်အေ၊ ဗီတာမင်စီနှင့်ဗီတာမင်ကေဓာတ်များက ခန္ဓာကိုယ်အရေ ပြားပျက်စီးခြင်းမှ ကာကွယ်ပေးခြင်းဖြင့် ကျန်းမာရေးကိုအထောက်အကူပြုပေးနိုင်ပါသည်။ မုန်လာ ဥဖြူဈေးနှုန်းများမှာ မုန်လာဥဖြူအစည်းကြီးတစ်စည်းလျှင် (၈၀၀)ကျပ်၊ မုန်လာဥဖြူ အစည်းသေး တစ်စည်းလျှင် (၅၀၀)ကျပ်၊ နှုန်းနှင့် မုန်လာပင်ပေါက်ဈေးနှုန်း သုံးစည်း(၁၀၀၀)ကျပ်နှုန်းတို့ဖြစ် ဈေး ကောင်းရကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မုန်လာဥဖြူရောင်းချသည့်ဆိုင်များမှ သိရသည်။

DOCA(ကရင်)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ရုံးပတီသီးဈေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိ ‌ကျေးရွာများနှင့် မြို့ပေါ်ရပ် ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြပါသည်။ရုံးပတီသီးကို ရာသီမရွေး စိုက်ပျိုးနိုင်သောကြောင့် တောင်သူများတွက်ချေကိုက်သော သီးနှံတစ်မျိုးဖြစ်သည်။  စားဖိုဆောင် သီးနှံတစ်မျိုးဖြစ်သည့် ရုံးပတီသီးကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပါသည်။ ထွက်ရှိလာ သောသီးနှံများကို ဆိပ်ငယ်ဈေးကြီး၊ ရှမ်းချောင်းကုန်စိမ်းဈေးနှင့်တခြားဈေးငယ်များသို့ ပို့ဆောင် ပြီးရောင်းချကြကြောင်း သီးနှံစိုက်ပျိုးသော တောင်သူတစ်ဦးထံမှသိရှိရပါသည်။ ရုံးပတီသီးစား ပေးခြင်းဖြင့် အစာအိမ်ရောဂါကိုကောင်းမွန်စေခြင်း၊ အစာအိမ်ထဲမှ အက်စက်ဓာတ်ကိုလျော့ချ ပေးခြင်း၊ ခန္ဓာကိုယ်ထဲမှအညစ်အကြေးကိုဖယ်ရှားပေးခြင်း၊ သွေးနီဥထုတ်လုပ်မှုကို လှုံဆော်ပေး တာကြောင့် ခွန်အားကိုပိုရှိခြင်း၊ မောပန်းနွမ်းနွယ်မှုများကိုကောင်းစေခြင်း၊ ဝမ်းချုပ်ခြင်းများကို ကာကွယ်ပေးပါသည်။

    ယခု၂၀၂၅ခုနှစ်၊ အောက်တိုဘာလတတိယပတ်တွင် ရုံးပတီသီးတစ်တောင့်လျှင်(၀၀) ကျပ် ရှိပြီး (၁၀)တောင့်ပါတစ်စည်းလျှင်(၂၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းသေကြီး၊ မြိတ်မြို့ပေါ်ရှိ မုန်ညင်းဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ပေါ်တွင် ဆိပ်ငယ်ဈေးကြီးနှင့် စမ်းချောင်း ကုန်စိမ်းဈေးများတွင် ခရမ်းသီး၊ ဂေါ်ဖီထုပ်၊ ကန်စွန်းရွက်၊ ခဲဝဲသီး၊ မုန်လာထုပ်၊ ပြောင်းဖူး၊ ထိုင်ဝမ်မုန်ညင်း၊ ရွှေဖရုံသီး၊ ဆလပ်ရွက်၊ ရုံးပတီသီး၊ ဘိုစားပဲ၊ ပဲရှည်သီး၊ ပဲပင်ပေါက်အစရှိသည့် ကုန်စိမ်း များကို ရောင်းချကြကြောင်း သိရှိရပါသည်။

     ယခု၂၀၂၅ခုနှစ်၊ အောက်တိုဘာလတတိယပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ထိုင်ဝမ်မုန်ညင်းဈေးနှုန်းမှာ တစ်စည်းလျှင် (၁၀၀၀)ကျပ်ဖြင့်ရောင်းချနေကြောင်း ကုန်စိမ်းရောင်း ချနေသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်ဒေသရှိ ဌက်ပျောသီးဈေးနှုန်း/ဈေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ရှိ တနင်္သာရီမြို့နှင့် ကျွန်းစုမြို့တို့တွင် နှစ်ရှည်သီးနှံ များနှင့် ရာသီစာသီးနှံများဖြစ်သော ဒူးရင်းသီး၊ တညင်းသီး၊သရက်သီး၊ မင်းဂွတ်သီး၊ အုန်းသီး၊ ကြက်မောက်သီး၊ ပိန္နဲသီး၊ ဌက်ပျောသီး၊ စုံပတသီးတို့ကို အများအပြားစိုက်ကြသလို တစ်နိုင် တစ်ပိုင်လည်း စိုက်ပျိုးကြ၍ ထွက်ရှိသောသီးနှံများကို မြိတ်မြို့ပေါ်ရှိဈေးများတွင် လာရောက် ရောင်းချကြပါသည်။ ၄င်းအသီးအနှံများထဲမှ ဌက်ပျောသီးသည် လူကြီး/လူငယ်မရွေး ကြိုက်နှစ် သက်ကြသဖြင့် အရောင်းအဝယ်သွက်ကြောင်း သိရှိရပါသည်။

     ၂၀၂၅ခုနှစ်၊ အောက်တိုဘာလတတိယပတ်တွင် ဖီးကြမ်းဌက်ပျောသီးတစ်ဖီးလျှင်(၃၀၀၀) ကျပ်၊ ဌက်ပျောဝါသီး တစ်ဖီးလျှင် (၄၀၀၀)ကျပ်၊ ဆွဲအံသီးတစ်ဖီးလျှင် (၅၀၀၀)ကျပ်နှင့်ဆိတ်နို့သီး တစ်ဖီးလျှင် (၃၀၀၀)ကျပ်ခန့်ရှိကြောင်း ဌက်ပျောသီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း