ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ကွမ်းခြံကုန်းမြို့နယ်၌ ဈေးကွက်အတွင်း ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ”

ဒီဇင်ဘာလ စတုတ္ထအပတ်တွင် ကွမ်းခြံကုန်းမြို့နယ်၌ အခြေခံစားသောက်ကုန်များ ဖြစ်သော ဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက် ဧည့်မထတစ်ပြည်လျှင်(၃၅၀၀-၃၆၀၀) ကျပ်ထိ၊ ငစိန်ဆန် တစ်ပြည်လျှင်(၃၀၀၀-၃၁၀၀)ကျပ်ထိ၊ ကြားပျံဆန်(ရိုးရိုး)တစ်ပြည်လျှင် (၅၆၀၀-၅၈၀၀)ကျပ်ဖြင့် လည်းကောင်း၊ စားအုန်းဆီတစ်ပိဿာလျှင် ယခင်ပတ်တွင်(၇၈၀၀) ကျပ်၊ ယခုပတ်တွင်(၇၈၀၀)ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်လျှက်ရှိပြီး၊ ပဲဆီတစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်နီအသစ်ဆိုဒ်စုံတစ်ပိဿာလျှင်(၃၅၀၀-၄၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ)တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ရိုးရိုးဆားတစ်ပိဿာလျှင်(၆၀၀)ကျပ်၊ ငြုပ်တောင့်(အရှည်)တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ငြုပ်တောင့်(အပု)တစ်ပိဿာလျှင် (၂၇၀၀၀) ကျပ်၊ ကုလားပဲဇံခြမ်းတစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင်(၃၈၀)ကျပ်နှင့် ဘဲဥတစ်လုံးလျှင်(၅၅၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

အလားတူဗမာကြက်တစ်ပိဿာလျှင်(၃၃၀၀၀)ကျပ်၊ CPကြက်တစ်ပိဿာလျှင်(၂၀၀၀၀) ကျပ် ဝက်သားတစ်ပိဿာလျှင်(၂၆၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင်(၂၆၀၀၀)ကျပ်၊ ဆိတ်သား   တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင်(၉၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာ လျှင် (၁၀၀၀၀)ကျပ်စသည့်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း     သိရပါသည်။

ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်ရာတွင် ဆန်ကြမ်း၊ ဆန်ချောဈေးနှုန်းများ၊ အခြေခံစားသောက်ကုန်ဈေးနှုန်းများနှင့် စားအုန်းဆီဈေးနှုန်းများမှာ တည်ငြိမ်လျှက်ရှိကြောင်း သိရှိရသည်။

DOCA(ရန်ကုန်)

“ တွံတေးမြို့နယ်၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ”

ဒီဇင်ဘာလ စတုတ္ထအပတ်တွင် တွံတေးမြို့နယ် အခြေခံစားသောက်ကုန်များဖြစ်သောဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက် ဧည့်မထတစ်ပြည်လျှင်(၃၃၀၀-၃၄၀၀)ကျပ်၊ တောင်ပျံဆန်ရိုးရိုးတစ်ပြည် လျှင် (၅၂၀၀)ကျပ်၊ ကျားပျံဆန်တစ်ပြည်လျှင်(၅၄၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ယခင်ပတ်တွင် (၇၆၇၅)ကျပ်၊ ယခုအပတ်(၇၇၂၅)ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်လျှက်ရှိပြီး၊ ပဲဆီတစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ ကြက်သွန်နီအသစ်ဆိုဒ်ဆုံတစ်ပိဿာလျှင် (၃၀၀၀-၃၅၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူကုက်) တစ်ပိဿာလျှင်(၁၉၅၀၀)ကျပ်၊ နနွင်းမှုန့်တစ်ပိဿာလျှင်(၁၂၅၀၀)ကျပ်၊ ရိုးရိုးဆားတစ်ပိဿာလျှင် (၅၀၀)ကျပ်၊ အိုင်အိုဒင်းဆားတစ်ထုပ်လျှင်(၆၀၀)ကျပ်၊ ငြုပ်တောင့်(အရှည်) တစ်ပိဿာလျှင်(၈၅၀၀)ကျပ်၊ ငြုပ်တောင့်(အပု)တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊  ကုလားပဲခြမ်းတစ်ပိဿာ လျှင်(၇၅၀၀)ကျပ်၊ မန်းချည်းသီးမှည့် တစ်ပိဿာလျှင်(၇၅၀၀)ကျပ်၊ ငါးရံ့ခြောက်တစ်ပိဿာလျှင်(၇၀၀၀၀)ကျပ်၊         ခေါက်ဆွဲခြောက်တစ်ထုတ်လျှင်  (၇၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင်(၃၅၀)ကျပ်နှင့်ဘဲဥတစ်လုံးလျှင် (၅၅၀) ကျပ် တို့ဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

            အလားတူဗမာကြက်တစ်ပိဿာလျှင် (၂၇၀၀၀)ကျပ်၊ CPကြက်တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် (၂၅၀၀၀-၃၀၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင်(၉၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်စသည်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်ရာတွင် ဆန်ကြမ်း၊ ဆန်ချောဈေးနှုန်းများနှင့် အခြေခံ စားသောက်ကုန် ဈေးနှုန်းများမှာတည်ငြိမ်လျှက်ရှိပြီး စားအုန်းဆီဈေးနှုန်းမှာ အနည်းငယ်မြင့်တက် သွားလျှက်ရှိကြောင်း သိရသည်။

DOCA(ရန်ကုန်)

“ခရမ်းမြို့နယ်၌ ဈေးကွက်အတွင်း ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ”

ဒီဇင်ဘာလ စတုတ္ထအပတ်တွင် ခရမ်းမြို့နယ်၌ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက် ဧည့်မထတစ်ပြည်လျှင်(၃၅၀၀-၃၈၀၀)ကျပ်ထိ၊ ဧရာဝတီ ပေါ်ဆန်းတစ်ပြည်လျှင်(၅၈၀၀-၆၀၀၀)ကျပ်၊ ငစိန်အုပ်စု ပုသိမ်ရာကျော်တစ်ပြည်လျှင် (၃၀၀၀-၃၂၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ယခင်ပတ်တွင်(၇၈၀၀)ကျပ်၊ ယခုပတ်တွင် (၇၈၀၀)ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်လျှက်ရှိပြီး၊ ပဲဆီတစ်ပိဿာလျှင် (၁၉၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ ကြက်သွန်နီအသစ်ဆိုဒ်ဆုံ တစ်ပိဿာလျှင်(၂၅၀၀-၃၅၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြက်ကုတ်) တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ ဆားကြမ်းတစ်ပိဿာလျှင်(၇၀၀)ကျပ်၊ ငြုပ်တောင့်(အရှည်) တစ်ပိဿာလျှင်(၈၅၀၀)ကျပ်၊ ငြုပ်တောင့်(အပု) တစ်ပိဿာလျှင်(၂၄၀၀၀) ကျပ်၊ ကုလားပဲဇံခြမ်း တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ငပိ(မျှင်)တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၃၈၀)ကျပ်နှင့် ဘဲဥတစ်လုံးလျှင် (၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

အလားတူဗမာကြက်တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ CPကြက်တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ် ဝက်သားတစ်ပိဿာလျှင်(၂၇၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင်(၂၇၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ လျှင်(၃၂၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင်(၉၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ် စသည့်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးတို့ဖြင့် ရန်ကုန် တိုင်းဒေသကြီး ခရမ်းမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျှက် ရှိကြောင်းသိရပါသည်။

ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်ရာတွင် ဆန်ကြမ်း၊ ဆန်ချောဈေးနှုန်းများ၊ အသားငါး ဈေးနှုန်းများ၊ စားအုန်းဆီဈေးနှုန်းနှင့် ပဲဆီဈေးနှုန်းများမှာတည်ငြိမ်လျှက်ရှိပြီး   အခြေခံစားသောက် ကုန်ဈေးနှုန်းများမှာ အနည်းငယ်ကျဆင်းသွားလျှက်ရှိကြောင်း သိရှိရသည်။

DOCA(ရန်ကုန်)

“ သုံးခွမြို့နယ်၌ ဈေးကွက်အတွင်း ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ ”

ဒီဇင်ဘာလ စတုတ္ထအပတ်တွင် သုံးခွမြို့နယ်၌ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက် ဧည့်မထတစ်ပြည်လျှင်(၃၃၀၀-၃၆၀၀)ကျပ်ထိ၊ ဧရာဝတီပေါ်ဆန်း တစ်ပြည်လျှင်(၅၀၀၀-၆၀၀၀)ကျပ်၊ ကျားပျံတစ်ပြည်လျှင်(၅၀၀၀-၆၀၀၀) ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင်ယခင်ပတ်တွင်(၇၇၅၀)ကျပ်၊ ယခုပတ်တွင်(၇၇၅၀)ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်လျှက်ရှိပြီး၊ ပဲဆီတစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်နီ အသစ်ဆိုဒ်စုံ တစ်ပိဿာလျှင်(၂၅၀၀-၄၅၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာလျှင် (၁၈၀၀၀-၂၀၀၀၀)ကျပ်၊ အိုင်အိုဒင်းဆားတစ်ထုပ်လျှင်(၃၀၀)ကျပ်၊ ငြုပ်တောင့်(အရှည်) တစ်ပိဿာလျှင် (၉၀၀၀-၁၄၀၀၀)ကျပ်၊ ကုလားပဲဇံခြမ်းတစ်ပိဿာလျှင်(၇၂၀၀)ကျပ်၊ အာလူး တစ်ပိဿာလျှင် (၇၀၀၀-၈၀၀၀)ကျပ်၊ သကြားတစ်ပိဿာလျှင်(၅၆၀၀)ကျပ်၊ ကြက်ဥတစ်လုံး လျှင်(၃၈၀-၄၀၀)ကျပ်နှင့် ဘဲဥတစ်လုံးလျှင် (၅၅၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်။

အလားတူ ဗမာကြက်တစ်ပိဿာလျှင်(၂၅၀၀၀-၃၀၀၀၀)ကျပ်၊ CPကြက်တစ်ပိဿာလျှင် (၂၀၀၀၀-၂၅၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင်(၂၀၀၀၀-၂၅၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာ လျှင် (၂၂၀၀၀-၂၅၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင်(၂၅၀၀၀-၂၇၀၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ် စသည့်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးတို့ဖြင့် ရန်ကုန်တိုင်း ဒေသကြီး သုံးခွမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရပါသည်။

ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်ရာတွင် ဆန်ကြမ်း၊ ဆန်ချောဈေးနှုန်းများ၊ အသား၊ငါး ဈေးနှုန်းများနှင့် စားသောက်ကုန်ပစ္စည်း(ကုန်ခြောက်)ဈေးနှုန်းများ၊ စားအုန်းဆီဈေးနှုန်းမှာ တည်ငြိမ်လျှက်ရှိကြောင်း သိရှိရသည်။

DOCA(ရန်ကုန်)

“ကော့မှူးမြို့နယ်၌ ဈေးကွက်အတွင်း ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ”

ဒီဇင်ဘာလ စတုတ္ထအပတ်တွင် ကော့မှူးမြို့နယ်၌ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက် ဧည့်မထတစ်ပြည်လျှင်(၃၃၀၀-၃၄၀၀)ကျပ်ထိ၊ တောင်ပျံဆန်(ရိုးရိုး)တစ်ပြည်လျှင်(၅၁၀၀-၅၂၀၀)ကျပ်၊ ကျားပျံဆန်တစ်ပြည်လျှင်(၅၃၀၀-၅၄၀၀) ကျပ်တို့ဖြင့်လည်းကောင်း၊ စားအုန်းဆီတစ်ပိဿာလျှင် ယခင်ပတ်တွင်(၇၅၄၅)ကျပ်၊ ယခုပတ်တွင် (၇၅၈၀)ကျပ်ဖြင့် ဈေးနှုန်းအနည်းမြင့်တက်လျှက်ရှိပြီး၊ ပဲဆီတစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ ကြက်သွန်နီအသစ်ဆိုဒ်စုံတစ်ပိဿာလျှင် (၃၀၀၀-၃၅၀၀-၄၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ နနွင်းတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊  ရိုးရိုးဆား တစ်ပိဿာလျှင်(၆၀၀)ကျပ်၊ အိုင်အိုဒင်းဆားတစ်ထုပ်လျှင်(၆၀၀) ကျပ်၊ ငြုပ်တောင့်(အရှည်)တစ်ပိဿာလျှင်(၉၀၀၀)ကျပ်၊ ကုလားပဲဇံခြမ်းတစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊ မန်ကျည်းသီးအမှည့် တစ်ပိဿာလျှင်(၇၅၀၀)ကျပ်၊ ငံပြာရည်တစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ ငါးရံ့ခြောက် တစ်ပိဿာလျှင်(၆၅၀၀၀)ကျပ်၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် (၇၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၃၈၀)ကျပ်နှင့် ဘဲဥတစ်လုံးလျှင်(၄၅၀-၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

အလားတူအသား၊ငါးဈေးနှုန်းများဖြစ်သော ကြက်သား(ဗမာကြက်) တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ CPကြက်တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင်(၂၃၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင်(၉၀၀၀)ကျပ် စသည့်ဖြင့် လည်းကောင်း ဈေးနှုန်းအသီးသီးတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရပါသည်။

ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်ရာတွင် ဆန်ကြမ်း၊ ဆန်ချောဈေးနှုန်းနှင့် အသားငါး ဈေးနှုန်းများ၊ အခြေခံစားသောက်ကုန် ဈေးနှုန်း(ကုန်ခြောက်)များမှာ တည်ငြိမ်လျှက်ရှိပြီး  စားအုန်းဆီ ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်သွားလျှက်ရှိကြောင်း သိရှိရသည်။

DOCA(ရန်ကုန်)

“ချစ်ကိုလေး” ပဲချောင်းမုန့်လုပ်ငန်း

            ဧရာဝတီတိုင်း‌ဒေသကြီး၊ ဟင်္သာတခရိုင်၊ဇလွန်မြို့နယ်၊ ဦးပုညလမ်း၊ ညောင်ပင်ဈေးရပ်ကွက် တွင် ဒေသထုတ်ကုန်ဖြစ်သော “ချစ်ကိုလေး” ပဲချောင်းမုန့်လုပ်ငန်းအား ဇလွန်မြို့နယ် ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်စိမ်းမြသီတာ မှ (၁၈.၁၂.၂၀၂၄)ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန် တွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် ထုတ်ပိုးရောင်းချသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ထုတ်လုပ်မှု အခြအနေ၊ အရောင်းအဝယ်ဖြစ်မှု အခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ပါသည်။ ပဲချောင်းပြုလုပ်ရာတွင် ကုလားပဲခြမ်းအစစ် ကိုသာ အသုံးပြုရပြီး တစ်ပိဿာလျှင် (၈၀၀၀/-ကျပ်)ဖြင့် ဝယ်ယူရပါသည်။  ကုလားပဲခြမ်းကို အစိမ်းကြိတ်ပြီး ရလာသောအနှစ်များကို ကော်မှုန့်၊ ဆန်မှုန့်၊ သကြား၊ ကောက်ညှင်းမှုန့်၊ဆားအနည်းငယ်ဖြင့် အချိုးသင့်ရောစပ်ကာ ပုံစံခွက်ဖြင့် ကြော်ရပါသည်။ တစ်နေ့လျှင် ကုလားပဲ(၆)ပိဿာ ကြော်ရပြီး ၁၄၀၀/- ကျပ် တန် ၁၉၀ ထုပ် ရရှိကြောင်းသိရှိရပါသည်။ တစ်နေ့လျှင်ကုန်ကျစရိတ် ၂ သိန်းဝန်းကျင် ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် ၅၀၅၀၀/-ကျပ် ရရှိပါသည်။ နွေဦးကာလများတွင် ဘုရားဖူးလာသူ များမှ အိမ်ပြန်လက်ဆောင်၊ ဒေသလက်ဆောင်အဖြစ် ဝယ်ယူခြင်းကြောင့် ရောင်းအားပိုမိုကောင်းမွန် ကြောင်းသိရှိရပါသည်။  စားသုံးသူများကြိုက်နှစ်သက်သော ဒေသအစားအစာတစ်မျိုးဖြစ်ပြီး မြို့နယ်အတွင်း၊ ခရိုင်အတွင်းနှင့် အခြားတိုင်းဒေသကြီးများသို့ ဒေသလက်ဆောင်အဖြစ်  ဝယ်ယူစားသုံးမှုမြင့် တက်လျက် ရှိကြောင်းသိရှိပါသည်။

DOCA(ဧရာဝတီ)

ကြက်ဥများအားသက်သာသောဈေးနှုန်းဖြင့် နေ့စဉ်ရောင်းချလျက်ရှိ

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ ဇလွန်မြို့၊ လေးမျက်နှာမြို့နှင့် ကြံခင်းမြို့နယ် တွင် (၁၉.၁၂. ၂၀၂၄)ရက်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အလိုက် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့ မှ မိမိတို့ ဒေသ ရပ်ကွက်၊ ကျေးရွာများနှင့် ဈေးများတွင် ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

          ထိုသို့ရောင်းချခဲ့ရာတွင် ဇလွန်မြို့နယ် လမ်းမတော်(မ)ရပ်ကွက်တွင် ကြက်ဥတစ်လုံးလျှင် ၃၇၀ ကျပ် ဖြင့်  အလုံးရေ ၂၀၀၀ လုံး၊ လေးမျက်နှာမြို့ အိုင်သပြုကျေးရွာ၊ သီရိမင်္ဂလာဈေးတွင်  ကြက်ဥ တစ်လုံးလျှင် ၃၆၀ ကျပ်ဖြင့် အလုံးရေ ၁၅၀၀လုံး၊   ကြံခင်းမြို့နယ် မြို့မဈေးခေါင်းရုံးရှေ့တွင် ကြက်ဥ တစ်လုံးလျှင် ၃၆၀ ကျပ် ဖြင့် အလုံးရေ ၁၀၀၀ အား လည်းကောင်း၊ အမဲသား ၂၀ ကျပ်သားတစ်ထုပ် လျှင် ၃၅၀၀/- ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် ၊ လပွတ္တာမြို့နယ်တွင် ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ကြက်ဥများရောင်းချမှု အခြေအနေ

        ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊လပွတ္တာမြို့နယ်တွင် ခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနရှိဝန်ထမ်းများသည်     (၁၁-၁၂-၂၀၂၄)    ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်ရှိ အခွန်လွတ်ဈေးတွင် ကြက်ဥအလုံး(၃၀၀၀)နှင့် ရွေးနဒီရေပေါ်ဈေးတွင် ကြက်ဥအလုံး(၃၀၀၀) သွားရောက်၍ ရောင်းချခဲ့ကြောင်းသိရှိရပါသည်။

            ထိုသို့ရောင်းချပေးရာတွင် အများပြည်သူများသက်သာစွာဝယ်ယူနိုင်ရန် တစ်လုံးလျှင် (၃၈၀)ကျပ်နှင့် လူ(၁)ဦး လျှင် (၅)လုံးနှုန်းဖြင့် လပွတ္တာမြို့နယ်ရှိ အခွန်လွတ်ဈေးနှင့် ရွေးနဒီရေပေါ်ဈေးတို့တွင် စုစုပေါင်း ကြက်ဥအလုံးရေ (၆၀၀၀) အား ရောင်းချပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ နောက်ရက်များတွင်လည်း ဆက်လက်ရောင်းချပေးသွားရန် စီစဉ်ထားကြောင်း သိရှိရပါသည်။ 

DOCA(ဧရာဝတီ)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများအခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာလ  (စတုတ္ထ) ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း (စပါး)(ဟောင်း)  တင်း ၁၀၀လျှင် ကျပ် ၄၈၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၆၀၀၀၀ ၊ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၃၂၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၅၀၀၀ ၊ ဧရာမင်း (ဆန်)(ဟ) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၅၀၀၀ ၊ ဧရာမင်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၂၀၀၀၀၀၊ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၁၀၅၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)(ဟောင်း)  တင်း ၁၀၀ လျှင် ကျပ် ၄၈၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၃၂၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၅၀၀၀ ၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၅၀၀၀  ၊ ဧရာမင်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ်၂၂၀၀၀၀၀ ၊ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၁၀၅၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

          ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး)(ဟောင်း) တင်း၁၀၀ လျှင် ကျပ် ၂၇၀၀၀၀၀ ၊ဧည့်မထ (ဆန်)(ဟောင်း) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၅,၀၀၀၊ ဧည့်မထ(စပါး)(သစ်) တင်း၁၀၀ လျှင် ကျပ် ၁၇၀၀၀၀၀ ၊ဧည့်မထ (ဆန်)(သစ်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၆၈,၀၀၀၊ ငစိန်(စပါး) (ဟောင်း) တင်း၁၀၀လျှင် ကျပ်၂၀၀၀၀၀၀ ၊ ငစိန် (ဆန်)(ဟောင်း)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၇၅,၀၀၀၊ ဧရာမင်း(စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၃,၀၀၀,၀၀၀၊ ဧရာမင်း(ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၂၀၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၁,၀၀,၀၀၀၊ ဧရာမင်း(ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါ သည်။

 ကသာခရိုင်၊ အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး)(ဟောင်း)  တင်း၁၀၀ လျှင် ကျပ် ၂,၀၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန်  ၂၄ပြည်တစ်အိတ်မှာ ကျပ် ၉၁,၀၀၀၊ ဆင်းဧကရီ(၃)(စပါး)(သစ်)  တင်း၁၀၀ လျှင် ကျပ် ၁၆,၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန်(သစ်)  ၂၄ပြည်တစ်အိတ်မှာ ကျပ် ၈၀,၀၀၀၊ ဧရာမင်း(စပါး) (ဟောင်း) တင်း ၁၀၀လျှင် ကျပ် ၂၈၀၀၀၀၀၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၂၀၀၀    ဖြင့်အရောင်းအဝယ်ဖြစ် နေကြောင်း သိရပါသည်။

မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၃,၁၀၀,၀၀၀၊  ဧရာမင်း (ဆန်)(‌ဟောင်း) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၅၀၀၀၊ ဧရာမင်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၂၀၀၀၀၀၊ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၁၀၀၀၀ ၊ ရွှေဘိုပေါ်ဆန်း(စပါး)(ဟောင်း)  တင်း ၁၀၀ လျှင် ကျပ် ၄၇၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း (ဆန်)(ဟောင်း) ၂၄ ပြည် တစ်အိတ်မှာ ကျပ် ၁၆၀၀၀၀၊ ရွှေဘိုပေါ်ဆန်း(စပါး)(သစ်)  တင်း ၁၀၀ လျှင် ကျပ် ၃၃၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၀၀၀၀၊ မနောသုခ(မိုး) (စပါး)တင်း ၁၀၀ လျှင် ကျပ် ၂၃၀၀,၀၀၀၊  မနောသုခ(မိုး) (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၉၈၀၀၀၊ ရွှေဝါထွန်း (စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၈၅၀၀၀၀၊  ရွှေဝါထွန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၀၀၀၀၊ ရွှေသွယ်ရင်  (စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၇၀၀,၀၀၀၊  ရွှေသွယ်ရင် (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှထုတ်ပြန်သည့် စိုက်ပျိုးသူတောင်သူများအပါအဝင် ကုန်သွယ် ရောင်းဝယ်သို လှောင်ကြသူများအထိ သင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများ အ‌ပေါ်မူတည်၍ ယခု ဒီဇင်ဘာလ စတုတ္ထ ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အသီးသီးရှိ စပါး /ဆန် ဈေးနှုန်း များမှာ ယခင်အပတ်တိုင်းဈေးနှုန်းတည်ငြိမ်နေကြောင်း  သိရှိရပါသည်။   

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော ဆန် စီးထွက်မှုအခြေအနေ

ယခု    ဒီဇင်ဘာလ      (တတိယ) ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီး များသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၆၁၃၃၊ မန္တလေး သို့ အိတ်ရေ ၆၆၅၄၁၊ နေပြည်တော်သို့ အိတ်ရေ ၁၁၆၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၅၅၇၁၊ ကျောက်ပတောင်းသို့ အိတ်ရေ ၄၀၁၈၊ မိတ္ထီလာသို့ အိတ်ရေ ၈၃၇၅၊ တောင်ငူသို့ အိတ်ရေ ၁၇၉၅၊ ပဲခူးသို့အိတ်ရေ ၄၂၁၅၊ မကွေး အိတ်ရေ ၁၉၁၀၊  ဘားအံသို့ အိတ်ရေ ၁၀၇၀၂၊ ကချင် သို့ အိတ်‌ရေ ၉၂၅၊ မွန် သို့ အိတ်‌ရေ ၈၅၂၀၊ ပြည်သို့ အိတ်ရေ ၄၉၀၊ ဧရာဝတီသို့ အိတ်ရေ ၆၁၅၊ ကရင်သို့ အိတ်‌ရေ ၃၇၀၊ ဓနုဖြူသို့ အိတ်ရေ ၂၉၅ အိတ်   စုစုပေါင်း အိတ်ရေ (၁၆၁၆၃၅)  အိတ်၊ တန်အား ဖြင့် (၈၀၈၁) စီးထွက်ခဲ့ပြီး ယခု    ဒီဇင်ဘာလ      (စတုတ္ထ) ပတ်တွင် စစ်ကိုင်းတိုင်း ဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ 63917၊ မန္တလေး သို့ အိတ်ရေ ၆၆၀၁၄၊ နေပြည်တော်သို့ အိတ်ရေ ၂၉၆၄၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၀၃၂၆၊ ကျောက်ပတောင်းသို့ အိတ်ရေ ၅၁၉၅၊ မိတ္ထီလာသို့ အိတ်ရေ ၉၀၇၁၊ တောင်ငူသို့ အိတ်ရေ ၇၇၀၊ ပဲခူးသို့အိတ်ရေ ၅၅၁၀၊  ဘားအံသို့ အိတ်ရေ ၁၂၆၉၅၊ ကချင် သို့ အိတ်‌ရေ ၇၀၁၂၊ မွန် သို့ အိတ်‌ရေ ၁၅၈၄၅၊ ပြည်သို့ အိတ်ရေ ၆၄၀၊ ဧရာဝတီသို့ အိတ်ရေ ၁၁၃၅၊ မကွးသို့ အိတ်‌ရေ ၄၂၅၃၊ မြိတ်သို့ အိတ်ရေ ၇၆၀ အိတ်၊မူဆယ်သို့ အိတ်ရေ ၁၈၀   စုစုပေါင်း အိတ်ရေ (၂၀၆၂၈၇)  အိတ်၊ တန်အား ဖြင့် (၁၀၃၁၄) စီးထွက်ခဲ့သည့်အတွက်  ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခု ပတ်တွင် အိတ်ရေ (၄၄၆၅၂) အိတ်၊ တန်အားဖြင့် (၂၂၃၃)တန် ပိုမိုစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။ 

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း