ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

          ၂၀၂၄ခုနှစ် ဒီဇင်ဘာလ တတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် (၆၇၀၀)ကျပ်၊ရွှေဘိုပေါ်ဆန်း(သစ်) တစ်ပြည် (၅၂၀၀)ကျပ်၊  ဧရာမင်းဆန်  တစ်ပြည်လျှင် (၅၆၀၀)ကျပ်၊ ဧရာမင်းဆန်(သစ်) တစ်ပြည်လျှင် (၄၆၀၀)ကျပ်၊ ရွှေဝါထွန်း တစ်ပြည် (၃၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။

စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊  စားအုန်းဆီ တစ်ပိဿာလျှင် ၈၅၅၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် ၁၄၅၀၀ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်နေကြောင်း သိရသည်။

ကြက်သွန်နီ တစ်ပိဿာလျင် ၃၅၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊ ကြက်သွန်ဖြူ(အသစ်) (ဗမာ) တစ်ပိဿာလျှင် (၁၃၀၀၀ကျပ်မှ ၁၅၀၀၀)ကျပ်၊ ချင်းတစ်ပိဿာ ၇၀၀၀ကျပ်၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၆၀၀၀ကျပ် မှ ၂၀၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၈၀၀၀ကျပ်မှ ၉၀၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၅၅၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

          ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၅၀၀ကျပ်၊ (သေး) တစ်လုံး ၄၅၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၅၀၀)ကျပ်၊ (သေး)တစ်လုံး (၄၅၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၁၆၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ) ဒေသကြက်တစ်ပိဿာ ၂၇၀၀၀ ကျပ်မှ ၃၀၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၃၀၀၀၀ကျပ်မှ ၃၂၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၁၉၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၁၃၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၁၃၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့ ကုန်းဘောင်ဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

          ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် ဒီဇင်ဘာလ တတိယပတ် တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံ ပန်းသီးတစ်လုံးလျှင် (၁၅၀၀)ကျပ်မှ (၃၅၀၀)ကျပ်ထိ၊ ပန်းသစ်တော်သီး တစ်ပိဿာလျှင် (၃၅၀၀)ကျပ် ၊ လိမ္မော်သီး တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ပျားလိမ္မော် တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်မှ (၂၀၀၀၀)ကျပ်ထိ၊ တောပန်းသီးကျွတ် တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊စတော်ဘယ်ရီ တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ဂျပန် စတော်ဘယ်ရီသီး တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်၊ ယာကွန်ဥ တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊  ထောပတ်သီး တစ်လုံးလျှင် (၇၀၀)ကျပ်မှ (၁၅၀၀)ကျပ် ထိ၊ထောပတ်သီး (Hass) တစ်ကီလိုလျှင် (၅၀၀၀)ကျပ်မှ (၆၀၀၀)ကျပ်ထိ၊  ဆားတောင်မြို့ နှင့် ရွှေပန်းကုန်းရွာမှ ထွက်ရှိသည့် ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင်(၂၀၀၀)ကျပ်မှ (၂၈၀၀)ကျပ်၊ဖရဲသီး တစ်လုံးလျင် (၂၀၀၀)ကျပ်မှ (၃၅၀၀)ကျပ် ထိ၊  မာလကာသီး တစ်လုံးလျှင်(၃၅၀)ကျပ်မှ (၅၀၀)ကျပ်ထိ၊ နဂါးမောက်သီး တစ်လုံးလျှင် (၁၀၀၀)ကျပ်မှ (၁၅၀၀)ကျပ်ထိ၊ တည်သီး တစ်လုံးလျှင် (၁၅၀၀)ကျပ်မှ (၂၀၀၀)ကျပ်၊ စပျစ်သီး တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ သစ်ကြားသီး တစ်လုံးလျှင် (၂၅၀)ကျပ်မှ (၃၀၀)ကျပ်ထိ၊ထိုင်ဝမ် ဗောက်သီး တစ်ကီလိုလျှင် (၁၂၀၀၀)ကျပ်၊  အသီးသီး အရောင်းအဝယ် ဖြစ်နေကြောင်း ကုန်းဘောင်ဈေး အတွင်း ရောင်းချသော သစ်သီးဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

မြောင်းမြခရိုင် ၊ လပွတ္တာမြို့နယ်တွင် ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ကြက်ဥများရောင်းချမှု အခြေအနေ

        ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊လပွတ္တာမြို့နယ်တွင် ခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနရှိဝန်ထမ်းများသည်     (၁၁-၁၂-၂၀၂၄)    ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်ရှိ အခွန်လွတ်ဈေးတွင် ကြက်ဥအလုံး(၃၀၀၀)နှင့် ရွေးနဒီရေပေါ်ဈေးတွင် ကြက်ဥအလုံး(၃၀၀၀) သွားရောက်၍ ရောင်းချခဲ့ကြောင်းသိရှိရပါသည်။

            ထိုသို့ရောင်းချပေးရာတွင် အများပြည်သူများသက်သာစွာဝယ်ယူနိုင်ရန် တစ်လုံးလျှင် (၃၈၀)ကျပ်နှင့် လူ(၁)ဦး လျှင် (၅)လုံးနှုန်းဖြင့် လပွတ္တာမြို့နယ်ရှိ အခွန်လွတ်ဈေးနှင့် ရွေးနဒီရေပေါ်ဈေးတို့တွင် စုစုပေါင်း ကြက်ဥအလုံးရေ (၆၀၀၀) အား ရောင်းချပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ နောက်ရက်များတွင်လည်း ဆက်လက်ရောင်းချပေးသွားရန် စီစဉ်ထားကြောင်း သိရှိရပါသည်။ 

DOCA(ဧရာဝတီ)

မုံရွာမြို့ရှိ သံ‌ချောင်းလုံး ဈေးနှုန်းများ

          ပွင်လင်းရာသီသို့ ရောက်ရှိတော့မည်ဖြစ်၍ မုံရွာမြို့တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး အိမ်ဆောက်ပစ္စည်းများ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။ မုံရွာမြို့၌ ဒီဇင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းလုံး ဈေးနှုန်းများမှာ ပေ (၄၀)အရှည် ( ၃ )မူး တစ်တန် (၁၃၅) ချောင်းလျှင် ကျပ်(၂၂၅၀၀၀၀)၊ (  ၅ )မူး တစ်တန်(၈၈)ချောင်းလျှင် ကျပ်(၂၃၀၀၀၀၀)နှင့် ( ၆ )မူး တစ်တန်(၅၃)ချောင်းလျှင် ကျပ် (၂၅၀၀၀၀၀ ) ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

လူထုစုပေါင်းလမ်းလျှောက်ပွဲ၌ စားအုန်းဆီများရောင်းချ

  ရွှေဘိုခရိုင်စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်း လျှောက်ပွဲကို အပတ်စဉ်စနေနေ့တိုင်းကျင်းပခဲ့ရာ ရွှေဘိုခရိုင်နှင့် မြို့နယ်အဆင့် ဝန်ထမ်းများ လမ်းလျှောက်ပွဲပါဝင်ဆင်နွဲကြပြီး  ရွှေဘိုမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် အားကစားများဆောင်ရွက်ကြရာ လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွဲကြသော ဝန်ထမ်းများအား ဈေးနှုန်းသက်သာစွာဖြင့် စားအုန်းဆီများ ဝယ်ယူနိုင်ရန်ရည်ရွယ်၍ ရွှေဘိုခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် (၇:၀၀)နာရီအချိန်တွင် စားအုန်းဆီများကို ရောင်းချခဲ့ပါသည်။

          အဆိုပါ လမ်းလျှောက်ပွဲမှ ပြန်လာသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား စားအုန်းဆီ (၂၂၀)ဘူး ရောင်းချခဲ့ရာ (၁)ဦးလျှင် စားအုန်းဆီ (၁)ဘူးနှုန်းရောင်းချပြီး  (၅၀) ဆယ် သား (၁)ဘူးလျှင် (၄၃၀ဝိ/-)ကျပ်ဖြင့် ရောင်းချခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့အတွင်း ဖြစ်ပေါ်နေသော စားသုံးဆီဈေးနှုန်းများ

          စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်း တင်ပြလျက်ရှိရာ ဒီဇင်ဘာလ တတိယပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီ ဈေးနှုန်းများ  မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရ သည်။

          ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး ဒီဇင်ဘာလ ဒုတိယပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၈၂၅၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၆၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခု ဒီဇင်ဘာလ တတိယပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၈၅၅၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၆၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေသဖြင့်  ၊  စားအုန်းဆီ တစ်ပိဿာလျှင် (၃၀၀)ကျပ် ဈေးနှုန်း မြင့်တက် လျက်ရှိပြီး၊နှမ်းဆီသန့်နှင့်   ပဲဆီသန့်ဈေးနှုန်းများမှာ ယခင်ပတ်နည်းတူ ဈေးနှုန်း တည်ငြိမ် လျက်ရှိကြောင်း စားသုံးဆီ လက်ကား အရောင်းဆိုင် များမှ သတင်း ရရှိသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့၌ ဒီဇင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

          မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

          ‌ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၃၇၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၄၉၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၉၂၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၅၄၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

          ယခု ၂၀၂၄ခုနှစ် ဒီဇင်ဘာလ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာ လျှင် (၃၄၄၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၅၆၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၉၉၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၆၂၅)ကျပ်ဖြင့် ရောင်းချ နေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင်(၇၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၇၀)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ပြီး၊ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၆၅)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၈၀)ကျပ် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း စက်သုံးဆီ အရောင်းဆိုင်များမှ သတင်း ရရှိသည်။

DOCA(စစ်ကိုင်း)

နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိ

  ကသာခရိုင်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် စားသုံးသူပြည်သူများအား ခွဲတမ်းရရှိသော စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် ကသာခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့၏လမ်းညွှန်မှုဖြင့် ဆီကုန်သည်များ၊ လုပ်ငန်းရှင်များ၊ ခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့ဝင်များနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ပူးပေါင်း၍ စားအုန်းဆီများ ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ရောင်းချပေးလျက်ရှိရာ ၂၀၂၄-ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်နေ့တွင် ကသာမြို့ရှိ မြို့တော် ခန်းမ၌ စားအုန်းဆီတစ်ပိဿာလျှင် (၁၀၇၀၀/-) ကျပ်နှုန်းနှင့် ပြည်သူများအား (၁) ဦးလျှင် (၅၀)ကျပ် သားနှုန်းဖြင့် ဆီ(၁၅)ပေပါ ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပေါ်ဦးပေါ်ဖျား ထန်းပင်မြစ်များ

ထန်းပင်မြစ်သည် အညာဒေသတစ်ခုတည်းတွင်သာ ထွက်ရှိသော ရာသီစာသီးနှံတစ်မျိုးဖြစ်ပြီး ဆောင်းရာသီနဲ့အင်မတန်လိုက်ဖက်လှပြီး အညာဒေသရဲ့မပါမဖြစ်ရာသီစာသီးနှံဖြစ်ပါသည်။ ထန်းပင်မြစ် ကိုတချို့အရပ်ဒေသတွင်“ထန်းမြစ်”ဟုလည်းကောင်း၊ တချို့က“ထန်းပင်ပေါက်” ဟု လည်းကောင်းခေါ် ကြသည်။ ထန်းမြစ်(ခ) ထန်းပင်ပေါက်များသည် ထန်းသီးစေ့ မှထွက်ရှိလာသော ဆောင်းရာသီကာလ တွင်ရရှိသည့်ရာသီစာတစ်မျိုးဖြစ်ပါသည်။ ထန်းပင်မြစ်သည် လူတို့၏ခန္ဓာကိုယ်အတွက်လိုအပ်သော ဗီတာမင်ဘီဓာတ်ပေါင်းစုအပြင်အဆီဓာတ်နှင့်ပရိုတိန်းဓာတ်များလည်းပါရှိသည်။ အမျှင်ဓာတ်ကြွယ်ဝစွာ ပါရှိ၍အစာခြေစနစ်ကိုတိုးတက်ကောင်းမွန်စေကာဝမ်းချုပ်ခြင်းမှလည်းကာကွယ်ပေးသည်။ ခန္ဓာကိုယ်တွင် အပူဓာတ်ကိုလျှော့ချပေးနိုင်သည့်ဆေးဖက်ဝင်ရာသီစာတစ်မျိုးဖြစ်သည်။ ဆောင်းရာသီတွင်သာ ပေါပေါ များများရရှိသောထန်းပင်မြစ်သည်စိမ့်သက်သောအရသာရှိသည်။ ရင့်သော ထန်းပင်မြစ်က စေးထန်းကာ အရသာပိုကောင်းသည်။ဘေးထွက်ဆိုးကျိုးမရှိဘဲ အရွယ်သုံးပါးမရွေး စားသုံးသင့်ပြီး ကိုယ်ဝန်ဆောင် များလည်း  စားသုံးသင့်ပါသည်။ 

စေးစေးစိမ့်စိမ့်သက်သက်အရသာရှိသော ထန်းပင်မြစ်များကို စားဖူးသူတိုင်း နှစ်ခြိုက်ကြသည်။ ထန်းပင်မြစ်များကို မီးဖုတ်၍ဖြစ်စေ၊ ရေဖြင့်ပြုတ်၍ဖြစ်စေ စားသုံးနိုင်သည်။ မီးဖုတ် သို့မဟုတ် ပြုတ်ပြီး  နောက်ဆုံတွင်ထည့်ထောင်းပြီးပဲဆီ၊မြေပဲထောင်း၊ဆား ထည့်စားလျှင်အရသာပိုကောင်းသည်။     အညာဒေသတွင်ထန်းပင်မြစ်ပြုတ်ကိုထောင်းပြီးဆီဖြင့်ပြန်ကြော်စားကြသည်။ ထန်းပင်မြစ်ကြော် ကို ကလေး၊ လူကြီးမရွေးကြိုက်နှစ်သက်ကြသည်။ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်တို့၌ အများဆုံးလုပ်ကိုင်ကြကြောင်း၊ အညာကျေးလက်ဒေသရှိ ထန်းပင်စိုက် တောင်သူများအတွက် ဝင်ငွေတိုးစေသော ရာသီစာသီးနှံ ဖြစ်ကြောင်းသိရသည်။   

ထန်းစေ့များကို ဝါခေါင်လ၊ တော်သလင်းလများတွင် သတ်မှတ်ထားသည့် နေရာများတွင် ကျင်းတူး၍ထန်းစေ့များကို စီတန်းကာ မြေကျင်းထဲတွင် ဖြန့်ခင်းကာ မြေပြန်ဖုံးအုပ်ထားပြီး ထွက်ရှိလာ သည့်ထန်းပင်မြစ်များကိုတန်ဆောင်မုန်းလ၊နတ်တော်လတို့တွင်ဖော်ယူနိုင်သည်။ရရှိပြီးသောထန်းပင်မြစ် များ ကို၁၀ချောင်းစည်း၊ ၁၅ချောင်းစည်း၊၂၅ချောင်းစည်းများပြုလုပ်ကာ ဈေးကွက်အတွင်းရောင်းချကြ သည်။မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ရှိ တောင်သူများ ရောင်းချ သည့် ပေါ်ဦးပေါ်ဖျား ထန်းပင်မြစ်များရောင်းအားကောင်းပြီး ဈေးကောင်း ရရှိနေကြောင်း ယခုလ ဒီဇင်ဘာလ (တတိယပတ်) တွင် ထန်းပင်မြစ်ဈေးနှုန်းအနေဖြင့်  လက္ကားဈေး ထန်းပင်မြစ် (၂၅)ချောင်းပါ ရိုးရိုး တစ်စည်းလျှင် ကျပ်(၁၇၀၀/-)၊ရှယ် ကျပ်(၂၀၀၀/-)ဈေးရှိပြီး လက်လီဈေးတစ်စည်းလျင် ရိုးရိုး ကျပ်(၂၀၀၀/-)၊ရုက္ခစိုး(ခ)ရှယ်(၂၅)ချောင်းပါတစ်စည်းလျှင်ကျပ်(၃၀၀၀/-)ဈေးများဖြင့် ရောင်းချလျက်ရှိ  ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးဘိလပ်မြေ၊ ဓါတ်မြေဩဇာ ဈေးနှုန်းဈေးကွက်အခြေအနေ

ဘိလပ်မြေ

        မန္တလေးမြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ဒီဇင်ဘာပထမအပတ်တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများနှင့် ဒီဇင်ဘာဒုတိယအပတ်တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ သိသိသာသာ ကွာဟမှုမရှိဘဲ ပုံမှန်ဈေးနှုန်းများအတိုင်း ရောင်းဝယ်လျှက်ရှိပါသည်။ Alpha ဘိလပ်မြေ(50)kg တစ်အိတ်လျှင်(၉၈၀၀)ကျပ်၊ Crown 525 ဘိလပ်မြေ(50)kg တစ်အိတ်လျှင်(၁၁၂၀၀ )ကျပ်၊ Crown 425 ဘိလပ်မြေ (50)kg တစ်အိတ်လျှင်(၁၀၇၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း သိရှိရသည်။

        ဓါတ်မြေဩဇာ

        ယခုအချိန်သည် ဆောင်းသီးနှံများဖြစ်သော ကုလားပဲ၊ ပဲမျိုးစုံနှင့် ကြက်သွန်နီများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းရာသီဖြစ်၍ ဓါတ်မြေဩဇာများ အရောင်းအဝယ်သွက်လျှက်ရှိပြီး ဒီဇင်ဘာဒုတိယအပတ်တွင် ဖြစ်ပေါ်နေသော ဓါတ်မြေဩဇာဈေးနှုန်းများမှာ အာမိုယူရီးယား ဓါတ်မြေဩဇာတစ်အိတ်လျှင် (၉၅၀၀၀)ကျပ်၊ ဩဘာယူရီးယား ဓါတ်မြေဩဇာ တစ်အိတ်လျှင် (၉၅၀၀၀)ကျပ်၊ တရုတ်တီဆူပါ ဓါတ်မြေဩဇာတစ်အိတ်လျှင် (၁၁၈၀၀၀)ကျပ်၊ တရုတ်ပုလဲ ရွှေတောင်ဓါတ်မြေဩဇာတစ်အိတ်လျှင် (၉၂၀၀၀)ကျပ်၊ မြန်မာ့ဩဘာရွှေကောမတ် ဓါတ်မြေဩဇာ တစ်အိတ်လျှင် (၁၁၅၀၀၀)ကျပ်၊ ဂျာမနီပိုတက် ဓါတ်မြေဩဇာတစ်အိတ်လျှင် (၁၁၉၀၀၀)ကျပ်၊ ဩဘာကွန်ပေါင်း(18:10:5) ဓါတ်မြေဩဇာတစ်အိတ်လျှင် (၁၀၅၀၀၀)ကျပ်၊ တရုတ်အာမို ကွန်ပေါင်း(16:16:16) ဓါတ်မြေဩဇာတစ်အိတ်လျှင် (၁၆၅၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ် လျှက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း