ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

    ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် နိုဝင်ဘာလ ( ၈ ) ရက်နေ့ မှ နိုဝင်ဘာလ (၁၄) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ဝမ်းတွင်းမှ ဖရဲသီး (855) အလုံးကြီး ကျပ် ၉၀၀၀ ၊ အလုံးလတ် ကျပ် ၇၀၀၀၊ ဝမ်းတွင်းမှ ဖရဲသီး (211) အလုံးကြီး ကျပ် ၃၅၀၀၊ အလုံးလတ် ကျပ် ၂၅၀၀၊ အလုံးသေး ကျပ် ၂၀၀၀၊ မော်လမြိုင်မှ ကျွဲကောသီး အလုံးကြီး ကျပ် ၁၅၀၀၊ အလုံးလတ် ကျပ် ၁၀၀၀ ၊ အလုံးသေး ကျပ် ၇၀၀ ၊ တိုက်ကြီးမှ မာလကာသီး အလုံးကြီး ကျပ် ၃၀၀၊ အလုံးလတ် ကျပ် ၂၀၀၊ အလုံးသေး ကျပ် ၁၀၀ ၊ သီပေါမှ နာနတ်သီး အလုံးကြီး ကျပ် ၂၅၀၀၊ အလုံးလတ် ကျပ် ၂၀၀၀၊ အလုံးသေး ကျပ် ၁၅၀၀၊ အောင်ပန်းမှ ထောပတ်သီး တစ်အိတ် အလုံး ၈၀၊ ၁၀၀၊ ၁၂၀ လုံးပါ အလုံးကြီး ကျပ် ၅၀၀၀၀၊ အလုံးလတ် ကျပ် ၄၅၀၀၀၊ အလုံးသေး ကျပ် ၄၀၀၀၀ ၊ တိုက်ကြီးမှ ပီလောပီနံ တစ်ပိဿာ အလုံးကြီး ကျပ် ၁၀၀၀ ၊ အောင်ပန်းမှ လိမ္မော်သီး တစ်ပိဿာ အလုံးကြီး ကျပ် ၄၀၀၀၊ အလုံးလတ် ကျပ် ၃၀၀၀၊ အလုံးသေး ကျပ် ၂၀၀၀၊ ပြင်ဦးလွင်မှ ဘောက်သီး တစ်ပိဿာ အလုံးကြီး ကျပ် ၁၂၀၀၀၊ အလုံးလတ် ကျပ် ၁၀၀၀၀၊ အလုံးသေး ကျပ် ၈၀၀၀၊ ပြင်ဦးလွင်မှ ထောပတ်သီး ၁၈ လုံးပါ တစ်ဖာ ကျပ် ၂၅၀၀၀၊ ပြင်ဦးလွင်မှ အာတာလွတ် တစ်ပိဿာ ၂၅၀၀၊ ရှမ်းပြည်(မြောက်ပိုင်း)မှ ပန်းသီး စက္ကူပုံးတစ်ပုံး အလုံးကြီး ကျပ် ၄၀၀၀၀၊ အလုံးသေး ကျပ် ၃၅၀၀၀၊ ဘိုကလေးမှ ငှက်ပျောသီး (ဖီးကြမ်း) တစ်ဖီး အလုံးကြီး ကျပ် ၂၀၀၀၊ အလုံးသေး ကျပ် ၁၀၀၀ ၊ ကျောက်ဆည်၊ ပြည်မှ ရွှေငှက်ပျောသီး (၁) ဖီး အလုံးကြီး ကျပ် ၈၀၀၀၊ အလုံးသေး ကျပ် ၄၅၀၀ ၊ တောင်ငူ၊ ကျောက်ဆည်မှ တောင်ငူငှက်ပျောသီး (၁) ဖီး အလုံးကြီး ကျပ် ၇၀၀၀၊ အလုံးသေး ကျပ် ၃၅၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ပဲမျိုးစုံဈေးနှုန်း ဈေးကွက်

      ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ၉.၁၁.၂၀၂၃ ရက်နေ့မှ ၁၃.၁၁.၂၀၂၃ ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သော ပဲမျိုးစုံဈေးနှုန်းများမှာ ကုလားပဲဖြူလုံး ၁ ပိဿာလျှင် ၄၄၁၅/- ကျပ် မှ ၄၅၀၀/- ကျပ်ထိလည်းကောင်း၊ ကုလားပဲဖြူလုံးကြီး ၁ ပိဿာလျှင် ၄၅၈၀/- ကျပ် မှ ၄၆၇၀/- ကျပ်ထိလည်းကောင်း၊ စားတော်ပဲလုံး ၁ ပိဿာလျှင် ၆၃၃၀/- ကျပ်မှ ၆၈၃၅/- ကျပ်ထိလည်းကောင်း၊ ပဲတီစိမ်း ပခုက္ကူ(သစ်) ၁ ပိဿာလျှင် ၂၅၈၀/- ကျပ်မှ ၂၈၃၅/- ကျပ်ထိလည်းကောင်း၊ ပဲတီစိမ်း ခရမ်း ရွှေဝါ(ထိပ်စ) ၁ ပိဿာလျှင် ၃၅၈၀/- ကျပ်ဖြင့် လည်းကောင်း၊ ပဲတီစိမ်း ပဲခူး ရွှေဝါ ၁ ပိဿာလျှင် ၃၃၀၀/- ကျပ်ဖြင့်လည်းကောင်း၊ ပဲတီစိမ်း ဝါးခယ်မ ၁ ပိဿာလျှင် ၂၇၈၀/- ကျပ် မှ ၃၂၇၀/- ကျပ်ထိလည်းကောင်း၊ ပဲယင်းနီ ၁ ပိဿာလျှင် ၃၃၃၀/- ကျပ်ဖြင့်လည်းကောင်း၊ ပဲလွန်းဖြူ ပဲခူး ၁ ပိဿာလျှင် ၂၈၀၀/- ကျပ်မှ ၂၈၈၅/- ကျပ်ထိလည်းကောင်း၊ ပဲလွန်းဖြူ မြစ်ဝကျွန်းပေါ် (သစ်) ၁ ပိဿာလျှင် ၂၅၈၀/- ကျပ်မှ ၂၆၇၀/- ကျပ်ထိလည်းကောင်း၊ ပဲလွန်းနီ မြစ်ဝကျွန်းပေါ် ၁ ပိဿာလျှင် ၂၈၃၀/- ကျပ်မှ ၃၅၀၀/- ကျပ်ထိလည်းကောင်း၊ ဘိုကိတ်ပဲ ၁ ပိဿာလျှင် ၃၅၀၀/- ကျပ်မှ ၃၆၇၀/- ကျပ်ထိလည်းကောင်း၊ မတ်ပဲ RAW ၁ ပိဿာလျှင် ၄၆၃၀/- ကျပ်မှ ၄၆၇၀/- ကျပ်ထိလည်းကောင်း၊ ကုလားပဲခြမ်း ၁ ပိဿာလျှင် ၅၇၅၀/- ကျပ်မှ ၆၁၀၀/- ကျပ်ထိလည်းကောင်း ပဲကြီး(ကုန်း) ၁ ပိဿာလျင် ၅၇၃၅ ကျပ်မှ ၆၀၉၀ ကျပ်ထိလည်းကောင်း၊ ပဲကြီး(ရွှေကျွန်း) ၁ ပိဿာလျင် ၆၅၄၅ ကျပ်မှ ၇၀၈၀ ကျပ်ထိလည်းကောင်း  အသီးသီးဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ရေငံငါးခြောက်ဈေးနှုန်းများ

       ၉.၁၁.၂၀၂၃  မှ ၁၃.၁၁.၂၀၂၃ ရက်ထိ ဖြစ်ပေါ်သောရေငံငါးခြောက်ဈေးနှုန်းများအနေဖြင့် ကလိန်ခြောက် ၁ ပိဿာလျှင် ၉၀၀၀/- ကျပ်မှ ၉၅၀၀/- ထိလည်းကောင်း၊ ငါးကွမ်းရှပ် ၁ ပိဿာလျှင် ၂၀၀၀၀/- ကျပ်မှ ၂၂၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးတံခွန် (မျင်းကြီး) ၁ ပိဿာလျှင် ၄၀၀၀၀/- ကျပ်မှ ၄၃၀၀၀/- ကျပ်ထိ လည်းကောင်း၊ ငါးတံခွန် (လုံး) ၁ ပိဿာလျှင် ၂၀၀၀၀/- ကျပ်မှ ၂၃၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးနှပ်ချိုခြောက် ၁ ပိဿာလျှင် ၁၅၀၀၀/- ကျပ်မှ ၁၈၀၀၀/- ထိလည်းကောင်း၊ ငါးပုတ်သင်ခြောက် ၁ ပိဿာလျှင် ၈၀၀၀/- ကျပ်မှ ၁၀၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးရောင် (ကြီး) ၁ ပိဿာလျှင်မှ ၃၀၀၀၀/- ကျပ်မှ ၃၃၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးရောင် (လတ်) ၁ ပိဿာလျှင် ၂၅၀၀၀/- ကျပ်မှ ၂၈၀၀၀/- ကျပ်ထိလည်းကောင်း၊ ဆီငါးရောင် ၁ ပိဿာလျှင် ၂၅၀၀၀/- ကျပ်မှ ၂၈၀၀၀/- ကျပ်ထိ လည်းကောင်း၊ ငါးမြီးတံသွယ် ၁ ပိဿာလျှင် ၄၀၀၀/- ကျပ်မှ ၄၅၀၀ ကျပ်ထိလည်းကောင်း၊ ငါးရွှေ (ကြီး) ၁ ပိဿာလျှင် ၁၅၀၀၀/- ကျပ်မှ ၁၈၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးရွှေ (သေး) ၁ ပိဿာ လျှင် ၈၀၀၀/- ကျပ်မှ ၉၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးဘူစီ ၁ ပိဿာလျှင် ၅၅၀၀/- ကျပ်မှ ၆၀၀၀/- ကျပ်ထိအသီးသီးဖြစ်ပေါ်ခဲ့ပြီး ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ပုစွန်ခြောက်ဈေးနှုန်းများ

    ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်၌ ၈.၁၁.၂၀၂၃ မှ ၁၃.၁၁.၂၀၂၃ ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သော ပုစွန်ခြောက်ဈေးနှုန်းများမှာ ဖျာပုံရွှေပုစွန် (ရှယ်) ၁ ပိဿာလျှင် ၇၀၀၀၀/- ကျပ်မှ ၈၅၀၀၀/- ကျပ်ထိလည်းကောင်း၊ ဖျာပုံရွှေပုစွန် (ရိုးရိုး) ၁ ပိဿာလျှင် ၆၀၀၀၀/- ကျပ်မှ ၆၅၀၀၀/- ကျပ်ထိလည်းကောင်း၊ ဖျာပုံချိုကြီး (ရှယ်) ၁ ပိဿာလျှင် ၅၀၀၀၀/- ကျပ်မှ ၅၂၀၀၀/- ကျပ်ထိလည်းကောင်း၊ ဖျာပုံချိုသေး (ရှယ်) ၁ ပိဿာလျှင် ၄၀၀၀၀/- ကျပ်မှ ၄၂၀၀၀/- ကျပ်ထိလည်းကောင်း၊ ဖျာပုံချိုသေး (ရိုးရိုး) ၁ ပိဿာလျှင် ၂၅၀၀၀/- ကျပ်မှ ၂၈၀၀၀/- ကျပ်ထိလည်းကောင်း၊ ရခိုင်ရွှေပုစွန် (ရှယ်) ၁ ပိဿာလျှင် ၅၀၀၀၀/- ကျပ်မှ ၆၀၀၀၀/- ကျပ်ထိလည်းကောင်း၊ ရခိုင်ရွှေပုစွန် (ရိုးရိုး) ၁ ပိဿာလျှင် ၄၀၀၀၀/- ကျပ်မှ ၄၃၀၀၀/- ကျပ်ထိဖြစ်ပေါ်ခဲ့ပြီး ဈေးနှုန်းများတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကြက်ဘဲဈေးတွင် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိသော ဈေးနှုန်းများ

    မင်္ဂလာတောင်ညွန့်မြို့နယ်၊  ကြက်/ဘဲဈေးတွင်ရောင်းချနေသော ကြက်/ဘဲများမှာ ပဲခူးတိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြံဖမ်းဈေးစနစ်ဖြင့်လည်ကောင်း၊  အရောက်ပို့စနစ်ဖြင့်လည်ကောင်း အသီးသီးဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။ ကြက်/ဘဲဈေး၌ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ၊ တတိယပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသောဈေးနှုန်းများမှာ ကြက်အရှင်၊ အိမ်မွေးကြက် ၁ပိဿာလျှင် ကျပ်(၁၂၅၀၀/၁၃၀၀၀)၊ အသားတိုးကြက် ၁ပိဿာလျှင် ကျပ်(၆၅၀၀/၆၆၀၀)၊ မွေးမြူရေးကြက်(ထီး/မ) ၁ပိဿာလျှင် ကျပ်(၇၅၀၀/၉၀၀၀)၊ ဘဲအရှင် ၁ပိဿာလျှင် ကျပ်(၇၅၀၀/၇၆၀၀)၊ ချယ်ရီဘယ်ရီဘဲ ၁ပိဿာလျှင် ၉၀၀၀ကျပ်တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပါသည်။  

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ရေချိုငါးခြောက်ဈေးနှုန်းများ

    ၉.၁၁.၂၀၂၃  မှ ၁၃.၁၁.၂၀၂၃ ထိဖြစ်ပေါ်ခဲ့သော ရေချိုငါးခြောက်ဈေးနှုန်းများမှာ ငါးကျဉ်းကြပ်တိုက် (ကြီး) ၁ ပိဿာလျှင် ၆၀၀၀၀/- ကျပ်မှ ၆၅၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးကျဉ်းကြပ်တိုက် (သေး) ၁ ပိဿာလျှင် ၄၀၀၀၀/- ကျပ်မှ ၄၅၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးမွေထိုးခြောက် ၁ ပိဿာလျှင် ၂၅၀၀၀/- ကျပ်မှ ၂၇၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးရံ့ခြောက် (ကြီး) ၁ ပိဿာလျှင် ၆၀၀၀၀/- ကျပ်မှ ၆၃၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးရံ့ခြောက် (လတ်) ၁ ပိဿာလျှင် ၄၀၀၀၀/- ကျပ်မှ ၄၃၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးရံ့လုံးခြောက် ၁ ပိဿာလျှင် ၂၅၀၀၀/- ကျပ်မှ ၂၈၀၀၀/- ကျပ်ထိရှိခဲ့ပြီး ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

    ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်၌ (၉-၁၁-၂၀၂၃) ရက်နေ့မှ (၁၃-၁၁-၂၀၂၃) ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သောအခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ကြက်သွန်ဖြူ(ကြူကုတ်-ရှယ်) ၁ပိဿာလျှင် အနိမ့်ဈေး ၁၃၅၀၀/-ကျပ်မှ အမြင့်ဈေး ၁၄၅၀၀/-ကျပ်ထိလည်းကောင်း၊  ကြက်သွန်ဖြူ(အောင်ပန်း ထူး-၂) ၁ပိဿာလျှင် ၁၁၀၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူ(အောင်ပန်း ထူး-၃) ၁ပိဿာလျှင် ၁၁၅၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူ(အောင်ပန်း ထူး-၄) ၁ပိဿာလျှင် ၁၂၀၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူ(အောင်ပန်း ထူး-၅) ၁ပိဿာလျှင် ၁၂၅၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ငရုတ်သီး (ဆင်ဖြူကျွန်း-ပု) ၁ပိဿာလျှင် ၁၄၀၀၀/-ကျပ်မှ ၁၆၀၀၀/-ကျပ်ထိလည်းကောင်း၊ ငရုတ်သီး (အိမ်မဲ-ရှည်) ၁ပိဿာလျှင် ၆၀၀၀/-ကျပ်မှ ၇၀၀၀/-ကျပ်ထိလည်းကောင်း၊ ငရုတ်သီး(ပန်းရဲ-သစ်) ၁ပိဿာလျှင် ၇၀၀၀/-ကျပ်မှ ၉၀၀၀/ကျပ်ထိလည်းကောင်း၊ ငရုတ်သီး မြစ်ဝ(ပု)    တစ်ပိဿာလျှင် ၁၄၀၀၀/-ကျပ်မှ ၁၆၀၀၀/ကျပ်ထိလည်းကောင်း၊ မန်ကျည်းသီး (ကပ်ပွင့်)  ၁ပိဿာလျှင် ၁၁၀၀/-ကျပ်မှ ၁၂၀၀/-ကျပ်ထိလည်းကောင်း၊ မန်ကျည်းသီး (အသား) ၁ပိဿာလျှင် ၁၉၀၀/-ကျပ်မှ ၂၅၀၀/-ကျပ်ထိလည်းကောင်း၊ ကြံသကာ (အိတ်သွတ်စ) ၁ပိဿာလျှင် ၃၁၀၀/-ကျပ်မှ ၃၂၀၀/-ကျပ်ထိလည်းကောင်း၊ ကြံသကာ (သစ်) ၁ပိဿာလျှင် ၄၁၀၀/-ကျပ်မှ ၄၂၀၀/-ကျပ်ထိလည်းကောင်း၊  သကြား (ပြည်တွင်း) ၁ပိဿာလျှင် ၃၈၂၀/-ကျပ်မှ ၃၈၄၀/-ကျပ်ထိလည်းကောင်း၊ ထန်းလျက် (တောင်သာ) ၁ပိဿာလျှင် ၃၉၀၀/-ကျပ်မှ ၄၀၀၀/-ကျပ်ထိလည်းကောင်း၊ ထန်းလျက် (ညောင်ဦး) ၁ပိဿာလျှင် ၄၂၀၀/-ကျပ်မှ ၄၃၀၀/-ကျပ်ထိလည်းကောင်း ရေစကြိုထန်းလျက် ၁ပိဿာလျှင် ၅၅၀၀/-ကျပ်မှ ၅၆၀၀/-ကျပ်ထိလည်းကောင်း၊ အာလူး (တရုတ်) ၁ပိဿာလျှင် ၃၇၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်နီ (ဆိပ်ဖြူ) ၁ပိဿာလျှင် ၂၄၀၀/-ကျပ်မှ ၃၇၀၀/-ကျပ်ထိလည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့ပြီး အခြေခံစားသောက်ကုန်များမှာ ဈေးနှုန်းအနည်းငယ်သာ အတက်အကျဖြစ်လျက်ရှိကြောင်းတွေ့ရှိရပါသည်။

DOCA(ရန်ကုန်)        

 

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၂၀.၁၁.၂၀၂၃)

   ၂၀.၁၁.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၂၀.၁၁.၂၀၂၃)

   ၂၀.၁၁.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၀.၁၁.၂၀၂၃ )

    ၂၀.၁၁.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း