ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချနေသော ခရေပန်း နှင့် ဇွန်ပန်း ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ ခရေပန်း၊ စကားဝါပန်း၊ မေမြို့ပန်း (အက်စတာ)၊ ကျောက်စိမ်းပန်း မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် သစ်ရာမြိုင်‌ဈေး၌ ဖြစ်ပေါ်နေသော ခရေပန်း ဈေးနှုန်းအနေဖြင့် ခရေပန်း တစ်ကုံးလျှင်(၃၅၀)ကျပ်၊ ခရေပန်း(၃)ကုံးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချကာ ဇွန်ပန်း ဈေးနှုန်းအနေဖြင့် ဇွန်ပန်း တစ်ကုံးလျှင်(၃၀၀)ကျပ်၊ (၂)ကုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဘုရားပန်း မျိုးစုံ ရောင်းချနေသော ပန်းသည်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ပခုက္ကူမြို့၌ဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းဈေးကွက်

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် များဖြစ်သောဟိန်းစည်၊ ငွေသရဖူ၊ သိန်း၊ဂန့်ဂေါ၊ ကံဟိန်း၊ မိုးမခအရောင်းဆိုင်များတွင် အိမ်ဆောက်ပစ္စည်းများအပြင် ဘိလပ်မြေများလည်းရောင်းချလျက်ရှိပါသည်။ ရောင်းချလျက်ရှိသော ဘိလပ်မြေအမျိုးအစားများမှာ ကြံ့နှစ်ကောင်၊ အပါချီနှင့် အယ်လဖာ ဘိလပ်မြေများ ရောင်းချ လျက်ရှိပါသည်။
  ဘိလပ်မြေဈေးနှုန်းဈေးကွက် အနေဖြင့်ကြံ့နှစ်ကောင်း ဘိလပ်မြေကို မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တို့မှ  ဝင်ရောက်လျက်ရှိပြီး ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် အရောင်း အဝယ်ဖြစ်သောဈေးမှာ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၂၁၀၀၀)၊ အပါချီတစ်အိတ် လျှင် ကျပ်(၂၂၀၀၀)ဖြစ်ပြီး (ပထမပတ်)တွင် ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင် ကျပ် (၂၂၅၀၀)၊ အပါချီတစ်အိတ်လျှင် ကျပ်(၂၃၀၀၀)ဖြစ်၍ (ပထမပတ်)နှင့်နှိုင်းယှဉ်ပါက တစ်အိတ်လျှင် ကျပ်(၁၅၀၀)ခန့်ကျဆင်းကြောင်း၊ ပခုက္ကူမြို့မှ အခြားပြည်နယ်များသို့လည်း တင်ပို့လျက်ရှိကြောင်း ကုန်သည်များထံမှ သိရှိရသည်။

DOCA(မကွေး)

ဝင်ငွေတိုးစေဖို့ ကီလိုမာလကာသီးစိုက်ပျိုးကြပါစို့

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အတွင်းရှိကျေးရွာများဖြစ်သော ကျွန်းဦး၊ ကျွန်းညို၊ ရွာသစ်ကုန်း၊ သင်္ဘောကုန်း၊ ကုက္ကိုလ်လှ ကျေးရွာများတွင်  ဥယျာဉ်ခြံမြေများအတွင်း မာလကာအပင်ရေ (၁၅၀)မှ(၃၀၀)ထိ စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။  ကီလိုမာလကာသီးကို များ သောအားဖြင့် ပျိုးပင်များ ဝယ်ယူစိုက်ပျိုးကြပြီး ပျိုးပင်တစ်ပင်လျှင် ကျပ်(၂၀၀၀ မှ ၂၅၀၀)ထိ ဝယ်ယူစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး ()လအကြာတွင် အသီးများစတင်သီးပြီး အသီးများကို စက္ကူများပတ်၍ အိတ်စွပ်ရကြောင်း၊ အိတ်စွပ်ရာတွင် လုပ်သားများငှား၍ စွပ်ရကြောင်း၊ တစ်မနက် ခင်းတွင်  ယောက်ကျားလေးလုပ်သား တစ်ဦးလျှင် ကျပ်(၁၂၀၀၀)၊ မိန်းကလေးတစ်ဦးလျှင် ကျပ် (၆၀၀၀)ပေးရကြောင်း၊ လုပ်သားဦးရေမှာ(၁၀ ဦးမှ ၁၅)ဦးအထိငှားရကြောင်း၊ ဥယျာဉ်ခြံ မြေတစ်ဦး ထံမှ သိရှိရသည်။  ကီလိုမာလကာသီးများမှာ တစ်နှစ်လျှင် ()သားသီးကြောင်းသိရှိရပါသည်။  ကီလို မာလကာ စိုက်ပျိုးရာတွင် လေဝင်ထွက်ကောင်းစေရန်နှင့် အပင်များကျန်းမာသန်စွမ်းရန် အပင်များ ကို  တစ်ပင်နှင့် တစ်ပင် (၁၂ ပေ နှင့်  ၁၆ ပေ)ခြား၍ စိုက်ပျိုကြကြောင်း၊  စိုက်ပျိုးမှု ကုန်ကျစရိတ်မှာ ကျပ်(၁၀ သိန်းမှ ၁၅သိန်း)ထိကုန်ကျကြောင်း သိရှိရသည်။
  ဈေးနှုန်းဈေးကွက်အနေဖြင့် ကီလိုမာလကာသီးများကို မြို့နယ်စည်ပင်သာယာဈေး၊ အမှတ် ()ဈေးနှင့် အခြားမြိုနယ်များသို့ တင်ပို့ရောင်းချရကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် အလုံးအရွယ်အစားကိုလိုက်၍ တစ်လုံးလျှင် ကျပ်(၅၀၀ မှ ၇၀၀)ဖြစ်ကြောင်း၊ အလေးချိန်ဖြင့် တစ်ပိဿာလျှင် ကျပ်(၂၅၀၀ မှ ၃၅၀၀) ဖြင့် ရောင်းချရကြောင်း သိရှိရသည်။

DOCA(မကွေး)

ကျွန်းလှမြို့တွင် ‌ရောင်းချလျက်ရှိသော ကြက်ဥ၊ ငုံးဥ နှင့် ဘဲဥ ဈေးနှုန်း

    ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် အသား/ငါး၊ ဥမျိုးစုံနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ ကြက်ဥ၊ ဘဲဥ နှင့် ငုံးဥ များကို မိမိတို့ဒေသထွက် ကြက်ခြံ၊ ဘဲခြံများ နှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယအပတ် ကျွန်းလှမြို့ ဈေးကွက်အတွင်း၌ ရောင်းချနေသည့် ကြက်ဥ၊ ဘဲဥ နှင့် ငုံးဥ ဈေးနှုန်းများမှာ ကြက်ဥ လက္ကား အကြီး(၁)လုံးလျှင်(၅၃၀)ကျပ်၊ ကြက်ဥ လက်လီ အကြီး(၁)လုံးလျှင်(၅၅၀)ကျပ်၊ ကြက်ဥ လက္ကား အလတ်(၁)လုံးလျှင်(၄၈၀)ကျပ်၊ ကြက်ဥ လက်လီ အလတ်(၁)လုံးလျှင်(၅၀၀)ကျပ်၊ ကြက်ဥ လက္ကား အသေး(၁)လုံးလျှင်(၃၈၀)ကျပ်၊ ကြက်ဥ လက်လီ အသေး(၁)လုံးလျှင်(၄၀၀)ကျပ် နှင့် ဘဲဥ လက္ကား (၁)လုံးလျှင်(၆၃၀)ကျပ်၊ ဘဲဥ လက်လီ(၁)လုံးလျှင် (၆၅၀)ကျပ်နှင့် ငုံးဥလက္ကားဈေး(၁၀)လုံးလျှင် (၉၅၀)ကျပ်၊ ငုံးဥ လက်လီဈေး (၁)လုံးလျှင်(၁၀၀)ကျပ် ငုံးဥ လက်လီဈေး(၁၀)လုံးလျှင်(၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ပခုက္ကူမြို့၏ နာနတ်သီးဈေးနှုန်း

ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လများတွင် နာနတ်သီးများ လှိုင်လှိုင်ပေါသောရာသီဖြစ် ပြီး  ရှမ်းပြည်(မြောက်ပိုင်း)ဒေသဖြစ်သည့် ကွတ်ခိုင်၊ နောင်ချို၊ သီပေါ၊ ကျောက်မဲတို့မှ အများဆုံး ထွက်ရှိကြောင်းသိရှိရသည်။ ၎င်းဒေသတို့မှထွက်ရှိသော နာနတ်သီးများကို မြန်မာပြည်အနှံ့အပြား သို့ တင်ပို့ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ပခုက္ကူဈေးကွက်သို့ သီပေါနှင့် ကျောက်မဲမြို့တို့မှ နာနတ်သီးများ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်းသိရှိရသည်။

 ပခုက္ကူမြို့၏အနောက်ဘက် ပန်းခြံဈေး၊ မြို့မစည်ပင်ဈေးနှင့် သစ်သီးဆိုင်များတွင် နာနတ်  သီးများ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် ဈေးနှုန်း အနေဖြင့် နာနတ်သီးအလုံးကြီးတစ်လုံးလျှင် ကျပ်(၂၅၀၀-၂၀၀၀)၊ အလတ်တစ်လုံးလျှင် ကျပ် (၁၅၀၀)၊ အသေးတစ်လုံးလျှင် ကျပ်(၁၀၀၀)ဖြင့် အရွယ်အစားကိုလိုက်၍ ရောင်းချလျက်ရှိကြောင်း၊ ဝင်ရောက်လာသော နာနတ်သီးများကို လက်လီရောင်းချနေသော ဈေးသည်များကလည်း တစ်ဆင့် ပြန်လည်ရောင်းချခြင်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

   နာနတ်သီးသည် အမျှင်ဓါတ်ကြွယ်ဝစွာပါရှိခြင်းကြောင့် ကိုယ်ခံအားကိုကောင်းမွန်စေသည့် အပြင် သွေးအတွင်းမကောင်းသော အဆီဓာတ်များကိုပါ လျော့ချနိုင်သောကြောင့် သွေးတိုးရောဂါ ဖြစ်ပွားခြင်းများကိုလည်း လျှော့ချပေးနိုင်ကြောင်း၊ ထို့ပြင် မျက်စိအမြင်အာရုံကို အထောက်အကူဖြစ်စေသော ကျန်းမာရေးဆေးဖက်ဝင်သီးနှံတစ်မျိုးဖြစ်၍ ဝယ်ယူစားသုံးမှုများကြောင်း ဈေးကွက်မှ သိရှိရသည်။

DOCA(မကွေး)

ကျွန်းလှမြို့တွင် ဈေးကျနေသော ကြက်သွန်နီ/ဖြူ ဈေးနှုန်း

     ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ကြက်သွန်နီ နှင့်ကြက်သွန်ဖြူများကို မိမိတို့ဒေသထွက် အနည်းငယ်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့်မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တို့မှ အများဆုံး မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်တွင် ကြက်သွန်ဖြူဈေးနှုန်း အနေဖြင့် ဗမာကြက်သွန်ဖြူ အကြီးစ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ ဗမာကြက်သွန်ဖြူ အလတ်စ တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် နှင့် ဗမာ ကြက်သွန်ဖြူ အသေးစ တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ လျှင်(၁၄၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်)(၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (၂၅)ကျပ်သားလျှင်(၃၅၀၀)ကျပ်ဈေးနှုန်းဖြင့်လည်းကောင်း ကြက်သွန်နီ မြစ်သား အမျိုးအစား တစ်ပိဿာ လျှင်(၂၀၀၀)ကျပ်နှင့် ကြက်သွန်နီ ရိုးရိုး အမျိုးအစား တစ်ပိဿာလျှင်(၁၅၀၀/၁၈၀၀)ကျပ် ဈေးနှုန်း အသီးသီးတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

ပခုက္ကူဈေးကွက်တွင် ခေါက်ဆွဲခြောက်ထုပ်များအရောင်းအဝယ်သွက်နေ

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဈေးကွက်တွင် အခြေခံစားသောက်ကုန်များ ရောင်းချလျက်ရှိ သော အရောင်းဆိုင်များတွင် နေ့စဉ်ခေါက်ဆွဲခြောက်ထုပ်များလည်း အရောင်းအဝယ်သွက်လျက်ရှိ သည်။ ခေါက်ဆွဲကို ဂျုံသီးနှံကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ်ခြင်းဖြစ်၍ ပခုက္ကူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးကြသော်လည်း ဂျုံသီးနှံစိုက်ပျိုးခြင်းမရှိ၍ စိုက်ပျိုးမှုများသော စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ ခေါက်ဆွဲခြောက်ထုတ်လုပ်သည့် စက်ရုံများမှ ပခုက္ကူဈေးကွက်သို့ ဝင်ရောက် ကြောင်း၊ စားသုံးသူများအတွက် ခန္ဓာကိုယ်အားဖြစ်စေပြီး ကျန်းမာရေးနှင့်ညီညွှတ်၍ ဈေးနှုန်း သင့်တင့်မျှတစွာဖြင့် အလွယ်တကူ ဝယ်ယူမှုရရှိခြင်းကြောင့် စားသုံးသူများအနေဖြင့် ခေါက်ဆွဲသုပ်၊ ခေါက်ဆွဲကြော်၊ ခေါက်ဆွဲအရည်ပျော်ပြုလုပ်၍ မြန်မာ့ရိုးရာအစားအစာအဖြစ် ရှေးယခင်နှစ်များစွာ ကတည်းက စားသုံးမှုများကြောင်း သိရှိရသည်။

  ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် ခေါက်ဆွဲခြောက်ထုပ်များ ဈေးငြိမ်၍ အရောင်း အဝယ်ဖြစ်နေကြောင်း၊ ခေါက်ဆွဲတွင် အဝါရောင်နှင့်အဖြူရောင် နှစ်မျိုးရှိကြောင်း၊ ရောင်းချရာတွင် ခေါက်ဆွဲသားအကောင်းနှင့် စက်ကျအကျိုးအကြေနှစ်မျိုး ခွဲခြားပြီးရောင်းချကြောင်း၊ ရွှေဒင်္ဂါး အဝါရောင် ခေါက်ဆွဲခြောက် တစ်စီးလျှင် ကျပ်(၉၀၀)၊ (၂၅)ထုပ်ပါ အစီးတစ်စီးလျှင် ကျပ် (၂၁၅၀၀)၊ ခေါက်ဆွဲကျိုးစက်ကျ တစ်ပိဿာလျှင် ကျပ်(၇၀၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း၊ ရွှေပုဇွန် မုန့်ဖတ်အထုပ်သေး(၅၀)ပါတစ်ထုတ်လျှင် ကျပ်(၇၅၀၀၀)၊ ရွှေပုဇွန်မုန့်ဖတ်အကြေ တစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ ဒုံးပျံခေါက်ဆွဲ အထုပ်သေး(၂၀)ပါတစ်အိတ်လျှင် ကျပ်(၆၀၀၀၀)၊ ဒုံးပျံခေါက်ဆွဲ စက်ကျအကြေတစ်ပိဿာလျှင် ကျပ်(၃၀၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ယခင်ဇွန်လ(တတိယပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ရမည်ဆိုလျှင် ဈေးငြိမ်၍ အရောင်းအဝယ် သွက်နေကြောင်း၊ ယခုအချိန် စာသင်ကျောင်းများ ဖွင့်လှစ်ချိန်ဖြစ်၍ ကျောင်းဈေးတန်းများတွင် ခေါက်ဆွဲသုပ်၊ ခေါက်ဆွဲကြော်များ ရောင်းချမှုများခြင်းကြောင့် အရောင်းအဝယ်သွက်နေပြီး မြိုင်၊ ရေစကြို၊ ယောနယ်ဒေသများမှလည်း ကုန်ကားများမှတဆင့်မှာယူပြီး ဝယ်ယူမှုများလျက်ရှိ ကြောင်း၊ တစ်ပတ်အတွင်း‌ ခေါက်ဆွဲခြောက်ပိဿာ (၂၀၀-၂၅၀)ခန့် ရောင်းချရကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)

ကျွန်းလှမြို့၌ စိုက်ပျိုးရောင်းချလျက်ရှိသော ကန်ဇွန်းရွက် နှင့် ဂွေးတောက်ရွက် ဈေးနှုန်း

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံ ဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့်  ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ကန်ဇွန်းရွက်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိ ပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။  

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဖြစ်ပေါ်နေသော ကန်ဇွန်းရွက် ဈေးနှုန်းများမှာ ကန်ဇွန်းရွက် လက္ကားဈေး တစ်စီးလျှင်(၁၀၀)ကျပ်၊ ကန်ဇွန်းရွက် လက်လီ ဈေး တစ်စီးလျှင်(၁၅၀)ကျပ်ဖြင့်လည်းကောင်း၊ ဂွေးတောက်ရွက်ဈေးနှုန်းမှာ လက္ကား(၁)ပိဿာလျှင် (၂၀၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၂၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင်(၃၀၀)ကျပ်ဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ပခုက္ကူမြို၌ ဖြစ်ပေါ်နေသော မတ်ပဲဈေးနှုန်းဈေးကွက်

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ မြို့နယ် များတွင် စပါး၊ ဆီထွက်သီးနှံမျိုးစုံ၊ ကုန်စိမ်းသီးနှံမျိုးစုံနှင့် သစ်သီးဝလံများကို နှစ်စဉ်စိုက်ပျိုးလျက် ရှိသည်။ သီးနှံမျိုးစုံအနက် မတ်ပဲသီးနှံကို စိုက်ပျိုးရာတွင် စိုက်ဧက(၃၀၀၀)ခန့်စိုက်ပျိုးပြီး ရေစကြို မြို့နယ်တွင် အဓိကစိုက်ပျိုးပြီး ပခုက္ကူဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်သည့်အပြင် အခြား မြို့နယ်များမှလည်း ဝင်ရောက်ကြောင်း သိရှိရသည်။

         မတ်ပဲဈေးနှုန်းမှာ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် ဈေးကျပြီး အရောင်းအဝယ် ဖြစ်ကြောင်း၊ မတ်ပဲတစ်တင်းလျှင် သီးနှံအရည်အသွေးလိုက်၍ ကျပ်(၈၅၀၀၀ မှ ၇၀၀၀၀)ဈေးရှိပြီး ယခင်ဇွန်လ(စတုတ္ထပတ်)တွင် ကျပ်(၉၀၀၀၀-၈၈၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ် ပါက မတ်ပဲတစ်တင်းလျှင် ကျပ်(၅၀၀၀)ခန့် ဈေးလျော့နည်းလာကြောင်း၊ ဒေသတွင်းပဲလက်ကျန်နှင့် အရောင်းအဝယ်ဖြစ်မှုပေါ်မူတည်ပြီး ဈေးနှုန်းအတက်အကျရှိကြောင်း၊ မတ်ပဲသီးနှံသည် ပြည်တွင်း စားသုံးမှုနည်းသော်လည်း ပြည်ပနိုင်ငံများမှ ဝယ်လိုအားကောင်းသော သီးနှံတစ်မျိုးဖြစ်၍ ဈေးကွက် ခိုင်မာမှုရှိကြောင်း ပဲဈေးကွက်မှ သိရှိရသည်။

DOCA(မကွေး)

နန္ဒဝန်ဈေးသစ်ရှိ ကြက်ဟင်းခါးသီးဈေးနှုန်း

မုံရွာမြို့၊ ပတ်ဝန်းကျင်ရှိ ကျေးရွာများသည် မိမိတို့နေအိမ်များနှင့် လယ်ယာမြေများ တွင် သီးပင်စာပင်များကို စီးပွားဖြစ်စိုက်ပျိုးကြရာ ကြက်ဟင်းခါးသီးပင်များကိုလည်း စိုက်ပျိုး လျက်ရှိကြပါသည်။ စိုက်ပျိုးရရှိသော ကြက်ဟင်းခါးသီးများကို ခူးဆွတ်ပြီး မြို့ပေါ်သို့ လာရောက်ရောက်ချကြပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်တွင် မုံရွာမြို့ ၊ နန္ဒဝန်ဈေးသစ်တွင် ကြက်ဟင်းခါးသီး ဈေးနှုန်းအနေဖြင့် ကြက်ဟင်းခါးသီး အတောင့်ရှည် တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အတောင့်သေး တစ်ပိဿာလျှင် (၂၃၀၀)ကျပ်ဖြစ်ပြီး၊  ဇူလိုင်လ တတိယပတ်တွင် ကြက်ဟင်း ခါးသီး ဈေးနှုန်းအနေဖြင့် ကြက်ဟင်းခါးသီး အတောင့်ရှည် တစ်ပိဿာလျှင် (၂၉၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အတောင့်သေး တစ်ပိဿာ လျှင် (၂၂၀၀)ကျပ်ဖြစ်ပြီး  လည်းကောင်း အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

Doca(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း