ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ပုဇွန်ထုတ်ဈေးနှုန်း

ကျွန်းလှမြို့နယ်အတွင်း ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသား/ငါး ဈေးနှုန်း များထဲမှ ပုဇွန်ထုတ် ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။ ပုဇွန်ထုတ်များကို ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ဝယ်ယူရောင်းချကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။ ပုဇွန်ထုတ်များသည် ဈေးကောင်းသော်လည်း ထမင်းဆိုင်များ ၊ စားသောက်ဆိုင်များနှင့် စားဖွယ်စုံ ရောင်းချသည့်ဆိုင်များမှ ဝယ်ယူအသုံးပြုလျက် ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထအပတ်တွင် ကျွန်းလှမြို့၏ ပုဇွန်ထုတ် ဈေးနှုန်းများအနေဖြင့် ပုဇွန်ထုတ် လက္ကားဈေး(၁)ပိဿာလျှင် (၅၈၀၀၀)ကျပ်၊ ပုဇွန်ထုတ် လက်လီဈေး (၁)ပိဿာလျှင် (၆၀၀၀၀) ကျပ်၊ (၅၀)ကျပ် သားလျှင်(၃၀၀၀၀)ကျပ်၊ (၂၅)ကျပ်သား လျှင်(၁၅၀၀၀)ကျပ် ဈေးနှုန်း ဖြင့်ရောင်းချကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သူထံမှ သိရ ပါသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော နွားနို့ ဈေးနှုန်း

ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကျွန်းလှမြို့ ပေါ်ရပ်ကွက်များတွင် မွေးမြူရေး နှင့် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ ရိုးရိုး ဗမာနွားများနှင့် မေထုံခေါ် နို့စားနွား မွေးမြူရေးလုပ်ငန်းကိုလည်း တစ်ပိုင် တစ်နိုင် မွေးမြူလျက်ရှိပြီး နွားနို့များကို ကျွန်းလှမြို့ ဈေးကွက် အတွင်းသို့ လာရောက် ပို့ဆောင်ကာ ရောင်းချ လျက်ရှိကြောင်းသိရသည်။ ဗမာနွားများသည် သဘာဝအစားအစာဖြစ်သော မြက်၊ ကောက်ရိုး၊ ပဲမှော်များကို သာကျွေးရပေမဲ့ နို့စားနွားများကိုဖြင့် အသင့်စား အစာမှုန့် ၊ ပဲပတ်၊ ကုလာပဲဆံမှုန့် ၊ ဆန်ကွဲ နှင့် မြက်နုများကိုသာ ကျွေးမွေးရခြင်းဖြင့် နွားနို့အထွက်နှုန်းကောင်းပြီး စီးပွားရေးအရ တွက်ခြေကိုက်သည့်အတွက် မွေးမြူသင့်ကြောင်း မွေးမြူရေးလုပ်ကိုင်သူထံမှ သိရသည်။ ၂၀၂၅ ခုနှစ် ၊ ဇွန်လ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နွားနို့ ဈေးနှုန်း များမှာ နွားနို့(၁)လီတာ တစ်ဘူးလျှင်(၂၀၀၀)ကျပ်၊ နွားနို့ခဲ (၁၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ဒိန်ချဉ် (၁)လီတာ တစ်ဘူးလျှင်(၅၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မွေးမြူရေး လုပ်ငန်းလုပ်ပြီး နွားနို့ ရောင်းချနေသူထံမှ သိရသည်။ DOCA(စစ်ကိုင်း)

သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ဒူးရင်းသီး ဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဈေးသည်များ၊ ဈေးဝယ်သူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိပြီး မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံကို ရောင်းချသည့်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုရာမှ ဒူးရင်းသီးကိုလည်း မန္တလေးမြို့မှ မှာယူ ရောင်းချပြီး အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဒူးရင်းသီး ဈေးနှုန်း များမှာ ဒူးရင်းသီး အကြီး တစ်လုံးလျှင်(၅၀၀၀၀)ကျပ်၊ အလတ် တစ်လုံးလျှင် (၃၅၀၀၀) နှင့် အလုံးသေး တစ်လုံးလျှင် (၃၀၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော သဘာဝတောမှို ဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင် ပြီး အသက်မွေးဝမ်းကြောင်းပြုကြသူများရှိသလို တောတောင်ကို အမှီပြုပြီး သပြေပန်းချိုးရောင်း ခြင်း၊ မျှစ်ချိုရောင်းခြင်း၊ မှိုရှာရောင်းခြင်း၊ အသီးအရွက်ခူးရောင်းခြင်း၊ အင်ဖက်ခူးရောင်းခြင်းနှင် ပျားရှာသည့်လုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးတွက် အသက်မွေးဝမ်းကြောင်း ပြုသူများရှိသည့်အနက် သဘာဝအရပေါက်ရောက်သည့် တောမှိုများဖြစ်သည့် ဒေါင်းဖြူ/ဒေါင်းဝ မှို၊ မှိုအိုးမဲ၊ မှိုဖြူပါး၊ မှိုကြောညို နှင့် မှိုချဉ်ပေါင် တို့ကိုလိုက်ရှာပြီး ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် လာရောက် ရောင်းချလျက်ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသော တောမှို ဈေးနှုန်းအနေဖြင့် တောမှို လက်လီ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၅၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ရာသီစာ ဖြစ်သည့်အတွက် ဈေးကောင်းသော်လည်း လူကြိုက်များပြီး အရောင်းအဝယ် သွက်လျက် ရှိကြောင်း တောမှိုရောင်းချသူထံမှ သိရသည်။ DOCA(စစ်ကိုင်း)

ဈေးနှုန်းသက်သာ၍ ဟင်းတစ်ခွက်ဖြစ်စေသော ပဲပြားစျေးနှုန်း

ပဲပြားသည် ဈေးသက်သာ၍ လွယ်ကူစွာပြုလုပ်စားသုံးနိုင်သည့်အပြင် သက်သက်လွတ် စားသူများအတွက် အသားဓာတ်ကို ပဲပြားကရရှိနိုင်ပြီး ခန္ဓာကိုယ်အတွက်လိုအပ်သော ဗီတာမင်ကို မချို့တဲ့အောင် ပဲပြားကကာကွယ်ပေးပါသည်။ ပဲပြားတွင် ကယ်လိုရီ အနည်းငယ်သာပါဝင်ပြီး ပရိုတိန်း ဓာတ်တော်တော်များများ ပါဝင်ကြောင်းသိရပါသည်။ တရုတ် ရိုးရာဆေးပညာမှာပဲ ပြားဟာ ခန္ဓာကိုယ်ထဲရှိ အဆိပ်တွေကိုထုပ်ပေးနိုင်စွမ်းရှိသည် ဟုသိရ ပါသည်။ ပဲပိစပ်ကို သုံးပြုပြီး ဆင့်ဆင့်ကျိုချက်၍ ပဲပြားကိုရရှိပါသည်။ ပဲပြားကိုကြော်ကာ အစာသွပ်၊ ပဲပြားသုတ် ၍လည်းမိမိစိတ်ကြိုက် အမျိုးမျိးပြုလုပ်စားသုံးနိုင်သည်။ ၂၀၂၅ခုနစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း မုံရွာမြို့ နန္ဒဝန်စျေးတွင် ရောင်းချလျက်ရှိသော ပဲပြားဈေးနှုန်းမှာ တစ်တုံးလျှင် (၉၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိ‌ကြောင်း ဈေးသည်များထံမှသိရပါသည်။ DOCA( စစ်ကိုင်း)

နန္ဒဝန်ဈေးသစ်တွင် ရောင်းချနေသော မျှစ်ချဉ်၊ မျှစ်စိမ်းနှင့် ချဉ်ပေါင်ရွက်ဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာအတွင်း ဖွင့်လှစ်ထားသော နန္ဒဝန်ဈေးသစ်တွင် ၂၀၂၅ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း ရောင်းချနေသော မျှစ်ဈေးနှုန်းများ အနေဖြင့် မျှစ်ချဉ် ( ၁၀ )ကျပ်သားပါ အထုပ်သေး ( ၁ )ထုပ်လျှင် ( ၆၀၀)ကျပ်ဖြင့် လည်းကောင်း၊ မျှစ်စိမ်း ( ၁၅) ကျပ်သားလျှင် ( ၁၃၀၀ )ကျပ်ဖြင့်လည်းကောင်း၊ ဈေးနှုန်းအသီးသီးဖြင့် ရောင်းချ လျက်ရှိကြောင်း သိရသည်။ DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း