ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူခရိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော မြန်မာ့သနပ်ခါးတုံးဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာအမျိုးသမီးများ ကြိုက်နှစ်သက်စွာ အသုံးပြုနေကြသည့် သနပ်ခါးပင်များ စိုက်ပျိုးထွက်ရှိရာ ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။ မြန်မာ့သနပ်ခါးသည် ကဗျာ၊ သီချင်းများ စပ်ဆိုရသည်အထိ ထင်းရှားပြီး၊ ရှေးယခင်ကပင် သနပ်ခါးကို နန်းတွင်းအလှကုန်အဖြစ် အသုံးပြုခဲ့ကြောင်း၊ မြန်မာ့ရိုးရာ အလှတရားတွင် သနပ်ခါးသည် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်ပြီး အမျိုးသမီးများသည် မျက်နှာတွင် သနပ်ခါးဖြင့် အလှဆင်လေ့ရှိကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံတွင် သနပ်ခါးသည် သဘာဝအလှကုန်ပစ္စည်းအဖြစ် ဈေးကွက်တွင် အရေးပါပြီး နိုင်ငံတကာတွင်လည်း စိတ်ဝင်စားမှုများလာကြောင်း၊ သနပ်ခါးသည် ကျန်းမာရေးနှင့် အလှအပတို့ အတွက် တန်ဖိုးမဖြတ်နိုင်သော သဘာဝလက်ဆောင်တစ်ခုဖြစ်ပြီး၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချ နေသော သနပ်ခါးတုံးများသည် ကန့်ဘလူခရိုင်အတွင်းမှ ထွက်ရှိသလို၊ ရွှေဘိုမြို့ရှိ လက်လီ၊လက္ကား သနပ်ခါးတုံး အရောင်းဆိုင်များမှလည်း ဝယ်ယူရောင်းချကြောင်း၊ ဇွန်လ စတုတ္ထပတ်အတွင်း မြန်မာ့ရိုးရာသနပ်ခါး(၁)တုံးလျှင် (၅၀၀၀)ကျပ်၊ အသေး(၁)တုံးလျှင် (၂၀၀၀)ကျပ်နှင့် (၃)တုံးလျှင် (၅၀၀၀)ကျပ်ဖြင့် အရွက်အစားပေါ်မူတည်၍ ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ ရာသီပေါ်မန်ကျည်းသီးစိမ်းရောင်းချသူများ မိသားစုဝင်ငွေရရှိ

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကန့်ဘလူခရိုင်အတွင်းရှိ သီးနှံစိုက်ပျိုးသူများက ဝယ်ယူအသုံး ပြုလျက်ရှိကြောင်း သိရသည်။ ဇွန်လ စတုတ္ထပတ်အတွင်း ကန့်ဘလူခရိုင်၏ စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ် ဆေးဈေးနှုန်းများမှာ ပန်းဖူး(50)kgတစ်အိတ်လျှင် (၁၃၀၀၀၀)ကျပ်၊ မြှားကမ္ဘာ(50)kg တစ်အိတ် လျှင် (၁၂၀၀၀၀)ကျပ်၊ အာမို၊ ကျွဲနက်တံဆိပ်(၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေဩဇာ (50)kg တစ်အိတ်လျှင်(၁၅၀၀၀၀)ကျပ်၊ ရွှေတောနစ်(၅၀၀)စီစီတစ်ဘူးလျှင် (၁၇၀၀၀)ကျပ်၊ မိုရယ်လ်မုန်း အမြစ်ပွား၊ အသီးတင်၊ အပင်သန် ဟော်မုန်းဆေး (၅၀၀)စီစီ တစ်ဘူးလျှင်(၄၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးများကို မန္တလေးမြို့မှ ဝယ်ယူ ရောင်းချလျက်ရှိကြောင်း ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ရောင်းချသည့်ဆိုင်များထံမှ သိရှိရပါ သည်။ DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ ရာသီစာ တစောင်းဖူးများ အရောင်းသွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် မိုးရွာသွန်းမှုနှင့်အတူ သဘာ ဝဟင်းသီးဟင်းရွက်များ၊ ရာသီပေါ်စိုက်ပျိုးရေး ဟင်းသီးဟင်းရွက်များ ပေါများစွာရောင်းချနေသည် ကို ကန့်ဘလူမြို့မဈေးအနှံ မြင်တွေ့နေရပြီး တစ်နှစ်မှာတစ်ခါ မိုးရာသီအတွင်းမှာသာ တွေ့ရသည့် တစောင်းဖူးများလည်း ရောင်းချနေကြောင်း သိရှိရသည်။ တစောင်းပင်သည် အိမ်ခြံစည်းရိုး၊ ယာခင်းခြံစည်းရိုးများတွင် ပေါက်ရောက်လေ့ရှိသည့် ကန္တာရဆူးပင် အမျိုးအစားဖြစ်ပြီး မိုးဦးကျပြီဆိုရင် တစောင်းပင်မှာ အဖူးများထွက်လာကြောင်း၊ တစောင်းဖူးကို ကြော်ချက်စားမယ်ဆိုရင် ဦးစွာ အဖူးကို ထက်ခြမ်းခွဲပြီး အထဲကဝတ်ဆံနှင့် ပွင့်ချပ် တို့ကိုဖယ်ပစ်ရကြောင်း၊ ဇွန်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် တစောင်းဖူး(၁၀) ကျပ်သားလျှင် (၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်နှင့် (၁)ပိဿာလျှင် (၄၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ရှားပါသည့် ရာသီပေါ်အစားအစားဖြစ်သည့်အတွက် အရောင်းသွက်လျက် ရှိကြောင်း သိရှိရပါသည်။ DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ကွမ်းရွက်ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် တွင်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များ၌လည်း ကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးကြကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော ကန့်ဘလူမြို့နယ်၏ ကွမ်းရွက် ဈေးနှုန်းများမှာ အရည်အသွေးပေါ်မူတည်၍ ကွမ်းရွက်(ရှယ်)တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ကွမ်းရွက်(ကြီး)တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ ကွမ်းရွက်(သေး)တစ်ပိဿာလျှင် (၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကွမ်းရွက်များကို မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း ၊ကွမ်းအထွက်များ၍ အရောင်းအဝယ်အေးနေကြောင်း၊ ကွမ်းရွက်ရောင်းဝယ်ရေး လုပ်ငန်းရှင်များ ထံမှသိရှိရပါသည်။ DOCA(စစ်ကိုင်း)

၁.၇.၂၀၂၅ ရက်နေ့တွင် လှိုင်မြို့နယ် သီရိမင်္ဂလာဈေးကြီးတွင် ကုန်စိမ်း၊ ပန်းနှင့် သစ်သီးများ ဝင်ရောက်မှုအခြေအနေ

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ကြက်ကင်၊ငါးကင်နှင့် အကင်စုံဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဟင်းသီးဟင်းရွက်များ၊ အသား၊ ငါးမျိုးစုံ ရောင်းချလျက်ရှိရာ တစ်နိုင်တစ်ပိုင် အသေးစားစီးပွားရေး လုပ်ငန်းအနေဖြင့် ကြက်ကင်၊ ငါးကင် စသည်ဖြင့် ရောင်းချနေကြောင်း၊ ကြက်သားနှင့် ငါးတို့ကို ကန့်ဘလူမြို့မဈေးမှ ဝယ်ယူရ ကြောင်းသိရှိရသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့တွင်ရောင်းချနေသော အကင်ဈေးနှုန်း များမှာ အရွယ်အစားနှင့် အမျိုးအစားပေါ်မူတည်၍ ကွာခြားမှုရှိကြောင်း ငါးကင်အသေးတစ်ကောင် လျှင်(၃၅၀၀)ကျပ်၊ ငါးကင်အကြီးတစ်ကောင်လျှင် (၁၀၀၀၀)ကျပ်၊ ကြက်ပေါင်(၁)ကင်လျှင် (၄၀၀၀) ကျပ်၊ ကြက်တောင်ပံကင်(၁)ချောင်းလျှင် (၁၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ကြက်ရင်အုပ် (၁)ကင်လျှင် (၅၀၀၀မှ ၆၀၀၀)ကျပ်နှင့်၊ အခြားသောအကင် မျိုးစုံလည်းရောင်းချကြောင်း၊ နေ့စဉ် ဝယ်ယူစားသုံးသူများသည့်အတွက် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း၊ အကင် အမျိုးမျိုးရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရသည်။ DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း