ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများအခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇွန်လ (တတိယ) ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၄၅၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၅၀၀၀၀ ၊ ဧရာမင်း (စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၂၅၀၀၀၀၀၊ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၅၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။ ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)(သစ်) တင်း ၁၀၀လျှင် ၄၅၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၅၀၀၀၀ ၊ ဧရာမင်း (စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၂၅၀၀၀၀၀၊ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၅၀၀၀ အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။ ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး)(သစ်) တင်း၁၀၀ လျှင် ကျပ် ၁၇၀၀၀၀၀ ၊ ဧည့်မထ (ဆန်)(သစ်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၆၈,၀၀၀၊ ၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၁,၀၀,၀၀၀၊ ဧရာမင်း(ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါ သည်။ အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး)(သစ်) တင်း၁၀၀ လျှင် ကျပ် ၁၆,၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန်(သစ်) ၂၄ပြည်တစ်အိတ်မှာ ကျပ် ၈၀,၀၀၀၊ ဧရာမင်း(စပါး) (သစ်) တင်း ၁၀၀လျှင် ကျပ် ၂၅၀၀၀၀၀၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၀၀၀၀ ဖြင့်အရောင်းအဝယ်ဖြစ် နေကြောင်း သိရပါသည်။ မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၂၈၅၀,၀၀၀၊ ဧရာမင်း (ဆန်)(‌ဟောင်း) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၅၀၀၀၊ ဧရာမင်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၆၀၀၀၀၀၊ ဧရာမင်းဆန် (သစ်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၁၃၀၀၀၀ ၊ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၄၅၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၅၀၀၀၀၊ မနောသုခ (စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၉၀၀,၀၀၀၊ မနောသုခ (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၃၀၀၀၊ ရွှေဝါထွန်း (စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၂၁၀၀၀၀၀၊ ရွှေဝါထွန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၉၀၀၀၀၊ ရွှေသွယ်ရင် (စပါး)(သစ် ) တင်း ၁၀၀ လျှင် ကျပ် ၂၀၀၀,၀၀၀၊ ရွှေသွယ်ရင် (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၃၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှထုတ်ပြန်သည့် စိုက်ပျိုးသူတောင်သူများ အပါအဝင် ကုန်သွယ်ရောင်းဝယ်သိုလှောင်ကြသူများအထိ သင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများ အ‌ပေါ်မူတည်၍ ယခု ဇွန်လ တတိယပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဘိုမြို့နယ်နှင့် မုံရွာမြို့နယ်တို့မှ ရွှေဘို ပေါ်ဆန်း (စပါး) ဈေးနှုန်းမှာ ဈေးနှုန်းဈေးကွက်အတွင်း ဝယ်လက်များနေ ချိန်ဖြစ်သောကြောင့် ဇွန်လ ဒုတိယအပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းအနည်းငယ်မြင့်တက် လျှက်ရှိကြောင်း သိရှိရပါသည်။ DOCA(စစ်ကိုင်း)

၁.၇.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ဖြူ/ နီနှင့် အာလူးဈေးနှုန်းများ

၁.၇.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီးဈေးနှုန်းများ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော ဆန်စီးထွက်မှုအခြေအနေ

ဇွန်လ (ဒုတိယ) ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီး ထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၇၁၉၅၇၊ မန္တလေး သို့ အိတ်ရေ ၂၂၉၂၆၄၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၊ပဲခူးသို့ အိတ်ရေ ၂၇၁၅၊ ပြည်သို့ အိတ်ရေ ၇၉၅၊ တောင်ငူသို့ အိတ်ရေ ၂၃၅၅၊ ကျောက်ပန်းတောင်းသို့ အိတ်ရေ ၂၂၂၃၊ မိတ္ထီလာသို့အိတ်ရေ ၃၅၆၈၊ ဘားအံသို့ အိတ်ရေ ၂၅၇၀၊ ရှမ်း(တ) သို့ အိတ်‌ရေ ၂၂၅၁၅၊ ကချင်သို့ အိတ်‌ရေ ၅၉၂၊ မွန်သို့ အိတ်ရေ ၁၃၃၀၅၊ မူဆယ်သို့ အိတ်ရေ ၁၈၀၊ ဧရာဝတီသို့ အိတ်ရေ ၁၈၀၊မကွေးသို့ အိတ်ရေ ၁၈၀၅ စုစုပေါင်း အိတ်ရေ (၁၅၅၀၂၄) အိတ်၊ တန်အားဖြင့် (၇၇၅၁)စီးထွက်ခဲ့ပြီး၊ ဇွန်လ (တတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၅၂၅၀၊ မန္တလေးသို့ အိတ်ရေ ၂၀၆၆၀၊ နေပြည်တော်သို့ အိတ်ရေ ၈၂၂၊ပဲခူးသို့ အိတ်ရေ ၁၁၉၆၊ ပြည်သို့ အိတ်ရေ ၇၄၀၊ တောင်ငူသို့ အိတ်ရေ ၅၄၅၊ ကျောက်ပန်းတောင်းသို့ အိတ်ရေ ၅၇၀၊ မိတ္ထီလာသို့အိတ်ရေ ၁၉၇၄၊ ဘားအံသို့ အိတ်ရေ ၂၃၇၅၊ ရှမ်း(တ) သို့ အိတ်‌ရေ ၁၀၈၄၅၊ ကချင်သို့ အိတ်‌ရေ ၃၀၆၀၊ မွန်သို့ အိတ်ရေ ၉၁၄၀၊ မကွေးသို့ အိတ်ရေ ၃၈၀ စုစုပေါင်း အိတ်ရေ ( ၈၇၅၅၉) အိတ်၊ တန်အားဖြင့် (၄၃၇၈) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၆၇၄၆၅) အိတ်၊ တန်အားဖြင့် (၃၃၇၃)တန် လျော့နည်းစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်အတွင်း စိန်တစ်လုံးသရက်သီးနှင့် သကြားသရက်သီးအမှည့် ဈေးနှုန်း မြင့်တက်

ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရာသီပေါ်သီးနှံများ၊ အခြား ဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် စိန်တစ်လုံးသရက်သီးမှည့်များ ကို လှိုင်လှိုင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေ သည့် စိန်တစ်လုံးသရက်သီးမှည့် ဈေးနှုန်းများမှာ သရက်သီးမှည့် လက်လီ အကြီး တစ်လုံးလျှင် (၈၀၀)ကျပ်၊ သရက်သီးမှည့် အသေး တစ်လုံးလျှင် (၅၀၀)ကျပ် နှင့် ထန်းကုန် သကြားသရက် သီးမှည့် လက်လီ တစ်လုံး(၁၅၀)ကျပ် (၁၀၀၀)ကျပ် ဖိုး(၈)လုံးနှင့် တစ်လုံး(၁၀၀)ကျပ် (၁၀၀၀)ကျပ်ဖိုး(၁၀)လုံးဖြင့်ရောင်းချကြောင်း ဇွန်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင် ဈေးတွင် ရောင်းချနေ သည့် စိန်တစ်လုံးသရက်သီးမှည့် ဈေးနှုန်းများမှာ သရက်သီးမှည့် လက်လီ အကြီး တစ်လုံးလျှင် (၁၀၀၀)ကျပ်၊ သရက်သီးမှည့် အသေး တစ်လုံးလျှင် (၇၀၀)ကျပ် နှင့် ထန်းကုန် သကြားသရက် သီးမှည့် လက်လီ တစ်လုံး(၁၅၀/၂၀၀)ကျပ် (၁၀၀၀)ကျပ် ဖိုး(၈/၅)လုံး တို့ဖြင့်ရောင်းချကြောင်း ယခင်အပတ်ထက် စိန်တစ်လုံးသရက်သီးမှည့် ဈေးအနည်းငယ် မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သရက်သီးမှည့် ရောင်းချသည့် လုပ်ငန်းရှင် များထံမှ သတင်း ရရှိသည်။ DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း