ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဇွန်လ၊ စတုတ္ထပတ်အတွင်းရောင်းချလျက်ရှိသည့် ဇီးဖြူသီးခြောက်ဈေးနှုန်း

ဇီးဖြူသီးသည် မြန်မာနို်ငငံတွင် လူသိများသော သစ်သီးတစ်မျိုးဖြစ်ပြီး ဆေးဖက်ဝင်အပင် ဖြစ်လည်းထင်ရှားပါသည်။ မြန်မာနိုင်ငံ၏ ပူပြင်းခြောက်သွေ့သော ဒေသများတွင် ပိုမိုဖြစ်ထွန်းပြီး ကန့်ဘလူခရိုင်၌လည်း ဇီးဖြူပင်များ အလေ့ကျပေါက်နေသည်ကို နေရာအနှံ့အပြားတွင်တွေ့ရ သည်။ ဇီးဖြူပင်များကို နေအိမ်ခြံစည်းရိုးများ၌လည်းကောင်း၊ လယ်တော၊ ယာတောများတွင် စိုက်ပျိုးပြီး မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့်အသီးများကို ဇီးဖြူသီးအခြောက်ပြုလုပ်၍ ကန့်ဘ လူမြို့မဈေးတွင် ရောင်းချကြောင်း သိရသည်။ ဇီးဖြူသီးသည် အနံ့အရသာထူးခြားပြီး ချဉ်ဖန်သောအရသာရှိသည့်အတွက် လူကြိုက်များ သောအသီးတစ်မျိုးဖြစ်သည်။ ထို့ကြောင့် ဇီးဖြူသီးကို ဇီးဖြူသီးအစိမ်းထောင်း၊ ဇီးဖြူသီးသနပ်နှင့် ဇီးဖြူသီးကို ကြာရှည်အသုံးပြုနိုင်ရန် အခြောက်လှန်း၍လည်း စားသုံးကြသည်။ ၂၀၂၅ခုနှစ်၊ ဇွန်လ စတုတ္ထပတ်၌ ကန့်ဘလူမြို့၊မြို့မဈေးတွင် ဇီးဖြူသီးခြောက်(၁)ဘူးလျှင် (၁၀၀၀)ကျပ်၊(၁)ပြည်လျှင် (၇၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။ DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၏ ရာသီစာနှင်းသီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ရာသီပေါ်နှင်းသီး များကို စတင်ရောင်းချလျက်ရှိပါသည်။ ရာသီစာနှင်းသီးများကို နေအိမ်ခြံစည်းရိုးများ၌ စိုက်ပျိုး ပြီးမိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့်အသီးများကို ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချ ကြောင်းသိရသည်။ နှင်းသီးသည် အနီရောင်၊ အဖြူရောင်၊ အစိမ်းရောင်နှင့် ခရမ်းရောင်ဟူ၍ ၄မျိုးရှိပါသည်။ နှင်းသီးသည် အရည်ရွှမ်း၍ ကျွတ်ဆတ်ကာချိုမြသောအရသာရှိပြီး သရေစာအဖြစ်အများဆုံး စားသုံးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း နှင်းသီး(၂၅)ကျပ်သားလျှင်(၂၅၀၀) ကျပ်၊ နှင်းသီး(၅၀)ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ နှင်းသီး(၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်ဖြင့်အ ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့်ရောင်းအား ကောင်းကြောင်း သစ်သီးရောင်းချသူထံမှ သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

မြို့မဈေးတွင် ရောင်းချလျက်ရှိသော ဟင်းသီးဟင်းရွက်များ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။ ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် နံနံပင်များ ကိုစိုက်ပျိုးကြကြောင်း၊ ဟင်းသီးဟင်းရွက်များကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း နံနံပင်(၁)စည်းလျှင်(၃၀၀)ကျပ်၊ နံနံပင်(၂)စည်းလျှင် (၅၀၀) ကျပ်နှင့် နံနံပင်(၄)စည်းလျှင် (၁၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ စတုတ္ထပတ်အတွင်း ပင်စိမ်းရွက် (၁)စည်းလျှင် (၃၀၀)ကျပ်၊ ပင်စိမ်းရွက် (၂)စည်းလျှင်(၅၀၀)ကျပ်နှင့် ပင်စိမ်းရွက် (၅)စည်းလျှင် (၁၂၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ စတုတ္ထပတ်အတွင်း ဖက်ဖယ်ရွက် (၁)စည်းလျှင် (၃၀၀)ကျပ်၊ ဖက်ဖယ်ရွက် (၂)စည်းလျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ဇွန်လ စတုတ္ထပတ်အတွင်း ဟင်းနု နွယ်ရွက်(၂၅)ကျပ်သားပါ (၁)ထုပ်လျှင်(၅၀၀)ကျပ်နှင့် ဟင်းနုနွယ်ရွက်(၁)ပိဿာပါ(၁)ထုပ်လျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော သခွပ်ပွင့်ခြောက်ဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရာသီစာသီးနှံ များ၊ အခြားဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါ တွင် ရာသီစာ သခွပ်ပွင့်ခြောက်များကို ရွှေဘိုမြို့နယ်တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေ သည့် သခွပ်ပွင့်ခြောက် ဈေးနှုန်းများမှာ သခွပ်ပွင့်ခြောက် လက္ကား တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ်နှင့် လက်တွင်း တစ်ဆုပ်စာ(၁)ပုံလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး သခွပ်ပွင့်သည် လူကြိုက်များ ပြီး ဆေးဘက်ဝင်သော အပွင့်တစ်မျိုးဖြစ်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ငရုပ်သီးခြောက်ဈေးနှုန်း

ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ငရုပ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ တို့ကို ကန့်ဘလူဒေသထွက်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်၌ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်အတွင်း ရောင်းချနေသော ငရုပ်သီးခြောက်ဈေးနှုန်း အနေဖြင့် ငရုပ်သီးခြောက်(အရှည်)လက္ကား တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ ငရုပ်သီးခြောက်(အရှည်)လက်လီ တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ်၊ (၂၅) ကျပ်သားလျှင်(၄၀၀၀)ကျပ်နှင့်(၁၀)ကျပ်သားလျှင်(၁၆၀၀)ကျပ် နှင့် ငရုပ်သီးလှော်ကြော် (၁၀)ကျပ်သား လျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် ငရုပ်သီး ခြောက်၊ ကြက်သွန်ဖြူ/နီနှင့် အာလူး အရောင်းအဝယ် လုပ်နေသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါ သည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ‌‌ရောင်းချလျက်ရှိသော ‌ရွှေပဲသီး နှင့် ဘိုစားပဲသီးဈေးနှုန်း

ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက် ရှိရာ ‌ရွှေပဲသီးကို မိမိတို့ဒေသထွက်နှင့် မန္တလေးမြို့ ၊ ရှမ်းပြည်နယ် တို့မှ မှာယူရောင်းချကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း‌ ရောင်းချ လျက်ရှိသော ‌ရွှေပဲသီးဈေးနှုန်းမှာ ‌ လက္ကား တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၆၀၀၀)ကျပ်နှင့်၂၅ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ (၁၀) ကျပ်သားလျှင် (၁၂၀၀)ကျပ်ဈေးနှုန်းများဖြင့်လည်းကောင်း ဘိုစားပဲသီးဈေးနှုန်းမှာ ဘိုစားပဲသီး လက်က္ကား တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၂၅၀၀)ကျပ် နှင့် ဘိုစားပဲသီး(၁၀)ကျပ်သားလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများ ထံမှ သိရပါသည်။ DOCA(စစ်ကိုင်း)

သစ်ရာမြိုင်ရပ်ကွက်ဈေးတွင် ရောင်းချနေသော မုံညှင်းထုတ်ဈေးနှုန်း

ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်ဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက် ရှိရာ မုံညှင်းထုတ်ကို မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းရောင်းချလျက်ရှိ သည့် မုံညှင်းထုတ် ဈေးနှုန်းမှာ မုံညှင်းထုတ် လက္ကား တစ်ပိဿာလျှင်(၅၅၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၃၀၀၀)ကျပ်နှင့် ၂၅ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်း သီးနှံအစုံ ရောင်းချသူများ ထံမှ သိရပါသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ပေါက်ပေါက်ဆုတ်ဈေးနှုန်း

ကျွန်းလှမြို့တွင် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ရေဦးမြို့နယ် ဒေသထွက် ပေါက်ပေါက် ဆုတ်များ စတင်ရောင်း ချလျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ပေါက်ပေါက်ဆုတ် ဈေးနှုန်းအနေဖြင့် ပေါက်ပေါက်ဆုတ် လက္ကား တစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၅၀၀၀)ကျပ်နှင့် (၂၅)ကျပ် သားလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံ ရောင်းချနေသာ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များထံမှ သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း