ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် အာလူးဈေးနှုန်းများမြင့်တက်လျက်ရှိ

          မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် အာလူးကို မကွေးမြို့၊ မင်းဘူးမြို့၊ ရှမ်းပြည်နယ်၊ တောင်တွင်းကြီးမြို့နှင့် အောင်ပန်းမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်းသိရသည်။

         သယ်ယူစရိတ်မြင့်တက်လာခြင်းအပြင် အာလူးထွက်ရှိရာဒေသများတွင် အာလူးအထွက်နှုန်းလျော့နည်းလာသောကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ပြီး ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (တတိယပတ်)တွင် အာလူး(၁)ပိဿာလျှင် ကျပ်(၇၀၀၀) ဖြင့်ရောင်းချလျက်ရှိရာ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ကျပ်(၁၀၀၀)ဈေးနှုန်းမြင့်တက်လာကြောင်းသိရှိရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ခရမ်းချဉ်သီးဈေးနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိ

         မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီဈေးတွင် ခရမ်းချဉ်သီးကို ဒေသတွင်းရှိကျေးရွာများဖြစ်သော မယ်ဇလီတော၊ ဥယျာဉ်၊ ပန်းတော်ပြင် စသည့်ကျေးရွာများအပြင် တောင်တွင်းကြီးမြို့၊ မကွေးမြို့၊ မင်းဘူးမြို့နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အောင်ပန်းမြို့တို့မှ မှာယူရောင်းချကြောင်းသိရသည်။

          ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(တတိယပတ်)တွင် ခရမ်းချဉ်သီး(၁)ပိဿာလျှင် အလုံးအကြီး/ အသေးအလိုက် ကျပ်(၇၀၀၀-၈၀၀၀)ဖြင့်ရောင်းချလျက်ရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ကျပ်(၃၅၀၀-၄၀၀၀)ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ယခုအချိန်တွင် ဒေသတွင်းခရမ်းချဉ်သီးစိုက်ခင်းများမှာ မထွက်ရှိသေးဘဲ သယ်ယူစရိတ်မြင့်မားလာခြင်းအပြင် မှာယူရောင်းချသည့်ဒေသများတွင်လည်း ခရမ်းချဉ်သီးအထွက်နှုန်းလျော့နည်းလာသောကြောင့် ဈေးနှုန်းမှာ မြင့်တက်လာရခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

မကွေးဈေးကွက်၏ ပဲဈေးနှုန်းအခြေအနေ

          မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့တို့မှထွက်ရှိသော ပဲတီစိမ်း၊ ပဲနှောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ မတ်ပဲနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

          ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(တတိယပတ်)တွင် ကုလားပဲဟော်လန်(၁)တင်းလျှင် ကျပ်(၉၇၀၀၀)၊ ပဲကြီးဖြူ(၁)တင်းလျှင် ကျပ်(၇၆၀၀၀)၊ မြေပဲ(အောက်ကျဆီဆန်)(၁)ပိဿာလျှင် ကျပ်(၆၀၀၀)၊ မတ်ပဲ(၁)တင်းလျှင် ကျပ်(၁၂၅၀၀၀)၊ စားတော်ပဲ(၁)တင်းလျှင် ကျပ်(၁၄၅၀၀၀)၊ ပဲစင်းငုံ (၁)တင်းလျှင် ကျပ်(၁၅၅၀၀၀)၊ ပဲတီစိမ်း(၁)တင်းလျှင် ကျပ်(၁၃၆၀၀၀)တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင်  ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း၊ တန်ချိန်အနေဖြင့် (၁၁၃၀)တန်ချိန်အရောင်းအဝယ်ရှိခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

မကွေးဈေးကွက်တွင် နှမ်းဈေးနှုန်းတည်ငြိမ်လျက်ရှိ

         မကွေးတိုင်းဒေသကြီး၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ ပုထိုးစမ်း၊ ကန်ပြား၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ နတ်မောက်မြို့တို့မှထွက်ရှိသော နှမ်းမျိုးစုံနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

          ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(တတိယပတ်)တွင် နှမ်းနီ(၁)တင်းလျှင် ကျပ်(၁၂၀၀၀၀)၊ နှမ်းဖြူ (၁)တင်းလျှင် ကျပ်(၁၂၆၀၀၀)၊ နှမ်းနက်(စမုံ) (၁)တင်းလျှင် ကျပ်(၂၂၂၀၀၀)ဖြစ်ပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင်  ဈေးနှုန်းများတည်ငြိမ်နေပြီး တန်ချိန်(၅၅၀) အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

ပိုမိုရောင်းအားတွင်ကျယ်လာသည့် ငွေငါးငါးချဉ်

ငါးချဉ်၊ ငါးခြောက်ဟုဆိုလိုက်သည်နှင့် ပဲခူးဒေသထွက်ကုန်များဟု ပြေးမြင်မိသလို ပဲခူးနှင့် ငါးချဉ်၊ ငါးခြောက်ဆိုသည်မှာလဲ တွဲလျက်ပင်ဖြစ်ပါသည်။ ပဲခူးတွင် ငါးချဉ်၊ ငါးခြောက်ဆိုင်အများကြီးရှိသလို ငါးချဉ်ကို အကောင်ချဉ်၊ ပုဇွန်ချဉ်၊ ငါးဖယ်ချဉ်၊ ငါးကြင်းချဉ် စသည်ဖြင့် အမျိုးမျိုးလုပ်ရောင်းလေ့ရှိကြသည်။ ငါးချဉ်ဈေးကွက် တွင်ကျယ်လာသည်နှင့်အမျှ ရောင်းချသူများလည်း ပိုမိုများပြားလာသည်။ ဈေးနှုန်းသင့်တင်ပြီး စား၍ကောင်းသော ငါးချဉ်များထဲမှ ငွေငါးငါးချဉ်သည်လဲ တစ်ခုအပါအဝင်ဖြစ်သည်။ ငွေငါးငါးချဉ်အနေဖြင် ကုန်ကြမ်းကို ပဲခူးမြို့ ငါးဈေးမှဝယ်ယူကြောင်းနှင့် ယခင်နှစ်ကထက် ရောင်းအားပိုကောင်း၍ ထုတ်လုပ်မှုအနေဖြင့် ပိဿာချိန် ၂၀၀ ခန့် ပိုမိုထုတ်လုပ်လာနိုင်ကြောင်းသိရှိရပြီး ထုတ်လုပ်မှု ကုန်ကျစရိတ်သည်လည်း ပိုမိုမြင့်မားလာသည့်အတွက် အမြတ်အစွန်းအနေဖြင့် ယခင်နှစ်ကထက် များပြားခြင်းမရှိကြောင်း သိရှိရသည်။ ငါးဖယ်ချဉ်၊ ပုဇွန်ချဉ် ၁၀ ဆယ်သား တစ်ထုပ်လျှင် ၁၈၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး မြို့တွင်းမှလက်ဆောင်ပေးရန် ဝယ်ယူမှုများမှာလည်းများပြားကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်သို့အဓိကတင်ပို့ရောင်းချကြောင်း သိရှိရပြီး နေပြည်တော်၊ မန္တလေး၊ ကျောက်ဆည်မြို့တို့မှတဆင့် ပြန်လည်ရောင်းချရန်နှင့် လက်ဆောင်ပေးပို့ရန်အတွက်မှာယူကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)

မကွေးမြို့သို့ အောက်တိုဘာလ(တတိယပတ်)အတွင်း ဘိလပ်မြေဝင်ရောက်မှုနှင့် ဈေးနှုန်းအခြေအနေ

         မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များဖြစ်သော မြ၊ ပွင့်သာ၊ လမ်းသစ်၊ ပါရမီ၊ ရွှေဂန္ဓာ၊ ရွှေမြန်မာ၊ ဆန်းသစ်၊ စိန်ကျောက်ဆူးနှင့် ဆန်းရှိုင်း အစရှိသည့်ဆိုင်များတွင် သွပ်၊ သံ၊ အခြားပစ္စည်းများနှင့် ဘိလပ်မြေ၊ ထုံးများရောင်းချလျက်ရှိပါသည်။

       ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(တတိယပတ်)အတွင်း ဖြစ်ပေါ်ခဲ့သော ဘိလပ်မြေဈေးနှုန်းများမှာ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၁၁၀၀၀)၊ အယ်လ်ဖာတစ်အိတ်လျှင် ကျပ်(၁၁၀၀၀)ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း၊ တစ်ပတ်အတွင်း မန္တလေးတိုင်းဒေသကြီး၊  ဘိလပ်မြေစက်ရုံများမှ (၂၁၀၀)အိတ်ဝင်ရောက်ခဲ့ကြောင်းသိရှိရပါသည်။ 

DOCA(မကွေး)

 

မကွေးမြို့နယ်၊ ရွာတော်ကျေးရွာ၌ နေကြာသီးနှံများအောင်မြင်ဖြစ်ထွန်းမှုနှင့် ဈေးနှုန်းဈေးကွက်

          မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ ကျေးရွာများတွင် နှမ်း၊ မြေပဲ၊ နေကြာ၊ ဝါ၊ ဆန်စပါး၊ ကြက်သွန်နီနှင့် ပဲမျိုးစုံသီးနှံတို့ကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ရွာတော်ကျေးရွာတွင် နေကြာသီးနှံစိုက်ဧက  ၁၅ဧကခန့်စိုက်ပျိုးထားရှိကြောင်းသိရသည်။

          ဩဂုတ်လတွင်စိုက်ပျိုးပြီး နိုဝင်ဘာလတွင် စတင်ရိတ်သိမ်းကြကြောင်း၊ မျိုးစေ့အနေဖြင့် ဆင်းရွှေကြာ(၁)နှင့် ဆင်းရွှေကြာ(၂)မျိုးများကိုစိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် မျိုးစေ့ (၉) ပြည်ခန့်ကုန်ကျပြီး သီးသန့်နှင့် သီးညှပ်ဟူ၍ စိုက်ပျိုးကြကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စိုက်ပျိုးကုန်ကျစရိတ်မှာ ငွေကျပ်၃၀၀၀၀၀ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၂၀-၂၅ တင်းခန့်ထွက်ရှိခဲ့ပြီး သီးနှံပေါ်စအချိန်တွင် နေကြာတစ်တင်းလျှင် ငွေကျပ် ၅၀၀၀၀-၆၀၀၀၀ ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ်၁၂၀၀၀၀၀ခန့်ရရှိခဲ့ကြောင်းသိရသည်။

          ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (တတိယပတ်)တွင် နေကြာတစ်တင်းလျှင် ငွေကျပ် ၆၀၀၀၀-၆၅၀၀၀ ဖြင့်အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့၊ ဆီစက်လုပ်ငန်းရှင်များက ဝယ်ယူကြကြောင်း၊ နေကြာသီးနှံသည် စိုက်ပျိုးကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ်ရရှိသော သီးနှံဖြစ်သောကြောင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့ရှိ ပန်းမျိုးစုံဈေးနှုန်းအခြေအနေ

         မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံတို့ကို အဓိကစိုက်ပျိုးထွက်ရှိသော ဒေသတစ်ခုဖြစ်ပြီး ပန်းမျိုးစုံလည်း စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး ဒေသတွင်းပန်းများနှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှ ပန်းမျိုးစုံတို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

          ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (တတိယပတ်)တွင် မကွေးမြို့၌ဖြစ်ပေါ်နေသော ပန်းမျိုးစုံဈေးနှုန်းများမှာ ဂန္ဓမာပန်း(ပွင့်သေး) တစ်စည်းလျှင် ကျပ်(၃၀၀၀)၊ ဂန္ဓမာပန်း(ပွင့်ကြီး) တစ်စည်းလျှင် ကျပ်(၅၀၀၀)၊ သစ်ခွပန်းခိုင်တစ်စည်းလျှင် ကျပ်(၅၀၀၀)၊ နှင်းဆီပန်းတစ်စည်းလျှင် ကျပ်(၂၅၀၀-၃၀၀၀)၊ သစ္စာပန်းတစ်စည်းလျှင် ကျပ်(၂၀၀၀)၊ နှင်းပန်းတစ်စည်းလျှင် ကျပ်(၁၅၀၀)၊ ပန်းတိမ်ငိုပန်းတစ်စည်းလျှင် ကျပ်(၂၅၀၀-၃၀၀၀)၊ သပြေညွန့်တစ်စည်းလျှင် ကျပ်(၅၀၀)၊ သပြေငုတ်တစ်ပင်လျှင် ကျပ်(၂၀၀၀-၄၀၀၀)နှင့် ရေမွှေးပန်းတစ်စည်းလျှင် ကျပ်(၁၅၀၀-၂၀၀၀)တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပန်းမျိုးစုံသည် ဘုရားပန်းတင်ခြင်းနှင့် မြင်ရသူအဖို့ စိတ်တွင် အေးမြကြည်လင်စေသောကြောင့် အမျိုးသမီးများအနေဖြင့် အထူးနှစ်သက်သဖြင့် ဝယ်လိုအားကောင်းမွန်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

မြို့သစ်မြို့နယ်၊ ကွင်းကျေးရွာ၌ ခရမ်းချဉ်သီးဈေးကောင်းရ၍ တောင်သူများ အကျိုးအမြတ်ရရှိ

          မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ကွင်းကျေးရွာတွင် နှမ်း၊ မြေပဲ၊ စပါး၊ ပဲကြီး၊ ကုလားပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် ကြက်သွန်နီတို့ကို အဓိကစိုက်ပျိုးထွက်ရှိပြီး စားဖိုဆောင်သီးနှံဖြစ်သည့် ခရမ်းချဉ်သီးနှံကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်းသိရသည်။

          ၂၀၂၄ခုနှစ်၊  ဩဂုတ်လတွင်စိုက်ပျိုးပြီး အောက်တိုဘာလတွင် စတင်ထွက်ပေါ်ကြောင်း၊ မျိုးအနေဖြင့် ခရမ်းချဉ်သီး(ထိုင်ဝမ်)မျိုးကို စိုက်ပျိုးရေးဆေးဆိုင်များမှ ဝယ်ယူစိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ (၆) ထုပ်ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် မျိုးစေ့ကို အိတ်ဖြင့်ပျိုးထောင်ကာ (၁၅)ရက်သားအရွယ်တွင် မြေချ၍ တိုင်ထောင်စနစ်ဖြင့်စိုက်ပျိုးကြောင်း၊  စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင်  တစ်ဧကလျှင် ငွေကျပ်၃၅၀၀၀၀၀ခန့်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပိဿာချိန် ၂၀၀၀-၂၅၀၀ ခန့်ထွက်ရှိပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၃၅၀၀၀၀၀ခန့်ရရှိကြောင်းသိရသည်။

         ဈေးနှုန်းအနေဖြင့် အောက်တိုဘာလ တတိယပတ်တွင် လက်ကားဈေးနှုန်းမှာ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀-၅၀၀၀ ဖြင့်ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့သို့ တင်ပို့ရောင်းချကြောင်းနှင့် အနီးရှိကျေးရွာများသို့လည်း သွားရောက်ရောင်းချကြောင်း၊ မိုးရွာသွန်းမှုများပြားခြင်းကြောင့် အထွက်နှုန်းလျော့နည်းသော်လည်း ခရမ်းချဉ်သီးထွက်ပေါ်ချိန်တွင် ဈေးကောင်းရသောကြောင့် အကျိုးအမြတ်များရရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့နယ်၊ ပေါက်တောကျေးရွာ၌ ပဲတီစိမ်းသီးနှံများ စတင်ရိတ်သိမ်း

        မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ ကျေးရွာများ၌ နှမ်း၊ မြေပဲ၊ ဆန်စပါး၊ ကြက်သွန်နီနှင့် ပဲမျိုးစုံသီးနှံတို့ကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ပေါက်တောကျေးရွာတွင် ပဲတီစိမ်းသီးနှံစိုက်ဧက ၃၈ဧကခန့်စိုက်ပျိုးထားရှိကြောင်း သိရသည်။

          ဩဂုတ်၌ မိုးနှမ်းစိုက်ခင်းများတွင် နှမ်းရိတ်သိမ်းပြီး ပဲတီစိမ်းသီးနှံကို စတင်စိုက်ပျိုးထားရှိကြောင်း၊ အောက်တိုဘာလလယ်တွင် စတင်ခူးဆွတ်ရကြောင်း၊ မျိုးစေ့အနေဖြင့် ပဲတီစိမ်း(သက်နု)မျိုးကိုစိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် မျိုးစေ့ (၉)ပြည်ခန့်ကုန်ကျပြီး ထွန်ကြောင်းဆွဲ၍ ကြဲပက်စနစ်ဖြင့်စိုက်ပျိုးကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စိုက်ပျိုးကုန်ကျစရိတ် ငွေကျပ်၅၀၀၀၀၀ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၃-၁၆ တင်းခန့်ထွက်ရှိပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ်၅၅၀၀၀၀ကျော်ရရှိကြောင်းသိရသည်။

          ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (တတိယပတ်)တွင် ပဲတီစိမ်းတစ်တင်းလျှင် ငွေကျပ် ၆၂၀၀၀-၆၇၀၀၀ ဖြင့်အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် တောင်တွင်းကြီးမြို့နှင့် မကွေးမြို့သို့ သွားရောက်ရောင်းချပြီး ထိုမှတစ်ဆင့်  ရန်ကုန်မြို့သို့တင်ပို့ရောင်းချကြောင်း၊ ယခုရာသီတွင် မိုးရွာသွန်းမှုများပြားခြင်းကြောင့် သီးနှံအထွက်နှုန်းလျော့နည်းသော်လည်း ပဲစဉ်းငုံသီးနှံခြားတွင် သီးညှပ်အဖြစ်စိုက်ပျိုးကြသည့်အတွက် သုံးသီးစားဖြစ်၍ တောင်သူများ အနေဖြင့် အဆင်ပြေလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း