ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြိတ်ဒေသထွက် ပအုန်းရည်စျေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သည် ပင်လယ်ရေပတ်လည်ဝန်းရံလျက်ရှိသော မြို့တစ်မြို့ဖြစ်ပြီး ‌ရေငန်ပင်ဖြစ်သောဓနိပင်များ သဘာဝအ‌လျောက် အများအပြားပေါက် ရောက်သောမြို့ဖြစ်သည်။ အဆိုပါ ဓနိပင်များမှ ဓနိပျား၊ ဓနိရည်များထွက်ရှိလျက်ရှိပြီး မြိတ် ဒေသအတွက် အစားအသောက်များတွင် အဓိကအသုံးပြုသော ပအုန်းရည် (သို့)သဘာဝ ရှာလကာရည်များကို ထုတ်ယူကြပါသည်။ ပအုန်းရည်သည် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသနှင့်ပင်လယ်ကမ်းစပ်အနီးတွင် ပေါက်ရောက်သော ရေငန်ပင်ဖြစ်သည့် ဓနိပင်မှထုတ်ယူရရှိသော ဓနိရည်ကို အချဥ်ဖောက်ထားသော အရည် ဖြစ်သည်။ ၂၀၂၅ခုနှစ်  အောက်တိုဘာလ ပထမပတ်တွင် မြိတ်မြို့၌ရောင်းချနေသော ပအုန်းရည်စျေးနှုန်းမှာ ၁လီတာ တစ်ဘူးလျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

 

 

 

 

 

မြိတ်မြို့ရှိ ငါးလိပ်ကျောက်စျေးနှုန်းစျေးကွက်

     ငါးလိပ်ကျောက် ဆိုသည်မှာ ပင်လယ်ရေငံနှင့် ကမ်းစပ်သဲသောင်များမှာ နေထိုင်တဲ့ ငါးလိပ်မျိုးစပ်ငါးတစ်မျိုး ဖြစ်ပြီး မြိတ်ဒေသ၏ရေထွက်ကုန်တစ်ခုလည်း ဖြစ်ပါတယ်။လိပ် တစ်ကောင်ကဲ့သို့ ပုံသဏ္ဍာန်ရှိ၍ခန္ဓာကိုယ်ပေါ်မှာ ကျောက်အခွံသေးသေးလေးများရှိသည့် အတွက် “ငါးလိပ်ကျောက်” လို့ ခေါ်ကြသည်။ အဓိကအားဖြင့် မြိတ်၊ ကျွန်းစုနှင့် အနီးပတ် ဝန်းကျင်ဒေသများ၌ အဓိကထွက်ပြီး အခြားတိုင်းဒေသကြီးများနှင့်ပြည်နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိသည်။ မြိတ်မြို့တွင်ရောင်းချနေသောစျေးနှုန်းမှာ ငါးလိပ်ကျောက်အစို ၁ပိဿာလျှင် ၃၅၀၀၀ကျပ်နှင့် ငါးလိပ်ကျောက်အခြောက် ၁ပိဿာလျှင် ၅၅၀၀၀ကျပ်နှုန်းဖြင့် ရောင်းချလျက် ရှိကြောင်းသတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

 

 

 

 

 

 

မြိတ်ဒေသထွက်ကုန် ခရုအုန်းစျေးနှုန်း

     တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်မြို့သည် ပင်လယ်ကမ်းရိုးတန်း‌ဒေသဖြစ်သည့်အတွက် ရေထွက်ကုန်များ အများအပြားထွက်ရှိ‌ရာ ဒေသဖြစ်ပါသည်။ ပုဇွန်၊ ကဏန်း၊ ကင်းမွန် စသည်တို့ သာမက ခရုအုန်းလည်းထွက်ရှိပါသည်။ ခရုအုန်းသည် ပင်လယ် ကြမ်းပြင်တွင် ကျက်စားနေထိုင်တတ်ပြီး ငါးဖမ်းရာတွင် အခြားငါးများနှင့်အတူ ငါးဖမ်းပိုက်တွင် ပါလာလေ့ရှိ သည်။ ခရုအုန်း(သို့)အုန်းခရုသည် အခွံခွာထားသည့်အုန်းသီး သဏ္ဌာန်ရှိ၍ ခရုအုန်း (သို့) အုန်းခရုဟု ဒေသခံများခေါ်ကြသည်။ အရောင်အဆင်းမှာ ဝါကြန့်ကြန့် ဖြစ်ပြီး အခွံမာတွင် အစက်ပြောက်များအနည်းငယ်ရှိသည်။

     မြိတ်မြို့ပေါ်ရှိ ဇေယျာသီရိဈေး၊ ဆိပ်ငယ်ဈေးနှင့် မြို့သစ် စျေးတို့တွင် ခရုအုန်း(သို့) အုန်းခရု ၁ပိဿာလျှင် (၂၀၀၀၀)ကျပ်ဖြင့် ရောင်းချကြပြီး အရွယ်အစားအလိုက် ဈေးနှုန်းအ ပြောင်းအလဲရှိနိုင်ကြောင်း သိရှိရသည်။

DOCA(တနင်္သာရီ)

 

 

 

မုံရွာမြို့တွင် ရောင်းချနေသော မာလကာသီး နှင့် ဩဇာသီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်းတွင် ရာသီစာ အသီးအနှံ မာလကာသီးနှင့်ဩဇာသီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မာလကာသီးနှင့် ဩဇာသီးသည် အသီးတင်သာမက အရွက်ရော အခေါက်ပါဆေးဖက်ဝင်သော အပင်ဖြစ် သည်။ မာလကာသီး နှင့် ဩဇာသီးပင်များ မိမိတို့၏နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက်ရောင်းချကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ပထမအပတ်အတွင်း မုံရွာမြို့ ချင်းတွင်းရတနာဈေးရှိ  သစ်သီးဆိုင်များတွင်မာလကာသီး အကြီး(၁)လုံးလျှင်(၈၀၀)ကျပ်၊ အသေး (၁)လုံးလျှင် (၅၀၀)ကျပ်၊  ဩဇာသီး အကြီး(၁)လုံးလျှင်(၅၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင် (၃၀၀)ကျပ်၊ (၄)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့် အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော သံပရာသီးနှင့် ရှောက်သီး ဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် သံပရာသီးနှင့် ရှောက်သီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ သံပရာသီးနှင့် ရှောက်သီးများကို ဒေသတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့် စိုက်ပျိုးကြပြီး စားဖိုဆောင်သီးနှံများကို  စိုက်ပျိုးထားကြသည့် သံပရာသီးနှင့် ရှောက်သီးများစိုက်ပျိုးသော တောင်သူများ ဝင်ငွေတိုးတက်လျက်ရှိကြောင်း သိရှိရပါသည်။   

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ပထမအပတ်အတွင်း ဖြစ်ပေါ်နေသော သံပုရာသီးနှင့် ရှောက်သီးဈေးနှုန်းမှာ သံပုရာသီး အရွယ်အစား အကြီး/အသေး အပေါ်မူတည်၍ တစ်လုံး လျှင် (၁၅ဝိ/-) ကျပ်မှ (၇)လုံးလျှင် (၁၀၀၀) ကျပ်ဖြင့်လည်းကောင်း ၊ ရှောက်သီး (အသေး) (၁)လုံး လျှင် (၃၀၀)ကျပ်နှင့် ရှောက်သီး (အကြီး) (၁)လုံးလျှင်(၅၀၀)  ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ရှောက်ပန်းသီးနှင့် သင်္ဘောသီး ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် ရှောက်ပန်းသီးနှင့် သင်္ဘောသီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ကုန်စိမ်းသီးနှံမျိုးစုံကို ရောင်းချ သည့်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုရာမှ ရှောက်ပန်းသီးနှင့် သင်္ဘောသီးကို မိမိတို့‌ ဒေသတွင်း ထွက်ရှိသည့်သီးနှံများကို ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ 

            ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ပထမအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  သစ်သီးဆိုင်များတွင် ရှောက်ပန်းသီးဈေးနှုန်းမှာ တစ်လုံးလျှင် (၂၀၀၀) ကျပ် ၊  သင်္ဘောသီး ဈေးနှုန်းမှာ တစ်လုံးလျှင် (၂၀၀၀) ကျပ် နှုန်းဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသောခါကြက်ဥနှင့် ဂေါ်ဖီထုပ် ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်း ခါကြက်ဥ နှင့် ဂေါ်ဖီထုပ် များ အများအပြား ရောင်းချလျက်ရှိကြပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ခါကြက်ဥနှင့် ပန်း‌ဂေါ်ဖီများကို ရှမ်းပြည်နယ် ကလော၊ ပင်းတယ၊ ပင်လောင်း စသည့် ဒေသများမှ ဝင်ရောက်လာသည့် ခါကြက်ဥနှင့် ဂေါ်ဖီထုပ်များကို အရောင်းအဝယ်ကောင်းနေကြောင်း သိရှိရပါသည်။ ခါကြက်ဥ နှင့် ဂေါ်ဖီထုပ်များကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။

    ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ပထမအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေးရှိ  ဂေါ်ဖီထုပ်ဈေးနှုန်းမှာ အသေး(၁)ထုပ်လျှင် (၂၀၀၀)ကျပ်နှင့်ဂေါ်ဖီထုပ်အကြီး(၁)ထုပ်လျှင် (၃၀၀၀) ကျပ်၊ ခါကြက်ဥ စျေးနှုန်း ခါကြက်ဥ(ဗမာ) (၂၅)ကျပ်သားလျှင် (၂၅၀၀)ကျပ် ၊ (၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့် (၁)ပိ ဿာလျှင်(၁၀၀၀၀)ကျပ်၊ ခါကြက်ဥ(တရုတ်) (၂၅)ကျပ်သား လျှင်(၆၀၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၁၂၀၀၀)ကျပ်နှင့် (၁)ပိဿာလျှင် (၂၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့တွင် ရောင်းချနေသော မုန့်ညှင်းရွက် နှင့် အိုးမုန့်ညှင်းရွက် ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်း မုန့်ညှင်းရွက်နှင့် အိုးမုန့်ညှင်းရွက်များ အများအပြား ရောင်းချလျက်ရှိကြပါသည်။ မုန့်ညှင်းပင်နှင့်အိုးမုန့်ညှင်းကို ဟင်းသီးဟင်းရွက်အဖြစ် လူသိများကြပြီး မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သည်။‌ အေးသောဒေသကိုပို၍ နှစ်သက်သည်။ မုန့်ညှင်းပင်နှင့်အိုးမုန့်ညှင်းကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။ မုန့်ညှင်းချဥ်သည်  မြန်မာလူမျိုးများတို့ အထူးနှစ်သက်သော တို့စရာထဲတွင်ပါဝင်သည်။

            ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ပထမအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေးရှိ  မုန်ညှင်းရွက်ဈေးနှုန်းမှာ (၃၀၀-၅၀၀) ကျပ်၊ အိုးမုန်ညှင်းရွက်ဈေးနှုန်းမှာ (၃၀၀-၇၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော မင်းကွက်သီးနှင့် သခွားမွှေးသီး ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် မင်းကွက်သီးနှင့် သခွားမွှေးသီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ဈေးကွက်အတွင်း ရောင်းချနေ သော မင်းကွက်သီးများကို မော်လမြိုင်ဒေသထွက် မင်းဂွတ်သီးများ ဈေးကွက်အတွင်းဝင် ရောက်လျက်ရှိကြောင်းသိရှိရပါသည်။မုံရွာဒေသထွက် သခွားမွေးသီးများ ဈေးကောင်းရ လျက်ရှိနေကြောင်း သတင်းရရှိသည်။ သခွားမွေးသီးကို မုံရွာမြို့ အနီးတဝိုက် ကျေးရွာများ တွင်တနိုင် တပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ သခွားမွေးသီး များ ရောင်းချဝယ်ယူရာတွင် အရွယ်အစားလိုက်ပြီး ဈေးနှုန်းကွာဟမှုရှိပါသည်။

          ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ပထမအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  သစ်သီးဆိုင်များတွင် မင်းကွက်သီးဈေးနှုန်းမှာ မင်းကွက်သီးအသေး (၁)လုံး လျှင် (၄၀၀) ကျပ်၊ မင်းကွက်သီးအလတ်(၁)လုံးလျှင် (၆၀၀) ကျပ်နှင့် မင်းကွက်သီးအကြီး (၁)လုံးလျှင် (၁၀၀၀) ကျပ် ဖြင့်ရောင်းချပြီး သခွားမွေးသီး အလုံးကြီး တစ်လုံးလျှင် (၂၅၀၀၊၄၅၀၀) ကျပ်၊ သခွားမွေးသီး အလုံးလတ်တစ်လုံးလျှင် (၂၅၀၀၊ ၃၀၀၀) ကျပ်၊ သခွားမွေးသီး အလုံးသေး တစ်လုံးလျှင် (၈၀၀၊၁၀၀၀) ကျပ် နှုန်းဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက် နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့တွင် ရောင်းချနေသော ပန်းသစ်တော်သီးနှင့် ပန်းသီး ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်းတွင် ပန်းသစ်တော်သီးနှင့် ပန်းသီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပန်းသစ်တော်သီးနှင့် ပန်းသီးတို့သည် အေး၍စိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် အေးမြသော ရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ထွန်းသော သီးနှံဖြစ်ကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ပထမအပတ်အတွင်း မုံရွာမြို့ ချင်းတွင်းရတနာဈေး ရှိ  သစ်သီးဆိုင်များတွင် ပန်းသစ်တော်သီး အသေးတစ်လုံးလျှင်(၁၅၀၀)ကျပ်၊ အလတ်တစ်လုံး လျှင် (၂၀၀၀)ကျပ်နှင့်   အကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ ပန်းသီးဈေးနှုန်းမှာ အသေး တစ်လုံးလျှင် (၁၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၂၀၀၀)ကျပ်နှင့်   အကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်နှုန်းဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း