ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ခရိုင်၊ ပြည်မြို့တွင် ဖြစ်ပေါ်ခဲ့သော ဆီထွက်သီးနှံနှင့် စားသုံးဆီဈေးနှုန်းနှိုင်းယှဉ်ချက်

ပြည်မြို့ရှိဈေးကွက်များတွင် ဆီထွက်သီးနှံများဖြစ်သော မြေပဲနှင့်နှမ်းမှာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဈေးများမြင့်တက်လာခဲ့ပါသည်။ ထိုသို့ဈေးများမြင့်တက်လာရခြင်းမှာ အထွက်နှုန်းမှာ ယခင်နှစ်ကအတိုင်းရှိပေမယ့် စိုက်စရိတ်များကြီးမြင့်ခြင်း၊ ဝယ်လိုအားများလာခြင်း တို့ကြောင့် နှစ်အလိုက်ဈေးနှုန်းများမြင့်တက်လာရခြင်းဖြစ်သည်ဟု သိရပါသည်။ မြေပဲဆီမှာလည်း ယခင်နှစ် နှင့်ယှဉ်လျှင် တစ်ပိဿာလျှင် (၁၀၀၀-၂၀၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၄၀၀၀)ကျပ် ဈေးများမြင့်တက်လာခဲ့ပါသည်။ ပြည်ဈေးကွက်တွင် ယခု၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ဖြစ်သော ဇူလိုင်လနောက်ဆုံးပတ်တွင် ရောင်းချလျှက်ရှိသော ဆီထွက်သီးနှံ မြေပဲများမှာ ဆီကြိတ်မြေပဲဆန် (အဖြူ)တစ်ပိဿာလျှင် (၈၈၀၀)ကျပ်၊ (အနီ)တစ်ပိဿာလျှင် (၈၅၀၀)ကျပ် နှင့် လုံးဆန်(အဖြူ)တစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ (အနီ)တစ်ပိဿာလျှင် (၉၃၀၀)ကျပ်ဖြင့် တစ်နေ့လျှင် အိတ် ၁၀၀/၂၀၀ခန့် အရောင်း အဝယ်ဖြစ်လျှက်ရှိပါသည်။ မိုးမြေပဲ များစိုက်ပျိုးချိန်ဖြစ်၍ ပြည်ဈေးကွက်သို့ ဝင်ရောက်မှုနည်း သော်လည်း တစ်နေ့လျှင် အိတ် ၅၀/၁၀၀ ခန့် မင်းတုန်း၊ ကံမ နှင့် ပန်းတောင်း၊ ရွှေတောင်ဘက်မှ ဝင်ရောက်လျှက်ရှိ၍ အရောင်းအဝယ် ပုံမှန်ဖြစ်လျှက်ရှိပါသည်။ နှမ်းဈေးမှာလည်း နှမ်းနီတစ်တင်း လျှင် (၁၂၀၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၇၀၀၀၀)ကျပ် နှင့် စမုံနက်နှမ်းတစ်တင်းလျှင် (၂၀၀၀၀၀)ကျပ်ဖြင့် ယခင်လက အတိုင်းဈေးငြိမ်နေခဲ့ပါသည်။ ယခုအချိန်တွင် မိုးနှမ်းများ စိုက်ပျိုးချိန်ဖြစ်ပြီး ရေသွင်းနှမ်းခေါ် နွေနှမ်းများမှာ နောက်(၁)လလောက်ကြာရင် ရိတ်သိမ်းကြ ရမည်ဖြစ်သဖြင့် ဈေးကွက်တွင် နှမ်းဝင်ရောက်မှုနည်းပါးသွားပြီး နှမ်းလက်ကျန်မှာ လည်းရှားပါး လာ၍ ဝယ်လိုအားရှိသော်လည်း အရောင်းအဝယ်မရှိဘဲ ရံဖန်ရံခါမှသာ အရောင်းအဝယ်ဖြစ်သည်ဟု သိရပါသည်။ ပြည်ခရိုင်အနေဖြင့် လာမည့် (၂)လ(၃)လအကြာတွင် မိုးဆီထွက်သီးနှံများဈေးကွက်တွင် ဝင်ရောက်မှုများလာနိုင်ပြီး ရာသီဥတုဖျက်ဆီးမှုမရှိပါက အထွက်နှုန်းကောင်းသည့် ဆီထွက်သီးနှံ များရရှိ၍ တောင်သူများအတွက်လည်း အကျိုးအမြတ်များစွာရရှိလာနိုင်မည်ဟု ခန့်မှန်းသိရှိရပါသည်။ DOCA(ပဲခူး)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၀၃၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆီထွက်သီးနှံများ၏ ဈေးနှုန်းဈေးကွက်အခြေအနေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မြေပဲဆီ ကြိတ်ခွဲထုတ်လုပ်မှုများတွင် မြေပဲဆံ ကုန်ကြမ်းရရှိမှုအား လယ်‌ဝေးမြို့နယ်မှ အများဆုံး ရရှိနေသည်ဟု သိရှိရပါသည်။ ဒေသတွင်း မြေပဲထွက်ရှိချိန် ဇူလိုင်လကုန်ခန့်တွင် ထွက်ရှိမည်ဖြစ်သဖြင့် မြေပဲဆံကုန်ကြမ်း လိုအပ်ချက် အနည်းငယ်ရှိမည်ဟု သိရှိရပါသည်။ မြေပဲဆံဈေးနှုန်းတစ်ပိဿာ (၅၀၀)ကျပ် မြင့်တက်မှုရှိလာ သည်ကို သိရှိရပါသည်။ ဒေသတွင်း ကြိတ်ခွဲမှု ဒေသတွင်း ဈေးကွက်တွင်သာ ဖြန့်ဖြူးမှုရှိပါသည်။ ဒေသတွင်း ဈေးကွက်လိုအပ်ချက် ပမာဏသာ ကြိတ်ခွဲထုတ်လုပ်မှု အခြေအနေ‌ တွေ့ရှိရပြီး၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ မြေပဲဆီ ဝင်ရောက်မှုရှိနေသည်ကို တွေ့ရပါသည်။ မြေပဲ(ဆီဆံ) ဈေးနှုန်း တစ်ပိဿာ (၉၅၀၀)ကျပ် ရှိခဲ့ပြီး၊ မြေပဲဆီဈေးနှုန်းတွင် (၂၀၀၀၀)ကျပ် ဈေးနှုန်းရှိလာသည်ကို တွေ့ရပါသည်။ လယ်ဝေးနှင့် တပ်ကုန်းမြို့ရှိ ဆီစက်အချို့တွင် (၁၉၀၀၀) ကျပ်ဖြင့် ရောင်းချမှုရှိနေသည်ကို တွေ့ရှိရပါသည်။ ဆီကြိတ်ဖတ်ဈေးကွက် ရန်ကုန်သို့ တင်ပို့မှုနှင့် ဒေသတွင်း သုံးစွဲမှုအနေအထားကို‌ တွေ့ရှိရပါသည်။ ဆီကြိတ်ဖတ်ဈေးနှုန်း နိမ့်ကျခဲ့မှုကို တွေ့ရှိရပါသည်။ မြေပဲဖတ်ဈေးနှုန်းတွင် (၄၇၀၀) ကျပ်မှ (၄၄၀၀)ကျပ်သို့ လျော့ကျမှုနှင့် နှမ်းဖတ်တွင် (၃၇၀၀)ကျပ်မှ (၃၅၀၀)ကျပ်သို့ နိမ့်ကျမှုရှိလာကြောင်း သိရှိရပါသည်။ DOCA(နေပြည်တော်)

ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နွေစပါးစိုက်ပျိုးထားရှိမှု အခြေအနေ

ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နွေစပါးစိုက်ပျိုးထားရှိမှုများ ဖြိုင်ဖြိုင်ရှိနေပါသည်။ ဇွန်လတတိယအပတ်အတွင်း ရိတ်သိမ်းရန် အနေအထားများရှိခဲ့သော်လည်း မိုးရွာသွန်းမှု များခဲ့သဖြင့် ရိတ်သိမ်းနိုင်မှု မရှိခဲ့သည်ကို တွေ့ရှိရပါသည်။ ဇွန်လစတုတ္တအပတ်အတွင်း ရာသီဥတု ကောင်းမွန်ခဲ့သဖြင့် ရိတ်သိမ်းနိုင်မှု အလွန်အားကောင်းခဲ့သည်ကို တွေ့ရှိနေရပါသည်။ တပ်ကုန်းနှင့် ဇေယျာသီရိမြို့နယ်တို့တွင် ရိတ်သိမ်းမှုပမာဏ တူညီစွာရှိနေပါသည်။ နွေစပါးရိတ်သိမ်းမှုစက်ချွေအကျ (အစို) တစ်တင်း (၁၅) ပိဿာတွင်း (15000) ကျပ်ဈေး နှုန်းရှိနေပါသည်။ ပျဉ်းမနားနှင့် သာဝတ္ထိ (လယ်ဝေး) မြို့နယ်များရှိ ဆန်စက်များမှ ဝယ်ယူမှုများခဲ့ ပါသည်။ နွေစပါးရိတ်သိမ်းမှု ဇူလိုင်လကုန်အထိ တွေ့ရှိနေရမည် ဖြစ်ပါသည်။ မိုးစပါးရောင်းဝယ်မှု များတွင် (၁၄) ပိဿာ တစ်တင်းဈေးနှုန်း (21000) ကျပ်ဖြင့် တည်ငြိမ်မှုရှိနေပြီး တောင်သူလက် ဝယ်ကျန်ရှိနေမှုအားကောင်းနေဆဲ ဖြစ်သည်ကို သိရှိရပါသည်။ နွေစပါးရိတ်သိမ်းမှုများခဲ့ပြီး စပါးဝယ်ယူနေမှု နည်းပါးသည်ကို သိရှိရပါသည်။ နွေစပါး တစ်ဧကရိတ်သိမ်းခ (130000) ကျပ်ကုန်ကျပြီး သယ်ယူစရိတ်(30000) ကျပ်ခန့် ကုန်ကျနေသည်ဟု သိရှိရပါသည်။ ဇေယျာသီရိမြို့နယ်တွင် နွေစပါးအထွက်နှုန်း (130) တင်းဝန်းကျင်ထွက်ရှိနေသော်လည်း တပ်ကုန်းမြို့နယ်တွင် (100) တင်းထွက်ရှိမှုကို သိရှိရပါသည်။ DOCA(နေပြည်တော်)

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆန် ဈေးနှုန်း/ ဈေးကွက်အခြေအနေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကြိတ်ခွဲထုတ်လုပ်မှုများတွင် မိုးစပါးဟောင်း ကြိတ်ခွဲ ထုတ်လုပ်မှုများကို အများဆုံးတွေ့ရှိရပါသည်။ ဇွန်လ နောက်ဆုံးပတ်အတွင်း ဒေသ တွင်းထွက် မနောသုခဆန်(စက်ကျ) ထိပ်စ တစ်အိတ်လျှင် (၇၀၀၀၀)ကျပ် ဈေးနှုန်း ရှိနေပါသည်။ ဒေသတွင်းသို့ ဝင်ရောက်လျက်ရှိ‌သော ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းဒေသ ကြီးတို့မှ ဧည့်မထဆန် (ဗျော့ထွန်း) တစ်အိတ်လျှင် (၇၅၀၀၀)ကျပ်ဖြင့် ဈေးကွက်များသို့ ရောက်ရှိနေပါသည်။ ဒေသတွင်း ဈေးကွက်များတွင် ဝယ်ယူသုံးစွဲမှု အများဆုံး ရှိနေသော ဒေသတွင်းမှ ထွက်ရှိသည့် မိုးဆန် မနောသုခ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်း တို့မှ ဝင်ရောက်သော ဗျော့ထွန်းဆန်များ သုံးစွဲမှု ပမာဏ တူညီမှုနှင့် ဈေးနှုန်း တူညီမှု အနေအထားများကို တွေ့ရှိနေရပါသည်။ ဒေသတွင်း ထုတ်လုပ်မှု အားကောင်းလာပြီး၊ ဒေသတွင်းဈေးကွက်များသို့ ဝင်ရောက်မှု သာများနေပြီး ဒေသတွင်း တောင်သူလက်ဝယ်ထိ မိုးစပါး(ဟောင်း) လက်ကျန် ကောင်းမွန်နေခြင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတို့မှ ဆန်ဝင်ရောက်မှု လျော့ကျမှု မရှိခြင်း၊ ဒေသတွင်း နွေစပါး ရိတ်သိမ်းနေမှုတွင် နှံကောက် စပါးအမျိုးအစားနှင့် အခြားဧည့်မထ အုပ်စုဝင် စပါးများ ရှိနေသဖြင့် ဒေသတွင်းဆန်ဖူလုံမှုနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိနေမည်ဖြစ်ပါသည်။ ဒေသတွင်းစပါးဈေးနှုန်း တည် ငြိမ်နေမှုနှင့် ဒေသတွင်းကြိတ်ခွဲမှုများ အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ တင်ပို့နိုင်မှု လျော့ကျနေမှုများသည် ဒေသတွင်း ဆန်ဖူလုံမှုနှင့် ဆန်ဈေးနှုန်းတည်ငြိမ်မှုကိုရှိခဲ့ကြောင်း သိရှိရပါသည်။ DOCA(နေပြည်တော်)

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မွေးမြူရေးကြက်သားနှင့် ကြက်ဥ ဈေးနှုန်း/ဈေးကွက် အခြေအနေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်‌တော်အတွင်းမွေးမြူရေးခြံများမှ ဈေးကွက်လိုအပ်ချက်အား ပြည့်စုံစွာ ရရှိနေမှုသည် ဈေးနှုန်းလျော့ကျမှုကို ရှိစေခဲ့ပါသည်။ ဒေသတွင်း မွေးမြူမှုပိုမိုလာမှုနှင့် ဖြစ်ထွန်းမှုအကောင်းဆုံး အခြေအနေများ ရရှိခဲ့မှုများသည်လည်း ဈေးနှုန်လျော့ကျခဲ့မှုကို ရှိစေခဲ့ ပါသည်။ အခြားမြို့ကြီးများရှိ ဈေးကွက်များသို့ တင်ပို့မှု မရှိခဲ့ခြင်းနှင့် အခြား ဈေးကွက်များနှင့် လည်း ဈေးနှုန်းကွာခြားမှု နည်းခဲ့သဖြင့် ဒေသတွင်း ဖြန့်ဖြူးမှု ပိုမိုခဲ့ပြီး၊ ဈေးနှုန်းလျော့ကျမှု ရှိလာခဲ့ပါသည်။ ပြည်ထောင်စုနယ်မြေ၊ နေပြည်‌တော်အတွင်း ဒေသတွင်းထွက်ရှိမှုပိုမိုလာပြီး၊ ဒေသတွင်း ဈေးကွက်များသို့ ဝင်ရောက်မှုရှိနေသည့် ရှမ်း(တောင်)မှဝင်ရောက်မှုတွင်လည်းပိုမိုခဲ့ပါသည်။ ဒေသ တွင်း မွေးမြူထွက်ရှိမှုများမှ ကျေးရွာ /ရပ်ကွက် အတွင်းရှိ လက်လီဆိုင်များသို့ အရောက် ဖြန့်ဖြူးနေမှု အနေအထားနှင့် ရှမ်း(တောင်)မှ ဝင်ရောက်မှုများတွင် ဈေးကွက်ငယ်များသို့ တိုက်ရိုက် ရောက်ရှိမှုများ ရှိခဲ့သဖြင့် ဈေးနှုန်းလျော့ကျမှုများ ရှိလာကြောင်း သိရှိရပါသည်။ DOCA(နေပြည်တော်)

ပခုက္ကူကြက်သွန်နီ ဇွန်လ(စတုတ္ထပတ်)ဈေးနှုန်းဈေးကွက်နှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

မကွေးဈေးကွက်အတွင်းဖြစ်ပေါ်နေသော ကုလားပဲ၊ ပဲစဉ်းငုံ၊ မတ်ပဲနှင့် ပဲကြီးဈေးနှုန်းအခြေအနေ

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း